လက်နက်ဝယ်ယူရေး အငြင်းပွားမှုကြောင့် အိန္ဒိယနိုင်ငံသား သုံးဦးကို ချင်းလက်နက်ကိုင်အဖွဲ့ သတ်ဖြတ် မီးရှို့ခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ပြော

 902

ဂျန်ဇက် (NP News) - မတ် ၂၇

မြန်မာနိုင်ငံဘက်ခြမ်းရှိတောထဲမှာ အိန္ဒိယနိုင်ငံသားသုံးဦး အသတ်ခံရပြီး ချင်းလက်နက်ကိုင်အဖွဲ့က သတ်ဖြတ်ခဲ့ ခြင်းမျိုးဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။

အိန္ဒိယရဲတပ်ဖွဲ့အနေနဲ့ မြန်မာနိုင်ငံဘက်ခြမ်းရှိတောထဲမှာ သတ်ဖြတ်မီးရှို့ခံထားရတဲ့ အိန္ဒိယနိုင်ငံသား သုံးဦးနဲ့ပ တ်သက်ပြီး စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့အကြီးတန်းအရာရှိတစ်ဦး က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ သတ်ဖြတ်မီးရှို့ခံရတဲ့ အိန္ဒိယနိုင်ငံသား သုံးဦးထဲမှာ အမျိုးသမီးတစ်ဦး ပါဝင်ခဲ့ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် Siaha ဒေသ နဲ့ Lawngtlai ဒေသတို့မှာ နေထိုင်သူများ ဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ John Neihlaia က ပြောပါတယ်။

အဆိုပါ အိန္ဒိယနိုင်ငံသား ၃ ဦးဟာ သတ်ဖြတ်ခံရပြီးနောက် မီးရှို့ခံရကြောင်း၊ ၎င်းတို့သုံးဦးဟာ မတ်လ ၁၉ ရက် ကတည်းက ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး မတ်လ ၂၂ ရက်၊ ညပိုင်းမှာ မိသားစုဝင်များက မြန်မာနိုင်ငံ ဘက်ခြမ်းရှိ တောထဲမှာ ရုပ်အလောင်းများ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ က ပြောပါတယ်။

အိန္ဒိယရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ John Neihlaia က "ကနဦး စုံစမ်းစစ်ဆေးချက်များအရ အိန္ဒိယနိုင်ငံသား သုံးဦးဟာ နစကကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ ချင်းလက်နက်ကိုင်အဖွဲ့ရဲ့ အသတ်ခံရခြင်းဖြစ်တယ်။ လက်နက် ဝယ်ယူရေးကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားခဲ့တဲ့အတွက် ချင်းလက်နက်ကိုင်အဖွဲ့က သတ်ခဲ့တာဖြစ်တယ်။ လက်နက် များ ဝယ်ယူရေးနဲ့ပတ်သက်ပြီး အမေရိကန်ဒေါ်လာ ၇ဝဝဝ နီးပါး အလိမ်ခံရတာမျိုးဖြစ်နိုင်တယ်။ ဒါပေမယ့် အိန္ဒိယ နိုင်ငံသားတွေဟာ လက်နက်မဝယ်ယူနိုင်တဲ့အတွက် ငွေကြေးတွေ ပြန်ပေးခဲ့ပေမယ့်လည်း ယူထားတဲ့ငွေကြေး များအတိုင်း အပြည့်အ၀ပေးနိုင်ခြင်းမရှိခဲ့ဘူး" လို့ ပြောပါတယ်။

Siaha ဒေသ မှာနေထိုင်နေပြီး အသတ်ခံရသူထဲမှာ ပါဝင်တဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးဖြစ်တဲ့ အသက် ၄၈ နှစ်အရွယ် Suiteii Chinzah and အသက် ၃၇ နှစ်အရွယ် Bablu Talukdar တို့ကို ၎င်းတို့နဲ့သိကျွမ်းသူတစ်ဦးက မတ်လ ၁၉ ရက်မှာ နေအိမ်မှလာခေါ်ထုတ်သွားခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးဟာ Lawngtlai ဒေသမှာနေထိုင်တဲ့ အသက် ၂၂ နှစ်အရွယ် B Lalthafamkima အမည်ရှိသူ မောင်းနှင်တဲ့ mini-truck ၊ ကားနဲ့ အိန္ဒိယ-မြန်မာနယ်စပ်ကို သွားရောက်ခဲ့ပြီးနောက်ပိုင်းကတည်းက ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
လက္နက္ဝယ္ယူေရး အျငင္းပြားမႈေၾကာင့္ အိႏၵိယႏိုင္ငံသား သုံးဦးကို ခ်င္းလက္နက္ကိုင္အဖြဲ႕ သတ္ျဖတ္ မီးရႈိ႕ခဲ့ေၾကာင္း အိႏၵိယရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၇

ျမန္မာႏိုင္ငံဘက္ျခမ္းရွိေတာထဲမွာ အိႏၵိယႏိုင္ငံသားသုံးဦး အသတ္ခံရၿပီး ခ်င္းလက္နက္ကိုင္အဖြဲ႕က သတ္ျဖတ္ခဲ့ ျခင္းမ်ိဳးျဖစ္ေၾကာင္း အိႏၵိယရဲတပ္ဖြဲ႕က ေျပာပါတယ္။

