Saudi Aramco က တရုတ်ရေနံချက်စက်ရုံ၊ Petchem နဲ့ လောင်စာဆီ ဝယ်လိုအား ဖြည့်ဆည်းဖို့အတွက် ဒေါ်လာ ၁၂.၂ ဘီလျံသဘောတူညီချက် လက်မှတ်ရေးထိုး

 626

ရောင်နီ (NP News) - မတ် ၂၇

Saudi Aramco (2222.SE) ကုမ္ပဏီဟာ နိုင်ငံရဲ့ လောင်စာဆီနဲ့ ဓာတုပစ္စည်းများ ဝယ်လိုအားကို ဖြည့်ဆည်းဖို့ အတွက် ၂ဝ၂၆ ခုနှစ်မှာ စတင်နိုင်မယ့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ရေနံချက်စက်ရုံနဲ့ ရေနံ ဓာတုစီမံကိန်း အတွက် တရုတ်လုပ်ဖော်ကိုင်ဖက်များနဲ့ မတ်လ ၂၇ ရက်၊ တနင်္ဂနွေနေ့မှာ သဘောတူညီချက်တစ်ရပ် လက်မှတ် ရေးထိုးခဲ့ပါတယ်။

လီအာအိုနင်ပြည်နယ်၊ ပန်ဂျင်မြို့မှာ ပြုလုပ်မယ့် အဆိုပါစီမံကိန်းဟာ Aramco ရဲ့ ဒုတိယမြောက် အဓိက ရေနံ သန့်စင်ရေး-ရေနံဓာတု ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ၎င်းရဲ့တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ ပထမစီမံကိန်းမှာ ၂ဝ၂၂ ခုနှစ်က စံချိန်တင်အမြတ် ဒေါ်လာ 161 ဘီလျံရရှိခဲ့ကြောင်း သိရပါတယ်။

အခုလာမယ့် စီမံကိန်းမှာတော့ ဖက်စပ်လုပ်ငန်းဖြစ်တဲ့ Huajin Aramco Petrochemical Company (HAPCO) က တစ်ရက်လျှင် စည်ပေါင်း ၃ဝဝဝဝဝ (bpd)၊ နှစ်စဉ်ထုတ်လုပ်နိုင်မှု တန်ချိန် ၁.၆၅ သန်း၊ ethylene တန်ချိန် ၁.၆၅ သန်းနဲ့ paraxylene တန်ချိန် ၂ သန်းရှိမယ့် အဆိုပါစက်ရုံကို တည်ဆောက် လည်ပတ်မှာဖြစ်ပြီး ပိုင်ဆိုင်မှုကတော့ Aramco မှ ပိုင်ဆိုင်မှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ပရောဂျက်ဟာ ယွမ် ၈၃.၇ ဘီလျံ (ဒေါ်လာ ၁၂.၂ ဘီလျံ) ကုန်ကျမယ်လို့ ခန့်မှန်းထားကြောင်း ပါတနာ Panjin Xicheng Industrial Group က WeChat မှာ မတ်လ ၂၇ ရက်၊ တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ပရောဂျက်ဟာ လိုအပ်တဲ့စီမံခန့်ခွဲရေးဆိုင်ရာ ခွင့်ပြုချက် ရရှိပြီးနောက် ဒုတိယ သုံးလပတ်မှာ အဆောက်အအုံ တည်ဆောက်မှုကို စတင်မှာဖြစ်ကြောင်း Aramco မှ ပြောကြားခဲ့ပါတယ်။ အဆိုပါစက်ရုံဟာ ၂ဝ၂၆ ခုနှစ်မှာ အပြည့် အဝလည်ပတ်နိုင်မယ်လို့မျှော်လင့်ထားကြောင်း ၎င်းက ဆိုပါတယ်။

Aramco ဟာ စွမ်းအင်၊ ဘဏ္ဍာရေး၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုများ အပါအဝင် ကဏ္ဍများမှာ ပူးပေါင်း ဆောင်ရွက်မှုများအတွက် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ဒေါင်း ပြည်နယ်မှာ မတ်လ ၂၇ ရက်၊ တနင်္ဂနွေနေ့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပြည်နယ်အစိုးရဝက်ဘ်ဆိုဒ်မှ ပို့စ်တစ်ခုအရ သိရပါတယ်။

ကပ်ရောဂါမဖြစ်မီ က Aramco ဟာ တရုတ်နိုင်ငံမှာ ရေနံချက်စက်ရုံ-ရေနံဓာတုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများအတွက် အခြားသော ကနဦး သဘောတူညီချက်နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ မတ်လအစောပိုင်းက Saudi Aramco ဟာ ၎င်းရဲ့တောင်ကိုရီးယားလုပ်ငန်းခွဲ S-Oil Corp ( 010950.KS) အတွက် ရည်မှန်းထားတဲ့ ဒေါ်လာ ၇ ဘီလျံ စီမံကိန်းကို ဖျက်သိမ်းခဲ့ပါတယ်။

Zawgyi Version;
Saudi Aramco က တ႐ုတ္ေရနံခ်က္စက္႐ုံ၊ Petchem နဲ႔ ေလာင္စာဆီ ဝယ္လိုအား ျဖည့္ဆည္းဖို႔အတြက္ ေဒၚလာ ၁၂.၂ ဘီလ်ံသေဘာတူညီခ်က္ လက္မွတ္ေရးထိုး
ေရာင္နီ (NP News) - မတ္ ၂၇

