ထိုင်းနိုင်ငံရဲ့ ခရီးသွားနေရာဖြစ်တဲ့ မာယာ ပင်လယ်အော်မှာ ငါးမန်းများ ရောက်ရှိလာ

 2918

ရောင်နီ (NP News) - မတ် ၂၈

၂ဝဝဝ ပြည့်နှစ်ရုပ်ရှင်တစ်ခုဖြစ်တဲ့ သည်းထိတ်ရင်ဖိုစရာ The Beach ဇာတ်ကား ရိုက်ကူးခဲ့ရာ နေရာအဖြစ် အလည်အပတ် ခရီးသွားတွေကြား ကျော်ကြားခဲ့တဲ့ မာယာပင်လယ်အော်မှ လူမနေကျွန်း ဖိဖိကျွန်းမှာ ၂ဝ၁၈ ခုနှစ် မှ ၂ဝ၂၂ ခုနှစ်ထိ ခရီးသွားလုပ်ငန်း တားမြစ်ခြင်းနဲ့ COVID-19 ကူးစက်ရောဂါကြောင့် ပင်လယ်အော်သို့ လာရောက်လည်ပတ်သူအားလုံးကို ရပ်နားထားခဲ့ပါတယ်။

ဒီလို ခရီးသွားလုပ်ငန်းကို ရပ်နားထားတဲ့အတွက် ပင်လယ်အောင်မှာ ငါးမန်းတွေ ရောက်ရှိနေထိုင်ကျက်စားလာခဲ့ပါတယ်။

အာဏာပိုင်တွေက ကန့်သတ်ခရီးသွားလုပ်ငန်းကို ၂ဝ၂၂ ခုနှစ်မှာ ပြန်လည်စတင်ခွင့်ပြုခဲ့ပြီး ယခုအခါ ထိန်းသိမ်းစောင့်ရှောက်သူတွေက ငါးမန်းအရေအတွက်တွေ တစ်ဖန်ပြန်လည်လျော့နည်းလာစေဖို့၊ မာယာပင်လယ်အော်မှာ သန့်ရှင်းတဲ့ဂေဟစနစ်ကို ထိန်းသိမ်းဖို့နဲ့ ခရီးသွားလုပ်ငန်းအပေါ် အခြေခံတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ထိန်းညှိဖို့အတွက် ရုန်းကန်နေရကြောင်း သိရပါတယ်။

“နေရာတိုင်းကို ပိတ်ပစ်ဖို့ ဒါမှမဟုတ် ခရီးသွားအရေအတွက် လျှော့ချဖို့ မလိုပေမယ့် အဲဒါကို ပညာရှိရှိ စီမံခန့်ခွဲဖို့ လိုအပ်တယ်လို့ ထင်ပါတယ်” ဟု ထိုင်းနိုင်ငံ အမျိုးသားဥယျာဉ်ဌာနမှ ရေကြောင်းအကြံပေး ပက်ခ်ျမာနိုပါဗီတာက ပြောကြားခဲ့ပါတယ်။

ဖိဖိကျွန်းဟာ ထိုင်းနိုင်ငံ အနောက်ဘက်ကမ်းလွန် အန်ဒမန်ပင်လယ်ရှိ စိမ်းမြသော ထုံး ကျောက်သား အမျိုးအစား တည်ရှိတဲ့ကျွန်းဖြစ်ပါတယ်။ အဏ္ဏဝါသုတေသနပညာရှင် မီတာဗီးချွန်ချာရွန်ဒီက ခရီးသွားလုပ်ငန်းကို ခေတ္တရပ်နားထားခြင်းကြောင့် အဆိုပါကျွန်းဟာ ငါးမန်းငယ်တွေအတွက် ကျက်စားရာနေရာ ပြန်လည် ဖြစ်ပေါ်လာခဲ့ကြောင်း ပြောကြာခဲ့ပါတယ်။ သူမနဲ့ Maya Shark Watch Project မှ အခြားသုတေသီတွေဟာ ငါးမန်းတွေကို ရေတွက်ကာ ၎င်းတို့ရဲ့ အပြုအမူ၊ အစာရှာတဲ့နေရာတွေနဲ့ မျိုးပွားမှုပုံစံတွေကို ရေအောက်ကင်မရာတွေနဲ့ ဒရုန်းတွေအသုံးပြုကာ လေ့လာခဲ့ကြပါတယ်။

၂ဝ၂၁ ခုနှစ် နိုဝင်ဘာလလယ်က စမ်းသပ်လေ့လာမှုကို စတင်ခဲ့ကြပြီး ၂ဝ၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ခရီးသွားများ တဖြည်းဖြည်းပြန်လာခြင်းကြောင့် ငါးမန်းအရေအတွက် ကျဆင်းသွားခဲ့ကြောင်း ဆိုပါတယ်။ အမြီးမှာ ထူးထူးခြားခြား အမည်းရောင်ဖြစ်နေတဲ့ Blacktips ငါးမန်းများကတော့ ငါးအလွန်အကျွံဖမ်းခြင်းကြောင့် အရေအတွက် လျော့ကျလာကာ ကပ္ပလီပင်လယ်နဲ့ အခြားအပူပိုင်းဒေသများမှာ ကျင်လည်ကျက်စားနေကြောင်း အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးသမဂ္ဂက ဆိုပါတယ်။

