လေဆင်နှာမောင်းတိုက်ခတ်ခံရသည့် မစ္စစ္စပီပြည်နယ်ကို အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့

 432

Pika (NP News) - မတ် ၂၆

လေဆင်နှာမောင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့် မစ္စစ္စပီပြည်နယ်တွင် အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါလေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် မစ္စစ္စပီပြည်နယ်တွင် အနည်းဆုံးလူ(၂၅)ဦး သေဆုံးခဲ့ပြီး အလာဘားမားပြည်နယ်တွင် လူ(၁)ဦး သေဆုံးခဲ့ကြောင်းသိရသည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် လေဆင် နှာမောင်းတိုက်ခတ်မှုဒဏ်ခံခဲ့ရသည့်ဒေသများရှိ လူမျိုးစုနှင့် ဒေသဆိုင်ရာပြန်လည်ထူထောင်ရေးကြိုးပမ်းမှုများကို အတတ်နိုင်ဆုံးကူညီပေးရန် ဖက်ဒရယ်အကူအညီများကို ညွှန်ကြားထားကြောင်းလည်း သိရသည်။

အဆိုပါရန်ပုံငွေများကို Carroll၊ Humphreys၊ Monroe နှင့် Sharkey ကောင်တီများရှိ လေဘေးသင့်သူများကို ပေးအပ်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေဆင်နှာမောင်းတိုက်ခတ်ပြီးနောက် လူရာပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ပြိုကျပျက်စီးနေသော အိမ်များ၊ စီးပွားရေးအဆောက်အအုံများနှင့် စည်ပင်သာယာရေးရုံးများ၏အပျက်အစီးများကို ရှင်းလင်းနေပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

အရေးပေါ်စီမံခန့်ခွဲမှု အေဂျင်စီ(FEMA) အုပ်ချုပ်ရေးမှူး Deanne Criswell သည် ပျက်စီးဆုံးရှုံးများကို ကြည့်ရှုရန် အတွက် မတ်လ(၂၆)ရက်တွင် မစ္စစ္စပီပြည်နယ်သို့သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ ထို့အပြင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက် FEMA အေဂျင်စီ ညှိနှိုင်းရေးအရာရှိ John Boyle ကို ကြီးကြပ်ရန် တာဝန်ပေးအပ်ထားကြောင်းလည်း သိရသည်။

လေဆင်နှာမောင်းတိုက်ခတ်ပြီးနောက် ယာယီအိမ်ရာပြန်လည်ထူထောင်ရေး၊ အိမ်ပြုပြင်ခ၊ အာမခံ မထားသော ပိုင်ဆိုင်မှုများဆုံးရှုံးမှု နှင့် စီးပွားရေးလုပ်ငန်းတို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ဖက်ဒရယ် ရန်ပုံ‌ငွေကို အသုံးပြုနိုင်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version;
ေလဆင္ႏွာေမာင္းတိုက္ခတ္ခံရသည့္ မစၥစၥပီျပည္နယ္ကို အေရးေပၚအေျခအေနထုတ္ျပန္ခဲ့
Pika (NP News) - မတ္ ၂၆

ေလဆင္ႏွာေမာင္းတစ္ခု ဝင္ေရာက္တိုက္ခတ္ခဲ့ျခင္းေၾကာင့္ မစၥစၥပီျပည္နယ္တြင္ အေရးေပၚအေျခအေန ေၾကညာခ်က္ထုတ္ျပန္လိုက္ေၾကာင္း သိရသည္။

အဆိုပါေလဆင္ႏွာေမာင္းတိုက္ခတ္မႈေၾကာင့္ မစၥစၥပီျပည္နယ္တြင္ အနည္းဆုံးလူ(၂၅)ဦး ေသဆုံးခဲ့ၿပီး အလာဘားမားျပည္နယ္တြင္ လူ(၁)ဦး ေသဆုံးခဲ့ေၾကာင္းသိရသည္။ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္သည္ ေလဆင္ ႏွာေမာင္းတိုက္ခတ္မႈဒဏ္ခံခဲ့ရသည့္ေဒသမ်ားရွိ လူမ်ိဳးစုႏွင့္ ေဒသဆိုင္ရာျပန္လည္ထူေထာင္ေရးႀကိဳးပမ္းမႈမ်ားကို အတတ္ႏိုင္ဆုံးကူညီေပးရန္ ဖက္ဒရယ္အကူအညီမ်ားကို ၫႊန္ၾကားထားေၾကာင္းလည္း သိရသည္။

