ကမ္ဘာ့ဘဏ်လုပ်ငန်းမတည်ငြိမ်မှုများက တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူတွေ ပိုမိုလာရောက်ဖို့ တွန်းအားပေးသလို ဖြစ်နေ

 1074

Pika (NP News) - မတ် ၂၈

အမေရိကန်နှင့် ဥရောပတို့ရှိ ဘဏ်လုပ်ငန်းအကျပ်အတည်းများသည် အနောက်အုပ်စုနိုင်ငံများ၏ ဘဏ္ဍာရေးစနစ် အပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပျက်ပြားစေသည့်အပြင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင် သင့်သည့် ဘေးကင်းသည့်နေရာတစ်ခုဖြစ်သည်ကို မီးမောင်းထိုးပြသလိုဖြစ်နေကြောင်း Citi ကုမ္ပဏီ၏ စီးပွားရေး ပညာရှင်များ၏ ပြောကြားချက်ကို ကိုးကားပြီး CNBC သတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန်နှင့် ဥရောပတို့တွင် ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပွားနေချိန်တွင် တရုတ်၏ စီးပွားရေးသည် ယခုနှစ် တွင် အရှိန်အဟုန်ဖြင့် ပိုမိုချဲ့ထွင်လာနိုင်ခဲ့ကြောင်း သိရသည်။ Citi ကုမ္ပဏီ၏ တရုတ်စီးပွားရေးပညာရှင်ချုပ် Xiangrong Yu ဦးဆောင်သော အဖွဲ့တစ်ဖွဲ့ က "တရုတ်နိုင်ငံက ဒီနှစ်မှာ ကြီးမားတဲ့စီးပွားရေးတိုးတက်မှုတွေ အတွက် အကာအကွယ်တစ်ခုဖြစ်လာနိုင်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ အမြင်ကိုဆွေးနွေးနေတာကြာပါပြီ။ မကြာသေးမီက ကမ္ဘာလုံးဆိုင်ရာဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့အကျပ်အတည်းတွေက တရုတ်နိုင်ငံ နဲ့ ပတ်သက်တဲ့ဒီအဆိုပြုချက်ကို ပိုမိုအားကောင်းလာစေခဲ့တာဖြစ်နိုင်ပါတယ်။ တရုတ်ဟာ ဘဏ္ဍာရေးခိုင်မာမှု၊ မူဝါဒစည်းကမ်းနဲ့ စီးပွားရေးလည်ပတ်မှုအသစ်တွေကို ပေးဆောင်နိုင်တဲ့ ဘေးကင်းတဲ့နေရာတစ်ခုဖြစ်နိုင်ပါတယ်" ဟု ပြောဆိုခဲ့ကြသည်။

ယခုလအစောပိုင်းက ပြုလုပ်သော တရုတ်အစိုးရ၏ ပြန်လည်ဖွဲ့စည်းပုံသည် ဘဏ္ဍာရေးအန္တရာယ်ကို ဖြေလျှော့ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၎င်းတို့က မှတ်ချက်ပြု ပြောဆိုခဲ့သည်။

ထို့အပြင် အမေရိကန်ဒေါ်လာအစား တရုတ်နိုင်ငံသုံးငွေကြေး ယွမ် အသုံးပြုမှုသည် ယခုနှစ် စက်တင်ဘာလတွင် ပိုမိုအားကောင်းလာနိုင်ဖွယ်ရှိသည်ဟု မျှော်လင့်မိကြောင်း Citi ကုမ္ပဏီ၏ ပြောဆိုချက်ကို ကိုးကားပြီး CNBC သတင်းဌာနက ဖော်ပြခဲ့သည်။

Citi ကုမ္ပဏီ က "နိုင်ငံရပ်ခြားမှာ အတိုးနှုန်းမြင့်တက်လာတာတွေကြောင့် မလိုလားအပ်တာတွေဖြစ်ခဲ့ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံသူတွေက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဆောင်ပြီး ကုန်သွယ်မှုတွေကို ပြန်လည် လုပ်ဆောင်လာမယ် ဆိုပါက တရုတ်နိုင်ငံကို အရင်းအနှီးတွေ ပြန်လည်ဝင်ရောက်လာနိုင်ပါတယ်" ဟု ပြောဆိုခဲ့ သည်။

Zawgyi Version;
ကမာၻ႔ဘဏ္လုပ္ငန္းမတည္ၿငိမ္မႈမ်ားက တ႐ုတ္ႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံသူေတြ ပိုမိုလာေရာက္ဖို႔ တြန္းအားေပးသလို ျဖစ္ေန
Pika (NP News) - မတ္ ၂၈

