(၇၈) နှစ်မြောက် တပ်မတော်နေ့တွင် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ကာ ဂါရဝပြု

 6147

NP News - မတ် ၂၈

(၇၈) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် အငြိမ်းစားတပ်မတော် အရာရှိကြီးများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ကာ ဂါရဝပြုကန်တော့ခဲ့ကြောင်း သိရသည်။

(၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအား မတ် လ ၂၇ ရက်၊ နံနက်ပိုင်းတွင်ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားတပ်မတော် အရာရှိကြီးများအား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့သည့် အခမ်းအနားကို မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မ တော်အရာရှိကြီး(၁၉)ဦးနှင့် ဇနီး(၇)ဦးတို့ ကန်တော့ခံတက်ရောက်ခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်၍ ဒုတိယတပ်မ တော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးအပါအဝင် (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တက်ရောက်ဂါရဝပြု ကန်တော့ခဲ့ကြကြောင်း သိရသည်။

ကန်တော့ပွဲအခမ်းအနား၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဗုဒ္ဓဘာသာအစဉ်အလာနဲ့အညီ ယခုကဲ့သို အထက်အောက်ရိုသေ လေးစားမှုဖြင့် ကျေးဇူးတရားကိုသိရှိစွာ ဂါရဝပြုကန်တော့ခြင်းသည် မိမိတို့တပ်မတော်၏ အစဉ် အလာကောင်းတစ်ခုပင် ဖြစ်ကြောင်း” ဟု ပြောကြားခဲ့သည်။

ထို့ပြင် (၇၈)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ် ဒုတိယအဆင့်တစ်ဦး နှင့် တတိယအဆင့်လေးဦး စုစုပေါင်း ငါးဦးတို့ကိုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဂါရဝပြုတွေ့ဆုံခဲ့ကြောင်းသိရသည်။

zawgyi version
(၇၈) ႏွစ္ေျမာက္ တပ္မေတာ္ေန႔တြင္ အၿငိမ္းစားတပ္မေတာ္အရာရွိႀကီးမ်ားအား ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ကာ ဂါရဝျပဳ
NP News - မတ္ ၂၈

(၇၈) ႏွစ္ေျမာက္ တပ္မေတာ္ေန႔အခမ္းအနားသို႔ တက္ေရာက္ခဲ့ၾကသည့္ အၿငိမ္းစားတပ္မေတာ္ အရာရွိႀကီးမ်ားအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ကာ ဂါရဝျပဳကန္ေတာ့ခဲ့ေၾကာင္း သိရသည္။

(၇၈)ႏွစ္ေျမာက္ တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနားအား မတ္ လ ၂၇ ရက္၊ နံနက္ပိုင္းတြင္ျပဳလုပ္ခဲ့ၿပီး အခမ္းအနားသို႔ တက္ေရာက္ခဲ့ၾကေသာ တပ္မေတာ္တြင္ တာဝန္ထမ္းေဆာင္ခဲ့သည့္ အၿငိမ္းစားတပ္မေတာ္ အရာရွိႀကီးမ်ားအား တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ဂါရဝျပဳကန္ေတာ့သည့္ အခမ္းအနားကို မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ က်င္းပျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ဂါရဝျပဳကန္ေတာ့သည့္ အခမ္းအနားသို႔ အၿငိမ္းစားတပ္မ ေတာ္အရာရွိႀကီး(၁၉)ဦးႏွင့္ ဇနီး(၇)ဦးတို႔ ကန္ေတာ့ခံတက္ေရာက္ခဲ့ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတို႔ ဦးေဆာင္၍ ဒုတိယတပ္မ ေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ဇနီးအပါအဝင္ (ၾကည္း၊ ေရ၊ ေလ) မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ားက တက္ေရာက္ဂါရဝျပဳ ကန္ေတာ့ခဲ့ၾကေၾကာင္း သိရသည္။

ကန္ေတာ့ပြဲအခမ္းအနား၌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က “ဗုဒၶဘာသာအစဥ္အလာနဲ႔အညီ ယခုကဲ့သို အထက္ေအာက္႐ိုေသ ေလးစားမႈျဖင့္ ေက်းဇူးတရားကိုသိရွိစြာ ဂါရဝျပဳကန္ေတာ့ျခင္းသည္ မိမိတို႔တပ္မေတာ္၏ အစဥ္ အလာေကာင္းတစ္ခုပင္ ျဖစ္ေၾကာင္း” ဟု ေျပာၾကားခဲ့သည္။

ထို႔ျပင္ (၇၈)ႏွစ္ေျမာက္ တပ္မေတာ္ေန႔အခမ္းအနားသို႔ တက္ေရာက္ခဲ့ၾကသည့္ လြတ္လပ္ေရး ေမာ္ကြန္းဝင္ပုဂၢိဳလ္ ဒုတိယအဆင့္တစ္ဦး ႏွင့္ တတိယအဆင့္ေလးဦး စုစုေပါင္း ငါးဦးတို႔ကိုလည္း ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ဂါရဝျပဳေတြ႕ဆုံခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.