စင်ကာပူမှာ အွန်လိုင်းမှတစ်ဆင့် ကလေးသူငယ်တွေကို ပစ်မှတ်ထားကာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်နေတဲ့ အမျိုးသား ၂၃ ဦး ဖမ်းဆီးခံရ

 2835

ရောင်နီ (NP News) - မတ် ၂၇

အွန်လိုင်းမှတစ်ဆင့် ကလေးသူငယ်များကို ပစ်မှတ်ထားကာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု ကျူးလွန်နေတဲ့ အမျိုးသား ၂၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ယင်းအမှုနဲ့ပတ်သတ်ပြီး အသက် (၄၄) နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က တနင်္လာနေ့ (မတ် ၂၇ ရက်) သတင်းထုတ်ပြန်ချက်မှာ ပြထားပါတယ်။ ဖမ်းဆီးခံရသူများမှာ အသက် ၂၂ နှစ်မှ ၆၁ နှစ်ကြားရှိပြီး၊ ကလေးသူငယ်များအား အလွဲသုံးစားပြုတဲ့နေရာမှာ အသုံးပြုတဲ့ပစ္စည်းများ လက်ဝယ်ထားရှိခြင်း၊ ညစ်ညမ်းသောပစ္စည်းများဖြန့်ဝေခြင်းနဲ့ ညစ်ညမ်းသောရုပ်ရှင်များ လက်ဝယ်ပိုင်ဆိုင်ခြင်းတို့ကြောင့် ဖမ်းဆီးခဲ့ရ တယ်လို့ မှုခင်းစုံစမ်းရေးဌာနမှ အရာရှိများက ပြောကြားပါတယ်။

အလွဲသုံးစားမှုမှာ အသုံးပြုတဲ့ ကွန်ပျူတာများ၊ ဟန်းဖုန်းများနဲ့ ဟာ့ဒ်ဒစ်များ အပါအဝင် အီလက်ထရွန်နစ် စက်ပစ္စည်းအားလုံးကို ငါးပတ်ကြာ စစ်ဆင်ရေးအတွင်း သိမ်းဆည်းရမိခဲ့ပါတယ်။
ကလေးသူငယ် အလွဲသုံးစားမှုမှာ အသုံးပြုတဲ့ မတော်မတရားပစ္စည်းများ လက်ဝယ်ထားရှိခြင်းနဲ့ ဖြန့်ဖြူးခြင်း အပါအဝင် အွန်လိုင်းမှ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းဆိုင်ရာလှုပ်ရှားမှုများကို ပြင်းထန်စွာ အရေးယူမှာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အဆိုပါလှုပ်ရှားမှုများမှာ ပါဝင်ပတ်သက်သူများကို ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ပြီး ရာဇသတ်ကြီးဥပဒေအရ ကလေးသူငယ် အလွဲသုံးစားလုပ်တဲ့ပစ္စည်းကို လက်ဝယ်ထားရှိမှု (သို့မဟုတ်) သုံးစွဲမှုမှာ အပြစ်ရှိကြောင်း တွေ့ရှိပါ က ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ် (သို့မဟုတ်) ဒဏ် ၂ ရပ်လုံး ချမှတ်နိုင်ပါတယ်။ ကလေးသူငယ် မတော်မတရားပစ္စည်းကို ရောင်းချခြင်း (သို့မဟုတ်) ကလေးသူငယ်အလွဲသုံးစားလုပ်ခြင်းဆိုင်ရာပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်း၊ ကမ်းလှမ်းခြင်း (သို့မဟုတ်) အထက်ပါရည်ရွယ်ချက်များအတွက် ကလေးသူငယ် မတော် မတရားပစ္စည်းများကို လက်ဝယ်ထားရှိမှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူများ ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်ခံ ရနိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သလို ဒဏ် ၂ ရပ်လုံး ချမှတ်နိုင်တယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူမွာ အြန္လိုင္းမွတစ္ဆင့္ ကေလးသူငယ္ေတြကို ပစ္မွတ္ထားကာ လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္ေနတဲ့ အမ်ိဳးသား ၂၃ ဦး ဖမ္းဆီးခံရ
ေရာင္နီ (NP News) - မတ္ ၂၇

အြန္လိုင္းမွတစ္ဆင့္ ကေလးသူငယ္မ်ားကို ပစ္မွတ္ထားကာ လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္မႈ က်ဴးလြန္ေနတဲ့ အမ်ိဳးသား ၂၃ ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးႏိုင္ခဲ့ပါတယ္။

