တရုတ်စီးပွားရေးလုပ်ငန်းများက လုံခြုံရေးခြိမ်းခြောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲပြောဆိုပြီး အပြစ်ရှာခြင်းများကို ရပ်တန့်စေလိုကြောင်း တရုတ်အစိုးရပြော

 708

ဂျန်ဇက် (NP News) - မတ် ၂၇

အမေရိကန်အစိုးရအနေနဲ့ တရုတ်စီးပွားရေးလုပ်ငန်းများကို လုံခြုံရေးခြိမ်းခြောက်မှုတွေ ရှိတယ်ဆိုပြီး အပြစ်ရှာနေ ခြင်းများကို ရပ်တန့်စေလိုကြောင်း တရုတ်အစိုးရက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အမေရိကန်အစိုးရဟာ တရုတ်ကုမ္ပဏီများကို အမေရိကန်နိုင်ငံရဲ့လုံခြုံရေး ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲဆိုပြီး အခြေအမြစ်မရှိပြောဆိုကြောင်း၊ အခုလိုပြောဆိုစွပ်စွဲမှုများကို ရပ်တန့်စေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အမေရိကန်နိုင်ငံအတွင်းမှာ တရုတ်ကုမ္ပဏီပိုင်တဲ့ TikTok’ ကို တားဆီးပိတ်ပင်မှုများပြုလုပ်နေခြင်းနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား တင်းမာမှုတွေ ရှိနေကြောင်း သိရပါတယ်။ အမေရိကန်လွှတ်တော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ TikTok’s နဲ့ တရုတ်အာဏာရကွန်မြူနစ်ပါတီတို့ကြား ဆက်ဆံရေးနဲ့ပတ်သက်ပြီး ကြားနာမှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
တရုတ် ByteDance ကုမ္ပဏီက ပိုင်ဆိုင်တဲ့ TikTok ဟာ ခိုင်မာတဲ့အကြောင်းပြချက်မရှိတဲ့ တစ်ဖက်သတ် ဖိနှိပ်မှု မျိုးတွေ လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြောပါတယ်။ ၎င်းက "TikTok ဟာ အမေရိကန်နိုင်ငံရဲ့လုံခြုံရေးခြိမ်းခြောက်နေတယ်ဆိုတဲ့သက်သေမျိုးတွေကို အခိုင်အမာ ပြသ နိုင်ခြင်းလည်း မရှိဘူး။ တရုတ်အစိုးရဟာ သတင်းအချက်အလက်များ ရယူစုဆောင်းဖို့ ကုမ္ပဏီတွေပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်တစ်ဦးချင်းပဲဖြစ်ဖြစ် ဥပဒေချိုးဖောက်အောင် ဘယ်တော့မှ မလုပ်ဆောင်ခိုင်းဘူး" လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံအပြင် ဥရောပတိုက်ရှိ နိုင်ငံအချို့မှာ တရုတ်ကုမ္ပဏီပိုင် TikTok’s အသုံးပြုတားဆီးရေးတွေကို အရှိန်မြင့်လုပ်ဆောင်လာနေကြောင်း သိရပါတယ်။

Zawgyi Version;
တ႐ုတ္စီးပြားေရးလုပ္ငန္းမ်ားက လုံၿခဳံေရးၿခိမ္းေျခာက္မႈေတြရွိတယ္ဆိုတဲ့ စြပ္စြဲေျပာဆိုၿပီး အျပစ္ရွာျခင္းမ်ားကို ရပ္တန႔္ေစလိုေၾကာင္း တ႐ုတ္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၇

အေမရိကန္အစိုးရအေနနဲ႔ တ႐ုတ္စီးပြားေရးလုပ္ငန္းမ်ားကို လုံၿခဳံေရးၿခိမ္းေျခာက္မႈေတြ ရွိတယ္ဆိုၿပီး အျပစ္ရွာေန ျခင္းမ်ားကို ရပ္တန႔္ေစလိုေၾကာင္း တ႐ုတ္အစိုးရက တိုက္တြန္းေျပာဆိုလိုက္ပါတယ္။

အေမရိကန္အစိုးရဟာ တ႐ုတ္ကုမၸဏီမ်ားကို အေမရိကန္ႏိုင္ငံရဲ႕လုံၿခဳံေရး ၿခိမ္းေျခာက္ေနတယ္လို႔ စြပ္စြဲဆိုၿပီး အေျခအျမစ္မရွိေျပာဆိုေၾကာင္း၊ အခုလိုေျပာဆိုစြပ္စြဲမႈမ်ားကို ရပ္တန႔္ေစလိုေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဌာနေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

အေမရိကန္ႏိုင္ငံအတြင္းမွာ တ႐ုတ္ကုမၸဏီပိုင္တဲ့ TikTok’ ကို တားဆီးပိတ္ပင္မႈမ်ားျပဳလုပ္ေနျခင္းနဲ႔ပတ္သက္ၿပီး ႏွစ္ႏိုင္ငံၾကား တင္းမာမႈေတြ ရွိေနေၾကာင္း သိရပါတယ္။ အေမရိကန္လႊတ္ေတာ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ TikTok’s နဲ႔ တ႐ုတ္အာဏာရကြန္ျမဴနစ္ပါတီတို႔ၾကား ဆက္ဆံေရးနဲ႔ပတ္သက္ၿပီး ၾကားနာမႈေတြ လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။
တ႐ုတ္ ByteDance ကုမၸဏီက ပိုင္ဆိုင္တဲ့ TikTok ဟာ ခိုင္မာတဲ့အေၾကာင္းျပခ်က္မရွိတဲ့ တစ္ဖက္သတ္ ဖိႏွိပ္မႈ မ်ိဳးေတြ လုပ္ေဆာင္ေနေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ Mao Ning က ေျပာပါတယ္။ ၎က "TikTok ဟာ အေမရိကန္ႏိုင္ငံရဲ႕လုံၿခဳံေရးၿခိမ္းေျခာက္ေနတယ္ဆိုတဲ့သက္ေသမ်ိဳးေတြကို အခိုင္အမာ ျပသ ႏိုင္ျခင္းလည္း မရွိဘူး။ တ႐ုတ္အစိုးရဟာ သတင္းအခ်က္အလက္မ်ား ရယူစုေဆာင္းဖို႔ ကုမၸဏီေတြပဲျဖစ္ျဖစ္၊ လူပုဂၢိဳလ္တစ္ဦးခ်င္းပဲျဖစ္ျဖစ္ ဥပေဒခ်ိဳးေဖာက္ေအာင္ ဘယ္ေတာ့မွ မလုပ္ေဆာင္ခိုင္းဘူး" လို႔ ေျပာပါတယ္။

အေမရိကန္ႏိုင္ငံအျပင္ ဥေရာပတိုက္ရွိ ႏိုင္ငံအခ်ိဳ႕မွာ တ႐ုတ္ကုမၸဏီပိုင္ TikTok’s အသုံးျပဳတားဆီးေရးေတြကို အရွိန္ျမင့္လုပ္ေဆာင္လာေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.