သြစတြေးလျမှာ ဒီဂျစ်တယ်ငွေပေးချေမှု ကုမ္ပဏီ Latitude Group၊ ဒေတာ အဟက်ခ်ခံရခြင်းကြောင့် ယာဉ်မောင်းလိုင်စင်နံပါတ် ၇.၉ သန်း ခိုးယူခံရ

 430

ရောင်နီ (NP News) - မတ် ၂၇

ဒစ်ဂျစ်တယ်ငွေပေးချေမှုများနဲ့ ချေးငွေကုမ္ပဏီတစ်ခုဖြစ်တဲ့ Latitude Holdings (LFS.AX) ဟာ မတ်လ ၁၆ ရက်က ကြီးမားဗသယ အချက်အလက်ခိုးယူခံရပြီး သြစတြေးလျနဲ့ နယူးဇီလန် ယာဉ်မောင်းလိုင်စင်နံပါတ် ၇.၉ သန်း ခိုးယူ ခံခဲ့ရကြောင်း မတ်လ ၂၇ ရက်၊ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

အခိုးခံရတဲ့ ယာဉ်မောင်းလိုင်စင်နံပါတ် ၇.၉ သန်းအပြင် နိုင်ငံကူးလက်မှတ်နံပါတ် ၅၃ဝဝဝ ခန့် နဲ့ ဖောက်သည် ၁ဝဝ ထက်မနည်းတဲ့ လစဉ်ဘဏ္ဍာရေးရှင်းတမ်းလည်း အခိုးခံခဲ့ရကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ်ကလည်း မှတ်တမ်းပေါင်း ၆.၁ သန်း ခိုးယူခံခဲ့ရဖူးတဲ့ မဲလ်ဘုန်း အခြေစိုက် Latitude Holdings (LFS.AX) ကုမ္ပဏီက ၎င်းတို့ ခိုးယူခံထားရတဲ့ ID စာရွက်စာတမ်းကိုသုံးစွဲသူများအား အစားထိုးပြန်လည်ပေးချေမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

"ကျွန်ုပ်တို့ဟာ တိုက်ခိုက်ခံခဲ့ရတဲ့ ပလက်ဖောင်းများကို ပြန်လည်ပြင်ဆင်နေပြီး လာမယ့်ရက်များအတွင်း စစ်ဆင်ရေးများ ပြန်လည်လုပ်ဆောင်နေပြီး နောက်ထပ်လုံခြုံရေး စောင့်ကြည့်မှုများကိုလည်း လုပ်ဆောင်လျက် ရှိတယ်" လို့ အမှုဆောင်အရာရှိချုပ် အာဟန်ဖာအာဝါက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုမ္ပဏီဟာ မတ်လ ၁၆ ရက်က အဆိုပါအဖြစ်အပျက်ကို အကြောင်းကြားပြီး ကတည်းက ရှယ်ယာ ၂.၁ ရာခိုင်နှုန်း လောက် ဆုံးရှုံးသွားခဲ့ပါတယ်။

သြစတြေးလျကုမ္ပဏီအများအပြားဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ဆိုက်ဘာတိုက်ခိုက်ခံရမှုတွေ ခပ်စိတ်စိတ် တွေ့လာရပြီး ကျွမ်းကျင်သူများက ၎င်းဟာ နိုင်ငံအတွင်း ဝန်ထမ်းနည်းပါးသော ဆိုက်ဘာလုံခြုံရေးလုပ်ငန်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း သြစတြေးလျရဲ့ အကြီးဆုံးကုမ္ပဏီအချို့ဒေတာ အဟက်ခ်ခံရမှုများ ရှိခဲ့ပါတယ်။

အာဏာပိုင်များက ဆိုက်ဘာလုံခြုံရေးကို မြှင့်တင်ဖို့နဲ့ အနာဂတ်မှာ ချိုးဖောက်မှုများကို ကာကွယ်ဖို့ ပိုမိုတင်းကျပ် သော ဒေတာခွဲဝေမှုစည်းမျဉ်းများကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းမှုများ အရှိန်မြှင့်လုပ်ဆောင်လာခဲ့ပါတယ်။ သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့နဲ့ သြစတြေးလျဆိုက်ဘာလုံခြုံရေးစင်တာတို့က တိုက်ခိုက်မှုပြုလုပ်သူကို ရှာဖွေ နေကြောင်း ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ၾသစေၾတးလ်မွာ ဒီဂ်စ္တယ္ေငြေပးေခ်မႈ ကုမၸဏီ Latitude Group၊ ေဒတာ အဟက္ခ္ခံရျခင္းေၾကာင့္ ယာဥ္ေမာင္းလိုင္စင္နံပါတ္ ၇.၉ သန္း ခိုးယူခံရ
ေရာင္နီ (NP News) - မတ္ ၂၇

ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈမ်ားနဲ႔ ေခ်းေငြကုမၸဏီတစ္ခုျဖစ္တဲ့ Latitude Holdings (LFS.AX) ဟာ မတ္လ ၁၆ ရက္က ႀကီးမားဗသယ အခ်က္အလက္ခိုးယူခံရၿပီး ၾသစေၾတးလ်နဲ႔ နယူးဇီလန္ ယာဥ္ေမာင္းလိုင္စင္နံပါတ္ ၇.၉ သန္း ခိုးယူ ခံခဲ့ရေၾကာင္း မတ္လ ၂၇ ရက္၊ တနလၤာေန႔မွာ ေျပာၾကားခဲ့ပါတယ္။

အခိုးခံရတဲ့ ယာဥ္ေမာင္းလိုင္စင္နံပါတ္ ၇.၉ သန္းအျပင္ ႏိုင္ငံကူးလက္မွတ္နံပါတ္ ၅၃ဝဝဝ ခန႔္ နဲ႔ ေဖာက္သည္ ၁ဝဝ ထက္မနည္းတဲ့ လစဥ္ဘ႑ာေရးရွင္းတမ္းလည္း အခိုးခံခဲ့ရေၾကာင္း ေဖာ္ထုတ္ခဲ့ပါတယ္။ ၂ဝဝ၅ ခုႏွစ္ကလည္း မွတ္တမ္းေပါင္း ၆.၁ သန္း ခိုးယူခံခဲ့ရဖူးတဲ့ မဲလ္ဘုန္း အေျခစိုက္ Latitude Holdings (LFS.AX) ကုမၸဏီက ၎တို႔ ခိုးယူခံထားရတဲ့ ID စာ႐ြက္စာတမ္းကိုသုံးစြဲသူမ်ားအား အစားထိုးျပန္လည္ေပးေခ်မည္ျဖစ္ေၾကာင္း ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

"ကြၽႏ္ုပ္တို႔ဟာ တိုက္ခိုက္ခံခဲ့ရတဲ့ ပလက္ေဖာင္းမ်ားကို ျပန္လည္ျပင္ဆင္ေနၿပီး လာမယ့္ရက္မ်ားအတြင္း စစ္ဆင္ေရးမ်ား ျပန္လည္လုပ္ေဆာင္ေနၿပီး ေနာက္ထပ္လုံၿခဳံေရး ေစာင့္ၾကည့္မႈမ်ားကိုလည္း လုပ္ေဆာင္လ်က္ ရွိတယ္" လို႔ အမႈေဆာင္အရာရွိခ်ဳပ္ အာဟန္ဖာအာဝါက ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကုမၸဏီဟာ မတ္လ ၁၆ ရက္က အဆိုပါအျဖစ္အပ်က္ကို အေၾကာင္းၾကားၿပီး ကတည္းက ရွယ္ယာ ၂.၁ ရာခိုင္ႏႈန္း ေလာက္ ဆုံးရႈံးသြားခဲ့ပါတယ္။

ၾသစေၾတးလ်ကုမၸဏီအမ်ားအျပားဟာ ၿပီးခဲ့တဲ့လအနည္းငယ္အတြင္း ဆိုက္ဘာတိုက္ခိုက္ခံရမႈေတြ ခပ္စိတ္စိတ္ ေတြ႕လာရၿပီး ကြၽမ္းက်င္သူမ်ားက ၎ဟာ ႏိုင္ငံအတြင္း ဝန္ထမ္းနည္းပါးေသာ ဆိုက္ဘာလုံၿခဳံေရးလုပ္ငန္းေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကလည္း ၾသစေၾတးလ်ရဲ႕ အႀကီးဆုံးကုမၸဏီအခ်ိဳ႕ေဒတာ အဟက္ခ္ခံရမႈမ်ား ရွိခဲ့ပါတယ္။

အာဏာပိုင္မ်ားက ဆိုက္ဘာလုံၿခဳံေရးကို ျမႇင့္တင္ဖို႔နဲ႔ အနာဂတ္မွာ ခ်ိဳးေဖာက္မႈမ်ားကို ကာကြယ္ဖို႔ ပိုမိုတင္းက်ပ္ ေသာ ေဒတာခြဲေဝမႈစည္းမ်ဥ္းမ်ားကို အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးပမ္းမႈမ်ား အရွိန္ျမႇင့္လုပ္ေဆာင္လာခဲ့ပါတယ္။ ၾသစေၾတးလ်ဖက္ဒရယ္ရဲတပ္ဖြဲ႕နဲ႔ ၾသစေၾတးလ်ဆိုက္ဘာလုံၿခဳံေရးစင္တာတို႔က တိုက္ခိုက္မႈျပဳလုပ္သူကို ရွာေဖြ ေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.