ယခုနှစ်တွင် အင်းလေး၌ ရေပေါ်သင်္ကြန် ပြန်လည်ကျင်းပမည်

 866

ယွန်း (NP News)- မတ် ၂၆

မကြာမီ ကျရောက်မည့် သင်္ကြန်ကာလအတွင်း အင်းလေးဒေသတွင် ရေပေါ်သင်္ကြန်ကို ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌက ဆိုသည်။

အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ၂ဝ၁၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ထားခဲ့ကြောင်း သိရသည်။

“အင်းလေးမှာ ရေပေါ်သင်္ကြန်လုပ်မယ်ဆိုတာ သေချာပါတယ်။ ရေပေါ်သင်္ကြန်ကတော့ ပုံမှန်အားဖြင့် နှစ်တိုင်းရှိပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြန်မလုပ်နိုင်ဘူးပေါ့။ မနှစ်ကတော့ ရေပေါ်သင်္ကြန်မရှိခဲ့ပါဘူး” ဟု ဦးနောင်းနောင်းဟန်က NP News ကိုပြော သည်။

အဆိုပါ ကာလအတွင်း ဒေသတွင်းနှင့် အခြားဒေသများရှိ ခရီးသွားများ လာရောက်လည်ပတ်မှုများရှိကြောင်း သိရသည်။

“ရေပေါ်သင်္ကြန်က ရန်ကုန်ကသွားတဲ့ ခရီးသွားတွေသာအခက်အခဲတွေရှိလို့နည်းတာပါ။ ပုံမှန်အားဖြင့် ဒေသတွင်းနဲ့ အခြားဒေသတွေကပါလာပြီး ဆင်နွှဲကြပါတယ်။ အနီးအနားမှာရှိတဲ့မြို့တွေကနေလည်း လာကြပါတယ်။ ဒါကြောင့်မို့လို့ ရေပေါ်သင်္ကြန်ကတော့ ပုံမှန်အား ဖြင့် အများကြီးစည်ကားပါတယ်။ သူက ထူးလည်းထူးခြားတဲ့ ပွဲလည်းဖြစ်နေတာကို” ဟု ဦးနောင်းနောင်းဟန်က ပြောသည်။

သို့သော် လက်ရှိတွင် ‌အင်းလေးဒေသသို့ ပြည်တွင်းပြည်ပခရီးသွား ဝင်ရောက်မှုသည် နည်းပါးလျက်ရှိပြီး ရေပေါ်သင်္ကြန်သည် စည်းကားနိုင်သော်လည်း ခရီးသွားလာရောက်မှုသည် ယခင်ကထက်နည်းနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုခဲ့သည်။

ရေပေါ်သင်္ကြန်ပွဲတော်တွင် အင်းလေကန်အတွင်း လှေ၊ သမ္ဗာန်များ၊ ဖောင်များဖြင့် ရေများပတ်ဖြန်းကြပြီး တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်သည့် ရေပေါ်အဆိုပွဲများ၊ ယိမ်းအကများ အပါအဝင် တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲလည်း ပါဝင်ကြောင်း သိရသည်။

၎င်းအပြင် နှစ်ဦးရေပေါ်ဆွမ်းလောင်းပွဲကိုလည်း သင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပလေ့ရှိကြောင်း သိရသည်။

zawgyi version
ယခုႏွစ္တြင္ အင္းေလး၌ ေရေပၚသၾကၤန္ ျပန္လည္က်င္းပမည္

ယြန္း (NP News)- မတ္ ၂၆

မၾကာမီ က်ေရာက္မည့္ သၾကၤန္ကာလအတြင္း အင္းေလးေဒသတြင္ ေရေပၚသၾကၤန္ကို ျပန္လည္က်င္းပသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ ဥကၠ႒က ဆိုသည္။

အင္းေလးေရေပၚသၾကၤန္ပြဲေတာ္ကို ၂ဝ၁၉ ခုႏွစ္တြင္ စတင္က်င္းပခဲ့ျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ႏွစ္တြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရပ္တန႔္ထားခဲ့ေၾကာင္း သိရသည္။

“အင္းေလးမွာ ေရေပၚသၾကၤန္လုပ္မယ္ဆိုတာ ေသခ်ာပါတယ္။ ေရေပၚသၾကၤန္ကေတာ့ ပုံမွန္အားျဖင့္ ႏွစ္တိုင္းရွိပါတယ္။ ဒါေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပန္မလုပ္ႏိုင္ဘူးေပါ့။ မႏွစ္ကေတာ့ ေရေပၚသၾကၤန္မရွိခဲ့ပါဘူး” ဟု ဦးေနာင္းေနာင္းဟန္က NP News ကိုေျပာ သည္။

အဆိုပါ ကာလအတြင္း ေဒသတြင္းႏွင့္ အျခားေဒသမ်ားရွိ ခရီးသြားမ်ား လာေရာက္လည္ပတ္မႈမ်ားရွိေၾကာင္း သိရသည္။

“ေရေပၚသၾကၤန္က ရန္ကုန္ကသြားတဲ့ ခရီးသြားေတြသာအခက္အခဲေတြရွိလို႔နည္းတာပါ။ ပုံမွန္အားျဖင့္ ေဒသတြင္းနဲ႔ အျခားေဒသေတြကပါလာၿပီး ဆင္ႏႊဲၾကပါတယ္။ အနီးအနားမွာရွိတဲ့ၿမိဳ႕ေတြကေနလည္း လာၾကပါတယ္။ ဒါေၾကာင့္မို႔လို႔ ေရေပၚသၾကၤန္ကေတာ့ ပုံမွန္အား ျဖင့္ အမ်ားႀကီးစည္ကားပါတယ္။ သူက ထူးလည္းထူးျခားတဲ့ ပြဲလည္းျဖစ္ေနတာကို” ဟု ဦးေနာင္းေနာင္းဟန္က ေျပာသည္။

သို႔ေသာ္ လက္ရွိတြင္ ‌အင္းေလးေဒသသို႔ ျပည္တြင္းျပည္ပခရီးသြား ဝင္ေရာက္မႈသည္ နည္းပါးလ်က္ရွိၿပီး ေရေပၚသၾကၤန္သည္ စည္းကားႏိုင္ေသာ္လည္း ခရီးသြားလာေရာက္မႈသည္ ယခင္ကထက္နည္းႏိုင္ေၾကာင္း ၎က သုံးသပ္ေျပာဆိုခဲ့သည္။

ေရေပၚသၾကၤန္ပြဲေတာ္တြင္ အင္းေလကန္အတြင္း ေလွ၊ သမၺာန္မ်ား၊ ေဖာင္မ်ားျဖင့္ ေရမ်ားပတ္ျဖန္းၾကၿပီး ေတးသီခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္သည့္ ေရေပၚအဆိုပြဲမ်ား၊ ယိမ္းအကမ်ား အပါအဝင္ တိုင္းရင္းသား႐ိုးရာ အကၿပိဳင္ပြဲလည္း ပါဝင္ေၾကာင္း သိရသည္။

၎အျပင္ ႏွစ္ဦးေရေပၚဆြမ္းေလာင္းပြဲကိုလည္း သၾကၤန္အႀကိဳေန႔မွ ႏွစ္ဆန္းတစ္ရက္ေန႔အထိ က်င္းပေလ့ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.