ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်တွင် လေထုညစ်ညမ်းမှုမြင့်တက်နေခြင်းအပေါ် ဆောင်ရွက်မှုများပြုလုပ်ပေးရန် ဒေသခံများ တောင်းဆို

 453

Pika (NP News) - မတ် ၂၉

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် မယ်ဆိုင်ခရိုင်ရှိ ဒေသခံ(၂ဝဝ) ခန့်သည် မတ်လ(၂၇)ရက်တွင် ခရိုင်ရုံးမှာ စုဝေးခဲ့ကြပြီး လေထုညစ်ညမ်းမှုမြင့်တက်လာခြင်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ပေး ရန် တောင်းဆိုခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မယ်ဆိုင်ခရိုင်တွင် အဝါရောင်မီးခိုးမြူများဖြင့် ဖုံးလွှမ်းခဲ့ပြီးနောက် ယခုကဲ့သို့ တောင်းဆိုမှုများထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မယ်ဆိုင်ခရိုင်တွင် မတ်လ(၂၇)ရက်က လေထုအရည်အသွေးစစ်ဆေးရာတွင် PM2.5 ပါဝင်မှုနှုန်းသည် တစ်ကုဗမီတာလျှင် (၅၄၂) မီလီဂရမ် (μg/m3) အထိ မြင့်တက်လာပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိသော အခြေအနေများကို ရောက်ရှိနေခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း နှင့် မြန်မာနိုင်ငံနယ်စပ်တစ်လျှောက်တွင် တောမီးများ လောင်ကျွမ်းမှုကြောင့် ချင်းရိုင် ပြည်နယ်တွင် လေထုညစ်ညမ်းမှုများ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ပြစ်တင်ပြောဆိုမှုများလည်း ရှိနေသည်။ ချင်းရိုင်ပြည်နယ်တွင် မတ်လ(၂၈)ရက်အထိ PM2.5 ပါဝင်မှုနှုန်းသည် တစ်ကုဗမီတာလျှင် (၄ဝ၇) မီလီဂရမ် ရှိ ကြောင်း လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

လေထုညစ်ညမ်းမှုမြင့်တက်လာခြင်းနှင့်ပတ်သက်ပြီး အိမ်နီးချင်းများနိုင်ငံများနှင့် ဆွေးနွေးရန်၊ အာဆီယံ၏ အစည်းအဝေးတွင် လေထုညစ်ညမ်းမှုမြင့်တက်လာခြင်းကို ထည့်သွင်းဖြေရှင်းရန်အတွက် မယ်ဆိုင်ခရိုင်တာဝန်ခံ Narongpon Kidarn ကို ဒေသခံများက တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ဒေသခံများသည် ချင်းရိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တောမီးလောင်မှုများကိုငြိမ်းသတ်နေသည့် မီးသတ်သမားများအတွက် စက်ကိရိယာပစ္စည်းများနှင့် သောက်သုံးရေ လှူဒါန်းမှုများကိုလည်း လက်ခံခဲ့ကြ ကြောင်း သိရသည်။ ချင်းရိုင်ပြည်နယ်သည် နှစ်စဥ် လေထုညစ်ညမ်းမှုကို ပြင်းထန်စွာခံစားခဲ့ရကြောင်း ချင်းရိုင် ကုန်သည်ကြီးများအသင်း ဒုဥက္ကဋ္ဌ Sawetyont Srisamut က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ၎င်း၏ နယ်နိမိတ်အတွင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင်ဖြစ်ပွားနေသော မီးလောင်ကျွမ်းမှုများကို သိရှိနိုင်သည့် ဂြိုလ်တုနည်းပညာများလည်းရှိနေပြီဖြစ်ကြောင်း Sawetyont Srisamut က ပြောကြားခဲ့သည်။

Sawetyont Srisamut က "ဒါကြောင့် အစိုးရအနေနဲ့ ဒီကိစ္စကို အိမ်နီးချင်းနိုင်ငံတွေနဲ့ ညှိနှိုင်းသင့်ပါတယ်" ဟု ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံ၊ လာအို နှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့တွင် မီးလောင်ကျွမ်းမှုများဖြစ်ပွားနေသည်ကို ဂြိုလ်တုဓါတ်ပုံများက အတည်ပြုခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

