အစ္စရေးပြည်သူများ တောင်းဆိုဆန္ဒပြမှုများကြောင့် တရားရေးစနစ် ပြုပြင်ပြောင်းလဲမယ့်အစီအစဉ်ကို ရပ်ဆိုင်းထားဖို့ အစ္စရေးဝန်ကြီးချုပ် ကြေညာ

 325

ဂျန်ဇက် (NP News) - မတ် ၂၈

အစ္စရေးသမ္မတ၊ ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်သူများ တောင်းဆိုချက်အတိုင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ဟာ အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ တရားရေးစနစ်ပြုပြင်ပြောင်းလဲမယ့်အစီအစဉ်ကို ဆိုင်းငံ့လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

အစ္စရေးနိုင်ငံမှာ တရားရေးစနစ် ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ စတင်ခဲ့ပြီးနောက်ပိုင်းကတည်းက နိုင်ငံတဝှမ်းဆန္ဒပြပွဲ များ စတင်ဖြစ်ပွားခဲ့ရာအစ္စရေးကာကွယ်ရေးဝန်ကြီး ကိုယ်တိုင်က တရားရေးစနစ်ပြုပြင်ပြောင်းလဲမယ့်အစီအစဉ် ကို ရပ်ဆိုင်းထားဖို့တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

အစ္စရေးဝန်ကြီးချုပ်ဟာ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ပွားကာ ကာကွယ်ရေးဝန်ကြီးကို မတ်လ ၂၆ ရက်မှာ ရာထူးက ထုတ်ပယ်ခဲ့ရာ ဆန္ဒပြပွဲများ အရှိန်ပိုမိုမြင့်တက်လာခဲ့ပြီး နိုင်ငံတဝှမ်းမှာ ဆန္ဒပြသူဦးရေ ၆ သိန်း ကျော်အထိ ရှိခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြသူများက တရားရေးစနစ်ပြုပြင်ပြောင်းလဲရာမှာ အုပ်ချုပ်ရေးကဏ္ဍ တာဝန်ရှိသူများက တရားရေးဌာန တာဝန်ရှိသူများထက် လုပ်ပိုင်ခွင့်အာဏာ ပိုမိုရယူထားတယ်လို့ ဝေဖန်ပြောဆို ထားပါတယ်။

အစ္စရေးဝန်ကြီးချုပ်က "စစ်မှန်တဲ့ဆွေးနွေးမှုများ ပြုလုပ်နိုင်မယ့်အခွင့်ရေးကို ရယူနိုင်ဖို့အတွက် တရားရေးစနစ် ပြုပြင်ပြောင်းလဲမယ့်အစီအစဉ်ကို လွှတ်တော်ကာလအတွင်း ယာယီဆိုင်းငံ့ထားမှာဖြစ်တယ်။ ပြည်တွင်းစစ် ဖြစ်ပွားစေပြီး နိုင်ငံပျက်စီးစေဖို့ ဆန္ဒရှိနေတဲ့ အစွန်းရောက်အုပ်စုတွေကို ပြစ်တင်ရှုတ်ချပါတယ်" လို့ ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု ဟာ တရားရေးစနစ် ပြုပြင်ပြောင်းလဲမယ့်အစီအစဉ်နဲ့ပတ်သက်ပြီး သူရဲ့ နိုင်ငံရေးမဟာမိတ်အုပ်စုများနဲ့ မတ်လ ၂၇ ရက်၊ ညလုံးပေါက် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တရားရေးစနစ်ပြုပြင်ပြောင်းလဲမယ့်အစီအစဉ်တွေကို အမျိုးသားလုံခြုံရေးဝန်ကြီး Itamar Ben-Gvir က အဓိကစတင်တောင်းဆိုခဲ့ပြီး ၎င်းရဲ့ Otzma Yehudit ပါတီဟာ လွှတ်တော်အတွင်း (၆) နေရာ ရရှိထားကြောင်း သိရပါတယ်။ ၎င်းရဲ့ပါတီဟာ အစ္စရေးညွှန်ပေါင်းအစိုးရအဖွဲ့က နှုတ်ထွက်မယ်ဆိုရင် ဝန်ကြီးချုပ်နေတန်ရာဟုဟာ အစိုးရအဖွဲ့အတွင်းနေရာအများအပြား ဆုံးရှုံးမှာဖြစ်ကာ နောက်ထပ်ရွေးကောက်ပွဲကျင်းပဖို့ တောင်းဆိုရဖွယ်ရှိနေ ပါတယ်။

