ဆီးရီးယားနိုင်ငံအရှေ့ဘက်ပိုင်းကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အမေရိကန်စစ်တပ်ရဲ့လုပ်ရပ်များကို ဆီးရီးယားအစိုးရ ပြစ်တင်ရှုတ်ချ

 386

ဂျန်ဇက် (NP News) - မတ် ၂၇

ဆီးရီးယားနိုင်ငံအရှေ့ပိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမေရိကန်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုများ ကို ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချလိုက်ကြောင်း သိရပါတယ်။

အမေရိကန်တပ်ဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံအရှေ့ဘက်ပိုင်းရှိ Deir al-Zour ဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ခြင်းအပေါ် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အခြားနိုင်ငံများကိုလည်း အမေရိကန်ရဲ့လုပ်ရပ်များကို ပြစ်တင်ရှုတ်ချမှုတွေထဲ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်တပ်ဖွဲ့တွေဟာ လိမ်ညာမှုတွေအပေါ် အခြေခံပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆီးရီးယားပိုင်နက်များမှာ ငြိမ်းချမ်းမှုတွေ ပြန်လည်ရရှိအောင်လုပ်ဆောင်မယ်ဆိုတဲ့ ဆီးရီးယားစစ်တပ်ရဲ့ကတိတွေကို ထိခိုက်စေခဲ့ကြောင်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

ဆီးရီးယားအစိုးရ လိုလားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အမေရိကန်တပ်ဖွဲ့များကြား တိုက်ခိုက်မှုတွေ ရှိလာခဲ့ပြီး နောက် ဆီးရီးယာနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဗြိတိန်အခြေစိုက်လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က တိုက်ခိုက်မှုများကြောင့် ဆီးရီးယားအစိုးရလိုလားတဲ့တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့သလို အမေရိကန် ကန်ထရိုက်တာ တစ်ဦးနဲ့ အမေရိကန်တပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရမှုတွေရှိခဲ့ကြောင်း ဆိုပါတယ်။

ဆီးရီးယားအစိုးရလိုလားတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ Deir al-Zour ဒေသရှိ al-Omar ရေနံလုပ်ကွက်များက အမေရိကန်စစ်အခြေစိုက်စခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း၊ အမေရိကန်က ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကို လက်တုံ့ ပြန်မှုအဖြစ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဆီးရီးယားအစိုးရ လိုလားတဲ့လက်နက်ကိုင်အဖွဲ့တွေကို ကူညီပေးနေတဲ့ အီရန်အမျိုးသားလုံခြုံရေးကောင်စီအနေနဲ့ ဆီးရီးယားနိုင်ငံအတွင်းရှိ အကြမ်းဖက်များကို တိုက်ခိုက်ဖို့ ကူညီပေးသွားမှာဖြစ်ကြောင်း အီရန်လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ Keyvan Khosravi က ပြောပါတယ်။

Zawgyi Version;
ဆီးရီးယားႏိုင္ငံအေရွ႕ဘက္ပိုင္းကို ေလေၾကာင္းတိုက္ခိုက္ခဲ့တဲ့ အေမရိကန္စစ္တပ္ရဲ႕လုပ္ရပ္မ်ားကို ဆီးရီးယားအစိုးရ ျပစ္တင္ရႈတ္ခ်
ဂ်န္ဇက္ (NP News) - မတ္ ၂၇

ဆီးရီးယားႏိုင္ငံအေရွ႕ပိုင္းမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက ျပဳလုပ္ခဲ့တဲ့ အေမရိကန္စစ္တပ္ရဲ႕ေလေၾကာင္းတိုက္ခိုက္မႈမ်ား ကို ဆီးရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျပစ္တင္ရႈတ္ခ်လိုက္ေၾကာင္း သိရပါတယ္။

အေမရိကန္တပ္ဖြဲ႕ေတြဟာ ဆီးရီးယားႏိုင္ငံအေရွ႕ဘက္ပိုင္းရွိ Deir al-Zour ေဒသမွာ ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ျခင္းအေပၚ ဆီးရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုပါတယ္။ ဆီးရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက အျခားႏိုင္ငံမ်ားကိုလည္း အေမရိကန္ရဲ႕လုပ္ရပ္မ်ားကို ျပစ္တင္ရႈတ္ခ်မႈေတြထဲ ပူးေပါင္းပါဝင္ဖို႔ တိုက္တြန္း ေတာင္းဆိုထားပါတယ္။

ဆီးရီးယားႏိုင္ငံျခားေရးဝန္ႀကီးက အေမရိကန္တပ္ဖြဲ႕ေတြဟာ လိမ္ညာမႈေတြအေပၚ အေျခခံၿပီး တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ဆီးရီးယားပိုင္နက္မ်ားမွာ ၿငိမ္းခ်မ္းမႈေတြ ျပန္လည္ရရွိေအာင္လုပ္ေဆာင္မယ္ဆိုတဲ့ ဆီးရီးယားစစ္တပ္ရဲ႕ကတိေတြကို ထိခိုက္ေစခဲ့ေၾကာင္း ေဝဖန္ျပစ္တင္ခဲ့ပါတယ္။

ဆီးရီးယားအစိုးရ လိုလားတဲ့ လက္နက္ကိုင္ တပ္ဖြဲ႕ေတြနဲ႔ အေမရိကန္တပ္ဖြဲ႕မ်ားၾကား တိုက္ခိုက္မႈေတြ ရွိလာခဲ့ၿပီး ေနာက္ ဆီးရီးယာႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုပါတယ္။ ၿဗိတိန္အေျခစိုက္လူအခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕က တိုက္ခိုက္မႈမ်ားေၾကာင့္ ဆီးရီးယားအစိုးရလိုလားတဲ့တပ္ဖြဲ႕ဝင္ ၁၁ ဦး ေသဆုံးခဲ့သလို အေမရိကန္ ကန္ထ႐ိုက္တာ တစ္ဦးနဲ႔ အေမရိကန္တပ္ဖြဲ႕ဝင္မ်ား ေသဆုံးဒဏ္ရာရမႈေတြရွိခဲ့ေၾကာင္း ဆိုပါတယ္။

ဆီးရီးယားအစိုးရလိုလားတဲ့ လက္နက္ကိုင္အဖြဲ႕ေတြဟာ Deir al-Zour ေဒသရွိ al-Omar ေရနံလုပ္ကြက္မ်ားက အေမရိကန္စစ္အေျခစိုက္စခန္းကို ဒ႐ုန္းနဲ႔တိုက္ခိုက္ခဲ့ေၾကာင္း၊ အေမရိကန္က ဒ႐ုန္းနဲ႔ တိုက္ခိုက္ခံရမႈကို လက္တုံ႔ ျပန္မႈအျဖစ္ ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။

ဆီးရီးယားအစိုးရ လိုလားတဲ့လက္နက္ကိုင္အဖြဲ႕ေတြကို ကူညီေပးေနတဲ့ အီရန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီအေနနဲ႔ ဆီးရီးယားႏိုင္ငံအတြင္းရွိ အၾကမ္းဖက္မ်ားကို တိုက္ခိုက္ဖို႔ ကူညီေပးသြားမွာျဖစ္ေၾကာင္း အီရန္လုံၿခဳံေရးေကာင္စီ ေျပာေရးဆိုခြင့္ရွိသူ Keyvan Khosravi က ေျပာပါတယ္။

Related news

© 2021. All rights reserved.