အမေရိကန်ဆီမှ တရုတ်ဆီသို့ရွေ့လာသော အရှေ့အလယ်ပိုင်းဒေသ (ဘာသာပြန်ဆောင်းပါး)

 852

ရဲထွန်း (သီပေါ) (NP News) - ဧပြီ ၈

အမေရိကန်ပြည်ထောင်စုအနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် တဖြည်းဖြည်းသြဇာကျဆင်းလာ နေသည့် အချိန်တွင် တရုတ်ပြည်က အီရန်နှင့် ဆော်ဒီအာရေဗျတို့အကြား ကြားဝင်စေ့စပ်ပေးခြင်းဖြင့် ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ပေးကာ အရှေ့အလယ်ပိုင်းတွင် သြဇာလွှမ်းမိုးရေး မဟာဗျူဟာ စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိသည်။

တရုတ်အနေဖြင့် နောက်ရာစုနှစ်အတွင်း ၎င်း၏စွမ်းအင်လုံခြုံရေးအတွက် ရေနံနှင့် သဘာဝဓါတ်ငွေ့ အမြောက်အများထွက်ရှိသော အရှေ့အလယ်ပိုင်းဒေသကိုအချက်အခြာအာရုံစိုက်ရမည့် နေရာ အဖြစ်ရှုမြင်သည်။ ယခုအခါ အရှေ့အလယ်ပိုင်းဒေသနှင့် တရုတ်တို့၏ ကုန်သွယ်ရေးသည် အကြီးအကျယ် တိုးတက်များပြားလာခဲ့ကာ အမေရိကန်တို့ကို ကျော်တက်သွားခဲ့ပါပြီ။ တရုတ်သည် အရှေ့အလယ်ပိုင်းဒေသ၏ အကြီးဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်လာသလို အရှေ့အလယ်ပိုင်းနိုင်ငံများ သည် တရုတ်၏ခါးပတ်လမ်းစီမံကိန်း BRI ၏အဖွဲ့ဝင်နိုင်ငံများဖြစ်လာလေသည်။ လွန်ခဲ့သည့် ၂ဝ၂၂ ခုနှစ်က BRI စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှု ၅၇ ရာခိုင်နှုန်းသည် အရှေ့အလယ်ပိုင်းဒေသသို့ ဝင်ရောက်ခြင်း ဖြစ်ပြီး ဆော်ဒီအာရေးဗျနိုင်ငံက အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ ဘီလျံဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှုကို အများဆုံးရရှိခဲ့သည်။ ထို့ပြင် တရုတ်သည် အရှေ့အလယ်ပိုင်းမှ ထွက်ရှိသောစွမ်းအင် ၄ဝ ရာခိုင်နှုန်းကို ဝယ်ယူသည့် အကြီးဆုံးဖောက်သည်နိုင်ငံဖြစ်လာသည်။

အနောက်တိုင်းမီဒီယာများက အရှေ့အလယ်ပိုင်းရှိတရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကိုလိုနီလက်သစ် လက်ဝါးကြီး အုပ်မှု သို့မဟုတ် ကြွေးမြီထောင်ချောက် အဖြစ်ပုံဖော်ပြောဆိုလေ့ရှိကြပြီး၊ ဒေသခံ ပြည်သူများ၏ အနာဂါတ်ဘဝအတွက် စဉ်းစားမှုမရှိဘဲ သဘာဝသယံဇာတများကို ခမ်းခြောက်အောင် ထုတ်ယူသုံးစွဲသွားကြလိမ့်မည်ဟု ရေးကြသည်။ ထိုသို့စွပ်စွဲရေးသားကြသည့်အတိုင်း မှန်-မမှန်ကို လေ့လာကြည့်ကြပါစို့။

