တိုက်စစ်မှူးမက်ဆီ အမေရိကန် Major League ကလပ်(MLS) သို့ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေ

 436

Pika (NP News) - မတ် ၂၈

ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများသည် တိုက်စစ်မှူးမက်ဆီ၏ စာချုပ်သက်တမ်းကို ဆက်လက်တိုးခြင်းမျိုး မရှိသေးသောကြောင့် ပီအက်စ်ဂျီအသင်းတွင် မက်ဆီဆက်ကစားရမည့် အလားအလာနည်းနေကြောင်း ထင်ကြေး ပေးမှုများ ထွက်ပေါ်နေသည်။

မက်ဆီသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ပီအက်စ်ဂျီအသင်းမှ ထွက်ခွာသွားမည်ဟု သတင်းများ ထွက်ပေါ်နေသလို အမေရိကန် Major League ကလပ် (MLS) သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့သွားနိုင် သည်ဆိုသည့် သတင်းများလည်းထွက်ပေါ်နေသည်။

ထို့အပြင် MLS အသင်း (၂၉) သင်းစလုံးသည် မက်ဆီကို အမေရိကန်သို့ ခေါ်ဆောင်လာနိုင်ရန်အတွက် ငွေကြေးများနှင့်ပတ်သက်ပြီး ဆွေးနွေးနေကြကြောင်း စပိန်ထုတ် Sport သတင်းစာ၏ အစီရင်ခံစာအရ သိရသည်။ Sport သတင်းစာ က "MLS အကြီးအကဲတွေဟာ မက်ဆီကို ခေါ်ယူနိုင်မယ်ဆိုရင် အမေရိကန်၊ ကနေဒါ နဲ့ မက္ကဆီ တို့မှာ ကျင်းပမယ့် (၂ဝ၂၆) ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ကစားပွဲရဲ့ပရိုဖိုင်ကို မြှင့်တင်နိုင်မယ်လို့ ယုံကြည်နေကြပါ တယ်။ မက်ဆီဟာ အမေရိကန်ကို ရောက်လာမယ်ဆိုရင် ဘယ် MLS အသင်းမှာ ကစားချင်တယ်ဆိုတာကိုလည်း ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ မက်ဆီရှိနေခြင်းက လိဂ်ရဲ့ရုပ်မြင်သံကြားနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေကို လည်း မြှင့်တင်ပေးနိုင်မယ်လို့လည်း ယုံကြည်နေကြပါတယ်" ဟု ဖော်ပြထားသည်။

မက်ဆီသည် (၂ဝ၂၁ - ၂ဝ၂၂) ခုနှစ် ရာသီမတိုင်မီ ဘာစီလိုနာအသင်းမှ ပီအက်စ်ဂျီအသင်းသို့ အလွတ်ပြောင်း ရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မက်ဆီသည် ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၆၆) ပွဲ ကစားထားပြီး (၂၉)ဂိုးသွင်းယူကာ (၃၂)ဂိုး ဖန်တီးပေးထားနိုင်ကြောင်း သိရသည်။

မက်ဆီ၏ စာချုပ်သက်တမ်းသည် ဇွန်လကုန်တွင် ပြည့်မည်ဖြစ်ပြီး စာချုပ်သက်တမ်းတိုးခြင်းမရှိပါက အခြား အသင်းသို့ ပြောင်းရွှေ့ရတော့မည်ဖြစ်ကြောင်း သိရသည်။ ပီအက်စ်ဂျီအသင်းသည် မက်ဆီကို အသင်းတွင် ဆက်လက်ထားရှိရန် စိတ်အားထက်သန်နေသော်လည်း စာချုပ်နှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုများကို လက်ရှိ အချိန်ထိ လုပ်ဆောင်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။

Zawgyi Version;
တိုက္စစ္မႉးမက္ဆီ အေမရိကန္ Major League ကလပ္(MLS) သို႔ ေျပာင္းေ႐ႊ႕ဖြယ္ရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚေန
Pika (NP News) - မတ္ ၂၈

