အစ္စရေးတွင် ဆန္ဒပြပွဲအရှိန်မြင့်တက်နေပြီး တရားရေးစနစ်ပြုပြင်ပြောင်းလဲမယ့်အစီအစဥ်ကို ရပ်ဆိုင်းထားဖို့ သမ္မတကိုယ်တိုင် တိုက်တွန်းတောင်းဆို

 567

Pika (NP News) - မတ် ၂၇

အစ္စရေးအစိုးရ၏ တရားရေးစနစ်ပြုပြင်ပြောင်းလဲရေး အစီအစဥ်ကိုဆန့်ကျင်သည့်အနေဖြင့် မတ်လ(၂၆)ရက်က နိုင်ငံတစ်ဝှမ်းတွင် လူထောင်ပေါင်းများစွာက လမ်းမများပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြကြောင်းလည်း သိရသည်။

ဆန္ဒပြပွဲများကို ဦးဆောင်သောသူက ပေးထားသော အချက်အလက်များအရ စုစုပေါင်းလူပေါင်း(၆၃ဝဝဝဝ) ခန့် ပါဝင် ဆန္ဒပြခဲ့ကြကြောင်းသိရသည်၊၊ တက်ကြွလှုပ်ရှားသူများ၏ အဓိကစုဝေးရာနေရာတစ်ခုဖြစ်သော Tel Aviv မြို့တွင် ဆန္ဒပြသူ(၂)သိန်းခန့် စုဝေးခဲ့ကြကြောင်း ဒေသဆိုင်ရာမီဒီယာများက ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့များသည် Tel Aviv မြို့ရှိ Ayalon အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ထားသော လူစုလူဝေးကို လူစုခွဲရန်အတွက် မီးသတ်ပိုက် များကို အသုံးပြုခဲ့ရပြီး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြပွဲများအတွင်း ရဲတပ်ဖွဲ့များသည် ဆန္ဒပြသူ(၄၄)ဦးကို ဖမ်းဆီးထားကြောင်း ဆန္ဒပြသူများကို ဥပဒေ ရေးရာအကူအညီများ ပေးနေသည့် ရှေ့နေများက ပြောကြားခဲ့သည်။ အစ္စရေးအစိုးရ၏ တရားရေးစနစ်ပြုပြင် ပြောင်းလဲရေးအစီအစဥ်သည် နိုင်ငံတစ်ဝှမ်းကြီးမားသော ဆန္ဒပြပွဲများကို ဖြစ်ပွားစေပြီး သဘောထားကွဲလွဲမှုများကို ပိုမိုဖြစ်လာစေနိုင်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က သတိပေးပြောဆိုခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး က "နက်ရှိုင်းတဲ့အငြင်းပွားမှု‌တွေက စစ်တပ်နဲ့ ကာကွယ်ရေးအဖွဲ့အစည်းတွေထဲကို စိမ့်ဝင်လာနေပါတယ်။ ဒါဟာ အစ္စရေးနိုင်ငံရဲ့လုံခြုံရေးကို အန္တရာယ်ဖြစ်လာနိုင်စေပါတယ်။ ပြီးတော့ အဲဒီအစီ အစဥ်ကို ကျွန်တော်မထောက်ခံပါဘူး။ အစိုးရကို အတိုက်အခံပါတီနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းထား ပါတယ်" ဟု ပြောဆိုခဲ့သည်။

အစ္စရေးကာကွယ်ရေးဝန်ကြီးသည် ဝန်ကြီးချုပ် နေတန်ရာဟု ၏ တရား‌ရေးစနစ်ပြုပြင်ပြောင်းလဲရေးအစီအစဥ်ကို ခေတ္တရပ်ဆိုင်းထားသင့်ကြောင်း ပြောဆိုခဲ့ပြီး၊ တားဆီးရန်ကြိုးပမ်းခဲ့ပြီးနောက် နေတန်ရာဟုသည် ကာကွယ်ရေး ဝန်ကြီးကို ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။ အစ္စရေးကာကွယ်ရေးဝန်ကြီးကို ရာထူးမှ ထုတ်ပယ်လိုက်ခြင်း နှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲများ ထပ်မံပေါ်ပေါက်လာခဲ့ကြောင်း သိရသည်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် အစ္စရေး၏ ထိပ်တန်းအလုပ်သမားသမဂ္ဂ အကြီးအကဲက ဝန်ကြီးချုပ်နေတန်ရာဟု ၏ တရားရေးစနစ်ပြုပြင်ပြောင်းလဲရေး အစီအစဥ်များကို ဆန့်ကျင်သည့် အနေဖြင့် အထွေထွေသပိတ်ကို ကျင်းပရန် မတ်လ(၂၇)ရက်က တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