အိႏၵိယရဲတပ္ဖြဲ႕အေနနဲ႔ ျမန္မာႏိုင္ငံဘက္ျခမ္းရွိေတာထဲမွာ သတ္ျဖတ္မီးရႈိ႕ခံထားရတဲ့ အိႏၵိယႏိုင္ငံသား သုံးဦးနဲ႔ပ တ္သက္ၿပီး စုံစမ္းစစ္ေဆးသြားမွာျဖစ္ေၾကာင္း အိႏၵိယ ရဲတပ္ဖြဲ႕အႀကီးတန္းအရာရွိတစ္ဦး က ထုတ္ေဖာ္ေျပာဆို လိုက္ပါတယ္။ သတ္ျဖတ္မီးရႈိ႕ခံရတဲ့ အိႏၵိယႏိုင္ငံသား သုံးဦးထဲမွာ အမ်ိဳးသမီးတစ္ဦး ပါဝင္ခဲ့ၿပီး အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ Siaha ေဒသ နဲ႔ Lawngtlai ေဒသတို႔မွာ ေနထိုင္သူမ်ား ျဖစ္ေၾကာင္း အိႏၵိယရဲတပ္ဖြဲ႕တာဝန္ရွိသူ တစ္ဦးျဖစ္တဲ့ John Neihlaia က ေျပာပါတယ္။

အဆိုပါ အိႏၵိယႏိုင္ငံသား ၃ ဦးဟာ သတ္ျဖတ္ခံရၿပီးေနာက္ မီးရႈိ႕ခံရေၾကာင္း၊ ၎တို႔သုံးဦးဟာ မတ္လ ၁၉ ရက္ ကတည္းက ေပ်ာက္ဆုံးသြားခဲ့ျခင္းျဖစ္ၿပီး မတ္လ ၂၂ ရက္၊ ညပိုင္းမွာ မိသားစုဝင္မ်ားက ျမန္မာႏိုင္ငံ ဘက္ျခမ္းရွိ ေတာထဲမွာ ႐ုပ္အေလာင္းမ်ား ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း အိႏၵိယရဲတပ္ဖြဲ႕ က ေျပာပါတယ္။

အိႏၵိယရဲတပ္ဖြဲ႕တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ John Neihlaia က "ကနဦး စုံစမ္းစစ္ေဆးခ်က္မ်ားအရ အိႏၵိယႏိုင္ငံသား သုံးဦးဟာ နစကကို လက္နက္ကိုင္ဆန႔္က်င္ေနတဲ့ ခ်င္းလက္နက္ကိုင္အဖြဲ႕ရဲ႕ အသတ္ခံရျခင္းျဖစ္တယ္။ လက္နက္ ဝယ္ယူေရးကိစၥနဲ႔ပတ္သက္ၿပီး အျငင္းပြားခဲ့တဲ့အတြက္ ခ်င္းလက္နက္ကိုင္အဖြဲ႕က သတ္ခဲ့တာျဖစ္တယ္။ လက္နက္ မ်ား ဝယ္ယူေရးနဲ႔ပတ္သက္ၿပီး အေမရိကန္ေဒၚလာ ၇ဝဝဝ နီးပါး အလိမ္ခံရတာမ်ိဳးျဖစ္ႏိုင္တယ္။ ဒါေပမယ့္ အိႏၵိယ ႏိုင္ငံသားေတြဟာ လက္နက္မဝယ္ယူႏိုင္တဲ့အတြက္ ေငြေၾကးေတြ ျပန္ေပးခဲ့ေပမယ့္လည္း ယူထားတဲ့ေငြေၾကး မ်ားအတိုင္း အျပည့္အ၀ေပးႏိုင္ျခင္းမရွိခဲ့ဘူး" လို႔ ေျပာပါတယ္။

Siaha ေဒသ မွာေနထိုင္ေနၿပီး အသတ္ခံရသူထဲမွာ ပါဝင္တဲ့ အိႏၵိယႏိုင္ငံသားႏွစ္ဦးျဖစ္တဲ့ အသက္ ၄၈ ႏွစ္အ႐ြယ္ Suiteii Chinzah and အသက္ ၃၇ ႏွစ္အ႐ြယ္ Bablu Talukdar တို႔ကို ၎တို႔နဲ႔သိကြၽမ္းသူတစ္ဦးက မတ္လ ၁၉ ရက္မွာ ေနအိမ္မွလာေခၚထုတ္သြားခဲ့ေၾကာင္း၊ ၎တို႔ႏွစ္ဦးဟာ Lawngtlai ေဒသမွာေနထိုင္တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ B Lalthafamkima အမည္ရွိသူ ေမာင္းႏွင္တဲ့ mini-truck ၊ ကားနဲ႔ အိႏၵိယ-ျမန္မာနယ္စပ္ကို သြားေရာက္ခဲ့ၿပီးေနာက္ပိုင္းကတည္းက ေပ်ာက္ဆုံးသြားခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.