ပီအက္စ္ဂ်ီအသင္းတာဝန္ရွိသူမ်ားသည္ တိုက္စစ္မႉးမက္ဆီ၏ စာခ်ဳပ္သက္တမ္းကို ဆက္လက္တိုးျခင္းမ်ိဳး မရွိေသးေသာေၾကာင့္ ပီအက္စ္ဂ်ီအသင္းတြင္ မက္ဆီဆက္ကစားရမည့္ အလားအလာနည္းေနေၾကာင္း ထင္ေၾကး ေပးမႈမ်ား ထြက္ေပၚေနသည္။

မက္ဆီသည္ လာမည့္ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလတြင္ ပီအက္စ္ဂ်ီအသင္းမွ ထြက္ခြာသြားမည္ဟု သတင္းမ်ား ထြက္ေပၚေနသလို အေမရိကန္ Major League ကလပ္ (MLS) သို႔ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေျပာင္းေ႐ႊ႕သြားႏိုင္ သည္ဆိုသည့္ သတင္းမ်ားလည္းထြက္ေပၚေနသည္။

ထို႔အျပင္ MLS အသင္း (၂၉) သင္းစလုံးသည္ မက္ဆီကို အေမရိကန္သို႔ ေခၚေဆာင္လာႏိုင္ရန္အတြက္ ေငြေၾကးမ်ားႏွင့္ပတ္သက္ၿပီး ေဆြးေႏြးေနၾကေၾကာင္း စပိန္ထုတ္ Sport သတင္းစာ၏ အစီရင္ခံစာအရ သိရသည္။ Sport သတင္းစာ က "MLS အႀကီးအကဲေတြဟာ မက္ဆီကို ေခၚယူႏိုင္မယ္ဆိုရင္ အေမရိကန္၊ ကေနဒါ နဲ႔ မကၠဆီ တို႔မွာ က်င္းပမယ့္ (၂ဝ၂၆) ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီ ကစားပြဲရဲ႕ပ႐ိုဖိုင္ကို ျမႇင့္တင္ႏိုင္မယ္လို႔ ယုံၾကည္ေနၾကပါ တယ္။ မက္ဆီဟာ အေမရိကန္ကို ေရာက္လာမယ္ဆိုရင္ ဘယ္ MLS အသင္းမွာ ကစားခ်င္တယ္ဆိုတာကိုလည္း ေ႐ြးခ်ယ္ႏိုင္မယ္လို႔ သိရပါတယ္။ မက္ဆီရွိေနျခင္းက လိဂ္ရဲ႕႐ုပ္ျမင္သံၾကားနဲ႔ပတ္သက္တဲ့ အခြင့္အေရးေတြကို လည္း ျမႇင့္တင္ေပးႏိုင္မယ္လို႔လည္း ယုံၾကည္ေနၾကပါတယ္" ဟု ေဖာ္ျပထားသည္။

မက္ဆီသည္ (၂ဝ၂၁ - ၂ဝ၂၂) ခုႏွစ္ ရာသီမတိုင္မီ ဘာစီလိုနာအသင္းမွ ပီအက္စ္ဂ်ီအသင္းသို႔ အလြတ္ေျပာင္း ေ႐ႊ႕ေၾကးျဖင့္ ေျပာင္းေ႐ႊ႕လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ မက္ဆီသည္ ပီအက္စ္ဂ်ီအသင္းအတြက္ ၿပိဳင္ပြဲစုံ ပြဲေပါင္း (၆၆) ပြဲ ကစားထားၿပီး (၂၉)ဂိုးသြင္းယူကာ (၃၂)ဂိုး ဖန္တီးေပးထားႏိုင္ေၾကာင္း သိရသည္။

မက္ဆီ၏ စာခ်ဳပ္သက္တမ္းသည္ ဇြန္လကုန္တြင္ ျပည့္မည္ျဖစ္ၿပီး စာခ်ဳပ္သက္တမ္းတိုးျခင္းမရွိပါက အျခား အသင္းသို႔ ေျပာင္းေ႐ႊ႕ရေတာ့မည္ျဖစ္ေၾကာင္း သိရသည္။ ပီအက္စ္ဂ်ီအသင္းသည္ မက္ဆီကို အသင္းတြင္ ဆက္လက္ထားရွိရန္ စိတ္အားထက္သန္ေနေသာ္လည္း စာခ်ဳပ္ႏွင့္ပတ္သက္ၿပီး ေဆြးေႏြးညႇိႏႈိင္းမႈမ်ားကို လက္ရွိ အခ်ိန္ထိ လုပ္ေဆာင္ျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.