တူနီးရှားမှာ နောက်ထပ်ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာတဲ့ ‌လှေတစ်စင်းနစ်မြုပ်ခဲ့ပြီး အာဖရိက ခိုလှုံခွင့်တောင်းသူ ၁၉ ဦး သေဆုံး

 281

ရောင်နီ (NP News) - မတ် ၂၆

အာဖရိက ဆာဟာရအောက်ပိုင်းမှ ဒုက္ခသည်များနဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁၉ ဦးထက်မနည်းဟာ မြေထဲပင်လယ်ကို ဖြတ်ပြီး အီတလီသို့ ဝင်ရောက်ရှိဖို့ ကြိုးစားစဉ် တူနီးရှားကမ်းလွန်မှာ လှေမှောက်ကာ ရေနစ်သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောကြားခဲ့ပါတယ်။

အဆိုပါနေ့မှာပဲ ခိုလှုံခွင့်တောင်းခံသူ ၂ဝဝဝ ကျော် အီတလီနိုင်ငံ လန်ပီဒူဆာကျွန်းသို့ ၂၄ နာရီအတွင်း ရောက်ရှိ လာခဲ့ကြောင်း အီတလီနိုင်ငံထုတ် ANSA သတင်းဌာနက မတ်လ ၂၆ ရက်၊ တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့ပြီးနောက် မကြာခင် ထိုလှေမှောက်မှုဖြစ်စဉ် အစီရင်ခံစာများ ထွက်ပေါ်လာတာဖြစ်ပါတယ်။

တူနီးရှားကမ်းခြေစောင့်တပ်ဖွဲ့ဟာ လှေပေါ်မှ လူငါးဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း လူမှုရေးနဲ့ စီးပွားရေးအခွင့် အရေးဖိုရမ် (FTDES) မှ တာဝန်ရှိသူ ရွမ်ဟန်ဘန်အာမော် မှ ပြောကြားခဲ့ပါတယ်။ တူနီးရှားအာဏာပိုင်များကတော့ ယင်းနဲ့ပတ်သက်ပြီး မှတ်ချက်များ ချက်ချင်းမပေးသေးပါဘူး။ ပြီးခဲ့တဲ့ လေးရက်အတွင်းကလည်း ဒုက္ခသည်များနဲ့ ရွှေ့ပြောင်းနေထိုင်သူများ တင်ဆောင်တဲ့ လှေငါးစင်းထက်မနည်း တောင်ပိုင်း Sfax မြို့မှာ နစ်မြုပ်ခဲ့ပြီး ၆၇ ဦး ပျောက်ဆုံးကာ ကိုးဦး သေဆုံးခဲ့ပါတယ်။

Sfax အနီး ကမ်းရိုးတန်းဟာ ဥရောပမှာ ပိုမိုကောင်းမွန်သော ဘဝရရှိနိုင်မယ့် မျှော်လင့်ချက်နဲ့ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းရှိ ဆင်းရဲမွဲတေမှုနဲ့ ပဋိပက္ခများမှ ထွက်ပြေးလာသူများအတွက် အဓိက ထွက်ခွာရာနေရာဖြစ်လာပါတယ်။

ကုလသမဂ္ဂအချက်အလက်များအရ ယခုနှစ်မှာ အီတလီသို့ ရောက်ရှိသူ အနည်းဆုံး ၁၂ဝဝဝ ခန့်ဟာ တူနီးရှားမှ ရွက်လွှင့်လာခဲ့ခြင်းဖြစ်ပြီး ယင်းအရေအတွက်ဟာ ၂ဝ၂၂ ခုနှစ် အလားတူ ကာလက ဝင်ရောက်လာတဲ့အရေအတွက် ၁၃ဝဝ နဲ့ နှိုင်းယှဉ်ရင် ပိုမိုများပြားလာခဲ့ပါတယ်။

Zawgyi Version;
တူနီးရွားမွာ ေနာက္ထပ္ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား လိုက္ပါလာတဲ့ ‌ေလွတစ္စင္းနစ္ျမဳပ္ခဲ့ၿပီး အာဖရိက ခိုလႈံခြင့္ေတာင္းသူ ၁၉ ဦး ေသဆုံး
ေရာင္နီ (NP News) - မတ္ ၂၆