Chiang Rai Chamber of Commerce ၏ အကြံပေးတစ်ဦးဖြစ်သူ Trasak Srithiphan က ယခုနှစ်တွင် ဖြစ်ပွားသော လေထုညစ်ညမ်းမှုသည် (၂ဝ၁၁) ခုနှစ်ကဖြစ်ပွားခဲ့သော အခြေအနေများထက် ပိုမိုဆိုးရွားကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အစိုးရနှင့်အာဏာပိုင်များသည် အဆိုပါပြဿနာကို မဖြေရှင်းပါက အခြေအနေများမှာ ပိုဆိုးလာနိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောဆိုခဲ့သည်။

၎င်းက "အစိုးရနဲ့ သက်ဆိုင်ရာအေဂျင်စီတွေက ဒီကိစ္စကို အာရုံစိုက်ဖို့မျှော်လင့်ပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
ထိုင္းႏိုင္ငံ ခ်င္း႐ိုင္ျပည္နယ္တြင္ ေလထုညစ္ညမ္းမႈျမင့္တက္ေနျခင္းအေပၚ ေဆာင္႐ြက္မႈမ်ားျပဳလုပ္ေပးရန္ ေဒသခံမ်ား ေတာင္းဆို
Pika (NP News) - မတ္ ၂၉

ထိုင္းႏိုင္ငံ ခ်င္း႐ိုင္ျပည္နယ္ မယ္ဆိုင္ခ႐ိုင္ရွိ ေဒသခံ(၂ဝဝ) ခန႔္သည္ မတ္လ(၂၇)ရက္တြင္ ခ႐ိုင္႐ုံးမွာ စုေဝးခဲ့ၾကၿပီး ေလထုညစ္ညမ္းမႈျမင့္တက္လာျခင္းကို ကိုင္တြယ္ေျဖရွင္းရန္အတြက္ အေရးယူေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္ေပး ရန္ ေတာင္းဆိုခဲ့ၾကသည္။

ျမန္မာႏိုင္ငံႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနေသာ မယ္ဆိုင္ခ႐ိုင္တြင္ အဝါေရာင္မီးခိုးျမဴမ်ားျဖင့္ ဖုံးလႊမ္းခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ေတာင္းဆိုမႈမ်ားထြက္ေပၚလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ မယ္ဆိုင္ခ႐ိုင္တြင္ မတ္လ(၂၇)ရက္က ေလထုအရည္အေသြးစစ္ေဆးရာတြင္ PM2.5 ပါဝင္မႈႏႈန္းသည္ တစ္ကုဗမီတာလွ်င္ (၅၄၂) မီလီဂရမ္ (μg/m3) အထိ ျမင့္တက္လာၿပီး က်န္းမာေရးအတြက္ အႏၲရာယ္ရွိေသာ အေျခအေနမ်ားကို ေရာက္ရွိေနခဲ့ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ ေျမာက္ပိုင္း ႏွင့္ ျမန္မာႏိုင္ငံနယ္စပ္တစ္ေလွ်ာက္တြင္ ေတာမီးမ်ား ေလာင္ကြၽမ္းမႈေၾကာင့္ ခ်င္း႐ိုင္ ျပည္နယ္တြင္ ေလထုညစ္ညမ္းမႈမ်ား ပိုမိုျမင့္တက္လာခဲ့ျခင္းျဖစ္ေၾကာင္း ျပစ္တင္ေျပာဆိုမႈမ်ားလည္း ရွိေနသည္။ ခ်င္း႐ိုင္ျပည္နယ္တြင္ မတ္လ(၂၈)ရက္အထိ PM2.5 ပါဝင္မႈႏႈန္းသည္ တစ္ကုဗမီတာလွ်င္ (၄ဝ၇) မီလီဂရမ္ ရွိ ေၾကာင္း ေလထုညစ္ညမ္းမႈထိန္းခ်ဳပ္ေရးဌာန ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ေလထုညစ္ညမ္းမႈျမင့္တက္လာျခင္းႏွင့္ပတ္သက္ၿပီး အိမ္နီးခ်င္းမ်ားႏိုင္ငံမ်ားႏွင့္ ေဆြးေႏြးရန္၊ အာဆီယံ၏ အစည္းအေဝးတြင္ ေလထုညစ္ညမ္းမႈျမင့္တက္လာျခင္းကို ထည့္သြင္းေျဖရွင္းရန္အတြက္ မယ္ဆိုင္ခ႐ိုင္တာဝန္ခံ Narongpon Kidarn ကို ေဒသခံမ်ားက ေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။

