အင်္ဂလန်အသင်းအတွက် ဂိုးသွင်းစံချိန်တင်နိုင်ခဲ့သူ ဟယ်ရီကိန်းကို ဝန်ကြီးချုပ်ဆူနက်ကိုယ်တိုင် ချီးကျူးပြောဆို

 431

Pika (NP News) - မတ် ၂၆

ဗြိတိန်ဝန်ကြီးချုပ် ဆူနက်သည် အင်္ဂလန်အသင်းအတွက် စံချိန်တင်ဂိုးသွင်းသူ ဟယ်ရီကိန်းကို အချိန်တိုင်း ထူးချွန် သည့် အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ချီးကျူးပြောဆိုခဲ့သည်။

ဟယ်ရီကိန်းသည် မတ်လ(၂၄)ရက်က အီတလီအသင်းနှင့်ကစားခဲ့သည့် ယူရို(၂ဝ၂၄)ခြေစစ်ပွဲတွင် တစ်ဂိုးသွင်း ယူနိုင်ခဲ့ပြီးနောက် ၎င်း၏ နိုင်ငံတကာသွင်းဂိုး (၅၄)ဂိုးရှိသွားပြီဖြစ်ကြောင်း သိရသည်။

ဗြိတိန်ဝန်ကြီးချုပ်ဆူနက်သည် ဟယ်ရီကိန်းထံ video call ခေါ်ဆိုပြီး ချီးကျူးစကားပြောဆိုခဲ့သိရသည်။ ဆူနက်က "ဂုဏ်ယူပါတယ်။ အချိန်တိုင်း အကောင်းဆုံးပုံစံနဲ့ကစားနေပြီး အောင်မြင်ခဲ့တာကြောင့် တကယ်ကို ဂုဏ်ယူပါတယ်။ ဟယ်ရီကိန်းက ထူးခြားတဲ့ကပ္ပတိန်တစ်ဦးဖြစ်သလို စံနမူနာထားသင့်တဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက ဟယ်ရီကိန်းအတွက် အရမ်းကို ဂုဏ်ယူနေပါတယ်။ သူ့လိုကစားသမားမျိုးကို ဒီနိုင်ငံမှာ ပိုင်ဆိုင်ထားရတာ တကယ်ကို ကံကောင်းပါတယ်" ဟု ပြောဆိုခဲ့သည်။

ဟယ်ရီကိန်း ကလည်း "ယူကရိန်းနဲ့ ကစားမယ့်ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားပါတယ်။ ဒီပွဲက အကောင်းဆုံး ကစားပွဲတစ်ပွဲဖြစ်လာမှာ အသေအချာပါပဲ။ မိခင်နိုင်ငံအတွက် ကစားပေးရတာကို ကျွန်တော်နှစ်သက်ပါတယ်။ နိုင်ငံအတွက် အကောင်းဆုံးပုံစံနဲ့ ကိုယ်စားပြုချင်ပါတယ်" ဟု ပြောဆိုခဲ့သည်။

အီတလီဘောလုံးအသင်းနည်းပြ ရောဘတ်တိုမန်စီနီ ကလည်း ဟယ်ရီကိန်းကို ချီးကျူးစကားပြောဆိုခဲ့ကြောင်း သိရသည်။ ထို့အပြင် အီတလီကွင်းလယ်ကစားသမား မာကိုဗာရက်တီကလည်း ဟယ်ရီကိန်းကို ချီးကျူးစကားများ ပြောခဲ့သည်။

မာကိုဗာရက်တီ က "ဟယ်ရီကိန်းက အသင်းအတွက် အကောင်းဆုံးပုံစံနဲ့ကစားနိုင်ပြီး အံ့ဩစရာကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာအရည်အချင်းတွေလည်း အများကြီးရှိပါတယ်။ သူက အင်္ဂလန်အသင်းမှာ အမှန်တကယ်လိုအပ်တဲ့ ကစားသမားတစ်ဦးပါ။ ကျွန်တော်သူနဲ့ အကြိမ်ပေါင်းများစွာ ကစားဖူးပါတယ်။ သူက ထိပ်ဆုံးမှာပဲ ရပ်တည်နိုင် မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ဘယ်တော့မှ အရှုံးမပေးတတ်ပါဘူး" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
အဂၤလန္အသင္းအတြက္ ဂိုးသြင္းစံခ်ိန္တင္ႏိုင္ခဲ့သူ ဟယ္ရီကိန္းကို ဝန္ႀကီးခ်ဳပ္ဆူနက္ကိုယ္တိုင္ ခ်ီးက်ဴးေျပာဆို
Pika (NP News) - မတ္ ၂၆