Saudi Aramco (2222.SE) ကုမၸဏီဟာ ႏိုင္ငံရဲ႕ ေလာင္စာဆီနဲ႔ ဓာတုပစၥည္းမ်ား ဝယ္လိုအားကို ျဖည့္ဆည္းဖို႔ အတြက္ ၂ဝ၂၆ ခုႏွစ္မွာ စတင္ႏိုင္မယ့္ တ႐ုတ္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္းရွိ ေရနံခ်က္စက္႐ုံနဲ႔ ေရနံ ဓာတုစီမံကိန္း အတြက္ တ႐ုတ္လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႔ မတ္လ ၂၇ ရက္၊ တနဂၤေႏြေန႔မွာ သေဘာတူညီခ်က္တစ္ရပ္ လက္မွတ္ ေရးထိုးခဲ့ပါတယ္။

လီအာအိုနင္ျပည္နယ္၊ ပန္ဂ်င္ၿမိဳ႕မွာ ျပဳလုပ္မယ့္ အဆိုပါစီမံကိန္းဟာ Aramco ရဲ႕ ဒုတိယေျမာက္ အဓိက ေရနံ သန႔္စင္ေရး-ေရနံဓာတု ရင္းႏွီးျမႇဳပ္ႏွံမႈျဖစ္ၿပီး ၎ရဲ႕တ႐ုတ္ႏိုင္ငံမွာ ျပဳလုပ္တဲ့ ပထမစီမံကိန္းမွာ ၂ဝ၂၂ ခုႏွစ္က စံခ်ိန္တင္အျမတ္ ေဒၚလာ 161 ဘီလ်ံရရွိခဲ့ေၾကာင္း သိရပါတယ္။

အခုလာမယ့္ စီမံကိန္းမွာေတာ့ ဖက္စပ္လုပ္ငန္းျဖစ္တဲ့ Huajin Aramco Petrochemical Company (HAPCO) က တစ္ရက္လွ်င္ စည္ေပါင္း ၃ဝဝဝဝဝ (bpd)၊ ႏွစ္စဥ္ထုတ္လုပ္ႏိုင္မႈ တန္ခ်ိန္ ၁.၆၅ သန္း၊ ethylene တန္ခ်ိန္ ၁.၆၅ သန္းနဲ႔ paraxylene တန္ခ်ိန္ ၂ သန္းရွိမယ့္ အဆိုပါစက္႐ုံကို တည္ေဆာက္ လည္ပတ္မွာျဖစ္ၿပီး ပိုင္ဆိုင္မႈကေတာ့ Aramco မွ ပိုင္ဆိုင္မွာျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဆိုပါ ပေရာဂ်က္ဟာ ယြမ္ ၈၃.၇ ဘီလ်ံ (ေဒၚလာ ၁၂.၂ ဘီလ်ံ) ကုန္က်မယ္လို႔ ခန႔္မွန္းထားေၾကာင္း ပါတနာ Panjin Xicheng Industrial Group က WeChat မွာ မတ္လ ၂၇ ရက္၊ တနဂၤေႏြေန႔က ထုတ္ျပန္ခဲ့ပါတယ္။ ပေရာဂ်က္ဟာ လိုအပ္တဲ့စီမံခန႔္ခြဲေရးဆိုင္ရာ ခြင့္ျပဳခ်က္ ရရွိၿပီးေနာက္ ဒုတိယ သုံးလပတ္မွာ အေဆာက္အအုံ တည္ေဆာက္မႈကို စတင္မွာျဖစ္ေၾကာင္း Aramco မွ ေျပာၾကားခဲ့ပါတယ္။ အဆိုပါစက္႐ုံဟာ ၂ဝ၂၆ ခုႏွစ္မွာ အျပည့္ အဝလည္ပတ္ႏိုင္မယ္လို႔ေမွ်ာ္လင့္ထားေၾကာင္း ၎က ဆိုပါတယ္။

Aramco ဟာ စြမ္းအင္၊ ဘ႑ာေရး၊ သုေတသနနဲ႔ ဆန္းသစ္တီထြင္မႈမ်ား အပါအဝင္ က႑မ်ားမွာ ပူးေပါင္း ေဆာင္႐ြက္မႈမ်ားအတြက္ တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ကြမ္ေဒါင္း ျပည္နယ္မွာ မတ္လ ၂၇ ရက္၊ တနဂၤေႏြေန႔က နားလည္မႈစာခြၽန္လႊာကို လက္မွတ္ေရးထိုးခဲ့ေၾကာင္း ျပည္နယ္အစိုးရဝက္ဘ္ဆိုဒ္မွ ပို႔စ္တစ္ခုအရ သိရပါတယ္။

ကပ္ေရာဂါမျဖစ္မီ က Aramco ဟာ တ႐ုတ္ႏိုင္ငံမွာ ေရနံခ်က္စက္႐ုံ-ေရနံဓာတုဆိုင္ရာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအတြက္ အျခားေသာ ကနဦး သေဘာတူညီခ်က္ႏွစ္ခုကို လက္မွတ္ေရးထိုးခဲ့ပါတယ္။ မတ္လအေစာပိုင္းက Saudi Aramco ဟာ ၎ရဲ႕ေတာင္ကိုရီးယားလုပ္ငန္းခြဲ S-Oil Corp ( 010950.KS) အတြက္ ရည္မွန္းထားတဲ့ ေဒၚလာ ၇ ဘီလ်ံ စီမံကိန္းကို ဖ်က္သိမ္းခဲ့ပါတယ္။

Related news

© 2021. All rights reserved.