ဘီယာကို ဗြိတိန်နိုင်ငံသုံးငွေကြေးဖြစ်တဲ့ ပေါင်(၁)ပေါင်အောက်နဲ့ သောက်သုံးနိုင်တဲ့မြို့များထဲမှာ ရန်ကုန်မြို့ ပါဝင်နေ

 2103

ဂျန်ဇက် (NP News) - မတ် ၂၆

ဘီယာကို ဗြိတိန်နိုင်ငံသုံးငွေကြေးဖြစ်တဲ့ ပေါင် တစ်ပေါင်အောက်နဲ့ သောက်သုံးလို့ရတဲ့မြို့များထဲမှာ ရန်ကုန်မြို့ ပါဝင်လျက်ရှိနေတယ်လို့ အမေရိကန်အခြေစိုက် သုတေသီအဖွဲ့တစ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

သုတေသီအဖွဲ့ဖြစ်တဲ့ Finder research အဖွဲ့ဟာ ကမ္ဘာတဝန်းရှိ နိုင်ငံပေါင်း ၁၇၇ နိုင်ငံမှာ ဘီယာတစ်ပိုင့်ကို ပေးရတဲ့တန်ဖိုးဈေးနှုန်းကို အခြေခံထားတွက်ချက်ဖော်ပြခဲ့ခြင်းဖြစ်ပြီး၊ ရန်ကုန်မြို့မှာ ဘီယာကိုဈေးအနည်းဆုံးနဲ့ သောက်သုံးနိုင်တဲ့ မြို့များထဲမှာ ပါဝင်လျက်ရှိနေပါတယ်။

ကာတာနိုင်ငံ ဒိုဟာမြို့၊ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၊ အိုမန်နိုင်ငံ မူစကက်မြို့၊ ဘာရိန်းနိုင်ငံ မာနာမာမြို့တို့ဟာ ကမ္ဘာ တဝန်းရှိ နိုင်ငံများ၊ မြိုများထဲမှာ ဘီယာကိုဈေးအများဆုံးပေး သောက်သုံးနေရတဲ့ မြို့များထဲမှာ ပါဝင်လျက်ရှိနေပါ တယ်။

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့နှစ်က ဘီယာတစ်ပိုင်းကို ဝ ဒသမ ၇၂ ပေါင် နှုန်းနဲ့ သောက်သုံးခဲ့ရပြီး၊ ၂ဝ၂၂ ခုနှစ်မှာတော့ ဝ ဒသမ ၇၅ ပေါင်နဲ့ သောက်သုံးခဲ့ရတယ်လို့ သိရပါတယ်။ ကာတာနိုင်ငံ ဒိုဟာမြို့၊ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၊ အိုမန်နိုင်ငံ မူစကက်မြို့တို့မှာ ဘီယာတစ်ပိုင်းကို ပေါင် ၁၁ ပေါင် နီးပါးပေးကာ သောက်သုံးနေရပြီး ဘီယာကို ဈေးအကြီးဆုံးပေးကာ သောက်သုံးနေရတဲ့မြို့များအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

အဆိုပါအဖွဲ့က "လန်ဒန်မြို့ဟာ ကမ္ဘာတဝန်းရှိ မြို့များအနက် ဘီယာကိုဈေးအကြီးဆုံးပေးသောက်သုံးနေရတဲ့ နိုင်ငံတွေထဲ အဆင့် ၁၈ မှာ ရှိနေတယ်။ လန်ဒန်မြို့မှာ ဘီယာတစ်ပိုင့်ကို ပေါင် ၅ ဒသမ ၉၉ ပေးပြီး သောက်သုံး နေရတယ်။ ဒါဟာ အံ့အားသင့်စရာတော့ မဟုတ်ဘူး" လို့ ပြောပါတယ်။

ဘီယာကို ၁ ပေါင်အောက်နဲ့ သောက်သုံးနိုင်တဲ့ ကမ္ဘာတဝန်းရှိ မြို့ပေါင်း ၁၆ မြို့ထဲမှာ အရှေ့တောင်အာရှဒေသ အတွင်းရှိ နိုင်ငံများဖြစ်တဲ့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၊ လာအိုနိုင်ငံ Vientiane မြို့တို့ ပါဝင်နေကြောင်း သိရပါတယ်။ ဥရောပတိုက်ရှိ မြို့များကတော့ ဘီယာကို ၁ ပေါင်အောက်နဲ့ပေးပြီး သောက်သုံးနိုင်တဲ့နိုင်ငံများထဲမှာ ပါဝင်ခြင်း မရှိကြောင်း သိရပါတယ်။

Zawgyi Version;
ဘီယာကို ၿဗိတိန္ႏိုင္ငံသုံးေငြေၾကးျဖစ္တဲ့ ေပါင္(၁)ေပါင္ေအာက္နဲ႔ ေသာက္သုံးႏိုင္တဲ့ၿမိဳ႕မ်ားထဲမွာ ရန္ကုန္ၿမိဳ႕ ပါဝင္ေန
ဂ်န္ဇက္ (NP News) - မတ္ ၂၆