ကြွေးမြီထောင်ခြောက်လော၊ Win-Win ဆက်ဆံရေးလော
အရှေ့အလယ်ပိုင်းနိုင်ငံများသည် သဘာဝသယံဇာတ ရေနံနှင့် ဓာတ်ငွေ့ ပေါများစွာထွက်ရှိ သော်လည်း ဆယ်စုနှစ်ပေါင်းများစွာရင်ဆိုင်နေခဲ့ရသောပြဿနာမှာ စစ်ပွဲများကြောင့်ဆင်းရဲမွဲတေကာ မဖွံ့ဖြိုးမတိုးတက်နိုင်ခြင်းဖြစ်ပါသည်။ ထိုအခြေအနေမှ စက်မှုဖွံ့ဖြိုးတိုးတက်ပြီး၊ စီးပွားရေးအရဖွံ့ဖြိုး တိုးတက်သော၊ ဥရောပ အာရှနှင့် အာဖရိကကိုချိတ်ဆက်ထားသည့် ကုန်သွယ်ရေးနှင့် နည်းပညာအချက်အခြာ ဒေသတစ်ခု ဖြစ်လာရန် ရည်မှန်းချက်ဖြင့် ဒေသတွင်းနိုင်ငံအတော်များများက အမျိုးသားစီမံကိန်းကြီးများကို ကြေငြာထားကြပါသည်။ ဥပမာအားဖြင့် ‌ဆော်ဒီအာရေဗျ၊ ကာတာ၊ ယူအေအီး၊ အီရတ်၊ အီဂျစ်နှင့် ကူဝိတ် စသည့် နိုင်ငံအားလုံးသည် ၎င်းတို့၏ Vision 2030 ဆိုသည့် ကိုယ်ပိုင်ရည်မှန်းချက်အသီးသီးကိုကြေငြာထားကြရာ၊ စိတ်ဝင်စားစရာ ကောင်းသည့် ဘုံတူညီကြသည့် ရည်မှန်းချက်မှာ ရေနံတင်ပို့သည့်အပေါ်မှီခိုနေရမှု လျှော့ချပြီး အခြားဝင်ငွေ ရင်းမြစ်များကို ရှာဖွေရေးဖြစ်သည်။
အီရတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ရေနံနှင့် သဘာဝဓာတ်ငွေ့လောင်စာ စွမ်းအင်ထုတ်လုပ် ရောင်းချခြင်းမှ ဂျီဒီပီ၏တစ်ဝက်နီးပါးရရှိပြီး ချမ်းသာလာသည်မှန်သော်လည်း၊ ဤသည်က အသွားနှစ်ဖက်ရှိသော ဓားကဲ့သို့ အန္တရာယ်များသည့်အခြား တဖက်လည်းရှိနေပြန်ပါသည်။

ရေနံလောင်စာစွမ်းအင်အပေါ် မှီခိုအားထားလွန်းသဖြင့်၊ အပြောင်းအလဲမြန်သော ကမ္ဘာ့ရေနံ လောင်စာစျေးနှုန်းအတက်အကျကို အမြဲစိုးရိမ်ပူပန်နေရပေသည်။ သဘာဝကပေးသော ကြွယ်ဝချမ်း သာမှုများလေလေ၊ တခြားဝင်ငွေ ရင်းမြစ်များကို မရှာဖွေဘဲ ရောင့်ရဲနေလေလေ ဖြစ်ကာ အဆိုပါ သဘာဝသယံဇာတများ ကုန်ဆုံးသွားပါက မျှော်လင့်မထားသော အခက်အခဲများ ကြုံတွေ့ရလိမ့်မည် ဆိုသော အန္တရာယ်ဖြစ်ပါသည်။

ရေနံတစ်ခုတည်းအပေါ် မှီခိုအားထားမှု လျှော့ချရေး
ယခုအခါ အရှေ့အလယ်ပိုင်းဒေသ၏ အကြီးဆုံးဖောက်သည်ဖြစ်သည့် တရုတ်နိုင်ငံက ၎င်းတို့ကို ရေနံ အပေါ် မှီခိုအားထားရမှု နည်းပါးသွားအောင်ကူညီလျက်ရှိသည်ဟုပြောလျှင် အံ့သြစရာဖြစ်ကောင်းဖြစ် နိုင်ပါသည်။

အရှေ့အလယ်ပိုင်း၏ စီးပွားရေးအရ အကြီးဆုံးနိုင်ငံလည်းဖြစ်၊ ကမ္ဘာ့အကြီးဆုံးရေနံထုတ်လုပ် ရောင်းချသူလည်းဖြစ်သော ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံထုတ်ကုန် လေးပုံတစ်ပုံမှာ တရုတ်က ဝယ်ယူ ခြင်းဖြစ်လေရာ ဆော်ဒီ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်လာပါသည်။ သို့‌သော်လည်း ၎င်းတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးမှာ အနောက်တိုင်းက အစဉ်အလာအရ လက်ခံထားသော ရေနံအရောင်း အဝယ်အပေါ်မှာသာ တည်နေသည် မဟုတ်ပါ။

