သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လိုင်း (၁၁)လိုင်းက ပိတ်ရက်မရှိပြေးဆွဲပေးမည်

 771

ယွန်း (NP News)- မတ် ၂၇

လာမည့် သင်္ကြန်ကာလအတွင်း အဝေးပြေးကားလက်မှတ်များကို ဈေးတင်ရောင်းပါက တိုင် ကြားနိုင်ကြောင်း YRTC မှ အသိပေးပြောဆိုထားသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)က ပြီးခဲ့သည့်ရက်ပိုင်းတွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌ အထက်ပါကဲ့သို့ အသိပေးထားခြင်းဖြစ်သည်။

သင်္ကြန်ကာလအတွင်း အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေး ယာဥ်ရပ်နားစခန်းများတွင် အဝေးပြေးခရီးစဥ် သွားရောက်ကြမည့် ခရီးသည်များအား ယာဥ်စီးခ ပုံမှန်ထက်တိုး၍တောင်းပါက တိုင်ကြားနိုင်ကြောင်း YRTC မှအသိပေးထားသည်။

“ သင်္ကြန်ကာလအတွင်းမှာ ကားလက်မှတ်တွေကို စျေးတင်ရောင်းရင်တိုင်ကြားနိုင်ပါတယ်။ YRTC အဝေးပြေးဌာနရှိပါတယ် အဲဒီကိုတိုင်ကြားနိုင်ပါတယ်။ လာတိုင်ရင် လက်မှတ်ဈေးတွေ ပိုရောင်းထားတာကို ပြန်အမ်းခိုင်းမှာပေါ့။ နှစ်တိုင်းတော့ အဲဒီလိုအမြဲလုပ်ပါတယ်။ ပြီးခဲ့တဲ့ (၂)နှစ်လောက်ကဆို လက်မှတ်ဖိုးတွေ ပြန်အမ်းခဲ့တာတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်(၂ဝ၂၂)ကတော့ တိုင်တဲ့သူမရှိခဲ့ပါဘူး ” ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က NP News ကို ပြောသည်။

သင်္ကြန်ကာလအတွင်း အောင်မင်္ဂလာအဝေးပြေးရှိ ယာဥ်လိုင်း (၂၂၄)လိုင်းအနက် ဧပြီလ (၁ဝ) ရက်တွင် (၁၈၃) လိုင်း၊ ဧပြီလ (၁၁) ရက်တွင် (၁၇၂) လိုင်း၊ ဧပြီလ (၁၂) ရက်တွင် (၁၅၂) လိုင်း၊ သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ (၁၃) ရက်တွင် (၅၁) လိုင်း၊ ဧပြီလ (၁၄)ရက်တွင် ယာဥ်လိုင်း(၅)လိုင်း၊ ဧပြီလ (၁၇) ရက်တွင် (၂၉) လိုင်း၊ ဧပြီလ (၁၈) ရက်တွင် (၁၁၉) လိုင်း၊ ဧပြီလ (၁၉) ရက်တွင် (၁၈၃) လိုင်း ပြေးဆွဲမည်ဖြစ်ပြီး ပိတ်ရက်မရှိပြေးဆွဲမည့် ယာဉ်လိုင်းသည် စုစုပေါင်း(၅)လိုင်းရှိကြောင်း သိရသည်။

အလားတူ ဒဂုံဧရာအဝေးပြေးရှိ ယာဥ်လိုင်း (၁၁ဝ) တွင်လည်း ဧပြီလ (၁၃) ရက်တွင် (၉၉) လိုင်း၊ ဧပြီလ (၁၇) ရက်တွင် (၉၈) လိုင်း၊ ဧပြီလ (၁၈) ရက်တွင် (၉၉) လိုင်း ပြေးဆွဲမည်ဖြစ်ပြီး ပိတ်ရက်မရှိ ပြေးဆွဲမည့် ယာဉ်လိုင်းသည် (၆) လိုင်းရှိကြောင်း သိရသည်။

