ပါလက်စတိုင်းပဋိပက္ခနဲ့ပတ်သက်ပြီး တာဝန်ယူဖို့နဲ့ တရားမျှတသင့်ကြောင်း အမေရိကန်ပြော

 460

Htay Oung (NP News) - မတ် ၂၇

ပါလက်စတိုင်းလူမျိုးများ တည်ရှိကြောင်း ငြင်းဆိုထားတဲ့ အစ္စရေးဘဏ္ဍာရေးဝန်ကြီးရဲ့အငြင်းပွားဖွယ် ပြောဆို ချက်များနဲ့ပတ်သက်ပြီး GCC (ခေါ်) ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီက ဝါရှင်တန် ထိပ်တန်း သံတမန်ထံ မတ်လ ၂၇ ရက်၊ တနင်္ဂနွေနေ့မှာ စာရေးသားတောင်းဆိုခဲ့တယ်လို့ AFP က ယမန်နေ့ ရေးသားပါတယ်။

ပါလက်စတိုင်းပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ကိစ္စများနဲ့ ထုတ်ဖော်ပြောဆိုချက်အားလုံးကို တုံ့ပြန်ရာမှာ (အစ္စရေးဝန်ကြီးအနေနဲ့) သူ့အလုပ်သူလုပ်ဖို့လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင် ကင်ထံ ပေးပို့တဲ့ GCC နိုင်ငံများရဲ့ပေးစာမှာ ဖော်ပြထားပါတယ်။

အစ္စရေး-ပါလက်စတိုင်းပဋိပက္ခနဲ့ပတ်သက်လို့ အမေရိကန်အနေနဲ့ တရားမျှတ၊ ပြည့်စုံပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တစ်ရပ်ရရှိရေးအခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ ပါလက်စတိုင်းဆိုတာ လူမျိုး တစ်မျိုးအနေနဲ့ တည်ရှိနေခြင်း မဟုတ်ဖူးလို့ အစ္စရေးလက်ယာစွန်း ဘာသာရေး ဇီယွန်နစ်ပါတီခေါင်းဆောင် ဘဏ္ဍာရေးဝန်ကြီး ဘီဇယ်လယ်_စမော့ရစ်က ယခုလ စောစောပိုင်းမှာ ပြောဆိုခဲ့ခြင်းဟာ အာရပ်နိုင်ငံများအ ကြား ဒေါသထွက်စရာဖြစ်ရတယ်လို့ GCC နိုင်ငံများက ပြောဆိုပါတယ်။

စမော့ရစ်ရဲ့မှတ်ချက်များဟာ မှားယွင်းနေရုံသာမက နက်ရှိုင်းစွာ စိုးရိမ်ဖွယ်ကောင်းပြီး အန္တရာယ်များကြောင်း လည်း သူတို့လည်း သိရှိပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက မှတ်ချက်ပေးပါတယ်။ စမော့ရစ်ဟာ ဒီဇင်ဘာ လမှာ စတင်တာဝန်ယူခဲ့တဲ့ အစ္စရေးဝါရင့်ခေါင်းဆောင် ဘင်ဂျမင်နေတန်ယာဟုရဲ့အစိုးရအဖွဲ့မှ ဖြစ်ပါတယ်။

(ဂျော်ဒန်မြစ်) အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်းမြို့မှာ ဟားမတ်စ်စစ်သွေးကြွအဖြစ် စွပ်စွဲခြင်းခံရသူက ဖေဖော်ဝါရီလအတွင်း အစ္စရေးနှစ်ဦးကို ပစ်သတ်ခဲ့ပြီးနောက် “ဟူဝါရာမြို့” ကို ရှင်းလင်းပစ်ရမှာဖြစ်ကြောင်း စမော့ရစ်ရဲ့အစောပိုင်းပြောဆိုချက်များကိုလည်း GCC ဝန်ကြီးများက ရှုတ်ချလိုက်ပါတယ်။

