ချစ်သူဟောင်းရဲ့မင်္ဂလာဆောင်အခမ်းအနားကို ဗုံးပါတဲ့လက်ဖွဲ့ ပေးပို့ပြီး တိုက်ခိုက်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ပြော

 580

ချစ်သူဟောင်းရဲ့မင်္ဂလာဆောင်အခမ်းအနားကို ဗုံးပါတဲ့လက်ဖွဲ့ ပေးပို့ပြီး တိုက်ခိုက်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ပြော
ဂျန်ဇက် (NP News) - ဧပြီ ၅

အိန္ဒိယနိုင်ငံမှာကျင်းပတဲ့ မင်္ဂလာဆောင်အခမ်းအနားတစ်ခုအတွင်း သတို့သားနဲ့ သတို့သားရဲ့ညီဖြစ်သူတို့ သေဆုံးစေခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး၊ ကျူးလွန်သူကို ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ က ပြောပါတယ်။

သတို့သားနဲ့ သတို့သားရဲ့ညီဖြစ်သူတို့ဟာ မင်္ဂလာဆောင်လက်ဖွဲ့ပစ္စည်းများကို ဖွင့်ဖောက်ချိန်အတွင်း ဗုံးကွဲမှု ကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ဗုံးပါတဲ့လက်ဖွဲ့ကို သတို့သမီးရဲ့ချစ်သူဟောင်းက ပေးပို့ခဲ့ခြင်းဖြစ်ပြီး ၎င်းဟာ သူ့ရဲ့ချစ်သူ နောက်ယောင်္ကျားတစ်ဦးနဲ့လက်ထပ်ခဲ့ခြင်းအပေါ် စိတ်ဆိုးဒေါသဖြစ်ကာ ဗုံးပါတဲ့လက်ဖွဲ့ပေးပို့ပြီး တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ ဗုံးပါတဲ့လက်ဖွဲ့ပေးပို့ခဲ့တဲ့ Madhya Pradesh ပြည်နယ်မှာ နေထိုင်သူ ဆာဂျူ မက်ကန်ဆိုသူကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ၁၈ လအရွယ်ကလေး အပါအဝင် အခြား ၄ ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း၊ မင်္ဂလာဆောင်ဗုံးပေါက်ကွဲမှုဟာ Chhattisgarh ပြည်နယ် Kabirdham ဒေသရှိ မင်္ဂလာဆောင် အခမ်းအနားတစ်ခုမှာ ဧပြီ ၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယသတင်းဌာန က ဆိုပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ မာကန်ဟာ အသက် ၂၉ နှစ်အရွယ်ရှိ ဇနီးရှိနေပြီး ၎င်းနဲ့လက်ထပ်မယ်ဆိုရင် မယားငယ်ဖြစ်မှာ စိုးရိမ်တဲ့အတွက် သတို့သမီးရဲ့မိသားစုဝင်များဟာ သမီးဖြစ်သူကို မက်ကန်နဲ့ လက်ထပ်မှာကို ငြင်းဆန်ပြီး အခြားသူတစ်ဦးနဲ့ မဂ်လာဆောင်စေခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ပေါက်ကွဲမှုအားဟာ ပြင်းထန်လွန်းပြီး နံရံတွေ နဲ့ အိမ်ခန်းအမိုးတွေ ပြိုကျခဲ့ရကြောင်း အိန္ဒိယရဲတပ်ဖွဲ့ က ပြောပါတယ်။

Zawgyi Version;
ခ်စ္သူေဟာင္းရဲ႕မဂၤလာေဆာင္အခမ္းအနားကို ဗုံးပါတဲ့လက္ဖြဲ႕ ေပးပို႔ၿပီး တိုက္ခိုက္ခဲ့သူကို ဖမ္းဆီးရမိခဲ့ေၾကာင္း အိႏၵိယရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၅