ထို့ပြင် သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင် YBS ယာဉ်လိုင်းကုမ္ပဏီ ၁၆ ခုမှလည်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ဧပြီလ(၁၃) ရက် (သင်္ကြန်အကြိုနေ့)တွင် ယာဉ်လိုင်း (၆၇) လိုင်းမှ ယာဉ်အစီးရေ (၁၄၃ဝ)စီး ၊ သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ (၁၄)ရက်တွင် ယာဉ်လိုင်း (၆၃)လိုင်းမှ ယာဉ်အစီးရေ (၁၂၉ဝ) စီး၊ သင်္ကြန်အကြတ်နေ့ဖြစ်သည့် ဧပြီလ(၁၅) ရက်တွင် ယာဉ်လိုင်း (၆၃) လိုင်းမှ ယာဉ်အစီးရေ (၁၂၈၈) စီး၊ သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ (၁၆)ရက်တွင် ယာဉ်လိုင်း (၆၃)လိုင်းမှ ယာဉ်အစီးရေ (၁၂၈၈)စီးတို့ဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ဦးလျန်ကျင့်မန်က ပြောသည်။

နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ဧပြီလ (၁၇)ရက်ရောက်မှသာ YBS ယာဥ်လိုင်းအားလုံး ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုမိုတောင်းခံသည့် YBS ယာဉ်များကိုလည်း CNG ပိတ်သိမ်းခြင်း ၊ လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်းဖြင့် အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) ထံမှ သိရသည်။

Zawgyi Version;
သၾကၤန္ကာလအတြင္း အေဝးေျပးယာဥ္လိုင္း (၁၁)လိုင္းက ပိတ္ရက္မရွိေျပးဆြဲေပးမည္

ယြန္း (NP News)- မတ္ ၂၇

လာမည့္ သၾကၤန္ကာလအတြင္း အေဝးေျပးကားလက္မွတ္မ်ားကို ေဈးတင္ေရာင္းပါက တိုင္ ၾကားႏိုင္ေၾကာင္း YRTC မွ အသိေပးေျပာဆိုထားသည္။

ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈေကာ္မတီ(YRTC)က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ က်င္းပခဲ့သည့္ ေဆြးေႏြးပြဲ၌ အထက္ပါကဲ့သို႔ အသိေပးထားျခင္းျဖစ္သည္။

သၾကၤန္ကာလအတြင္း ေအာင္မဂၤလာအေဝးေျပးႏွင့္ ဒဂုံဧရာအေဝးေျပး ယာဥ္ရပ္နားစခန္းမ်ားတြင္ အေဝးေျပးခရီးစဥ္ သြားေရာက္ၾကမည့္ ခရီးသည္မ်ားအား ယာဥ္စီးခ ပုံမွန္ထက္တိုး၍ေတာင္းပါက တိုင္ၾကားႏိုင္ေၾကာင္း YRTC မွအသိေပးထားသည္။

“ သၾကၤန္ကာလအတြင္းမွာ ကားလက္မွတ္ေတြကို ေစ်းတင္ေရာင္းရင္တိုင္ၾကားႏိုင္ပါတယ္။ YRTC အေဝးေျပးဌာနရွိပါတယ္ အဲဒီကိုတိုင္ၾကားႏိုင္ပါတယ္။ လာတိုင္ရင္ လက္မွတ္ေဈးေတြ ပိုေရာင္းထားတာကို ျပန္အမ္းခိုင္းမွာေပါ့။ ႏွစ္တိုင္းေတာ့ အဲဒီလိုအၿမဲလုပ္ပါတယ္။ ၿပီးခဲ့တဲ့ (၂)ႏွစ္ေလာက္ကဆို လက္မွတ္ဖိုးေတြ ျပန္အမ္းခဲ့တာေတြ ရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္(၂ဝ၂၂)ကေတာ့ တိုင္တဲ့သူမရွိခဲ့ပါဘူး ” ဟု YRTC မွ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မန္က NP News ကို ေျပာသည္။