လွန်ခဲ့သည့် ဒီဇင်ဘာလက တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဆော်ဒီမင်းသား ဝန်ကြီးချုပ် မိုဟမ်မက် ဘင်ဆယ်မန်ထံသို့ သွားရောက်လည်ပတ်ပြီး ထိပ်သီးအဆင့် မဟာဗျူဟာ မိတ်ဖက်ဖြစ်မှုကို ထူထောင်ခဲ့သည်။ ဤသည်မှာ ဆော်ဒီအာရေဗျ၏ ကိုယ်ပိုင် Vision 2030 နှင့် တရုတ်၏ BRI စီမံကိန်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ဤပူးပေါင်းဆောင်ရွက်မှုအတွင်း သန့်ရှင်းသောစွမ်းအင်သုံးအိမ်ယာ၊ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ 5G ဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍပေါင်းစုံ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းပေါင်း ၃၄ ခုပါဝင်သည်။ ဆော်ဒီအာရေဗျ အနေဖြင့် တရုတ်ကို ၎င်း၏ ဖွံ့ဖြိုးတိုးတက်ရေး အင်ဂျင်အဖြစ်မှတ်ယူပြီး အဆိုပါစီမံကိန်းများထဲတွင် အမေရိကန်‌‌ ဒေါ်လာ (၁ဝ) ဘီလျံဖိုး ရင်းနှီးမြှုပ်နှံမှုပြုမည်ဖြစ်ရာ ဆော်ဒီ၏ Vision 2030 သည် ဒေသတွင်းနိုင်ငံ များ၏ ရည်မှန်းချက်များတွင် အကြီးမားဆုံးဖြစ်ပေသည်။ ရည်ရွယ်ချက်မှာ ၎င်း၏ စီးပွား‌ရေးကို ရေနံစွမ်းအင်လောင်စာထုတ်လုပ်ရောင်းချသည့် အခွန်ငွေအပေါ်မှီခိုနေရာမှ အခြားစီးပွားရေးရင်း မြစ်များအပေါ်လည်း ဖြန့်ခွဲထားရှိရန်ဖြစ်သည်။

ဆော်ဒီအာရေဗျ၏ စီမံကိန်းများတွင် အနာဂါတ် စမတ်မီဂါစီးတီးဟုခေါ်ဆိုနိုင်သည့် (Neom) နီယွန် မြို့တော်တည်ဆောက်မှုဖြစ်သည်။ အဆိုပါမြို့တော်သည် နယူးယောက်မြို့ထက် ၃၃ ဆပိုကြီးကာ နေရောင်ခြည်နှင့် လေအားတို့ကဲ့သို့ ပြန်လည်ဖြည့်တင်းနိုင်သည့် စွမ်းအင်ကို အသုံးပြုမည်ဖြစ်သည်။ ဆော်ဒီအာရေဗျအနေဖြင့် နီယွန်မီဂါစီးတီးကို စီးပွားရေးဇုန်သစ်အဖြစ်ပြောင်းလဲမည်ဖြစ်ပြီး တရုတ်၏ ရှန်းဇန့်စီးပွားရေးဇုန်၏ အောင်မြင်မှုများကို အားကျအတုယူမည်ဖြစ်သည်။ ရှန်းဇန့် အထူးစီးပွားရေးဇုန် သည် အနီးရှိ ဟောင်ကောင်နှင့် ကွမ်ကျိုးမြို့တို့၏ ဂျီဒီပီကို ကျော်တက်သွားခဲ့သည့် အောင်မြင်မှုမျိုးရရှိခဲ့သည်။

အဆိုပါစီးပွားရေးဇုန်တွင်ပါဝင်မည် “လိုင်း” (The Line) ဆိုသည့်စီမံကိန်းသည် အရှည် ၁၇ဝ ကီလိုမီ တာ၊ အမြင့် ၅ဝဝ မီတာ၊ အကျယ် ၂ဝဝ မီတာရှိသည့်၊ လူဦး‌ရေ တစ်သန်းနေထိုင်နိုင်မည့် ရှည်လျားသည့် တဆက်တည်းသော အဆောက်အဦးစီမံကိန်းတစ်ခုဖြစ်သည်။

ဤအ‌ဆောက်အဦးမှာ အလွန်ကြီးမား သည့်အတွက် အာကာသထဲမှပင် ထင်ရှားစွာတွေ့မြင်ရပေမည်။ အဆိုပါစီမံကိန်းမှ အလုပ်အကိုင်သစ် ၄ဝဝဝဝဝ ဖန်တီးပေးမည်ဖြစ်ပြီး နိုင်ငံ့ဂျီဒီပီကို အမေရိကန် ၄၈ ဘီလျံတိုးလာစေလိမ့်မည်ဟု ခန့်မှန်းထား ကြသည်။

