ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ကူညီမယ်လို့ အမေရိကန် ကတိပြု

 486

Htay Oung (NP News) - မတ် ၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လျင်မြန်စွာတိုးတက်နေတဲ့ စီးပွားရေး၊ ပညာတတ်လုပ်သား အင်အားစု၊ ပျိုမြစ်လန်းဆန်းတဲ့ လူငယ်လူဦးရေတို့နဲ့အတူ ဒေသတွင်းခေါင်းဆောင်အဖြစ် လျင်မြန်စွာရောက်ရှိလာတယ်လို့ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး အန်သိုနီဘလင်ကင်က ပြောဆိုကြောင်း Dhaka Tribune က မတ်လ ၂၆ ရက်နေ့မှာ ရေးသားခဲ့ပါတယ်။

မျက်မှောက်ခေတ်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်များအပေါ် ကျွန်ုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုများကြောင့် “အမေရိကန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ အတူတကွ ပိုမိုခွန်အားပြည့်၀လာခဲ့ကြောင်း၊ လာမယ့်နှစ်များအတွင်း ဝါရှင်တန်နဲ့ ဒါကာတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ မြှင့်တင်ဖို့ မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့မှာ အမေရိကန်ပြည်ထောင်စုကိုယ်စား အန်သိုနီဘလင်ကင်က ဆန္ဒပြုသဝဏ်လွှာ ရေးသားပေးပို့ ခဲ့ပါတယ်။

ပူးပေါင်းဆောင်ရွက်မှုအတွက် အမေရိကန်ပြည်ထောင်စုအနေနှင့် ဂုဏ်ယူပါကြောင်း မကြာသေးမီကပဲ Covid-19 တိုက်ဖျက်ရေး၊ ရာသီဥတုပြောင်းလဲမှုအပေါ် ကိုင်တွယ်ဖြေရှင်းရေး ပွင့်လင်းလွတ်လပ်တဲ့ အင်ဒို-ပစိဖိတ်ဒေသ အဖြစ် မြှင့်တင်ရေးတို့မှာ စစ်မှန်တဲ့ခြေလှမ်းများစွာတို့ကို ကျွန်ုပ်တို့အတူတကွ လျှောက်လှမ်းခဲ့ကြကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအားလုံးတို့အတွက် ပွင့်လင်းလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေး အတွက် ပံ့ပိုးကူညီဖို့ သင်တို့နဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ ကတိပြုပါကြောင်း ဘလင်ကန်က ဆက်လက်ဖော်ပြပါ တယ်။

ဒီမိုကရေစီစံချိန်စံညွှန်းများ၊ ကောင်းမွန်သောအုပ်ချုပ်မှု၊ လူ့အခွင့်အရေးနဲ့ မီဒီယာလွတ်လပ်ခွင့်များအားလုံးတို့ ဟာ ဖွံ့ဖြိုး၊ တည်ငြိမ်ပြီး သာယာဝပြောတဲ့ လူ့အဖွဲ့အစည်းတို့ရဲ့အမှတ်အသားများဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အနေနဲ့ ကြီးမားတဲ့ စွမ်းပကားတို့ကို ရရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း၊ လွတ်လပ်ရေးနေ့ ကျင်းပစဉ် ဘင်္ဂလားဒေ့ရှ်မှာ ဂုဏ်ယူစရာ အကြောင်းပြချက်တွေ အမြောက်အများရှိနေကြောင်း၊ လူမျိုးတုံးသုဉ်းပြုမှုမှ ထွက်ပြေးလာတဲ့ ဒုက္ခသည်ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာဟုဖော်ပြ) တို့ကို ဘင်္ဂလားဒေ့ရှ်က ရက်ရက်ရောရောကြိုဆိုခဲ့ကြောင်း၊ ထိရှ လွယ်ဒုက္ခသည်များကို ခိုလှုံရန်နေရာပေးခြင်းဖြင့် လူသားချင်းစာနာမှုဆိုင်ရာ ကတိကဝတ်ကို ပြသခဲ့ကြောင်း၊ ရာသီဥတုဆိုင်ရာအကျပ်အတည်းအတွက် လိုက်လျောညီထွေဖြစ်အောင် မဟာဗျူဟာများ ရေးဆွဲခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန်နဲ့ ရာသီဥတုကို ကြံကြံခံစေရေးတွင် ဦးဆောင်မှုကို ပြသခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကင်ရဲ့သဝဏ်လွှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