ရာသီအလိုက် နေထိုင်မှုပုံစံတွေနဲ့ ငါးဖမ်းခြင်းကဲ့သို့သော လူသားများရဲ့ လှုပ်ရှားမှုတွေဟာ ဖိဖိကျွန်းတစ်ဝိုက်ရှိ ငါးမန်းတွေကို ထိခိုက်စေခဲ့ကြောင်း မီတာဗီးက ပြောကြားခဲ့ပါတယ်။ သို့ သော် ငါးမန်းအရေအတွက် လျော့နည်းလာတာနဲ့အမျှ အာဏာပိုင်တွေနဲ့ ထိန်းသိမ်းစောင့် ရှောက်သူတွေက ခရီးသွားတွေကို ပင်လယ်အော်အတွင်း ရေကူးခြင်း မပြုလုပ်ဖို့ သတိပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ခရီးသွားလုပ်ငန်းမှ ရရှိငွေဟာ ကပ်ရောဂါမဖြစ်ပွားမီက ဂျီဒီပီရဲ့ ၁၂ ရာခိုင်နှုန်းရှိပြီး ထိုင်းနိုင်ငံရဲ့ အဓိက စီးပွားရေး မောင်းနှင်အားလည်း ဖြစ်လာခဲ့ပါတယ်။ ယခုနှစ်အ တွင်းမှာတော့ ကမ္ဘာလှည့်ခရီးသည် သန်း ၃ဝ ဝင်ရောက်မှုမှ ဘတ် ၁ ဒသမ ၅ ထရီလျံအထိ ဝင်ငွေရရှိဖို့ ခန့်မှန်းထားပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံရဲ႕ ခရီးသြားေနရာျဖစ္တဲ့ မာယာ ပင္လယ္ေအာ္မွာ ငါးမန္းမ်ား ေရာက္ရွိလာ
ေရာင္နီ (NP News) - မတ္ ၂၈

၂ဝဝဝ ျပည့္ႏွစ္႐ုပ္ရွင္တစ္ခုျဖစ္တဲ့ သည္းထိတ္ရင္ဖိုစရာ The Beach ဇာတ္ကား ႐ိုက္ကူးခဲ့ရာ ေနရာအျဖစ္ အလည္အပတ္ ခရီးသြားေတြၾကား ေက်ာ္ၾကားခဲ့တဲ့ မာယာပင္လယ္ေအာ္မွ လူမေနကြၽန္း ဖိဖိကြၽန္းမွာ ၂ဝ၁၈ ခုႏွစ္ မွ ၂ဝ၂၂ ခုႏွစ္ထိ ခရီးသြားလုပ္ငန္း တားျမစ္ျခင္းနဲ႔ COVID-19 ကူးစက္ေရာဂါေၾကာင့္ ပင္လယ္ေအာ္သို႔ လာေရာက္လည္ပတ္သူအားလုံးကို ရပ္နားထားခဲ့ပါတယ္။

ဒီလို ခရီးသြားလုပ္ငန္းကို ရပ္နားထားတဲ့အတြက္ ပင္လယ္ေအာင္မွာ ငါးမန္းေတြ ေရာက္ရွိေနထိုင္က်က္စားလာခဲ့ပါတယ္။

အာဏာပိုင္ေတြက ကန႔္သတ္ခရီးသြားလုပ္ငန္းကို ၂ဝ၂၂ ခုႏွစ္မွာ ျပန္လည္စတင္ခြင့္ျပဳခဲ့ၿပီး ယခုအခါ ထိန္းသိမ္းေစာင့္ေရွာက္သူေတြက ငါးမန္းအေရအတြက္ေတြ တစ္ဖန္ျပန္လည္ေလ်ာ့နည္းလာေစဖို႔၊ မာယာပင္လယ္ေအာ္မွာ သန႔္ရွင္းတဲ့ေဂဟစနစ္ကို ထိန္းသိမ္းဖို႔နဲ႔ ခရီးသြားလုပ္ငန္းအေပၚ အေျခခံတဲ့ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းေတြကို ထိန္းညႇိဖို႔အတြက္ ႐ုန္းကန္ေနရေၾကာင္း သိရပါတယ္။