အာဖရိက ဆာဟာရေအာက္ပိုင္းမွ ဒုကၡသည္မ်ားနဲ႔ ေ႐ႊ႕ေျပာင္းေနထိုင္သူ ၁၉ ဦးထက္မနည္းဟာ ေျမထဲပင္လယ္ကို ျဖတ္ၿပီး အီတလီသို႔ ဝင္ေရာက္ရွိဖို႔ ႀကိဳးစားစဥ္ တူနီးရွားကမ္းလြန္မွာ ေလွေမွာက္ကာ ေရနစ္ေသဆုံးခဲ့ေၾကာင္း လူ႔အခြင့္အေရးအဖြဲ႕တစ္ခုက ေျပာၾကားခဲ့ပါတယ္။

အဆိုပါေန႔မွာပဲ ခိုလႈံခြင့္ေတာင္းခံသူ ၂ဝဝဝ ေက်ာ္ အီတလီႏိုင္ငံ လန္ပီဒူဆာကြၽန္းသို႔ ၂၄ နာရီအတြင္း ေရာက္ရွိ လာခဲ့ေၾကာင္း အီတလီႏိုင္ငံထုတ္ ANSA သတင္းဌာနက မတ္လ ၂၆ ရက္၊ တနဂၤေႏြေန႔မွာ ထုတ္ျပန္ခဲ့ၿပီးေနာက္ မၾကာခင္ ထိုေလွေမွာက္မႈျဖစ္စဥ္ အစီရင္ခံစာမ်ား ထြက္ေပၚလာတာျဖစ္ပါတယ္။

တူနီးရွားကမ္းေျခေစာင့္တပ္ဖြဲ႕ဟာ ေလွေပၚမွ လူငါးဦးကို ကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း လူမႈေရးနဲ႔ စီးပြားေရးအခြင့္ အေရးဖိုရမ္ (FTDES) မွ တာဝန္ရွိသူ ႐ြမ္ဟန္ဘန္အာေမာ္ မွ ေျပာၾကားခဲ့ပါတယ္။ တူနီးရွားအာဏာပိုင္မ်ားကေတာ့ ယင္းနဲ႔ပတ္သက္ၿပီး မွတ္ခ်က္မ်ား ခ်က္ခ်င္းမေပးေသးပါဘူး။ ၿပီးခဲ့တဲ့ ေလးရက္အတြင္းကလည္း ဒုကၡသည္မ်ားနဲ႔ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား တင္ေဆာင္တဲ့ ေလွငါးစင္းထက္မနည္း ေတာင္ပိုင္း Sfax ၿမိဳ႕မွာ နစ္ျမဳပ္ခဲ့ၿပီး ၆၇ ဦး ေပ်ာက္ဆုံးကာ ကိုးဦး ေသဆုံးခဲ့ပါတယ္။

Sfax အနီး ကမ္း႐ိုးတန္းဟာ ဥေရာပမွာ ပိုမိုေကာင္းမြန္ေသာ ဘဝရရွိႏိုင္မယ့္ ေမွ်ာ္လင့္ခ်က္နဲ႔ အာဖရိကနဲ႔ အေရွ႕အလယ္ပိုင္းရွိ ဆင္းရဲမြဲေတမႈနဲ႔ ပဋိပကၡမ်ားမွ ထြက္ေျပးလာသူမ်ားအတြက္ အဓိက ထြက္ခြာရာေနရာျဖစ္လာပါတယ္။

ကုလသမဂၢအခ်က္အလက္မ်ားအရ ယခုႏွစ္မွာ အီတလီသို႔ ေရာက္ရွိသူ အနည္းဆုံး ၁၂ဝဝဝ ခန္႔ဟာ တူနီးရွားမွ ႐ြက္လႊင့္လာခဲ့ျခင္းျဖစ္ၿပီး ယင္းအေရအတြက္ဟာ ၂ဝ၂၂ ခုႏွစ္ အလားတူ ကာလက ဝင္ေရာက္လာတဲ့အေရအတြက္ ၁၃ဝဝ နဲ႔ ႏႈိင္းယွဥ္ရင္ ပိုမိုမ်ားျပားလာခဲ့ပါတယ္။

Related news

© 2021. All rights reserved.