ရုရှားနှင့် တရုတ်တို့၏ ပူးပေါင်းဆောင်ရွက်မှုများက အနောက်အုပ်စုအပေါ် ခြိမ်းခြောက်မှုများကို ဖြစ်စေမည် မဟုတ်ကြောင်း ရုရှားသမ္မတပြော

 990

Pika (NP News) - မတ် ၂၇

ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများသည် အနောက်အုပ်စုနိုင်ငံများအပေါ် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ ဖြစ်စေမည်မဟုတ်ကြောင်း ရုရှားသမ္မတပူတင် က ထုတ်ဖော်ပြောဆိုခဲ့သည်။

ပူတင် က "ကျွန်တော်တို့က တရုတ်နဲ့ စစ်ရေးအရ မဟာမိတ်ဖွဲ့တာမဟုတ်ပါဘူး။ စစ်ရေးနည်းပညာ နယ်ပယ်တွေ မှာ ပူးပေါင်းဆောင်ရွက်မှုတွေရှိပါတယ်၊၊ ဒါပေမယ့် အဲဒါကိုကျွန်တော်တို့ ဖုံးကွယ်ထားတာမျိုး မရှိပါဘူး။ ဘာမှလျှို့ဝှက်ထားတာမျိုးလည်း မရှိပါဘူး" ဟု ပြောခဲ့သည်။

ထို့အပြင် ရုရှားသည် တရုတ်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နေသော်လည်း စစ်ရေးအရ မဟာမိတ်ဖွဲ့ခြင်းမျိုးမဟုတ်ကြောင်း ပူတင်က အလေးပေးပြောကြားခဲ့သည်။ တရုတ်နှင့် ရုရှားတို့၏ ပူးပေါင်း ဆောင်ရွက်မှုများသည် အနောက်အုပ်စုနိုင်ငံများအပေါ် ခြိမ်းခြောက်တစ်စုံတစ်ရာဖြစ်စေမည် မဟုတ်ကြောင်း ရုရှားသည် တရုတ်နှင့်ဆက်ဆံရေးကို တန်ဖိုးထားကြောင်း ပူတင်က ပြောဆိုခဲ့သည်။

ဥရောပ၏ စီးပွားရေးသည် တရုတ်နိုင်ငံအပေါ်ပိုမိုမှီခိုနေရသည့်အတွက် လာမည့်အနာဂတ်တွင် ရုရှားသည် တရုတ် ၏ လွှမ်းမိုးမှုများကို ခံရနိုင်သည်ဆိုသည့် ပြောဆိုချက်များကိုလည်း သဘောမတူကြောင်း ၎င်းက ပြောဆိုခဲ့သည်။

ပူတင် က "ဒါတွေက မနာလိုလို့ပြောတာပါ။ ရုရှားစီးပွားရေးက တရုတ်နိုင်ငံအပေါ်မှာ မှီခိုနေရတယ်။ ဒါပေမယ့် ဥရောပရဲ့စီးပွားရေးက တရုတ်နိုင်ငံအပေါ် ကျွန်တော်တို့ထက် ပိုမို မှီခိုနေရပါတယ်၊၊ ဒါကြောင့် လာမယ့်အနာဂတ် မှာ ရုရှားက တရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုကို ခံရမယ်ဆိုတဲ့ပြောဆိုချက်တွေက လုံးဝမဖြစ်နိုင်ပါဘူး" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
႐ုရွားႏွင့္ တ႐ုတ္တို႔၏ ပူးေပါင္းေဆာင္႐ြက္မႈမ်ားက အေနာက္အုပ္စုအေပၚ ၿခိမ္းေျခာက္မႈမ်ားကို ျဖစ္ေစမည္ မဟုတ္ေၾကာင္း ႐ုရွားသမၼတေျပာ
Pika (NP News) - မတ္ ၂၇

႐ုရွားႏိုင္ငံ ႏွင့္ တ႐ုတ္ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားသည္ အေနာက္အုပ္စုႏိုင္ငံမ်ားအေပၚ ၿခိမ္းေျခာက္မႈ တစ္စုံတစ္ရာ ျဖစ္ေစမည္မဟုတ္ေၾကာင္း ႐ုရွားသမၼတပူတင္ က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ပူတင္ က "ကြၽန္ေတာ္တို႔က တ႐ုတ္နဲ႔ စစ္ေရးအရ မဟာမိတ္ဖြဲ႕တာမဟုတ္ပါဘူး။ စစ္ေရးနည္းပညာ နယ္ပယ္ေတြ မွာ ပူးေပါင္းေဆာင္႐ြက္မႈေတြရွိပါတယ္၊၊ ဒါေပမယ့္ အဲဒါကိုကြၽန္ေတာ္တို႔ ဖုံးကြယ္ထားတာမ်ိဳး မရွိပါဘူး။ ဘာမွလွ်ိဳ႕ဝွက္ထားတာမ်ိဳးလည္း မရွိပါဘူး" ဟု ေျပာခဲ့သည္။

ထို႔အျပင္ ႐ုရွားသည္ တ႐ုတ္ႏွင့္ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈမ်ားကို လုပ္ေဆာင္ေနေသာ္လည္း စစ္ေရးအရ မဟာမိတ္ဖြဲ႕ျခင္းမ်ိဳးမဟုတ္ေၾကာင္း ပူတင္က အေလးေပးေျပာၾကားခဲ့သည္။ တ႐ုတ္ႏွင့္ ႐ုရွားတို႔၏ ပူးေပါင္း ေဆာင္႐ြက္မႈမ်ားသည္ အေနာက္အုပ္စုႏိုင္ငံမ်ားအေပၚ ၿခိမ္းေျခာက္တစ္စုံတစ္ရာျဖစ္ေစမည္ မဟုတ္ေၾကာင္း ႐ုရွားသည္ တ႐ုတ္ႏွင့္ဆက္ဆံေရးကို တန္ဖိုးထားေၾကာင္း ပူတင္က ေျပာဆိုခဲ့သည္။

ဥေရာပ၏ စီးပြားေရးသည္ တ႐ုတ္ႏိုင္ငံအေပၚပိုမိုမွီခိုေနရသည့္အတြက္ လာမည့္အနာဂတ္တြင္ ႐ုရွားသည္ တ႐ုတ္ ၏ လႊမ္းမိုးမႈမ်ားကို ခံရႏိုင္သည္ဆိုသည့္ ေျပာဆိုခ်က္မ်ားကိုလည္း သေဘာမတူေၾကာင္း ၎က ေျပာဆိုခဲ့သည္။

ပူတင္ က "ဒါေတြက မနာလိုလို႔ေျပာတာပါ။ ႐ုရွားစီးပြားေရးက တ႐ုတ္ႏိုင္ငံအေပၚမွာ မွီခိုေနရတယ္။ ဒါေပမယ့္ ဥေရာပရဲ႕စီးပြားေရးက တ႐ုတ္ႏိုင္ငံအေပၚ ကြၽန္ေတာ္တို႔ထက္ ပိုမို မွီခိုေနရပါတယ္၊၊ ဒါေၾကာင့္ လာမယ့္အနာဂတ္ မွာ ႐ုရွားက တ႐ုတ္ႏိုင္ငံရဲ႕လႊမ္းမိုးမႈကို ခံရမယ္ဆိုတဲ့ေျပာဆိုခ်က္ေတြက လုံးဝမျဖစ္ႏိုင္ပါဘူး" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.