“ေနရာတိုင္းကို ပိတ္ပစ္ဖို႔ ဒါမွမဟုတ္ ခရီးသြားအေရအတြက္ ေလွ်ာ့ခ်ဖို႔ မလိုေပမယ့္ အဲဒါကို ပညာရွိရွိ စီမံခန႔္ခြဲဖို႔ လိုအပ္တယ္လို႔ ထင္ပါတယ္” ဟု ထိုင္းႏိုင္ငံ အမ်ိဳးသားဥယ်ာဥ္ဌာနမွ ေရေၾကာင္းအႀကံေပး ပက္ခ္်မာႏိုပါဗီတာက ေျပာၾကားခဲ့ပါတယ္။

ဖိဖိကြၽန္းဟာ ထိုင္းႏိုင္ငံ အေနာက္ဘက္ကမ္းလြန္ အန္ဒမန္ပင္လယ္ရွိ စိမ္းျမေသာ ထုံး ေက်ာက္သား အမ်ိဳးအစား တည္ရွိတဲ့ကြၽန္းျဖစ္ပါတယ္။ အဏၰဝါသုေတသနပညာရွင္ မီတာဗီးခြၽန္ခ်ာ႐ြန္ဒီက ခရီးသြားလုပ္ငန္းကို ေခတၱရပ္နားထားျခင္းေၾကာင့္ အဆိုပါကြၽန္းဟာ ငါးမန္းငယ္ေတြအတြက္ က်က္စားရာေနရာ ျပန္လည္ ျဖစ္ေပၚလာခဲ့ေၾကာင္း ေျပာၾကာခဲ့ပါတယ္။ သူမနဲ႔ Maya Shark Watch Project မွ အျခားသုေတသီေတြဟာ ငါးမန္းေတြကို ေရတြက္ကာ ၎တို႔ရဲ႕ အျပဳအမူ၊ အစာရွာတဲ့ေနရာေတြနဲ႔ မ်ိဳးပြားမႈပုံစံေတြကို ေရေအာက္ကင္မရာေတြနဲ႔ ဒ႐ုန္းေတြအသုံးျပဳကာ ေလ့လာခဲ့ၾကပါတယ္။

၂ဝ၂၁ ခုႏွစ္ ႏိုဝင္ဘာလလယ္က စမ္းသပ္ေလ့လာမႈကို စတင္ခဲ့ၾကၿပီး ၂ဝ၂၂ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွာ ခရီးသြားမ်ား တျဖည္းျဖည္းျပန္လာျခင္းေၾကာင့္ ငါးမန္းအေရအတြက္ က်ဆင္းသြားခဲ့ေၾကာင္း ဆိုပါတယ္။ အၿမီးမွာ ထူးထူးျခားျခား အမည္းေရာင္ျဖစ္ေနတဲ့ Blacktips ငါးမန္းမ်ားကေတာ့ ငါးအလြန္အကြၽံဖမ္းျခင္းေၾကာင့္ အေရအတြက္ ေလ်ာ့က်လာကာ ကပၸလီပင္လယ္နဲ႔ အျခားအပူပိုင္းေဒသမ်ားမွာ က်င္လည္က်က္စားေနေၾကာင္း အျပည္ျပည္ဆိုင္ရာ သဘာဝထိန္းသိမ္းေရးသမဂၢက ဆိုပါတယ္။

ရာသီအလိုက္ ေနထိုင္မႈပုံစံေတြနဲ႔ ငါးဖမ္းျခင္းကဲ့သို႔ေသာ လူသားမ်ားရဲ႕ လႈပ္ရွားမႈေတြဟာ ဖိဖိကြၽန္းတစ္ဝိုက္ရွိ ငါးမန္းေတြကို ထိခိုက္ေစခဲ့ေၾကာင္း မီတာဗီးက ေျပာၾကားခဲ့ပါတယ္။ သို႔ ေသာ္ ငါးမန္းအေရအတြက္ ေလ်ာ့နည္းလာတာနဲ႔အမွ် အာဏာပိုင္ေတြနဲ႔ ထိန္းသိမ္းေစာင့္ ေရွာက္သူေတြက ခရီးသြားေတြကို ပင္လယ္ေအာ္အတြင္း ေရကူးျခင္း မျပဳလုပ္ဖို႔ သတိေပးထားပါတယ္။

ထိုင္းႏိုင္ငံမွာ ခရီးသြားလုပ္ငန္းမွ ရရွိေငြဟာ ကပ္ေရာဂါမျဖစ္ပြားမီက ဂ်ီဒီပီရဲ႕ ၁၂ ရာခိုင္ႏႈန္းရွိၿပီး ထိုင္းႏိုင္ငံရဲ႕ အဓိက စီးပြားေရး ေမာင္းႏွင္အားလည္း ျဖစ္လာခဲ့ပါတယ္။ ယခုႏွစ္အ တြင္းမွာေတာ့ ကမာၻလွည့္ခရီးသည္ သန္း ၃ဝ ဝင္ေရာက္မႈမွ ဘတ္ ၁ ဒသမ ၅ ထရီလ်ံအထိ ဝင္ေငြရရွိဖို႔ ခန္႔မွန္းထားပါတယ္။

Related news

© 2021. All rights reserved.