အမေရိကန်က တိုက်ခိုက်၊ တရုတ်က တည်ဆောက်သည့် အီရတ်
ဆော်ဒီအာရေဗျကဲ့သို့ပင် ကမ္ဘာ့အကြီးဆုံးရေနံထုတ်လုပ်သူများထဲက တစ်ဦးဖြစ်သည့် အီရတ်နိုင်ငံမှာ စစ်ပွဲများနှင့် အကျင့်ပျက်ချစားမှုများကြောင့် အခြေခံအဆောက်အအုံများ ခေတ်မမီခြင်း၊ မပြည့်စုံခြင်းတို့ ဖြင့် များစွာခေတ်နောက်ကျခဲ့လေသည်။ ထို့ကြောင့် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်‌ရန်နှင့် စီးပွား‌ရေးတွင် ရေနံတစ်ခုတည်း အပေါ်မှီခိုအားထားနေရမှုလျှော့ချရန် ရည်မှန်းချက်ဖြင့် ၂ဝ၁၉ ခုနှစ်တွင် BRI စီမံကိန်းနှင့် ပူးပေါင်းလာခဲ့သည်။ သို့ဖြင့် မြို့တော် ဘဂ္ဂဒတ်တွင် လူနေအဆောက်အဦး ၉ဝဝဝဝ၊ ဆေးရုံဆေးပေးခန်း ၁ဝဝဝ၊ မိလ္လာ အညစ်အကြေး သန့်စင်မှုလုပ်ငန်း အဆင့်မြှင့်တင်ခြင်း စသည်တို့ တည်ဆောက်ပေးရန် တရုတ်နှင့် သဘောတူစာချုပ်ချုပ်ဆိုထားကြသည်။ ထို့ပြင် တရုတ်နိုင်ငံ ဆောက်လုပ်ရေးအင်ဂျင်နီယာကော်ပိုရေးရှင်းနှင့် ဒေါ်လာသန်း ၃၇ဝ တန် “နာစရိုင်” နိုင်ငံတကာ လေဆိပ်အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ဆောင်ရွက်ရန် လက်မှတ်ထိုးခဲ့သည်။
ဤစီမံကိန်းတွင် လေဆိပ် ခန်းမဆောင်သစ်တစ်ခု၊ လေကြောင်းလိုင်း ထိန်းချုပ်ရေး အဆောက်အဦးတစ်လုံး၊ လေဆိပ်ကုန် တင်ကုန်ချ အဆောက်အဦးတစ်လုံးနှင့် ၂၅ ကီလိုမီတာရှည်သော အမြန်လမ်း တစ်ခုတို့ပါဝင်သည်။ ထို့ပြင် ပါဝါချိုင်းနားကုမ္ပဏီက မီဂါဝပ် ၂ဝဝဝ ထုတ်လုပ်နိုင်သော နေရောင်ခြည်သုံး လျှပ်စစ်ဓါတ်အား ပေးစက်တစ်လုံးကိုလည်း တည်ဆောက်မည်ဖြစ်သည်။ ဖွံ့ဖြိုးရေးစီမံကိန်းများမှာ ဤမျှသာ မကသေးဘဲ၊ တရုတ်ကုမ္ပဏီများနှင့် အီရတ်တို့သည် နိုင်ငံတဝှမ်းတွင် စာသင်ကျောင်းပေါင်း ၈ဝဝဝ ဆောက်လုပ်ရန် ၂ဝ၂၁ ခုနှစ်တွင် ထပ်မံစာချုပ်ချုပ်ဆိုခဲ့ကြပြန်သည်။ ဤသည်မှာ ရှိသမျှစာသင်ကျောင်း အားလုံးတွင် တစ်ဝက်မျှပျက်စီးနေသော၊ အီရတ်နိုင်ငံ၏ ၃ ဒသမ ၂ သန်းမျှသော ကျောင်းနေအရွယ်လူငယ်များ အတွက် အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းခြင်းဖြစ်ပေသည်။

ကမ္ဘာပေါ်တွင် 5G အစောဆုံးသုံးသည့် ကာတာ
ကာတာနိုင်ငံ၏ Vision 2030 တွင်လည်း တရုတ်ကုမ္ပဏီများသည် ပူးပေါင်းပါဝင်ကာ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလုပ်ကိုင်ဆောင်ရွက်လျက်ရှိပေသည်။ ကာတာနိုင်ငံသည် တရုတ်အတွက် ဒုတိယအကြီးဆုံး LNG သဘာဝဓါတ်ငွေ့အရည်တင်ပို့ရာရင်းမြစ်တစ်ခုဖြစ်ပေသည်။ ကာတာသည် BRI စီမံကိန်းကို စတင်အကောင်အထည်ဖော်သည့် နောက်တစ်နှစ်တွင်ပါဝင်လာသည့်နိုင်ငံဖြစ်ပြီး တရုတ်ဦး‌ ဆောင်သည့် အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံရေးဘဏ် Asia infrastructure Investment Bank ကိုစတင်တည်ထောင်သည့်နိုင်ငံများမှ အဖွဲ့ဝင် တစ်နိုင်ငံလည်းဖြစ်သည်။ ယခုအခါ နိုင်ငံ၏ အဓိက ပင်လယ်သင်္ဘောဆိပ်ကမ်းဖြစ်သော ဟမန်းဆိပ်ကမ်းတည်ဆောက်ရေးတွင် တရုတ်ဆိပ်ကမ်း အင်ဂျင်နီယာကုမ္ပဏီကအဓိကအခန်းမှ ပါဝင်ခဲ့သည်။ ဤဆိပ်ကမ်းသည် အရှေ့အလယ်ပိုင်းတွင် အကြီးဆုံး ဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကာတာနှင့် တစ်ကမ္ဘာလုံးကို ကုန်သွယ်ရာတွင် တွန်းအားဖြစ်စေသည့် ကာတာနိုင်ငံ၏ vision 2030 တွင် ပါဝင်သော အဓိကစီမံကိန်းကြီး တစ်ခုလည်းဖြစ်ပါသည်။

