ရုရှားကို နျူကလီးယားလက်နက်များ ချထားဖို့ ခွင့်ပြုပေးမယ်ဆိုရင်ဘီလာရုစ့်ကို ပိတ်ဆို့မှုများချမှတ်မယ်လို့ ဥရောပသမဂ္ဂ ခြိမ်းခြောက်

 1021

ဂျန်ဇက် (NP News) - မတ် ၂၇

ဘီလာရုစ့်နိုင်ငံဟာ ရုရှားနိုင်ငံက ဖြန့်ကြတ်ချထားမယ့် နျူကလီးယားလက်နက်များကို လက်ခံမယ်ဆိုရင် ဘီလာရုစ့်နိုင်ငံကို ပိတ်ဆို့မှုများချမှတ်သွားမှာဖြစ်ကြောင်း ဥရောပသမဂ္ဂက သတိပေးပြောဆိုလိုက်ပါတယ်။

ရုရှားသမ္မတ ပူတင်က ဘီလာရုစ့်နိုင်ငံမှာ နျူကလီးယားလက်နက်များ ချထားဖို့ စီစဉ်နေပြီးမကြာခင် အကောင် အထည်ဖော်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဥရောပသမဂ္ဂရဲ့နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ ဂျိုးဆပ်ဘော်ရယ်လ်က "ဘီလာရုစ့်ဟာ ရုရှားရဲ့နျူကလီးယားလက်နက်များချထားမှာကို လက်ခံမယ်ဆိုရင် ဥရောပတိုက်ရဲ့လုံခြုံရေးကို ခြိမ်းခြောက်သလိုမျိုးဖြစ်လာစေနိုင်သလို တင်းမာမှုတွေ ပိုမိုဖြစ်လာနိုင်တယ်။ ဘီလာရုစ့်ဟာ ရုရှားက နျူကလီးယားလက်နက်များ ချထားမယ့် အစီအစဉ်ကို ရပ်တန့်သင့်တယ်။ ဘီလာရုစ့်ဟာ ရုရှားရဲ့စစ်လက်နက်ပစ္စည်းများ ဖြန့်ကြတ်ချထားမယ်ဆိုရင် ပိတ်ဆို့မှုတွေ ထပ်မံခံရမှာဖြစ်တယ်" လို့ ပြောပါ တယ်။

အမေရိကန်ဟာ ၎င်းရဲ့လက်နက်များကို ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန် နဲ့ တူရကီနိုင်ငံတို့မှာ ဖြန့်ကြတ်ချထားသလိုမျိုး ရုရှားနိုင်ငံကလည်း အလားတူ လက်နက်များ ပြန်လည်ချထားမှာဖြစ်ကြောင်း ရုရှားသမ္မတ က ပြောပါတယ်။

ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက် နျူကလီးယားစစ်ပွဲဖြစ်ပွားလာကို စိုးရိမ်မှုမြင့်တက်နေချိန်မှာ ရုရှားဘက်က အိမ်နီးချင်းဘီလာရုစ့်မှာ နျူကလီးယားလက်နက်များ ချထားဖို့ စီစဉ်နေတာဖြစ်ကြောင်း သိရပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ရုရှားရဲ့လုပ်ရပ်က နျူကလီးယားလက်နက်များ လျော့ချဖျက်သိမ်းရေးကို ပျက်စီး အောင်လုပ်ဆောင်ခြင်းဖြစ်သလို နိုင်ငံတကာ လုံခြုံရေးစနစ်ကို ချိုးဖောက်နေခြင်းမျိုးဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန် ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေနဲ့ ရုရှားနိုင်ငံကြား တင်းမာမှုများ မြင့်တက်လျက်ရှိနေကြောင်း သိရပါတယ်။ နေတိုးအုပ်စုဝင်နိုင်ငံတွေဟာ ရုရှားကို ပိတ်ဆို့မှုများ ချမှတ်ပြီး ယူကရိန်းကိုစစ်လက်နက်ပစ္စည်းများ ကူညီပံ့ပိုးပေးလျက်ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
႐ုရွားကို န်ဴကလီးယားလက္နက္မ်ား ခ်ထားဖို႔ ခြင့္ျပဳေပးမယ္ဆိုရင္ဘီလာ႐ုစ့္ကို ပိတ္ဆို႔မႈမ်ားခ်မွတ္မယ္လို႔ ဥေရာပသမဂၢ ၿခိမ္းေျခာက္
ဂ်န္ဇက္ (NP News) - မတ္ ၂၇

ဘီလာ႐ုစ့္ႏိုင္ငံဟာ ႐ုရွားႏိုင္ငံက ျဖန႔္ၾကတ္ခ်ထားမယ့္ န်ဴကလီးယားလက္နက္မ်ားကို လက္ခံမယ္ဆိုရင္ ဘီလာ႐ုစ့္ႏိုင္ငံကို ပိတ္ဆို႔မႈမ်ားခ်မွတ္သြားမွာျဖစ္ေၾကာင္း ဥေရာပသမဂၢက သတိေပးေျပာဆိုလိုက္ပါတယ္။