အစ္စရေးထိပ်တန်းအလုပ်သမားသမဂ္ဂဥက္ကဋ္ဌ Arnon Bar-David က "အထွေထွေသပိတ်ကို ကျင်းပဖို့ ကျွန်မ တောင်းဆိုပါတယ်။ ကျွန်မတို့မှာ ဒီပြုပြင်ပြောင်းလဲရေးကို တားဆီးဖို့ တာဝန်ရှိပါတယ်၊၊ ဒါကြောင့် ကျွန်မတို့ ဘာပဲဖြစ်ဖြစ် ဆက်လက်လုပ်ဆောင်သွားရပါမယ်။ ဆန္ဒပြမှုတွေကို ဆက်လက် လုပ်ဆောင်သွားကြပါ" ဟု ပြောဆို ခဲ့သည်။

ထို့အပြင် အမေရိကန်သည် အစ္စရေးနိုင်ငံတွင်း အဖြစ်အပျက်များကို စိုးရိမ်မိကြောင်း ဆန္ဒပြသူများနှင့် အပေးအယူ များလုပ်ဆောင်နိုင်မည့်နည်းလမ်းများကို အမြန်ဆုံးရှာဖွေရန် အစ္စရေးခေါင်းဆောင်များအား တိုက်တွန်းထား ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဂျာမနီနိုင်ငံက အစ္စရေးတွင် ဖြစ်ပွားနေသောကိစ္စများနှင့်ပတ်သက်ပြီး စိုးရိမ် မိသော်လည်း အခြားနိုင်ငံများ၏ ပြည်တွင်းရေးကိစ္စများကို ဝင်ရောက်စွက်ဖက်မှုများ လုပ်မည်မဟုတ်ကြောင်း ဂျာမနီအစိုးရပြောရေးဆိုခွင့်ရှိသူ က ပြောကြားခဲ့သည်။

ထို့အပြင် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ၏ တရားရေးပြုပြင်ပြောင်းလဲရေးအစီအစဥ်နှင့်ပတ်သက်ပြီး ဆန္ဒပြပွဲ များ ဆက်လက်ဖြစ်ပွားနေသောကြောင့် အဆိုပါအစီအစဥ်များကို ရပ်တန့်ရန် အစိုးရကို အစ္စ‌ရေးသမ္မတက တိုက်တွန်းတောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

အစ္စရေးသမ္မတ က "အစ္စရေးပြည်သူတွေရဲ့စည်းလုံးညီညွှတ်မှုတွေ၊ တာဝန်ရှိမှုတွေ အတွက် ဒီပြုပြင်ပြောင်းလဲရေး အစီအစဥ်ကို ချက်ချင်းရပ်တန့်ဖို့ ကျွန်‌တော်တောင်းဆိုပါတယ်" ဟု ပြောဆိုခဲ့သည်။ တရားရေးပြုပြင်ပြောင်းလဲရေး အစီအစဥ်ကို ရပ်တန့်ရန်တောင်းဆိုခဲ့ခြင်းကြောင့် အစ္စရေးကာကွယ်ရေးဝန်ကြီး ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် အစ္စရေးသမ္မတ က ယခုကဲ့သို့ ထပ်မံတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အစၥေရးတြင္ ဆႏၵျပပြဲအရွိန္ျမင့္တက္ေနၿပီး တရားေရးစနစ္ျပဳျပင္ေျပာင္းလဲမယ့္အစီအစဥ္ကို ရပ္ဆိုင္းထားဖို႔ သမၼတကိုယ္တိုင္ တိုက္တြန္းေတာင္းဆို
Pika (NP News) - မတ္ ၂၇

အစၥေရးအစိုးရ၏ တရားေရးစနစ္ျပဳျပင္ေျပာင္းလဲေရး အစီအစဥ္ကိုဆန႔္က်င္သည့္အေနျဖင့္ မတ္လ(၂၆)ရက္က ႏိုင္ငံတစ္ဝွမ္းတြင္ လူေထာင္ေပါင္းမ်ားစြာက လမ္းမမ်ားေပၚထြက္ကာ ဆႏၵျပခဲ့ၾကေၾကာင္းလည္း သိရသည္။