တရုတ်အနေဖြင့် ကာတာ၏ ကြီးမားသည့် ရေလှောင်ကန် ငါးခု စီမံကိန်းတွင်လည်း လုပ်ကိုင်ဆောင်ရွက်နေသည်။ အဆိုပါစီမံကိန်းက တစ်နိုင်ငံလုံး အရေးပေါ်ရေလိုအပ်ချက်ရှိလာပါက ၇ ရက်ကြာထောက်ပံ့ပေးနိုင် စွမ်းရှိပါသည်။ ထို့ပြင် တရုတ်ဟွာဝေကုမ္ပဏီ၏ နည်းပညာကျေးဇူးဖြင့် ကာတာသည် ၂ဝ၁၈ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံးသော 5G နက်ဝပ်ကို ပိုင်ဆိုင်အသုံးပြုသည့်နိုင်ငံဖြစ်ခဲ့ ပါသည်။ ယခုအခါ တစ်နိုင်ငံလုံး၏ လူဦးရေ ၉ဝ ရာခိုင်နှုန်းကို 5G Network လွှမ်းခြုံထားနိုင်ပြီး ရှေ့တန်းရောက် ဤဆက်သွယ်ရေးနည်းပညာက ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ မနှစ်က အောင်မြင်စွာ ကျင်းပခဲ့ရာတွင် အရေးကြီးသည့်အခန်းမှ ပါဝင်ခဲ့ပါသည်။

အာဖရိက၏ အမြင့်ဆုံး မိုးမြင့်တာဝါ တည်ဆောက်မည့် အီဂျစ်
အီဂျစ်နိုင်ငံတွင်လည်း တရုတ်နိုင်ငံဆောက်လုပ်ရေးအင်ဂျင်နီယာကော်ပိုရေးရှင်းက အီဂျစ်၏ အုပ်ချုပ်ရေး မြို့တော်သစ်တွင် ဗဟိုစီးပွားရေးခရိုင်တစ်ခုလုံး ဆောက်လုပ်ရန် ကန်ထရိုက်ရရှိခဲ့သည်။ အဆိုပါ စီမံကိန်းတွင် မိုးမျှော်အဆောက်အအုံပေါင်း ၃ဝ မျှပါဝင်မည်ဖြစ်ပြီး အာဖရိကတိုက်တွင် အကြီးဆုံးဖြစ်လာမည့် မျှော်စဉ်တာဝါကြီးတစ်ခုလည်း အပါအဝင်ဖြစ်သည်။ ဤစီမံကိန်းက အလုပ်အကိုင် သိန်းပေါင်းများစွာကို ဖန်တီးပေးလိမ့်မည်ဟု တွက်ဆနေကြပါသည်။

အီဂျစ်နိုင်ငံသည် တရုတ်၏ BRI စီမံကိန်းတွင် ပါဝင်ခဲ့သည့် ကမ္ဘာ့ပထမဦးဆုံး နိုင်ငံဟုဆိုနိုင်ပါသည်။ ၂ဝ၁၁ ခုနှစ်က အာရပ်နွေဦးဆန္ဒပြပွဲများကြောင့် ဖြစ်ပေါ်လာသော မငြိမ်မသက်များနောက်တွင် ဘဏ္ဍာရေးအရ အီဂျစ်ကို အထောက်အပံ့ပေးခဲ့သောနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်။