အဆိုပါရန္ပုံေငြမ်ားကို Carroll၊ Humphreys၊ Monroe ႏွင့္ Sharkey ေကာင္တီမ်ားရွိ ေလေဘးသင့္သူမ်ားကို ေပးအပ္သြားမည္ျဖစ္ေၾကာင္း အိမ္ျဖဴေတာ္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ေလဆင္ႏွာေမာင္းတိုက္ခတ္ၿပီးေနာက္ လူရာေပါင္းမ်ားစြာ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရၿပီး ၿပိဳက်ပ်က္စီးေနေသာ အိမ္မ်ား၊ စီးပြားေရးအေဆာက္အအုံမ်ားႏွင့္ စည္ပင္သာယာေရး႐ုံးမ်ား၏အပ်က္အစီးမ်ားကို ရွင္းလင္းေနၿပီး ရွာေဖြ ကယ္ဆယ္ေရးလုပ္ငန္းကို ဆက္လက္လုပ္ေဆာင္ေနလ်က္ရွိေၾကာင္း သိရသည္။

အေရးေပၚစီမံခန႔္ခြဲမႈ ေအဂ်င္စီ(FEMA) အုပ္ခ်ဳပ္ေရးမႉး Deanne Criswell သည္ ပ်က္စီးဆုံးရႈံးမ်ားကို ၾကည့္ရႈရန္ အတြက္ မတ္လ(၂၆)ရက္တြင္ မစၥစၥပီျပည္နယ္သို႔သြားေရာက္ရန္ စီစဥ္ထားေၾကာင္း သိရသည္။ ထို႔အျပင္ ျပန္လည္ ထူေထာင္ေရးလုပ္ငန္းမ်ားလုပ္ေဆာင္ရန္အတြက္ FEMA ေအဂ်င္စီ ညႇိႏႈိင္းေရးအရာရွိ John Boyle ကို ႀကီးၾကပ္ရန္ တာဝန္ေပးအပ္ထားေၾကာင္းလည္း သိရသည္။

ေလဆင္ႏွာေမာင္းတိုက္ခတ္ၿပီးေနာက္ ယာယီအိမ္ရာျပန္လည္ထူေထာင္ေရး၊ အိမ္ျပဳျပင္ခ၊ အာမခံ မထားေသာ ပိုင္ဆိုင္မႈမ်ားဆုံးရႈံးမႈ ႏွင့္ စီးပြားေရးလုပ္ငန္းတို႔ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားႏွင့္ပတ္သက္ၿပီး ဖက္ဒရယ္ ရန္ပုံ‌ေငြကို အသုံးျပဳႏိုင္ေၾကာင္း အိမ္ျဖဴေတာ္က ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Picture

L Mone

27/03/2023 08:16

ဝဋ်လည်နေတာလား အမေရီးကန် နင်က အမေမရှိဘူးလေ နင့်အမေက နင့်ကို ပြစ်ထားခဲ့တာ နင်က သားမိုက်ဆိုတော့ကာ အမေရီးကန်ဖြစ်သွားလေတော့သလော..။နင့်အမေက နင့်ကို ကျူးကျော်မိုက်ရိုင်းဖောက်ပြန်ပြီးမွေး ဖွားလာတာဆိုတော့ နင်တို့က ဘယ်လိမ်မာပါ့မလဲ ကလိမ်ကကျစ် အမေရီးကန် ငါမနောက်ဘူးနော် မိမစစ် ဖမစစ် တွေ နေနေတဲ့ အမေရီးကန်..ရေ။

Related news

© 2021. All rights reserved.