#ဘင်္ဂလားဒေ့ရ်ှနိုင်ငံလွတ်လပ်ရေးနေ့ #အမေရိကန်နိုင်ငံခြားရေးဝန်ကြီး_အန်သိုနီဘလင်ကင်

(Dhaka Triubune., 26 March 2023,” US committed to working with Bangladesh to support free and fair elections, US Secretary of State Antony Blinken says” ကို #HatyOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ လြတ္လပ္တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ေျမာက္ေရးအတြက္ ကူညီမယ္လို႔ အေမရိကန္ ကတိျပဳ
Htay Oung (NP News) - မတ္ ၂၆

ဘဂၤလားေဒ့ရွ္ႏိုင္ငံဟာ လ်င္ျမန္စြာတိုးတက္ေနတဲ့ စီးပြားေရး၊ ပညာတတ္လုပ္သား အင္အားစု၊ ပ်ိဳျမစ္လန္းဆန္းတဲ့ လူငယ္လူဦးေရတို႔နဲ႔အတူ ေဒသတြင္းေခါင္းေဆာင္အျဖစ္ လ်င္ျမန္စြာေရာက္ရွိလာတယ္လို႔ အေမရိကန္ ႏိုင္ငံျခား ေရးဝန္ႀကီး အန္သိုနီဘလင္ကင္က ေျပာဆိုေၾကာင္း Dhaka Tribune က မတ္လ ၂၆ ရက္ေန႔မွာ ေရးသားခဲ့ပါတယ္။

မ်က္ေမွာက္ေခတ္ရဲ႕အဓိပၸာယ္ဖြင့္ဆိုခ်က္မ်ားအေပၚ ကြၽႏ္ုပ္တို႔ရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈမ်ားေၾကာင့္ “အေမရိကန္နဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားေတြဟာ အတူတကြ ပိုမိုခြန္အားျပည့္၀လာခဲ့ေၾကာင္း၊ လာမယ့္ႏွစ္မ်ားအတြင္း ဝါရွင္တန္နဲ႔ ဒါကာတို႔အၾကား ပူးေပါင္းေဆာင္႐ြက္မႈကို နက္ရႈိင္းစြာ ျမႇင့္တင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ လြတ္လပ္ေရးေန႔မွာ အေမရိကန္ျပည္ေထာင္စုကိုယ္စား အန္သိုနီဘလင္ကင္က ဆႏၵျပဳသဝဏ္လႊာ ေရးသားေပးပို႔ ခဲ့ပါတယ္။

ပူးေပါင္းေဆာင္႐ြက္မႈအတြက္ အေမရိကန္ျပည္ေထာင္စုအေနႏွင့္ ဂုဏ္ယူပါေၾကာင္း မၾကာေသးမီကပဲ Covid-19 တိုက္ဖ်က္ေရး၊ ရာသီဥတုေျပာင္းလဲမႈအေပၚ ကိုင္တြယ္ေျဖရွင္းေရး ပြင့္လင္းလြတ္လပ္တဲ့ အင္ဒို-ပစိဖိတ္ေဒသ အျဖစ္ ျမႇင့္တင္ေရးတို႔မွာ စစ္မွန္တဲ့ေျခလွမ္းမ်ားစြာတို႔ကို ကြၽႏ္ုပ္တို႔အတူတကြ ေလွ်ာက္လွမ္းခဲ့ၾကေၾကာင္း၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားအားလုံးတို႔အတြက္ ပြင့္လင္းလြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ေျမာက္ေရး အတြက္ ပံ့ပိုးကူညီဖို႔ သင္တို႔နဲ႔အတူ လက္တြဲလုပ္ေဆာင္ဖို႔ ကတိျပဳပါေၾကာင္း ဘလင္ကန္က ဆက္လက္ေဖာ္ျပပါ တယ္။