သၾကၤန္ကာလအတြင္း ေအာင္မဂၤလာအေဝးေျပးရွိ ယာဥ္လိုင္း (၂၂၄)လိုင္းအနက္ ဧၿပီလ (၁ဝ) ရက္တြင္ (၁၈၃) လိုင္း၊ ဧၿပီလ (၁၁) ရက္တြင္ (၁၇၂) လိုင္း၊ ဧၿပီလ (၁၂) ရက္တြင္ (၁၅၂) လိုင္း၊ သၾကၤန္အႀကိဳေန႔ျဖစ္သည့္ ဧၿပီလ (၁၃) ရက္တြင္ (၅၁) လိုင္း၊ ဧၿပီလ (၁၄)ရက္တြင္ ယာဥ္လိုင္း(၅)လိုင္း၊ ဧၿပီလ (၁၇) ရက္တြင္ (၂၉) လိုင္း၊ ဧၿပီလ (၁၈) ရက္တြင္ (၁၁၉) လိုင္း၊ ဧၿပီလ (၁၉) ရက္တြင္ (၁၈၃) လိုင္း ေျပးဆြဲမည္ျဖစ္ၿပီး ပိတ္ရက္မရွိေျပးဆြဲမည့္ ယာဥ္လိုင္းသည္ စုစုေပါင္း(၅)လိုင္းရွိေၾကာင္း သိရသည္။

အလားတူ ဒဂုံဧရာအေဝးေျပးရွိ ယာဥ္လိုင္း (၁၁ဝ) တြင္လည္း ဧၿပီလ (၁၃) ရက္တြင္ (၉၉) လိုင္း၊ ဧၿပီလ (၁၇) ရက္တြင္ (၉၈) လိုင္း၊ ဧၿပီလ (၁၈) ရက္တြင္ (၉၉) လိုင္း ေျပးဆြဲမည္ျဖစ္ၿပီး ပိတ္ရက္မရွိ ေျပးဆြဲမည့္ ယာဥ္လိုင္းသည္ (၆) လိုင္းရွိေၾကာင္း သိရသည္။

ထို႔ျပင္ သၾကၤန္ကာလအတြင္း ရန္ကုန္ၿမိဳ႕တြင္ YBS ယာဥ္လိုင္းကုမၸဏီ ၁၆ ခုမွလည္း ေျပးဆြဲေပးသြားမည္ျဖစ္ၿပီး ဧၿပီလ(၁၃) ရက္ (သၾကၤန္အႀကိဳေန႔)တြင္ ယာဥ္လိုင္း (၆၇) လိုင္းမွ ယာဥ္အစီးေရ (၁၄၃ဝ)စီး ၊ သၾကၤန္အက်ေန႔ျဖစ္သည့္ ဧၿပီလ (၁၄)ရက္တြင္ ယာဥ္လိုင္း (၆၃)လိုင္းမွ ယာဥ္အစီးေရ (၁၂၉ဝ) စီး၊ သၾကၤန္အၾကတ္ေန႔ျဖစ္သည့္ ဧၿပီလ(၁၅) ရက္တြင္ ယာဥ္လိုင္း (၆၃) လိုင္းမွ ယာဥ္အစီးေရ (၁၂၈၈) စီး၊ သၾကၤန္အတက္ေန႔ျဖစ္သည့္ ဧၿပီလ (၁၆)ရက္တြင္ ယာဥ္လိုင္း (၆၃)လိုင္းမွ ယာဥ္အစီးေရ (၁၂၈၈)စီးတို႔ျဖင့္ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း ဦးလ်န္က်င့္မန္က ေျပာသည္။

ႏွစ္ဆန္းတစ္ရက္ေန႔ျဖစ္သည့္ ဧၿပီလ (၁၇)ရက္ေရာက္မွသာ YBS ယာဥ္လိုင္းအားလုံး ပုံမွန္ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သၾကၤန္ကာလအတြင္း ယာဥ္စီးခပိုမိုေတာင္းခံသည့္ YBS ယာဥ္မ်ားကိုလည္း CNG ပိတ္သိမ္းျခင္း ၊ လုပ္ငန္းလိုင္စင္ ပိတ္သိမ္းျခင္းျဖင့္ အေရးယူမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈေကာ္မတီ(YRTC) ထံမွ သိရသည္။

Related news

© 2021. All rights reserved.