ဘင်္ဂလားဒေရှ့်အမျိုးသမီး ဘောလုံးအသင်းက အိုလံပစ်ခြေစစ်ပွဲမှ နုတ်ထွက်

 997

ဂျန်ဇက် (NP News) - မတ် ၃ဝ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် အာရှဇုန်ခြေစစ်ပွဲ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့ ဘင်္ဂလားဒေရှ့်အမျိုးသမီးဘောလုံးအသင်းဟာ ပြိုင်ပွဲကနေ နုတ်ထွက်လိုက်ပြီး ပါဝင်ယှဉ်ပြိုင်တော့မှာမဟုတ်ကြောင်းသိရပါတယ်။

ဘင်္ဂလားဒေရှ့် အမျိုးသမီးဘောလုံးအသင်းဟာ အိုလံပစ်ပြိုင်ပွဲအာရှဇုန်ခြေစစ်ပွဲ အုပ်စု(ခ) မှာပါဝင်နေပြီး မြန်မာ၊ အီရန်၊ မော်လဒိုက်အသင်းတို့နဲ့တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ ဘင်္ဂလားဒေ့ရှ့်အသင်းဟာ ပြိုင်ပွဲကိုယှဉ်ပြိုင်ဖို့ အစောပိုင်းကစီစဉ်ခဲ့ပေမယ့်လည်း ဘဏ္ဍာရေးပြဿနာများကြောင့် နုတ်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ဘင်္ဂလားဒေရှ့် ဘောလုံးအဖွဲ့ချုပ်အတွင်းရေးမှူး Abu Nayem Shohag က ဘင်္ဂလားဒေရှ့်အမျိုးသမီးဘောလုံးအသင်းဟာ မြန်မာနိုင်ငံမှာယှဉ်ပြိုင်ရမယ့် ခြေစစ်ပွဲကို ပါဝင်ယှဉ်ပြိုင်တော့မှာမဟုတ်ကြောင်း၊ အသင်းအတွက် အာမခံကြေး၊ သယ်ယူပို့ဆောင်ရေးစရိတ်၊ လေ ယာဉ်စရိတ် နဲ့ ဟိုတယ်ကိစ္စများအတွက် ငွေကြေးလိုအပ်ချက်များရှိနေခြင်းကြောင့် မပါဝင်နိုင်တော့ခြင်းဖြစ်ကြောင်း ဆိုပါတယ်။ ဘင်္ဂလားဒေရှ့်အမျိုးသမီးဟာ မြန်မာအမျိုးသမီးဘောလုံးအသင်းနဲ့ ယှဉ်ပြိုင်ခါနီး ရက်ပိုင်းအလိုမှာ အခုလိုမျိုး သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။ အဆိုပါအိုလံပစ်ခြေစစ်ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဧပြီလ ၅ ရက်ကနေ ၁၁ ရက်အထိ လက်ခံကျင်းပမှာဖြစ်ကြောင်းသိရပါတယ်။

zawgyi version
ဘဂၤလားေဒရွ႕္အမ်ိဳးသမီး ေဘာလုံးအသင္းက အိုလံပစ္ေျခစစ္ပြဲမွ ႏုတ္ထြက္
ဂ်န္ဇက္ (NP News) - မတ္ ၃ဝ

ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕မွာက်င္းပမယ့္ အိုလံပစ္ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ေအာင္ အာရွဇုန္ေျခစစ္ပြဲ ယွဥ္ၿပိဳင္ဖို႔ စီစဥ္ထားတဲ့ ဘဂၤလားေဒရွ႕္အမ်ိဳးသမီးေဘာလုံးအသင္းဟာ ၿပိဳင္ပြဲကေန ႏုတ္ထြက္လိုက္ၿပီး ပါဝင္ယွဥ္ၿပိဳင္ေတာ့မွာမဟုတ္ေၾကာင္းသိရပါတယ္။

ဘဂၤလားေဒရွ႕္ အမ်ိဳးသမီးေဘာလုံးအသင္းဟာ အိုလံပစ္ၿပိဳင္ပြဲအာရွဇုန္ေျခစစ္ပြဲ အုပ္စု(ခ) မွာပါဝင္ေနၿပီး ျမန္မာ၊ အီရန္၊ ေမာ္လဒိုက္အသင္းတို႔နဲ႔တစ္အုပ္စုတည္း က်ေရာက္ေနပါတယ္။ ဘဂၤလားေဒ့ရွ႕္အသင္းဟာ ၿပိဳင္ပြဲကိုယွဥ္ၿပိဳင္ဖို႔ အေစာပိုင္းကစီစဥ္ခဲ့ေပမယ့္လည္း ဘ႑ာေရးျပႆနာမ်ားေၾကာင့္ ႏုတ္ထြက္သြားခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

ဘဂၤလားေဒရွ႕္ ေဘာလုံးအဖြဲ႕ခ်ဳပ္အတြင္းေရးမႉး Abu Nayem Shohag က ဘဂၤလားေဒရွ႕္အမ်ိဳးသမီးေဘာလုံးအသင္းဟာ ျမန္မာႏိုင္ငံမွာယွဥ္ၿပိဳင္ရမယ့္ ေျခစစ္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ေတာ့မွာမဟုတ္ေၾကာင္း၊ အသင္းအတြက္ အာမခံေၾကး၊ သယ္ယူပို႔ေဆာင္ေရးစရိတ္၊ ေလ ယာဥ္စရိတ္ နဲ႔ ဟိုတယ္ကိစၥမ်ားအတြက္ ေငြေၾကးလိုအပ္ခ်က္မ်ားရွိေနျခင္းေၾကာင့္ မပါဝင္ႏိုင္ေတာ့ျခင္းျဖစ္ေၾကာင္း ဆိုပါတယ္။ ဘဂၤလားေဒရွ႕္အမ်ိဳးသမီးဟာ ျမန္မာအမ်ိဳးသမီးေဘာလုံးအသင္းနဲ႔ ယွဥ္ၿပိဳင္ခါနီး ရက္ပိုင္းအလိုမွာ အခုလိုမ်ိဳး သတင္းထုတ္ျပန္လိုက္ျခင္းျဖစ္ပါတယ္။ အဆိုပါအိုလံပစ္ေျခစစ္ပြဲစဥ္မ်ားကို ျမန္မာႏိုင္ငံက အိမ္ရွင္အျဖစ္ ဧၿပီလ ၅ ရက္ကေန ၁၁ ရက္အထိ လက္ခံက်င္းပမွာျဖစ္ေၾကာင္းသိရပါတယ္။

Picture

L Mone

30/03/2023 12:11

ဟာစီနာ အကွက်တွေက ပွေးကွက်တွေလား

Related news

© 2021. All rights reserved.