သဲကန္တာရထဲက မြေအောက်ရထားလမ်းနှင့် အမြန်ရထားလမ်း
အရှေ့အလယ်ပိုင်းဒေသရှိပြည်သူလူထုအများအပေါ်သက်ရောက်မှုဖြစ်စေခဲ့သည့် တရုတ်အကူအညီ များထဲမှ နောက်ဆုံးဖော်ပြလိုသည့် တစ်ခုမှာ၊ တစ်ကမ္ဘာလုံးရှိ မွတ်ဆလင်သန်းပေါင်းများစွာတို့ နှစ်စဉ် ဘုရားဖူးဝတ်ပြုဆုတောင်းရာ မက္ကာမြို့တော်တွင် မြေအောက်မီးရထားလမ်းလမ်းကို ၂ဝ၁ဝ ခုနှစ်တွင် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ဤရထားလမ်းက ဘုရားဖူးများကြိတ်ကြိတ်တိုးနေသည့် ဟာဂျ်ကာလ တွင် လမ်းပိတ်ဆို့မှုဆိုးဝါးစွာဖြစ်ပေါ်ခြင်းကို လျော့ပါးသက်သာစေလေသည်။ ဤရထားလမ်းက ဟာ့ဂျ်ပွဲ တော်တွင်း သွားရောက်ရာနေရာ အဓိက နေရာ(၃)ခုကိုချိတ်ဆက်ပေးထားသဖြင့် နှစ်စဉ်လာ ရောက်လေ့ ရှိသည့် ဝတ်ပြုဆုတောင်းသူ မွတ်ဆလင် သန်းပေါင်းများစွာကို မြင့်မြတ်သောနေရာများသို့ ပွဲတော်ငါးရက်အတွင်း သွားရောက်ရန် အဆင်ပြေပြေသယ်ယူ ပို့ဆောင်ပေးနိုင်လေသည်။ အမှန်အားဖြင့် ဤမြေအောက်မီးရထားလမ်းမှာ ၂ဝ၁၈ ခုနှစ်က တည်ဆောက်ပြီးသွားသည့် ကီလိုမီတာ ၄၅ဝ ရှည်သော မက္ကာနှင့် မက်ဒီနာအမြန်ရထားလမ်းစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပေသည်။ ဤရထားလမ်းက တနှစ်လျှင် ခရီးသည် သန်း (၆ဝ) ကိုသယ်ယူပို့ဆောင်ပေးနိုင်ပါသည်။ မူလကဤခရီးကို ဘတ်စ် ကားဖြင့် (၆) နာရီကြာသွားခဲ့ရာမှ ယခုအခါ အမြန်ရထားဖြင့် (၂) နာရီအောက်သာကြာလေသည်။

အချုပ်အားဖြင့်ပြောရလျှင် တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေ သော ဖွံ့ဖြိုး‌ရေးလုပ်ငန်းများမှာ ဒေသခံပြည်သူ သန်းပေါင်းများစွာအ‌ပေါ် ကောင်းကျိုးသက်ရောက်မှုရှိ ကြသောကြောင့် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကိုလက်ခံ၍ ပူးပေါင်းဆောင်ရွက်ရန်နှင့် နည်းပညာများ ရယူရန် စိတ်အား ထက်သန်နေကြပေသည်။
ယခုအခါ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသည် အမေရိကန်နှင့် ချိတ်ဖြုတ်ကာ တရုတ်နှင့် လက်တွဲ လျက်ရှိကြပါပြီ။ ဤသို့ဖြစ်ရသည့်အကြောင်းမှာ ရိုးစင်းလှပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ အမေရိကန် ၏ ဆိုးရွားလှသော ထိတွေ့ဆက်ဆံရေးများကြောင့်ဖြစ်ပါသည်။ အမေရိကန်တို့၏ ဒီမိုကရေစီစနစ် ကျင့်သုံးရေး ကြိုတင်တောင်းဆိုချက်မရလျှင် ရင်းနှီးမြှုပ်နှံမှုမလုပ်ဘဲ ပဋိပက္ခများကို မီးထိုးပေးမှုကြောင့် ဖြစ်ပါသည်။

အီရတ်နှင့် အာဖဂန်နစ္စတန်တို့ကို အမေရိကန်က ကျူးကျော် တိုက်ခိုက်သည့်စစ်ပွဲများနှင့် အခြားအဖျက် အမှောက်ပဋိပက္ခ ဖန်တီးမှုများကြောင့် အရှေ့အလယ်ပိုင်းဒေသ၏ အများပိုင်းမှာ မတည်မငြိမ်ဖြစ်ခဲ့ကြောင်း သက်ဆိုင်ရာနိုင်ငံများက သဘောပေါက်လာကြပြီဖြစ်သည်။

ဖျူး သုတေသနစင်တာနှင့် ပရင့်စတန်တက္ကသိုလ်မှ အာရပ်ဘာရိုမီတာတို့၏ သုတေသနရလဒ်များ၊ နိုင်ငံရေး သမားအများစုနှင့် အရှေ့အလယ်ပိုင်းမှ လူအများစု၏အမြင်ကလည်း၊ တရုတ်၏ထိတွေ့ ဆက်ဆံရေးမှာ အပြုသဘောဆောင်ပြီး အမေရိကန်နှင့် အနောက်အုပ်စုတို့၏ ဆက်ဆံရေးများနှင့်လုံးဝ မတူခြားနားသည်ဟု ဆိုပါသည်။
ယခုအခါ အမေရိကန်တို့၏ ဝင်ရောက်စွက်ဖက်ဆရာကြီးလုပ်ပေါ်လစီနှင့် တရုတ်တို့၏ ဝင်ရောက်မစွက်ဖက်ရေး၊ စေ့စပ်ဖြန်ဖြေရေးနှင့် နှစ်ဦးနှစ်ဘက် အကျိုးရှိသည့် Win- Win ဆက်ဆံရေး ပေါ်လစီတို့ကို နှိုင်းယှဉ် စဉ်းစားကာ မိမိတို့လျှောက်ရမည့်လမ်းကို ရွေးချယ်လာကြပြီ ဖြစ်ပါသည်။