ထို႔အျပင္ ေဒသခံမ်ားသည္ ခ်င္း႐ိုင္ျပည္နယ္တြင္ ျဖစ္ပြားေနေသာ ေတာမီးေလာင္မႈမ်ားကိုၿငိမ္းသတ္ေနသည့္ မီးသတ္သမားမ်ားအတြက္ စက္ကိရိယာပစၥည္းမ်ားႏွင့္ ေသာက္သုံးေရ လႉဒါန္းမႈမ်ားကိုလည္း လက္ခံခဲ့ၾက ေၾကာင္း သိရသည္။ ခ်င္း႐ိုင္ျပည္နယ္သည္ ႏွစ္စဥ္ ေလထုညစ္ညမ္းမႈကို ျပင္းထန္စြာခံစားခဲ့ရေၾကာင္း ခ်င္း႐ိုင္ ကုန္သည္ႀကီးမ်ားအသင္း ဒုဥကၠ႒ Sawetyont Srisamut က ေျပာၾကားခဲ့သည္။

ထိုင္းႏိုင္ငံတြင္ ၎၏ နယ္နိမိတ္အတြင္းႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားတြင္ျဖစ္ပြားေနေသာ မီးေလာင္ကြၽမ္းမႈမ်ားကို သိရွိႏိုင္သည့္ ၿဂိဳလ္တုနည္းပညာမ်ားလည္းရွိေနၿပီျဖစ္ေၾကာင္း Sawetyont Srisamut က ေျပာၾကားခဲ့သည္။

Sawetyont Srisamut က "ဒါေၾကာင့္ အစိုးရအေနနဲ႔ ဒီကိစၥကို အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ညႇိႏႈိင္းသင့္ပါတယ္" ဟု ေျပာဆိုခဲ့သည္။ ျမန္မာႏိုင္ငံ၊ လာအို ႏွင့္ ထိုင္းႏိုင္ငံေျမာက္ပိုင္းတို႔တြင္ မီးေလာင္ကြၽမ္းမႈမ်ားျဖစ္ပြားေနသည္ကို ၿဂိဳလ္တုဓါတ္ပုံမ်ားက အတည္ျပဳခဲ့ေၾကာင္း ၎က ထပ္မံေျပာၾကားခဲ့သည္။

Chiang Rai Chamber of Commerce ၏ အႀကံေပးတစ္ဦးျဖစ္သူ Trasak Srithiphan က ယခုႏွစ္တြင္ ျဖစ္ပြားေသာ ေလထုညစ္ညမ္းမႈသည္ (၂ဝ၁၁) ခုႏွစ္ကျဖစ္ပြားခဲ့ေသာ အေျခအေနမ်ားထက္ ပိုမိုဆိုး႐ြားေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔အျပင္ အစိုးရႏွင့္အာဏာပိုင္မ်ားသည္ အဆိုပါျပႆနာကို မေျဖရွင္းပါက အေျခအေနမ်ားမွာ ပိုဆိုးလာႏိုင္ဖြယ္ရွိေၾကာင္း ၎က ေျပာဆိုခဲ့သည္။

၎က "အစိုးရနဲ႔ သက္ဆိုင္ရာေအဂ်င္စီေတြက ဒီကိစၥကို အာ႐ုံစိုက္ဖို႔ေမွ်ာ္လင့္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.