၁၉၈၁-ခုနှစ်မှာ GCC အဖွဲ့ကို ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ အိုမန်၊ ဘာရိန်း၊ ကာတာနဲ့ ကူဝိတ်တို့ ပါဝင်တဲ့ အရှေ့အလယ်ပိုင်း ၆ နိုင်ငံနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အစ္စရေးနဲ့ပုံမှန်ဆက်ဆံရေးကိုရည်ရွယ်ပြီး အမေရိကန်က ဖန် တီးတဲ့ “၂ဝ၂ဝ အာဗြဟံသဘောတူညီချက်“ ကို ဝါရှင်တန်ဒီစီမှာ လက်မှတ်ရေးထိုးစဉ် ယူအေအီးနဲ့ ဘာရိန်း ၂ နိုင်ငံ သာ ပါဝင်ခဲ့ပါတယ်။ သဘောတူစာချုပ်မှာ အဖွဲ့ဝင်မဟုတ်တဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီယာ့ဒ်မြို့မှာ GCC နိုင်ငံခြားရေးဝန်ကြီးများအဖြစ်နဲ့ ၆ နိုင်ငံစလုံးတို့က ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ တွေ့ဆုံခဲ့ပါတယ်။

၁၉၆၇ ခုနှစ် ခြောက်ရက်စစ်ပွဲနောက်ပိုင်း အစ္စရေးတို့သိမ်းယူခဲ့တဲ့ အနောက်ကမ်းမှာ မကြာသေးမီ လများအတွင်း တင်းမာမှုများ ပြင်းထန်လာပါတယ်။

၂ဝဝ၅ ခုနှစ် အနောက်ဖက်ကမ်းရှိ ဘေးလွတ်ရာပြောင်းရွှေ့ခဲ့ရတဲ့နေရာများမှာ နေထိုင်ခြင်းမှ တားမြစ်တဲ့ ဥပဒေပါ စာပိုဒ်အချို့ကို အင်္ဂါနေ့အစ္စရေးလွှတ်တော်က ဖျက်သိမ်းလိုက်ခြင်းဟာ ရန်စရာ ရောက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဝေဖန်ပါတယ်။ အဲဒီအချိန် ဝါရှင်တန်ကို ပေးထားခဲ့တဲ့ကတိများနဲ့လည်း အတိအလင်း ကွဲလွဲ နေတယ်လို့ ပြောပါတယ်။

စမော့ရစ်ရဲ့ပါလက်စတိုင်းနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ရပ်တည်ချက်ကို ထင်ဟပ်ခြင်းမရှိကြောင်း အထက် လွှတ်တော် ကော်မတီရှေ့မှောက်မှာ နိုင်ငံခြားရေး၀န်ကြီး အန်သိုနီဘလင်ကင်က ထွက်ဆိုခဲ့ပြီး အမေရိကန်ရဲ့ တွန်းအားပေးမှုများကို ထပ်လောင်း ပြောဆိုပါတယ်။

#GCC #ပင်လယ်ကွေ့_ပူးပေါင်းဆောင်ရွက်ရေးကောင်စီ #အမေရိကန်နိုင်ငံခြားရေး၀န်ကြီး #အန်သိုနီဘလင်
#အစ္စရေးဘဏ္ဍာရေးဝန်ကြီး_ဘီဇယ်လယ်_စမော့ရစ်

(Dhaka Triubune., 26 March 2023,” US committed to working with Bangladesh to support free and fair elections, US Secretary of State Antony Blinken says” ကို #HatyOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ပါလက္စတိုင္းပဋိပကၡနဲ႔ပတ္သက္ၿပီး တာဝန္ယူဖို႔နဲ႔ တရားမွ်တသင့္ေၾကာင္း အေမရိကန္ေျပာ
Htay Oung (NP News) - မတ္ ၂၇

ပါလက္စတိုင္းလူမ်ိဳးမ်ား တည္ရွိေၾကာင္း ျငင္းဆိုထားတဲ့ အစၥေရးဘ႑ာေရးဝန္ႀကီးရဲ႕အျငင္းပြားဖြယ္ ေျပာဆို ခ်က္မ်ားနဲ႔ပတ္သက္ၿပီး GCC (ေခၚ) ပင္လယ္ေကြ႕ပူးေပါင္းေဆာင္႐ြက္ေရးေကာင္စီက ဝါရွင္တန္ ထိပ္တန္း သံတမန္ထံ မတ္လ ၂၇ ရက္၊ တနဂၤေႏြေန႔မွာ စာေရးသားေတာင္းဆိုခဲ့တယ္လို႔ AFP က ယမန္ေန႔ ေရးသားပါတယ္။

