နိုင်ငံတကာသွင်းဂိုးပေါင်း ၁ဝဝ ကျော် သွင်းယူနိုင်သူအဖြစ် တိုက်စစ်မှူးမက်ဆီ သမိုင်းစံချိန်တင်

 377

ဂျန်ဇက် (NP News) - မတ် ၂၉

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ၇ ကြိမ်တိုင်တိုင်ရရှိထားတဲ့ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီ ဟာ ကူရာကာအိုကျွန်းနိုင်ငံနဲ့ကစားတဲ့ နိုင်ငံတကာခြေစမ်းပွဲ ပထမပိုင်းမှာ သုံးဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အာဂျင်တီးနား သမိုင်းတစ်လျှောက်နိုင်ငံတကာ ဂိုးအများဆုံး သွင်းယူနိုင်သူဖြစ်ခဲ့သလို ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက်မှာ လည်း နိုင်ငံတကာဂိုး အများဆုံးသွင်းယူနိုင်သူအဖြစ် တတိယနေရာမှာ ရပ်တည်နေပါတယ်။

မက်ဆီဟာ အဆိုပါပွဲစဉ်အတွင်း ပထမပိုင်းမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့ပြီး နိုင်ငံတကာဂိုးပေါင်း ၁ဝဝ ကျော် သွင်းယူနိုင်သူ အဖြစ် သမိုင်းစံချိန် အသစ်တင်နိုင်ခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိ ပီအက်ဂျီတိုက်စစ်မှူး မက်ဆီဟာ ကူရာကာအိုကျွန်းနိုင်ငံနဲ့ ကစားတဲ့ပွဲအတွင်း ဟတ်ထရစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့အတွက် နိုင်ငံတကာသွင်းဂိုးပေါင်း ၁ဝ၂ ဂိုး သွင်းယူနိုင်သူဖြစ်လာခဲ့ကြောင်း သိရပါတယ်။

အာဂျင်တီးနားအသင်းဟာ အဆိုပါပွဲစဉ်အတွင်း ငါးဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး မက်ဆီ အပြင် အန်ဇိုဖာနန်ဒက်ဇ် နဲ့ နီကို ဂွန်ဇာလက်တို့က အာဂျင်တီးနားအသင်းအတွက် ဂိုးများ ထပ်မံသွင်းယူခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက်မှာ နိုင်ငံတကာသွင်းဂိုး အများဆုံးသွင်းယူနိုင်သူဖြစ် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒို နဲ့ အီရန်တိုက်စစ်မှူးဟောင်းအလီဒါယီ တို့က စံချိန်များ စိုက်ထူထားပါတယ်။ အီရန်တိုက်စစ်မှူး ဟောင်း အလီဒါယီက နိုင်ငံတကာသွင်းဂိုးပေါင်း ၁ဝ၉ ဂိုသွင်းယူထားပြီး ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက နိုင်ငံတကာဂိုးပေါင်း ၁၂၂ ဂိုး သွင်းယူထားနိုင်ကြောင်း သိရပါတယ်။

မက်ဆီဟာ ကစားသမားဘဝက အနားမယူခင် နိုင်ငံတကာပွဲစဉ်များမှာ ဂိုးများ ထပ်မံသွင်းယူနိုင်မယ်ဆိုပါက အီရန် တိုက်စစ်မှူးဟောင်း အလီဒါယီရဲ့ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ဖွယ်ရှိနေပြီး၊ နောက်ထပ် နိုင်ငံတကာ ၈ ဂိုး သွင်းယူနိုင်ပါက မက်ဆီရဲ့ နိုင်ငံတကာသွင်းဂိုးက ၁၁ဝ ဂိုး ရှိသွားမှာလည်း ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ချန်ပီယံဆု ရယူပြီး နောက် ကစားခဲ့တဲ့ခြေစမ်းပွဲ နှစ်ပွဲစလုံး အနိုင်ရထားပြီး ပြီးခဲ့တဲ့သီတင်းပတ်က ကစားတဲ့ပနားမား နဲ့ ခြေစမ်းပွဲကို ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

Zawgyi Version;
ႏိုင္ငံတကာသြင္းဂိုးေပါင္း ၁ဝဝ ေက်ာ္ သြင္းယူႏိုင္သူအျဖစ္ တိုက္စစ္မႉးမက္ဆီ သမိုင္းစံခ်ိန္တင္
ဂ်န္ဇက္ (NP News) - မတ္ ၂၉

ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားဆုကို ၇ ႀကိမ္တိုင္တိုင္ရရွိထားတဲ့ အာဂ်င္တီးနားတိုက္စစ္မႉးမက္ဆီ ဟာ ကူရာကာအိုကြၽန္းႏိုင္ငံနဲ႔ကစားတဲ့ ႏိုင္ငံတကာေျခစမ္းပြဲ ပထမပိုင္းမွာ သုံးဂိုး သြင္းယူႏိုင္ခဲ့ၿပီးေနာက္ အာဂ်င္တီးနား သမိုင္းတစ္ေလွ်ာက္ႏိုင္ငံတကာ ဂိုးအမ်ားဆုံး သြင္းယူႏိုင္သူျဖစ္ခဲ့သလို ကမာၻ႔ေဘာလုံးသမိုင္းတစ္ေလွ်ာက္မွာ လည္း ႏိုင္ငံတကာဂိုး အမ်ားဆုံးသြင္းယူႏိုင္သူအျဖစ္ တတိယေနရာမွာ ရပ္တည္ေနပါတယ္။

မက္ဆီဟာ အဆိုပါပြဲစဥ္အတြင္း ပထမပိုင္းမွာ ၃ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ႏိုင္ငံတကာဂိုးေပါင္း ၁ဝဝ ေက်ာ္ သြင္းယူႏိုင္သူ အျဖစ္ သမိုင္းစံခ်ိန္ အသစ္တင္ႏိုင္ခဲ့ပါတယ္။ အသက္ ၃၅ ႏွစ္အ႐ြယ္ရွိ ပီအက္ဂ်ီတိုက္စစ္မႉး မက္ဆီဟာ ကူရာကာအိုကြၽန္းႏိုင္ငံနဲ႔ ကစားတဲ့ပြဲအတြင္း ဟတ္ထရစ္ဂိုး သြင္းယူႏိုင္ခဲ့တဲ့အတြက္ ႏိုင္ငံတကာသြင္းဂိုးေပါင္း ၁ဝ၂ ဂိုး သြင္းယူႏိုင္သူျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။

အာဂ်င္တီးနားအသင္းဟာ အဆိုပါပြဲစဥ္အတြင္း ငါးဂိုးျပတ္နဲ႔အႏိုင္ရခဲ့ၿပီး မက္ဆီ အျပင္ အန္ဇိုဖာနန္ဒက္ဇ္ နဲ႔ နီကို ဂြန္ဇာလက္တို႔က အာဂ်င္တီးနားအသင္းအတြက္ ဂိုးမ်ား ထပ္မံသြင္းယူခဲ့ေၾကာင္း သိရပါတယ္။

ကမာၻ႔ေဘာလုံးသမိုင္းတစ္ေလွ်ာက္မွာ ႏိုင္ငံတကာသြင္းဂိုး အမ်ားဆုံးသြင္းယူႏိုင္သူျဖစ္ ေပၚတူဂီတိုက္စစ္မႉး စီေရာ္နယ္ဒို နဲ႔ အီရန္တိုက္စစ္မႉးေဟာင္းအလီဒါယီ တို႔က စံခ်ိန္မ်ား စိုက္ထူထားပါတယ္။ အီရန္တိုက္စစ္မႉး ေဟာင္း အလီဒါယီက ႏိုင္ငံတကာသြင္းဂိုးေပါင္း ၁ဝ၉ ဂိုသြင္းယူထားၿပီး ေပၚတူဂီတိုက္စစ္မႉး စီေရာ္နယ္ဒိုက ႏိုင္ငံတကာဂိုးေပါင္း ၁၂၂ ဂိုး သြင္းယူထားႏိုင္ေၾကာင္း သိရပါတယ္။

မက္ဆီဟာ ကစားသမားဘဝက အနားမယူခင္ ႏိုင္ငံတကာပြဲစဥ္မ်ားမွာ ဂိုးမ်ား ထပ္မံသြင္းယူႏိုင္မယ္ဆိုပါက အီရန္ တိုက္စစ္မႉးေဟာင္း အလီဒါယီရဲ႕ဂိုးသြင္းစံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ဖြယ္ရွိေနၿပီး၊ ေနာက္ထပ္ ႏိုင္ငံတကာ ၈ ဂိုး သြင္းယူႏိုင္ပါက မက္ဆီရဲ႕ ႏိုင္ငံတကာသြင္းဂိုးက ၁၁ဝ ဂိုး ရွိသြားမွာလည္း ျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက က်င္းပတဲ့ ကမာၻ႔ဖလားေဘာလုံးၿပိဳင္ပြဲမွာ ခ်န္ပီယံဆု ရယူၿပီး ေနာက္ ကစားခဲ့တဲ့ေျခစမ္းပြဲ ႏွစ္ပြဲစလုံး အႏိုင္ရထားၿပီး ၿပီးခဲ့တဲ့သီတင္းပတ္က ကစားတဲ့ပနားမား နဲ႔ ေျခစမ္းပြဲကို ၂ ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့ပါတယ္။

Related news

© 2021. All rights reserved.