အိန္ဒိယနိုင်ငံမှာ အတိုက်ခံပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီ ဦးဆောင်ပြီး နိုင်ငံတဝှမ်းဆန္ဒပြပွဲများ ပြုလုပ်

 565

ဂျန်ဇက် (NP News) - မတ် ၂၇

အိန္ဒိယနိုင်ငံမှာ အဓိကအတိုက်ခံပါတီက ဦးဆောင်ပြီး နိုင်ငံတဝှမ်းဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိနေကြောင်း သိရပါတယ်။

အတိုက်ခံပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးဂန္ဒီကို လွှတ်တော်ကနေ အရည်အချင်းပျက်ယွင်းသူ အဖြစ် သတ်မှတ်ခဲ့ပြီးနောက် ကွန်ဂရက်ပါတီက ဦးဆောင်ပြီး နိုင်ငံတဝှမ်းဆန္ဒပြဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ရာဟူးဂန္ဒီဟာ ၂ဝ၁၉ ခုနှစ်က ကျင်းပတဲ့ မဲဆွယ်စည်းရုံးပွဲမှာ ဝန်ကြီးချုပ်မိုဒီကို ဝေဖန်တိုက်ခိုက်ခဲ့ခြင်းကြောင့် တရားရုံးက ဂန္ဒီကို အသရေဖျက်မှုနဲ့တရားစွဲကာ ထောင်ဒဏ်ချမှတ်ခဲ့ကြောင်းသိရပါတယ်။ ထောင်ဒဏ် ချမှတ်ခံရ ပြီးနောက် အိန္ဒိယလွှတ်တော်ဟာ ရာဟူးဂန္ဒီကို အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယအတိုက်ခံပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီခေါင်းဆောင် ရာချီဟာ ဒေလီမြို့မှာ ဆန္ဒပြပွဲများ စတင်ခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင် Himachal Pradesh၊ Rajasthan၊ Telangana၊ Punjab၊ Haryana နဲ့ Gujarat ပြည်နယ်တို့မှာလည်း ကွန်ဂရက်ပါတီဝင်များဟာ ဆန္ဒပြပွဲများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဆန္ဒပြအုပ်စုတွေဟာ အိန္ဒိယအောက်လွှတ်တော်အဆောက်အဦးရှေ့မှာ ထိုင်လျက် ဆန္ဒပြနေခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ လွှတ်တော်အတွင်းမှာလည်း ကွန်ဂရက်ပါတီလွှတ်တော်ကိုယ်စားလှယ်များက ဆန္ဒပြလျက်ရှိနေ ကြောင်း သိရပါတယ်။ ကွန်ဂရက်ပါတီလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ Pramod Tiwari က အာဏာရပါတီဖြစ်တဲ့ (BJP) နဲ့ ဝန်ကြီးချုပ်မိုဒီတို့ဟာ နိုင်ငံကို ပြင်းထန်တဲ့သဘောထားကွဲလွှဲမှုအရှိန်မြင့်တက်အောင် လုပ်ဆောင်နေ ကြောင်း ဝေဖန်ခဲ့ပါတယ်။

ရာဟူးဂန္ဒီဟာ အိန္ဒိယနိုင်ငံမှာ ဝန်ကြီးချုပ်အဖြစ် သက်တမ်း ၃ ခု တာဝန်ယူခဲ့ဖူးတဲ့ နေရူး-ဂန္ဒီ မျိုးဆက်ဖြစ်ပြီး လာမယ့် ၂ဝ၂၄ ခုနှစ်မှာ ကျင်းပမယ့်ရွေးကောက်ပွဲမတိုင်ခင် အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ခံရခြင်း လည်း ဖြစ်ပါတယ်။ ကွန်ဂရက်ပါတီအနေနဲ့ ရာဟူးဂန္ဒီအပေါ်ချမှတ်ထားတဲ့ ထောင်ဒဏ်ကို ဂူဂျာရက်ပြည်နယ် တရားရုံးမှာ ဆက်လက်အယူခံဝင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
အိႏၵိယႏိုင္ငံမွာ အတိုက္ခံပါတီျဖစ္တဲ့ ကြန္ဂရက္ပါတီ ဦးေဆာင္ၿပီး ႏိုင္ငံတဝွမ္းဆႏၵျပပြဲမ်ား ျပဳလုပ္
ဂ်န္ဇက္ (NP News) - မတ္ ၂၇