ဘီယာကို ၿဗိတိန္ႏိုင္ငံသုံးေငြေၾကးျဖစ္တဲ့ ေပါင္ တစ္ေပါင္ေအာက္နဲ႔ ေသာက္သုံးလို႔ရတဲ့ၿမိဳ႕မ်ားထဲမွာ ရန္ကုန္ၿမိဳ႕ ပါဝင္လ်က္ရွိေနတယ္လို႔ အေမရိကန္အေျခစိုက္ သုေတသီအဖြဲ႕တစ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မ်ားအရ သိရပါတယ္။

သုေတသီအဖြဲ႕ျဖစ္တဲ့ Finder research အဖြဲ႕ဟာ ကမာၻတဝန္းရွိ ႏိုင္ငံေပါင္း ၁၇၇ ႏိုင္ငံမွာ ဘီယာတစ္ပိုင့္ကို ေပးရတဲ့တန္ဖိုးေဈးႏႈန္းကို အေျခခံထားတြက္ခ်က္ေဖာ္ျပခဲ့ျခင္းျဖစ္ၿပီး၊ ရန္ကုန္ၿမိဳ႕မွာ ဘီယာကိုေဈးအနည္းဆုံးနဲ႔ ေသာက္သုံးႏိုင္တဲ့ ၿမိဳ႕မ်ားထဲမွာ ပါဝင္လ်က္ရွိေနပါတယ္။

ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕၊ ယူေအအီးႏိုင္ငံ ဒူဘိုင္းၿမိဳ႕၊ အိုမန္ႏိုင္ငံ မူစကက္ၿမိဳ႕၊ ဘာရိန္းႏိုင္ငံ မာနာမာၿမိဳ႕တို႔ဟာ ကမာၻ တဝန္းရွိ ႏိုင္ငံမ်ား၊ ၿမိဳမ်ားထဲမွာ ဘီယာကိုေဈးအမ်ားဆုံးေပး ေသာက္သုံးေနရတဲ့ ၿမိဳ႕မ်ားထဲမွာ ပါဝင္လ်က္ရွိေနပါ တယ္။

ရန္ကုန္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ႏွစ္က ဘီယာတစ္ပိုင္းကို ဝ ဒသမ ၇၂ ေပါင္ ႏႈန္းနဲ႔ ေသာက္သုံးခဲ့ရၿပီး၊ ၂ဝ၂၂ ခုႏွစ္မွာေတာ့ ဝ ဒသမ ၇၅ ေပါင္နဲ႔ ေသာက္သုံးခဲ့ရတယ္လို႔ သိရပါတယ္။ ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕၊ ယူေအအီးႏိုင္ငံ ဒူဘိုင္းၿမိဳ႕၊ အိုမန္ႏိုင္ငံ မူစကက္ၿမိဳ႕တို႔မွာ ဘီယာတစ္ပိုင္းကို ေပါင္ ၁၁ ေပါင္ နီးပါးေပးကာ ေသာက္သုံးေနရၿပီး ဘီယာကို ေဈးအႀကီးဆုံးေပးကာ ေသာက္သုံးေနရတဲ့ၿမိဳ႕မ်ားအျဖစ္ ထိပ္ဆုံးမွာ ရပ္တည္ေနပါတယ္။

အဆိုပါအဖြဲ႕က "လန္ဒန္ၿမိဳ႕ဟာ ကမာၻတဝန္းရွိ ၿမိဳ႕မ်ားအနက္ ဘီယာကိုေဈးအႀကီးဆုံးေပးေသာက္သုံးေနရတဲ့ ႏိုင္ငံေတြထဲ အဆင့္ ၁၈ မွာ ရွိေနတယ္။ လန္ဒန္ၿမိဳ႕မွာ ဘီယာတစ္ပိုင့္ကို ေပါင္ ၅ ဒသမ ၉၉ ေပးၿပီး ေသာက္သုံး ေနရတယ္။ ဒါဟာ အံ့အားသင့္စရာေတာ့ မဟုတ္ဘူး" လို႔ ေျပာပါတယ္။

ဘီယာကို ၁ ေပါင္ေအာက္နဲ႔ ေသာက္သုံးႏိုင္တဲ့ ကမာၻတဝန္းရွိ ၿမိဳ႕ေပါင္း ၁၆ ၿမိဳ႕ထဲမွာ အေရွ႕ေတာင္အာရွေဒသ အတြင္းရွိ ႏိုင္ငံမ်ားျဖစ္တဲ့ ဗီယက္နမ္ႏိုင္ငံ ဟိုခ်ီမင္းၿမိဳ႕၊ လာအိုႏိုင္ငံ Vientiane ၿမိဳ႕တို႔ ပါဝင္ေနေၾကာင္း သိရပါတယ္။ ဥေရာပတိုက္ရွိ ၿမိဳ႕မ်ားကေတာ့ ဘီယာကို ၁ ေပါင္ေအာက္နဲ႔ေပးၿပီး ေသာက္သုံးႏိုင္တဲ့ႏိုင္ငံမ်ားထဲမွာ ပါဝင္ျခင္း မရွိေၾကာင္း သိရပါတယ္။

Picture

Htoo Myat Thu

26/03/2023 23:27

Welcome to Myanmar 😁 Beautiful Myanmar, Come and Drink 🍻 Beer

Related news

© 2021. All rights reserved.