႐ုရွားသမၼတ ပူတင္က ဘီလာ႐ုစ့္ႏိုင္ငံမွာ န်ဴကလီးယားလက္နက္မ်ား ခ်ထားဖို႔ စီစဥ္ေနၿပီးမၾကာခင္ အေကာင္ အထည္ေဖာ္သြားမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဥေရာပသမဂၢရဲ႕ႏိုင္ငံျခားမူဝါဒေရးရာအႀကီးအကဲ ဂ်ိဳးဆပ္ေဘာ္ရယ္လ္က "ဘီလာ႐ုစ့္ဟာ ႐ုရွားရဲ႕န်ဴကလီးယားလက္နက္မ်ားခ်ထားမွာကို လက္ခံမယ္ဆိုရင္ ဥေရာပတိုက္ရဲ႕လုံၿခဳံေရးကို ၿခိမ္းေျခာက္သလိုမ်ိဳးျဖစ္လာေစႏိုင္သလို တင္းမာမႈေတြ ပိုမိုျဖစ္လာႏိုင္တယ္။ ဘီလာ႐ုစ့္ဟာ ႐ုရွားက န်ဴကလီးယားလက္နက္မ်ား ခ်ထားမယ့္ အစီအစဥ္ကို ရပ္တန႔္သင့္တယ္။ ဘီလာ႐ုစ့္ဟာ ႐ုရွားရဲ႕စစ္လက္နက္ပစၥည္းမ်ား ျဖန႔္ၾကတ္ခ်ထားမယ္ဆိုရင္ ပိတ္ဆို႔မႈေတြ ထပ္မံခံရမွာျဖစ္တယ္" လို႔ ေျပာပါ တယ္။

အေမရိကန္ဟာ ၎ရဲ႕လက္နက္မ်ားကို ဘယ္လ္ဂ်ီယံ၊ ဂ်ာမနီ၊ အီတလီ၊ နယ္သာလန္ နဲ႔ တူရကီႏိုင္ငံတို႔မွာ ျဖန႔္ၾကတ္ခ်ထားသလိုမ်ိဳး ႐ုရွားႏိုင္ငံကလည္း အလားတူ လက္နက္မ်ား ျပန္လည္ခ်ထားမွာျဖစ္ေၾကာင္း ႐ုရွားသမၼတ က ေျပာပါတယ္။

ယူကရိန္းစစ္ပြဲ စတင္ခဲ့ၿပီးေနာက္ န်ဴကလီးယားစစ္ပြဲျဖစ္ပြားလာကို စိုးရိမ္မႈျမင့္တက္ေနခ်ိန္မွာ ႐ုရွားဘက္က အိမ္နီးခ်င္းဘီလာ႐ုစ့္မွာ န်ဴကလီးယားလက္နက္မ်ား ခ်ထားဖို႔ စီစဥ္ေနတာျဖစ္ေၾကာင္း သိရပါတယ္။ ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးက ႐ုရွားရဲ႕လုပ္ရပ္က န်ဴကလီးယားလက္နက္မ်ား ေလ်ာ့ခ်ဖ်က္သိမ္းေရးကို ပ်က္စီး ေအာင္လုပ္ေဆာင္ျခင္းျဖစ္သလို ႏိုင္ငံတကာ လုံၿခဳံေရးစနစ္ကို ခ်ိဳးေဖာက္ေနျခင္းမ်ိဳးျဖစ္ေၾကာင္း ေဝဖန္ခဲ့ပါတယ္။

ယူကရိန္းစစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ ႐ုရွားႏိုင္ငံၾကား တင္းမာမႈမ်ား ျမင့္တက္လ်က္ရွိေနေၾကာင္း သိရပါတယ္။ ေနတိုးအုပ္စုဝင္ႏိုင္ငံေတြဟာ ႐ုရွားကို ပိတ္ဆို႔မႈမ်ား ခ်မွတ္ၿပီး ယူကရိန္းကိုစစ္လက္နက္ပစၥည္းမ်ား ကူညီပံ့ပိုးေပးလ်က္ရွိေနေၾကာင္း သိရပါတယ္။

Picture

L Mone

27/03/2023 19:53

ယူကရိန်းကိုတောင်မနိုင်တဲ့ ရုရှားလေးမတောက်တခေါက်ကလေးကိုကွာ နေတိုးနဲ့ အမေရီးကန် က မကြောက်လောက်ပါဘူး ကိုကျော်မျိူးမင်းရယ် ဖြေခဲ့ပေးပါအုံးဗျာ...😅

Related news

© 2021. All rights reserved.