ပါလက္စတိုင္းျပည္သူေတြအေပၚ ပစ္မွတ္ထားတဲ့ကိစၥမ်ားနဲ႔ ထုတ္ေဖာ္ေျပာဆိုခ်က္အားလုံးကို တုံ႔ျပန္ရာမွာ (အစၥေရးဝန္ႀကီးအေနနဲ႔) သူ႔အလုပ္သူလုပ္ဖို႔လိုအပ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္သိုနီဘလင္ ကင္ထံ ေပးပို႔တဲ့ GCC ႏိုင္ငံမ်ားရဲ႕ေပးစာမွာ ေဖာ္ျပထားပါတယ္။

အစၥေရး-ပါလက္စတိုင္းပဋိပကၡနဲ႔ပတ္သက္လို႔ အေမရိကန္အေနနဲ႔ တရားမွ်တ၊ ျပည့္စုံၿပီး ေရရွည္တည္တံ့တဲ့ ေျဖရွင္းခ်က္တစ္ရပ္ရရွိေရးအခန္းက႑မွာ ပါဝင္ေဆာင္႐ြက္ဖို႔ လိုအပ္ေၾကာင္း၊ ပါလက္စတိုင္းဆိုတာ လူမ်ိဳး တစ္မ်ိဳးအေနနဲ႔ တည္ရွိေနျခင္း မဟုတ္ဖူးလို႔ အစၥေရးလက္ယာစြန္း ဘာသာေရး ဇီယြန္နစ္ပါတီေခါင္းေဆာင္ ဘ႑ာေရးဝန္ႀကီး ဘီဇယ္လယ္_စေမာ့ရစ္က ယခုလ ေစာေစာပိုင္းမွာ ေျပာဆိုခဲ့ျခင္းဟာ အာရပ္ႏိုင္ငံမ်ားအ ၾကား ေဒါသထြက္စရာျဖစ္ရတယ္လို႔ GCC ႏိုင္ငံမ်ားက ေျပာဆိုပါတယ္။

စေမာ့ရစ္ရဲ႕မွတ္ခ်က္မ်ားဟာ မွားယြင္းေန႐ုံသာမက နက္ရႈိင္းစြာ စိုးရိမ္ဖြယ္ေကာင္းၿပီး အႏၲရာယ္မ်ားေၾကာင္း လည္း သူတို႔လည္း သိရွိပါတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနက မွတ္ခ်က္ေပးပါတယ္။ စေမာ့ရစ္ဟာ ဒီဇင္ဘာ လမွာ စတင္တာဝန္ယူခဲ့တဲ့ အစၥေရးဝါရင့္ေခါင္းေဆာင္ ဘင္ဂ်မင္ေနတန္ယာဟုရဲ႕အစိုးရအဖြဲ႕မွ ျဖစ္ပါတယ္။

(ေဂ်ာ္ဒန္ျမစ္) အေနာက္ဘက္ကမ္းရွိ ပါလက္စတိုင္းၿမိဳ႕မွာ ဟားမတ္စ္စစ္ေသြးႂကြအျဖစ္ စြပ္စြဲျခင္းခံရသူက ေဖေဖာ္ဝါရီလအတြင္း အစၥေရးႏွစ္ဦးကို ပစ္သတ္ခဲ့ၿပီးေနာက္ “ဟူဝါရာၿမိဳ႕” ကို ရွင္းလင္းပစ္ရမွာျဖစ္ေၾကာင္း စေမာ့ရစ္ရဲ႕အေစာပိုင္းေျပာဆိုခ်က္မ်ားကိုလည္း GCC ဝန္ႀကီးမ်ားက ရႈတ္ခ်လိုက္ပါတယ္။