အေမရိကန္ႏွင့္ ဥေရာပတို႔ရွိ ဘဏ္လုပ္ငန္းအက်ပ္အတည္းမ်ားသည္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ဘ႑ာေရးစနစ္ အေပၚ ရင္းႏွီးျမႇဳပ္ႏွံသူမ်ား၏ ယုံၾကည္မႈကို ပ်က္ျပားေစသည့္အျပင္ တ႐ုတ္ႏိုင္ငံက ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား လုပ္ေဆာင္ သင့္သည့္ ေဘးကင္းသည့္ေနရာတစ္ခုျဖစ္သည္ကို မီးေမာင္းထိုးျပသလိုျဖစ္ေနေၾကာင္း Citi ကုမၸဏီ၏ စီးပြားေရး ပညာရွင္မ်ား၏ ေျပာၾကားခ်က္ကို ကိုးကားၿပီး CNBC သတင္းဌာနက ေဖာ္ျပခဲ့သည္။

အေမရိကန္ႏွင့္ ဥေရာပတို႔တြင္ ဘ႑ာေရးအက်ပ္အတည္းျဖစ္ပြားေနခ်ိန္တြင္ တ႐ုတ္၏ စီးပြားေရးသည္ ယခုႏွစ္ တြင္ အရွိန္အဟုန္ျဖင့္ ပိုမိုခ်ဲ႕ထြင္လာႏိုင္ခဲ့ေၾကာင္း သိရသည္။ Citi ကုမၸဏီ၏ တ႐ုတ္စီးပြားေရးပညာရွင္ခ်ဳပ္ Xiangrong Yu ဦးေဆာင္ေသာ အဖြဲ႕တစ္ဖြဲ႕ က "တ႐ုတ္ႏိုင္ငံက ဒီႏွစ္မွာ ႀကီးမားတဲ့စီးပြားေရးတိုးတက္မႈေတြ အတြက္ အကာအကြယ္တစ္ခုျဖစ္လာႏိုင္တယ္ဆိုတဲ့ ကြၽန္ေတာ္တို႔ရဲ႕ အျမင္ကိုေဆြးေႏြးေနတာၾကာပါၿပီ။ မၾကာေသးမီက ကမာၻလုံးဆိုင္ရာဘဏ္လုပ္ငန္းနဲ႔ပတ္သက္ၿပီး ျဖစ္ေပၚလာတဲ့အက်ပ္အတည္းေတြက တ႐ုတ္ႏိုင္ငံ နဲ႔ ပတ္သက္တဲ့ဒီအဆိုျပဳခ်က္ကို ပိုမိုအားေကာင္းလာေစခဲ့တာျဖစ္ႏိုင္ပါတယ္။ တ႐ုတ္ဟာ ဘ႑ာေရးခိုင္မာမႈ၊ မူဝါဒစည္းကမ္းနဲ႔ စီးပြားေရးလည္ပတ္မႈအသစ္ေတြကို ေပးေဆာင္ႏိုင္တဲ့ ေဘးကင္းတဲ့ေနရာတစ္ခုျဖစ္ႏိုင္ပါတယ္" ဟု ေျပာဆိုခဲ့ၾကသည္။

ယခုလအေစာပိုင္းက ျပဳလုပ္ေသာ တ႐ုတ္အစိုးရ၏ ျပန္လည္ဖြဲ႕စည္းပုံသည္ ဘ႑ာေရးအႏၲရာယ္ကို ေျဖေလွ်ာ့ရန္ ႀကိဳးပမ္းမႈ၏ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္း ၎တို႔က မွတ္ခ်က္ျပဳ ေျပာဆိုခဲ့သည္။

ထို႔အျပင္ အေမရိကန္ေဒၚလာအစား တ႐ုတ္ႏိုင္ငံသုံးေငြေၾကး ယြမ္ အသုံးျပဳမႈသည္ ယခုႏွစ္ စက္တင္ဘာလတြင္ ပိုမိုအားေကာင္းလာႏိုင္ဖြယ္ရွိသည္ဟု ေမွ်ာ္လင့္မိေၾကာင္း Citi ကုမၸဏီ၏ ေျပာဆိုခ်က္ကို ကိုးကားၿပီး CNBC သတင္းဌာနက ေဖာ္ျပခဲ့သည္။

Citi ကုမၸဏီ က "ႏိုင္ငံရပ္ျခားမွာ အတိုးႏႈန္းျမင့္တက္လာတာေတြေၾကာင့္ မလိုလားအပ္တာေတြျဖစ္ခဲ့ပါတယ္။ ျပည္ပရင္းႏွီးျမႇဳပ္ႏွံသူေတြက ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြလုပ္ေဆာင္ၿပီး ကုန္သြယ္မႈေတြကို ျပန္လည္ လုပ္ေဆာင္လာမယ္ ဆိုပါက တ႐ုတ္ႏိုင္ငံကို အရင္းအႏွီးေတြ ျပန္လည္ဝင္ေရာက္လာႏိုင္ပါတယ္" ဟု ေျပာဆိုခဲ့ သည္။

Related news

© 2021. All rights reserved.