ဒီမိုကေရစီစံခ်ိန္စံၫႊန္းမ်ား၊ ေကာင္းမြန္ေသာအုပ္ခ်ဳပ္မႈ၊ လူ႔အခြင့္အေရးနဲ႔ မီဒီယာလြတ္လပ္ခြင့္မ်ားအားလုံးတို႔ ဟာ ဖြံ႕ၿဖိဳး၊ တည္ၿငိမ္ၿပီး သာယာဝေျပာတဲ့ လူ႔အဖြဲ႕အစည္းတို႔ရဲ႕အမွတ္အသားမ်ားျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္အေနနဲ႔ ႀကီးမားတဲ့ စြမ္းပကားတို႔ကို ရရွိလိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း၊ လြတ္လပ္ေရးေန႔ က်င္းပစဥ္ ဘဂၤလားေဒ့ရွ္မွာ ဂုဏ္ယူစရာ အေၾကာင္းျပခ်က္ေတြ အေျမာက္အမ်ားရွိေနေၾကာင္း၊ လူမ်ိဳးတုံးသုဥ္းျပဳမႈမွ ထြက္ေျပးလာတဲ့ ဒုကၡသည္ဘဂၤါလီ (မူရင္း ႐ိုဟင္ဂ်ာဟုေဖာ္ျပ) တို႔ကို ဘဂၤလားေဒ့ရွ္က ရက္ရက္ေရာေရာႀကိဳဆိုခဲ့ေၾကာင္း၊ ထိရွ လြယ္ဒုကၡသည္မ်ားကို ခိုလႈံရန္ေနရာေပးျခင္းျဖင့္ လူသားခ်င္းစာနာမႈဆိုင္ရာ ကတိကဝတ္ကို ျပသခဲ့ေၾကာင္း၊ ရာသီဥတုဆိုင္ရာအက်ပ္အတည္းအတြက္ လိုက္ေလ်ာညီေထြျဖစ္ေအာင္ မဟာဗ်ဴဟာမ်ား ေရးဆြဲျခင္းျဖင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဟာ သဘာဝပတ္ဝန္းက်င္ကို ကာကြယ္ရန္နဲ႔ ရာသီဥတုကို ႀကံႀကံခံေစေရးတြင္ ဦးေဆာင္မႈကို ျပသခဲ့ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး အန္သိုနီဘလင္ကင္ရဲ႕သဝဏ္လႊာမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

#ဘဂၤလားေဒ့ရ္ွႏိုင္ငံလြတ္လပ္ေရးေန႔ #အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး_အန္သိုနီဘလင္ကင္

(Dhaka Triubune., 26 March 2023,” US committed to working with Bangladesh to support free and fair elections, US Secretary of State Antony Blinken says” ကို #HatyOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Picture

mgmg nyunt

26/03/2023 22:32

မင်းတို့နိုင်ငံကိုခေါ်ထားလိုက်ပေါ့

Picture

Tint Lwin0110

27/03/2023 08:04

သိုနီကတော့ဟစိယွကြီးကိုနှဖားကြိုးထိုးပြီးနှူးပေးနေပြီ

Picture

Ye Htun

27/03/2023 08:25

ဘဂ်လားနွားဆိုတဲ့ မျိုးစိတ်အသစ်ပေါ်လာတော့မှာပေါ့😂😂😂🤣🤣 အမေရိကန်ကြီး..ကမ္ဘာပတ် ဘောမနေပြီ😂🤣

Related news

© 2021. All rights reserved.