၁၉၈၁-ခုႏွစ္မွာ GCC အဖြဲ႕ကို ေဆာ္ဒီအာေရးဗီးယား၊ ယူေအအီး၊ အိုမန္၊ ဘာရိန္း၊ ကာတာနဲ႔ ကူဝိတ္တို႔ ပါဝင္တဲ့ အေရွ႕အလယ္ပိုင္း ၆ ႏိုင္ငံနဲ႔ ဖြဲ႕စည္းခဲ့ပါတယ္။ အစၥေရးနဲ႔ပုံမွန္ဆက္ဆံေရးကိုရည္႐ြယ္ၿပီး အေမရိကန္က ဖန္ တီးတဲ့ “၂ဝ၂ဝ အာျဗဟံသေဘာတူညီခ်က္“ ကို ဝါရွင္တန္ဒီစီမွာ လက္မွတ္ေရးထိုးစဥ္ ယူေအအီးနဲ႔ ဘာရိန္း ၂ ႏိုင္ငံ သာ ပါဝင္ခဲ့ပါတယ္။ သေဘာတူစာခ်ဳပ္မွာ အဖြဲ႕ဝင္မဟုတ္တဲ့ ေဆာ္ဒီအာေရးဗီးယားႏိုင္ငံ ရီယာ့ဒ္ၿမိဳ႕မွာ GCC ႏိုင္ငံျခားေရးဝန္ႀကီးမ်ားအျဖစ္နဲ႔ ၆ ႏိုင္ငံစလုံးတို႔က ၿပီးခဲ့တဲ့ရက္သတၱပတ္မွာ ေတြ႕ဆုံခဲ့ပါတယ္။

၁၉၆၇ ခုႏွစ္ ေျခာက္ရက္စစ္ပြဲေနာက္ပိုင္း အစၥေရးတို႔သိမ္းယူခဲ့တဲ့ အေနာက္ကမ္းမွာ မၾကာေသးမီ လမ်ားအတြင္း တင္းမာမႈမ်ား ျပင္းထန္လာပါတယ္။

၂ဝဝ၅ ခုႏွစ္ အေနာက္ဖက္ကမ္းရွိ ေဘးလြတ္ရာေျပာင္းေ႐ႊ႕ခဲ့ရတဲ့ေနရာမ်ားမွာ ေနထိုင္ျခင္းမွ တားျမစ္တဲ့ ဥပေဒပါ စာပိုဒ္အခ်ိဳ႕ကို အဂၤါေန႔အစၥေရးလႊတ္ေတာ္က ဖ်က္သိမ္းလိုက္ျခင္းဟာ ရန္စရာ ေရာက္ေနတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာနက ေဝဖန္ပါတယ္။ အဲဒီအခ်ိန္ ဝါရွင္တန္ကို ေပးထားခဲ့တဲ့ကတိမ်ားနဲ႔လည္း အတိအလင္း ကြဲလြဲ ေနတယ္လို႔ ေျပာပါတယ္။

စေမာ့ရစ္ရဲ႕ပါလက္စတိုင္းနဲ႔ပတ္သက္ၿပီး အေမရိကန္ရဲ႕ရပ္တည္ခ်က္ကို ထင္ဟပ္ျခင္းမရွိေၾကာင္း အထက္ လႊတ္ေတာ္ ေကာ္မတီေရွ႕ေမွာက္မွာ ႏိုင္ငံျခားေရး၀န္ႀကီး အန္သိုနီဘလင္ကင္က ထြက္ဆိုခဲ့ၿပီး အေမရိကန္ရဲ႕ တြန္းအားေပးမႈမ်ားကို ထပ္ေလာင္း ေျပာဆိုပါတယ္။

#GCC #ပင္လယ္ေကြ႕_ပူးေပါင္းေဆာင္႐ြက္ေရးေကာင္စီ #အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး #အန္သိုနီဘလင္
#အစၥေရးဘ႑ာေရးဝန္ႀကီး_ဘီဇယ္လယ္_စေမာ့ရစ္

(Dhaka Triubune., 26 March 2023,” US committed to working with Bangladesh to support free and fair elections, US Secretary of State Antony Blinken says” ကို #HatyOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.