ယင္းအမႈနဲ႔ပတ္သတ္ၿပီး အသက္ (၄၄) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကိုလည္း စုံစမ္းစစ္ေဆးေနေၾကာင္း ရဲတပ္ဖြဲ႕က တနလၤာေန႔ (မတ္ ၂၇ ရက္) သတင္းထုတ္ျပန္ခ်က္မွာ ျပထားပါတယ္။ ဖမ္းဆီးခံရသူမ်ားမွာ အသက္ ၂၂ ႏွစ္မွ ၆၁ ႏွစ္ၾကားရွိၿပီး၊ ကေလးသူငယ္မ်ားအား အလြဲသုံးစားျပဳတဲ့ေနရာမွာ အသုံးျပဳတဲ့ပစၥည္းမ်ား လက္ဝယ္ထားရွိျခင္း၊ ညစ္ညမ္းေသာပစၥည္းမ်ားျဖန႔္ေဝျခင္းနဲ႔ ညစ္ညမ္းေသာ႐ုပ္ရွင္မ်ား လက္ဝယ္ပိုင္ဆိုင္ျခင္းတို႔ေၾကာင့္ ဖမ္းဆီးခဲ့ရ တယ္လို႔ မႈခင္းစုံစမ္းေရးဌာနမွ အရာရွိမ်ားက ေျပာၾကားပါတယ္။

အလြဲသုံးစားမႈမွာ အသုံးျပဳတဲ့ ကြန္ပ်ဴတာမ်ား၊ ဟန္းဖုန္းမ်ားနဲ႔ ဟာ့ဒ္ဒစ္မ်ား အပါအဝင္ အီလက္ထ႐ြန္နစ္ စက္ပစၥည္းအားလုံးကို ငါးပတ္ၾကာ စစ္ဆင္ေရးအတြင္း သိမ္းဆည္းရမိခဲ့ပါတယ္။
ကေလးသူငယ္ အလြဲသုံးစားမႈမွာ အသုံးျပဳတဲ့ မေတာ္မတရားပစၥည္းမ်ား လက္ဝယ္ထားရွိျခင္းနဲ႔ ျဖန႔္ျဖဴးျခင္း အပါအဝင္ အြန္လိုင္းမွ ကေလးသူငယ္လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္ျခင္းဆိုင္ရာလႈပ္ရွားမႈမ်ားကို ျပင္းထန္စြာ အေရးယူမွာျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။

အဆိုပါလႈပ္ရွားမႈမ်ားမွာ ပါဝင္ပတ္သက္သူမ်ားကို ဥပေဒနဲ႔အညီ အေရးယူသြားမွာျဖစ္ၿပီး ရာဇသတ္ႀကီးဥပေဒအရ ကေလးသူငယ္ အလြဲသုံးစားလုပ္တဲ့ပစၥည္းကို လက္ဝယ္ထားရွိမႈ (သို႔မဟုတ္) သုံးစြဲမႈမွာ အျပစ္ရွိေၾကာင္း ေတြ႕ရွိပါ က ေထာင္ဒဏ္ငါးႏွစ္အထိ ခ်မွတ္ႏိုင္ၿပီး ေငြဒဏ္ (သို႔မဟုတ္) ဒဏ္ ၂ ရပ္လုံး ခ်မွတ္ႏိုင္ပါတယ္။ ကေလးသူငယ္ မေတာ္မတရားပစၥည္းကို ေရာင္းခ်ျခင္း (သို႔မဟုတ္) ကေလးသူငယ္အလြဲသုံးစားလုပ္ျခင္းဆိုင္ရာပစၥည္းမ်ား ျဖန႔္ျဖဴးေရာင္းခ်ျခင္း၊ ကမ္းလွမ္းျခင္း (သို႔မဟုတ္) အထက္ပါရည္႐ြယ္ခ်က္မ်ားအတြက္ ကေလးသူငယ္ မေတာ္ မတရားပစၥည္းမ်ားကို လက္ဝယ္ထားရွိမႈျဖင့္ ျပစ္မႈထင္ရွားစီရင္ျခင္းခံရသူမ်ား ေထာင္ဒဏ္ ခုနစ္ႏွစ္အထိ ခ်မွတ္ခံ ရႏိုင္ၿပီး ေငြဒဏ္လည္း ခ်မွတ္ႏိုင္သလို ဒဏ္ ၂ ရပ္လုံး ခ်မွတ္ႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.