အစ္စရေးနိုင်ငံမှာ တရားရေးစနစ်ပြုပြင်ပြောင်းလဲမယ့်စနစ်အစီအစဉ်နဲ့ပတ်သက်ပြီး ဆန္ဒပြပွဲအရှိန်မြင့်တက်နေခဲ့ရာ ဆန္ဒပြသူများနဲ့ ရဲတပ်ဖွဲ့များ ထိပ်တိုက်တွေ့ဆုံမှု ပိုမိုဖြစ်ပွားလာနေကြောင်း သိရပါတယ်။ အစ္စရေးညွှန်ပေါင်းအစိုးရ အဖွဲ့သမ္မတကိုယ်တိုင်က တရားရေးစနစ်ပြုပြင်ပြောင်းလဲမယ့်အစီအစဉ်ကို ရပ်ဆိုင်းထားဖို့တောင်းဆိုခဲ့ပြီး ရပ်တန့် ထားမှုမရှိဘူးဆိုရင် နိုင်ငံလုံခြုံရေး၊ စီးပွားရေးနဲ့ လူမှုရေးကိစ္စများကို ခြိမ်းခြောက်လာဖွယ်ရှိနေကြောင်း ဆိုပါတယ်။

Zawgyi Version;
အစၥေရးျပည္သူမ်ား ေတာင္းဆိုဆႏၵျပမႈမ်ားေၾကာင့္ တရားေရးစနစ္ ျပဳျပင္ေျပာင္းလဲမယ့္အစီအစဥ္ကို ရပ္ဆိုင္းထားဖို႔ အစၥေရးဝန္ႀကီးခ်ဳပ္ ေၾကညာ
ဂ်န္ဇက္ (NP News) - မတ္ ၂၈

အစၥေရးသမၼတ၊ ကာကြယ္ေရးဝန္ႀကီးနဲ႔ ျပည္သူမ်ား ေတာင္းဆိုခ်က္အတိုင္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ဟာ အျငင္းပြားဖြယ္ရာျဖစ္ေနတဲ့ တရားေရးစနစ္ျပဳျပင္ေျပာင္းလဲမယ့္အစီအစဥ္ကို ဆိုင္းငံ့လိုက္ေၾကာင္း သတင္းထုတ္ျပန္လိုက္ပါတယ္။