ဆႏၵျပပြဲမ်ားကို ဦးေဆာင္ေသာသူက ေပးထားေသာ အခ်က္အလက္မ်ားအရ စုစုေပါင္းလူေပါင္း(၆၃ဝဝဝဝ) ခန႔္ ပါဝင္ ဆႏၵျပခဲ့ၾကေၾကာင္းသိရသည္၊၊ တက္ႂကြလႈပ္ရွားသူမ်ား၏ အဓိကစုေဝးရာေနရာတစ္ခုျဖစ္ေသာ Tel Aviv ၿမိဳ႕တြင္ ဆႏၵျပသူ(၂)သိန္းခန႔္ စုေဝးခဲ့ၾကေၾကာင္း ေဒသဆိုင္ရာမီဒီယာမ်ားက ေျပာၾကားခဲ့သည္။ ရဲတပ္ဖြဲ႕မ်ားသည္ Tel Aviv ၿမိဳ႕ရွိ Ayalon အေဝးေျပးလမ္းမႀကီးကို ပိတ္ဆို႔ထားေသာ လူစုလူေဝးကို လူစုခြဲရန္အတြက္ မီးသတ္ပိုက္ မ်ားကို အသုံးျပဳခဲ့ရၿပီး ဆႏၵျပသူမ်ားႏွင့္ ရဲတပ္ဖြဲ႕ၾကား ထိပ္တိုက္ေတြ႕ဆုံမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဆႏၵျပပြဲမ်ားအတြင္း ရဲတပ္ဖြဲ႕မ်ားသည္ ဆႏၵျပသူ(၄၄)ဦးကို ဖမ္းဆီးထားေၾကာင္း ဆႏၵျပသူမ်ားကို ဥပေဒ ေရးရာအကူအညီမ်ား ေပးေနသည့္ ေရွ႕ေနမ်ားက ေျပာၾကားခဲ့သည္။ အစၥေရးအစိုးရ၏ တရားေရးစနစ္ျပဳျပင္ ေျပာင္းလဲေရးအစီအစဥ္သည္ ႏိုင္ငံတစ္ဝွမ္းႀကီးမားေသာ ဆႏၵျပပြဲမ်ားကို ျဖစ္ပြားေစၿပီး သေဘာထားကြဲလြဲမႈမ်ားကို ပိုမိုျဖစ္လာေစႏိုင္ေၾကာင္း အစၥေရးကာကြယ္ေရးဝန္ႀကီး Yoav Gallant က သတိေပးေျပာဆိုခဲ့သည္။

အစၥေရးကာကြယ္ေရးဝန္ႀကီး က "နက္ရႈိင္းတဲ့အျငင္းပြားမႈ‌ေတြက စစ္တပ္နဲ႔ ကာကြယ္ေရးအဖြဲ႕အစည္းေတြထဲကို စိမ့္ဝင္လာေနပါတယ္။ ဒါဟာ အစၥေရးႏိုင္ငံရဲ႕လုံၿခဳံေရးကို အႏၲရာယ္ျဖစ္လာႏိုင္ေစပါတယ္။ ၿပီးေတာ့ အဲဒီအစီ အစဥ္ကို ကြၽန္ေတာ္မေထာက္ခံပါဘူး။ အစိုးရကို အတိုက္အခံပါတီနဲ႔ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ တိုက္တြန္းထား ပါတယ္" ဟု ေျပာဆိုခဲ့သည္။

အစၥေရးကာကြယ္ေရးဝန္ႀကီးသည္ ဝန္ႀကီးခ်ဳပ္ ေနတန္ရာဟု ၏ တရား‌ေရးစနစ္ျပဳျပင္ေျပာင္းလဲေရးအစီအစဥ္ကို ေခတၱရပ္ဆိုင္းထားသင့္ေၾကာင္း ေျပာဆိုခဲ့ၿပီး၊ တားဆီးရန္ႀကိဳးပမ္းခဲ့ၿပီးေနာက္ ေနတန္ရာဟုသည္ ကာကြယ္ေရး ဝန္ႀကီးကို ရာထူးမွ ထုတ္ပယ္ခဲ့ေၾကာင္း သိရသည္။ အစၥေရးကာကြယ္ေရးဝန္ႀကီးကို ရာထူးမွ ထုတ္ပယ္လိုက္ျခင္း ႏွင့္ပတ္သက္ၿပီး အစၥေရးႏိုင္ငံတစ္ဝွမ္း ဆႏၵျပပြဲမ်ား ထပ္မံေပၚေပါက္လာခဲ့ေၾကာင္း သိရသည္။