အိႏၵိယႏိုင္ငံမွာ အဓိကအတိုက္ခံပါတီက ဦးေဆာင္ၿပီး ႏိုင္ငံတဝွမ္းဆႏၵျပပြဲမ်ား ျဖစ္ပြားလ်က္ရွိေနေၾကာင္း သိရပါ တယ္။

အတိုက္ခံပါတီျဖစ္တဲ့ ကြန္ဂရက္ပါတီေခါင္းေဆာင္ ရာဟူးဂႏၵီကို လႊတ္ေတာ္ကေန အရည္အခ်င္းပ်က္ယြင္းသူ အျဖစ္ သတ္မွတ္ခဲ့ၿပီးေနာက္ ကြန္ဂရက္ပါတီက ဦးေဆာင္ၿပီး ႏိုင္ငံတဝွမ္းဆႏၵျပဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။

ရာဟူးဂႏၵီဟာ ၂ဝ၁၉ ခုႏွစ္က က်င္းပတဲ့ မဲဆြယ္စည္း႐ုံးပြဲမွာ ဝန္ႀကီးခ်ဳပ္မိုဒီကို ေဝဖန္တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ တရား႐ုံးက ဂႏၵီကို အသေရဖ်က္မႈနဲ႔တရားစြဲကာ ေထာင္ဒဏ္ခ်မွတ္ခဲ့ေၾကာင္းသိရပါတယ္။ ေထာင္ဒဏ္ ခ်မွတ္ခံရ ၿပီးေနာက္ အိႏၵိယလႊတ္ေတာ္ဟာ ရာဟူးဂႏၵီကို အရည္အခ်င္းပ်က္ယြင္းသူအျဖစ္ သတ္မွတ္ခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး အိႏၵိယအတိုက္ခံပါတီျဖစ္တဲ့ ကြန္ဂရက္ပါတီေခါင္းေဆာင္ ရာခ်ီဟာ ေဒလီၿမိဳ႕မွာ ဆႏၵျပပြဲမ်ား စတင္ခဲ့ေၾကာင္းသိရပါတယ္။ ဒါ့အျပင္ Himachal Pradesh၊ Rajasthan၊ Telangana၊ Punjab၊ Haryana နဲ႔ Gujarat ျပည္နယ္တို႔မွာလည္း ကြန္ဂရက္ပါတီဝင္မ်ားဟာ ဆႏၵျပပြဲမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။

ဆႏၵျပအုပ္စုေတြဟာ အိႏၵိယေအာက္လႊတ္ေတာ္အေဆာက္အဦးေရွ႕မွာ ထိုင္လ်က္ ဆႏၵျပေနခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ လႊတ္ေတာ္အတြင္းမွာလည္း ကြန္ဂရက္ပါတီလႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ဆႏၵျပလ်က္ရွိေန ေၾကာင္း သိရပါတယ္။ ကြန္ဂရက္ပါတီလႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္တဲ့ Pramod Tiwari က အာဏာရပါတီျဖစ္တဲ့ (BJP) နဲ႔ ဝန္ႀကီးခ်ဳပ္မိုဒီတို႔ဟာ ႏိုင္ငံကို ျပင္းထန္တဲ့သေဘာထားကြဲလႊဲမႈအရွိန္ျမင့္တက္ေအာင္ လုပ္ေဆာင္ေန ေၾကာင္း ေဝဖန္ခဲ့ပါတယ္။

ရာဟူးဂႏၵီဟာ အိႏၵိယႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္အျဖစ္ သက္တမ္း ၃ ခု တာဝန္ယူခဲ့ဖူးတဲ့ ေန႐ူး-ဂႏၵီ မ်ိဳးဆက္ျဖစ္ၿပီး လာမယ့္ ၂ဝ၂၄ ခုႏွစ္မွာ က်င္းပမယ့္ေ႐ြးေကာက္ပြဲမတိုင္ခင္ အရည္အခ်င္းပ်က္ယြင္းသူအျဖစ္ သတ္မွတ္ခံရျခင္း လည္း ျဖစ္ပါတယ္။ ကြန္ဂရက္ပါတီအေနနဲ႔ ရာဟူးဂႏၵီအေပၚခ်မွတ္ထားတဲ့ ေထာင္ဒဏ္ကို ဂူဂ်ာရက္ျပည္နယ္ တရား႐ုံးမွာ ဆက္လက္အယူခံဝင္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.