ကိုးကား- China is Doing Something CRAZY to Muslims in the Middle East by Cyrus Janssen

zawgyi version
အေမရိကန္ဆီမွ တ႐ုတ္ဆီသို႔ေ႐ြ႕လာေသာ အေရွ႕အလယ္ပိုင္းေဒသ (ဘာသာျပန္ေဆာင္းပါး)
ရဲထြန္း (သီေပါ) (NP News) - ဧၿပီ ၈

အေမရိကန္ျပည္ေထာင္စုအေနျဖင့္ အေရွ႕အလယ္ပိုင္းေဒသတြင္ တျဖည္းျဖည္းၾသဇာက်ဆင္းလာ ေနသည့္ အခ်ိန္တြင္ တ႐ုတ္ျပည္က အီရန္ႏွင့္ ေဆာ္ဒီအာေရဗ်တို႔အၾကား ၾကားဝင္ေစ့စပ္ေပးျခင္းျဖင့္ ၿငိမ္းခ်မ္းေရးရေအာင္ေဆာင္႐ြက္ေပးကာ အေရွ႕အလယ္ပိုင္းတြင္ ၾသဇာလႊမ္းမိုးေရး မဟာဗ်ဴဟာ စီမံကိန္းကို အေကာင္အထည္ေဖာ္လ်က္ရွိသည္။

တ႐ုတ္အေနျဖင့္ ေနာက္ရာစုႏွစ္အတြင္း ၎၏စြမ္းအင္လုံၿခဳံေရးအတြက္ ေရနံႏွင့္ သဘာဝဓါတ္ေငြ႕ အေျမာက္အမ်ားထြက္ရွိေသာ အေရွ႕အလယ္ပိုင္းေဒသကိုအခ်က္အျခာအာ႐ုံစိုက္ရမည့္ ေနရာ အျဖစ္ရႈျမင္သည္။ ယခုအခါ အေရွ႕အလယ္ပိုင္းေဒသႏွင့္ တ႐ုတ္တို႔၏ ကုန္သြယ္ေရးသည္ အႀကီးအက်ယ္ တိုးတက္မ်ားျပားလာခဲ့ကာ အေမရိကန္တို႔ကို ေက်ာ္တက္သြားခဲ့ပါၿပီ။ တ႐ုတ္သည္ အေရွ႕အလယ္ပိုင္းေဒသ၏ အႀကီးဆုံးႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူျဖစ္လာသလို အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ား သည္ တ႐ုတ္၏ခါးပတ္လမ္းစီမံကိန္း BRI ၏အဖြဲ႕ဝင္ႏိုင္ငံမ်ားျဖစ္လာေလသည္။ လြန္ခဲ့သည့္ ၂ဝ၂၂ ခုႏွစ္က BRI စီမံကိန္း၏ ရင္းႏွီးျမႇဳပ္ႏွံမႈ ၅၇ ရာခိုင္ႏႈန္းသည္ အေရွ႕အလယ္ပိုင္းေဒသသို႔ ဝင္ေရာက္ျခင္း ျဖစ္ၿပီး ေဆာ္ဒီအာေရးဗ်ႏိုင္ငံက အေမရိကန္ေဒၚလာ ၅ ဒသမ ၅ ဘီလ်ံျဖင့္ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈကို အမ်ားဆုံးရရွိခဲ့သည္။ ထို႔ျပင္ တ႐ုတ္သည္ အေရွ႕အလယ္ပိုင္းမွ ထြက္ရွိေသာစြမ္းအင္ ၄ဝ ရာခိုင္ႏႈန္းကို ဝယ္ယူသည့္ အႀကီးဆုံးေဖာက္သည္ႏိုင္ငံျဖစ္လာသည္။

အေနာက္တိုင္းမီဒီယာမ်ားက အေရွ႕အလယ္ပိုင္းရွိတ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ကိုလိုနီလက္သစ္ လက္ဝါးႀကီး အုပ္မႈ သို႔မဟုတ္ ေႂကြးၿမီေထာင္ေခ်ာက္ အျဖစ္ပုံေဖာ္ေျပာဆိုေလ့ရွိၾကၿပီး၊ ေဒသခံ ျပည္သူမ်ား၏ အနာဂါတ္ဘဝအတြက္ စဥ္းစားမႈမရွိဘဲ သဘာဝသယံဇာတမ်ားကို ခမ္းေျခာက္ေအာင္ ထုတ္ယူသုံးစြဲသြားၾကလိမ့္မည္ဟု ေရးၾကသည္။ ထိုသို႔စြပ္စြဲေရးသားၾကသည့္အတိုင္း မွန္-မမွန္ကို ေလ့လာၾကည့္ၾကပါစို႔။

