ဘရာဇီးသမ္မတ လူလာ ဆေးဘက်ဆိုင်ရာအကြောင်းပြချက်နဲ့ တရုတ်နိုင်ငံသို့သွားရောက်မယ့်ခရီးစဉ် ဖျက်သိမ်း

 561

ရောင်နီ (NP News) - မတ် ၂၆

ဘရာဇီးသမ္မတ လူးဝစ်အင်နာစီအိုလူလာဒါစီဗာဟာ ဆေးဘက်ဆိုင်ရာ အကြောင်းပြချက်များကြောင့် တရုတ်နိုင်ငံ သို့သွားရောက်မယ့်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီး မတ်လ ၂၇ ရက်မှ ၃၁ ရက်အထိ လည်ပတ်မယ့်ခရီးစဉ်ကို နောက် ရက်များသို့ ပြန်လည်ချိန်းဆိုထားကြောင်း ၎င်းရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဆေးဘက်ဆိုင်ရာအကဲဖြတ်စစ်ဆေးမှုအရ အသက် ၇၇ နှစ်အရွယ် လူလာ ဟာ အဆုပ်ရောင်ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ကုသမှုကို စတင်ခဲ့ကြောင်း စာနယ်ဇင်းအတွင်းရေးမှူးက ထုတ်ပြန်ခဲ့ပါတယ်။

ဆေးဘက်ဆိုင်ရာအရ “ကျန်းမာရေးအခြေအနေ တိုးတက်မှု ရှိပေမယ့်လည်း၊ နိုင်ငံသမ္မတရဲ့ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုဟာ ရောဂါသက်သာသည်အထိ တရုတ်နိုင်ငံသို့ သွားရောက်မယ့်ခရီးစဉ်ကို ရွှေ့ဆိုင်းဖို့အကြံပြုခဲ့ တယ်" လို့ မှတ်ချက်မှာ ဖော်ပြထားပါတယ်။

လာမယ့် မတ်လ ၂၈ ရက်၊ အင်္ဂါနေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံဖို့ ပါဝင်တဲ့ အဆိုပါခရီးစဉ်ဟာ ဘရာဇီးရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ လက်ဝဲ သမ္မတသစ်ရဲ့ အရေးပါသော အားထုတ်မှုတစ်ခု ဖြစ်ပါတယ်။ လူလာဟာ ဇန်နဝါရီလကစ သမ္မတအဖြစ် တာဝန်ယူခဲ့ပြီး အစောပိုင်းက သူဟာ မတ်လ ၂၅ ရက်၊ စနေနေ့မှာ တရုတ်နိုင်ငံသို့ ခရီးထွက်ဖို့ စီစဉ်ထားပေမယ့်လည်း အပျော့စား အဆုတ်ရောင်ရောဂါရှိကြောင်း စစ်ဆေး တွေ့ရှိပြီးနောက် ၎င်းရဲ့ထွက်ခွာမှုကို မတ်လ ၂၆ ရက်၊ တနင်္ဂနွေနေ့သို့ ရွှေ့ဆိုင်းထားပါတယ်။ ၎င်းရဲ့ ခရီးစဉ်မှာ ကိုယ်စားလှယ်အဖွဲ့ကြီးနဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ် များနဲ့ စီးပွားရေးခေါင်းဆောင်များ ပါဝင်မယ်လို့ သိရပါတယ်။

အမဲသား၊ ပဲပိစပ်နဲ့ သစ်သားပျော့ဖတ်များကို တရုတ်နိုင်ငံသို့ တင်သွင်းပို့ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်း ခေါင်းဆောင်များရဲ့ သုံးပုံတစ်ပုံကျော်ဟာ ဘရာဇီးနိုင်ငံ လယ်ယာကဏ္ဍမှဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
ရောင်နီ (NP News) - မတ် ၂၆






Related news

© 2021. All rights reserved.