အစၥေရးႏိုင္ငံမွာ တရားေရးစနစ္ ျပဳျပင္ေျပာင္းလဲမႈလုပ္ဖို႔ စတင္ခဲ့ၿပီးေနာက္ပိုင္းကတည္းက ႏိုင္ငံတဝွမ္းဆႏၵျပပြဲ မ်ား စတင္ျဖစ္ပြားခဲ့ရာအစၥေရးကာကြယ္ေရးဝန္ႀကီး ကိုယ္တိုင္က တရားေရးစနစ္ျပဳျပင္ေျပာင္းလဲမယ့္အစီအစဥ္ ကို ရပ္ဆိုင္းထားဖို႔ေတာင္းဆိုခဲ့ေၾကာင္း သိရပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္ဟာ အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈျဖစ္ပြားကာ ကာကြယ္ေရးဝန္ႀကီးကို မတ္လ ၂၆ ရက္မွာ ရာထူးက ထုတ္ပယ္ခဲ့ရာ ဆႏၵျပပြဲမ်ား အရွိန္ပိုမိုျမင့္တက္လာခဲ့ၿပီး ႏိုင္ငံတဝွမ္းမွာ ဆႏၵျပသူဦးေရ ၆ သိန္း ေက်ာ္အထိ ရွိခဲ့ေၾကာင္း သိရပါတယ္။ ဆႏၵျပသူမ်ားက တရားေရးစနစ္ျပဳျပင္ေျပာင္းလဲရာမွာ အုပ္ခ်ဳပ္ေရးက႑ တာဝန္ရွိသူမ်ားက တရားေရးဌာန တာဝန္ရွိသူမ်ားထက္ လုပ္ပိုင္ခြင့္အာဏာ ပိုမိုရယူထားတယ္လို႔ ေဝဖန္ေျပာဆို ထားပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္က "စစ္မွန္တဲ့ေဆြးေႏြးမႈမ်ား ျပဳလုပ္ႏိုင္မယ့္အခြင့္ေရးကို ရယူႏိုင္ဖို႔အတြက္ တရားေရးစနစ္ ျပဳျပင္ေျပာင္းလဲမယ့္အစီအစဥ္ကို လႊတ္ေတာ္ကာလအတြင္း ယာယီဆိုင္းငံ့ထားမွာျဖစ္တယ္။ ျပည္တြင္းစစ္ ျဖစ္ပြားေစၿပီး ႏိုင္ငံပ်က္စီးေစဖို႔ ဆႏၵရွိေနတဲ့ အစြန္းေရာက္အုပ္စုေတြကို ျပစ္တင္ရႈတ္ခ်ပါတယ္" လို႔ ေျပာပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟု ဟာ တရားေရးစနစ္ ျပဳျပင္ေျပာင္းလဲမယ့္အစီအစဥ္နဲ႔ပတ္သက္ၿပီး သူရဲ႕ ႏိုင္ငံေရးမဟာမိတ္အုပ္စုမ်ားနဲ႔ မတ္လ ၂၇ ရက္၊ ညလုံးေပါက္ ေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါ တရားေရးစနစ္ျပဳျပင္ေျပာင္းလဲမယ့္အစီအစဥ္ေတြကို အမ်ိဳးသားလုံၿခဳံေရးဝန္ႀကီး Itamar Ben-Gvir က အဓိကစတင္ေတာင္းဆိုခဲ့ၿပီး ၎ရဲ႕ Otzma Yehudit ပါတီဟာ လႊတ္ေတာ္အတြင္း (၆) ေနရာ ရရွိထားေၾကာင္း သိရပါတယ္။ ၎ရဲ႕ပါတီဟာ အစၥေရးၫႊန္ေပါင္းအစိုးရအဖြဲ႕က ႏႈတ္ထြက္မယ္ဆိုရင္ ဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ အစိုးရအဖြဲ႕အတြင္းေနရာအမ်ားအျပား ဆုံးရႈံးမွာျဖစ္ကာ ေနာက္ထပ္ေ႐ြးေကာက္ပြဲက်င္းပဖို႔ ေတာင္းဆိုရဖြယ္ရွိေန ပါတယ္။

အစၥေရးႏိုင္ငံမွာ တရားေရးစနစ္ျပဳျပင္ေျပာင္းလဲမယ့္စနစ္အစီအစဥ္နဲ႔ပတ္သက္ၿပီး ဆႏၵျပပြဲအရွိန္ျမင့္တက္ေနခဲ့ရာ ဆႏၵျပသူမ်ားနဲ႔ ရဲတပ္ဖြဲ႕မ်ား ထိပ္တိုက္ေတြ႕ဆုံမႈ ပိုမိုျဖစ္ပြားလာေနေၾကာင္း သိရပါတယ္။ အစၥေရးၫႊန္ေပါင္းအစိုးရ အဖြဲ႕သမၼတကိုယ္တိုင္က တရားေရးစနစ္ျပဳျပင္ေျပာင္းလဲမယ့္အစီအစဥ္ကို ရပ္ဆိုင္းထားဖို႔ေတာင္းဆိုခဲ့ၿပီး ရပ္တန႔္ ထားမႈမရွိဘူးဆိုရင္ ႏိုင္ငံလုံၿခဳံေရး၊ စီးပြားေရးနဲ႔ လူမႈေရးကိစၥမ်ားကို ၿခိမ္းေျခာက္လာဖြယ္ရွိေနေၾကာင္း ဆိုပါတယ္။

Related news

© 2021. All rights reserved.