အိႏၵိယႏိုင္ငံမွာက်င္းပတဲ့ မဂၤလာေဆာင္အခမ္းအနားတစ္ခုအတြင္း သတို႔သားနဲ႔ သတို႔သားရဲ႕ညီျဖစ္သူတို႔ ေသဆုံးေစခဲ့တဲ့ ဗုံးခြဲတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး၊ က်ဴးလြန္သူကို ဖမ္းဆီးရမိခဲ့ေၾကာင္း အိႏၵိယရဲတပ္ဖြဲ႕ က ေျပာပါတယ္။

သတို႔သားနဲ႔ သတို႔သားရဲ႕ညီျဖစ္သူတို႔ဟာ မဂၤလာေဆာင္လက္ဖြဲ႕ပစၥည္းမ်ားကို ဖြင့္ေဖာက္ခ်ိန္အတြင္း ဗုံးကြဲမႈ ေၾကာင့္ ပြဲခ်င္းၿပီး ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

အဆိုပါ ဗုံးပါတဲ့လက္ဖြဲ႕ကို သတို႔သမီးရဲ႕ခ်စ္သူေဟာင္းက ေပးပို႔ခဲ့ျခင္းျဖစ္ၿပီး ၎ဟာ သူ႔ရဲ႕ခ်စ္သူ ေနာက္ေယာက်ၤားတစ္ဦးနဲ႔လက္ထပ္ခဲ့ျခင္းအေပၚ စိတ္ဆိုးေဒါသျဖစ္ကာ ဗုံးပါတဲ့လက္ဖြဲ႕ေပးပို႔ၿပီး တိုက္ခိုက္ခဲ့ ျခင္းျဖစ္ေၾကာင္း အိႏၵိယရဲတပ္ဖြဲ႕က ေျပာပါတယ္။

ရဲတပ္ဖြဲ႕အေနနဲ႔ ဗုံးပါတဲ့လက္ဖြဲ႕ေပးပို႔ခဲ့တဲ့ Madhya Pradesh ျပည္နယ္မွာ ေနထိုင္သူ ဆာဂ်ဴ မက္ကန္ဆိုသူကို ဖမ္းဆီးခဲ့ေၾကာင္း သိရပါတယ္။ ဗုံးေပါက္ကြဲမႈေၾကာင့္ ၁၈ လအ႐ြယ္ကေလး အပါအဝင္ အျခား ၄ ဦး ဒဏ္ရာရ ရွိခဲ့ေၾကာင္း၊ မဂၤလာေဆာင္ဗုံးေပါက္ကြဲမႈဟာ Chhattisgarh ျပည္နယ္ Kabirdham ေဒသရွိ မဂၤလာေဆာင္ အခမ္းအနားတစ္ခုမွာ ဧၿပီ ၃ ရက္က ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အိႏၵိယသတင္းဌာန က ဆိုပါတယ္။

အသက္ ၃၃ ႏွစ္အ႐ြယ္ရွိ မာကန္ဟာ အသက္ ၂၉ ႏွစ္အ႐ြယ္ရွိ ဇနီးရွိေနၿပီး ၎နဲ႔လက္ထပ္မယ္ဆိုရင္ မယားငယ္ျဖစ္မွာ စိုးရိမ္တဲ့အတြက္ သတို႔သမီးရဲ႕မိသားစုဝင္မ်ားဟာ သမီးျဖစ္သူကို မက္ကန္နဲ႔ လက္ထပ္မွာကို ျငင္းဆန္ၿပီး အျခားသူတစ္ဦးနဲ႔ မဂ္လာေဆာင္ေစခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ေပါက္ကြဲမႈအားဟာ ျပင္းထန္လြန္းၿပီး နံရံေတြ နဲ႔ အိမ္ခန္းအမိုးေတြ ၿပိဳက်ခဲ့ရေၾကာင္း အိႏၵိယရဲတပ္ဖြဲ႕ က ေျပာပါတယ္။

Related news

© 2021. All rights reserved.