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ဆူနက္သည္ အဂၤလန္အသင္းအတြက္ စံခ်ိန္တင္ဂိုးသြင္းသူ ဟယ္ရီကိန္းကို အခ်ိန္တိုင္း ထူးခြၽန္ သည့္ အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္ ခ်ီးက်ဴးေျပာဆိုခဲ့သည္။

ဟယ္ရီကိန္းသည္ မတ္လ(၂၄)ရက္က အီတလီအသင္းႏွင့္ကစားခဲ့သည့္ ယူ႐ို(၂ဝ၂၄)ေျခစစ္ပြဲတြင္ တစ္ဂိုးသြင္း ယူႏိုင္ခဲ့ၿပီးေနာက္ ၎၏ ႏိုင္ငံတကာသြင္းဂိုး (၅၄)ဂိုးရွိသြားၿပီျဖစ္ေၾကာင္း သိရသည္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ဆူနက္သည္ ဟယ္ရီကိန္းထံ video call ေခၚဆိုၿပီး ခ်ီးက်ဴးစကားေျပာဆိုခဲ့သိရသည္။ ဆူနက္က "ဂုဏ္ယူပါတယ္။ အခ်ိန္တိုင္း အေကာင္းဆုံးပုံစံနဲ႔ကစားေနၿပီး ေအာင္ျမင္ခဲ့တာေၾကာင့္ တကယ္ကို ဂုဏ္ယူပါတယ္။ ဟယ္ရီကိန္းက ထူးျခားတဲ့ကပၸတိန္တစ္ဦးျဖစ္သလို စံနမူနာထားသင့္တဲ့ လူတစ္ေယာက္လည္း ျဖစ္ပါတယ္။ တစ္ႏိုင္ငံလုံးက ဟယ္ရီကိန္းအတြက္ အရမ္းကို ဂုဏ္ယူေနပါတယ္။ သူ႔လိုကစားသမားမ်ိဳးကို ဒီႏိုင္ငံမွာ ပိုင္ဆိုင္ထားရတာ တကယ္ကို ကံေကာင္းပါတယ္" ဟု ေျပာဆိုခဲ့သည္။

ဟယ္ရီကိန္း ကလည္း "ယူကရိန္းနဲ႔ ကစားမယ့္ပြဲအတြက္ အေကာင္းဆုံးျပင္ဆင္ထားပါတယ္။ ဒီပြဲက အေကာင္းဆုံး ကစားပြဲတစ္ပြဲျဖစ္လာမွာ အေသအခ်ာပါပဲ။ မိခင္ႏိုင္ငံအတြက္ ကစားေပးရတာကို ကြၽန္ေတာ္ႏွစ္သက္ပါတယ္။ ႏိုင္ငံအတြက္ အေကာင္းဆုံးပုံစံနဲ႔ ကိုယ္စားျပဳခ်င္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

အီတလီေဘာလုံးအသင္းနည္းျပ ေရာဘတ္တိုမန္စီနီ ကလည္း ဟယ္ရီကိန္းကို ခ်ီးက်ဴးစကားေျပာဆိုခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ အီတလီကြင္းလယ္ကစားသမား မာကိုဗာရက္တီကလည္း ဟယ္ရီကိန္းကို ခ်ီးက်ဴးစကားမ်ား ေျပာခဲ့သည္။

မာကိုဗာရက္တီ က "ဟယ္ရီကိန္းက အသင္းအတြက္ အေကာင္းဆုံးပုံစံနဲ႔ကစားႏိုင္ၿပီး အံ့ဩစရာေကာင္းတဲ့ ႐ုပ္ပိုင္းဆိုင္ရာအရည္အခ်င္းေတြလည္း အမ်ားႀကီးရွိပါတယ္။ သူက အဂၤလန္အသင္းမွာ အမွန္တကယ္လိုအပ္တဲ့ ကစားသမားတစ္ဦးပါ။ ကြၽန္ေတာ္သူနဲ႔ အႀကိမ္ေပါင္းမ်ားစြာ ကစားဖူးပါတယ္။ သူက ထိပ္ဆုံးမွာပဲ ရပ္တည္ႏိုင္ မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သူက ဘယ္ေတာ့မွ အရႈံးမေပးတတ္ပါဘူး" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.