အစၥေရးကာကြယ္ေရးဝန္ႀကီး ရာထူးမွ ထုတ္ပယ္ခံရၿပီးေနာက္ အစၥေရး၏ ထိပ္တန္းအလုပ္သမားသမဂၢ အႀကီးအကဲက ဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ၏ တရားေရးစနစ္ျပဳျပင္ေျပာင္းလဲေရး အစီအစဥ္မ်ားကို ဆန႔္က်င္သည့္ အေနျဖင့္ အေထြေထြသပိတ္ကို က်င္းပရန္ မတ္လ(၂၇)ရက္က ေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။

အစၥေရးထိပ္တန္းအလုပ္သမားသမဂၢဥကၠ႒ Arnon Bar-David က "အေထြေထြသပိတ္ကို က်င္းပဖို႔ ကြၽန္မ ေတာင္းဆိုပါတယ္။ ကြၽန္မတို႔မွာ ဒီျပဳျပင္ေျပာင္းလဲေရးကို တားဆီးဖို႔ တာဝန္ရွိပါတယ္၊၊ ဒါေၾကာင့္ ကြၽန္မတို႔ ဘာပဲျဖစ္ျဖစ္ ဆက္လက္လုပ္ေဆာင္သြားရပါမယ္။ ဆႏၵျပမႈေတြကို ဆက္လက္ လုပ္ေဆာင္သြားၾကပါ" ဟု ေျပာဆို ခဲ့သည္။

ထို႔အျပင္ အေမရိကန္သည္ အစၥေရးႏိုင္ငံတြင္း အျဖစ္အပ်က္မ်ားကို စိုးရိမ္မိေၾကာင္း ဆႏၵျပသူမ်ားႏွင့္ အေပးအယူ မ်ားလုပ္ေဆာင္ႏိုင္မည့္နည္းလမ္းမ်ားကို အျမန္ဆုံးရွာေဖြရန္ အစၥေရးေခါင္းေဆာင္မ်ားအား တိုက္တြန္းထား ေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔အျပင္ ဂ်ာမနီႏိုင္ငံက အစၥေရးတြင္ ျဖစ္ပြားေနေသာကိစၥမ်ားႏွင့္ပတ္သက္ၿပီး စိုးရိမ္ မိေသာ္လည္း အျခားႏိုင္ငံမ်ား၏ ျပည္တြင္းေရးကိစၥမ်ားကို ဝင္ေရာက္စြက္ဖက္မႈမ်ား လုပ္မည္မဟုတ္ေၾကာင္း ဂ်ာမနီအစိုးရေျပာေရးဆိုခြင့္ရွိသူ က ေျပာၾကားခဲ့သည္။

ထို႔အျပင္ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ၏ တရားေရးျပဳျပင္ေျပာင္းလဲေရးအစီအစဥ္ႏွင့္ပတ္သက္ၿပီး ဆႏၵျပပြဲ မ်ား ဆက္လက္ျဖစ္ပြားေနေသာေၾကာင့္ အဆိုပါအစီအစဥ္မ်ားကို ရပ္တန႔္ရန္ အစိုးရကို အစၥ‌ေရးသမၼတက တိုက္တြန္းေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။

အစၥေရးသမၼတ က "အစၥေရးျပည္သူေတြရဲ႕စည္းလုံးညီၫႊတ္မႈေတြ၊ တာဝန္ရွိမႈေတြ အတြက္ ဒီျပဳျပင္ေျပာင္းလဲေရး အစီအစဥ္ကို ခ်က္ခ်င္းရပ္တန႔္ဖို႔ ကြၽန္‌ေတာ္ေတာင္းဆိုပါတယ္" ဟု ေျပာဆိုခဲ့သည္။ တရားေရးျပဳျပင္ေျပာင္းလဲေရး အစီအစဥ္ကို ရပ္တန႔္ရန္ေတာင္းဆိုခဲ့ျခင္းေၾကာင့္ အစၥေရးကာကြယ္ေရးဝန္ႀကီး ရာထူးမွ ထုတ္ပယ္ခံရၿပီးေနာက္ အစၥေရးသမၼတ က ယခုကဲ့သို႔ ထပ္မံေတာင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.