ေႂကြးၿမီေထာင္ေျခာက္ေလာ၊ Win-Win ဆက္ဆံေရးေလာ
အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ားသည္ သဘာဝသယံဇာတ ေရနံႏွင့္ ဓာတ္ေငြ႕ ေပါမ်ားစြာထြက္ရွိ ေသာ္လည္း ဆယ္စုႏွစ္ေပါင္းမ်ားစြာရင္ဆိုင္ေနခဲ့ရေသာျပႆနာမွာ စစ္ပြဲမ်ားေၾကာင့္ဆင္းရဲမြဲေတကာ မဖြံ႕ၿဖိဳးမတိုးတက္ႏိုင္ျခင္းျဖစ္ပါသည္။ ထိုအေျခအေနမွ စက္မႈဖြံ႕ၿဖိဳးတိုးတက္ၿပီး၊ စီးပြားေရးအရဖြံ႕ၿဖိဳး တိုးတက္ေသာ၊ ဥေရာပ အာရွႏွင့္ အာဖရိကကိုခ်ိတ္ဆက္ထားသည့္ ကုန္သြယ္ေရးႏွင့္ နည္းပညာအခ်က္အျခာ ေဒသတစ္ခု ျဖစ္လာရန္ ရည္မွန္းခ်က္ျဖင့္ ေဒသတြင္းႏိုင္ငံအေတာ္မ်ားမ်ားက အမ်ိဳးသားစီမံကိန္းႀကီးမ်ားကို ေၾကျငာထားၾကပါသည္။ ဥပမာအားျဖင့္ ‌ေဆာ္ဒီအာေရဗ်၊ ကာတာ၊ ယူေအအီး၊ အီရတ္၊ အီဂ်စ္ႏွင့္ ကူဝိတ္ စသည့္ ႏိုင္ငံအားလုံးသည္ ၎တို႔၏ Vision 2030 ဆိုသည့္ ကိုယ္ပိုင္ရည္မွန္းခ်က္အသီးသီးကိုေၾကျငာထားၾကရာ၊ စိတ္ဝင္စားစရာ ေကာင္းသည့္ ဘုံတူညီၾကသည့္ ရည္မွန္းခ်က္မွာ ေရနံတင္ပို႔သည့္အေပၚမွီခိုေနရမႈ ေလွ်ာ့ခ်ၿပီး အျခားဝင္ေငြ ရင္းျမစ္မ်ားကို ရွာေဖြေရးျဖစ္သည္။
အီရတ္ႏွင့္ ေဆာ္ဒီအာေရဗ်ႏိုင္ငံတို႔သည္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ေလာင္စာ စြမ္းအင္ထုတ္လုပ္ ေရာင္းခ်ျခင္းမွ ဂ်ီဒီပီ၏တစ္ဝက္နီးပါးရရွိၿပီး ခ်မ္းသာလာသည္မွန္ေသာ္လည္း၊ ဤသည္က အသြားႏွစ္ဖက္ရွိေသာ ဓားကဲ့သို႔ အႏၲရာယ္မ်ားသည့္အျခား တဖက္လည္းရွိေနျပန္ပါသည္။

ေရနံေလာင္စာစြမ္းအင္အေပၚ မွီခိုအားထားလြန္းသျဖင့္၊ အေျပာင္းအလဲျမန္ေသာ ကမာၻ႔ေရနံ ေလာင္စာေစ်းႏႈန္းအတက္အက်ကို အၿမဲစိုးရိမ္ပူပန္ေနရေပသည္။ သဘာဝကေပးေသာ ႂကြယ္ဝခ်မ္း သာမႈမ်ားေလေလ၊ တျခားဝင္ေငြ ရင္းျမစ္မ်ားကို မရွာေဖြဘဲ ေရာင့္ရဲေနေလေလ ျဖစ္ကာ အဆိုပါ သဘာဝသယံဇာတမ်ား ကုန္ဆုံးသြားပါက ေမွ်ာ္လင့္မထားေသာ အခက္အခဲမ်ား ႀကဳံေတြ႕ရလိမ့္မည္ ဆိုေသာ အႏၲရာယ္ျဖစ္ပါသည္။

ေရနံတစ္ခုတည္းအေပၚ မွီခိုအားထားမႈ ေလွ်ာ့ခ်ေရး
ယခုအခါ အေရွ႕အလယ္ပိုင္းေဒသ၏ အႀကီးဆုံးေဖာက္သည္ျဖစ္သည့္ တ႐ုတ္ႏိုင္ငံက ၎တို႔ကို ေရနံ အေပၚ မွီခိုအားထားရမႈ နည္းပါးသြားေအာင္ကူညီလ်က္ရွိသည္ဟုေျပာလွ်င္ အံ့ၾသစရာျဖစ္ေကာင္းျဖစ္ ႏိုင္ပါသည္။

အေရွ႕အလယ္ပိုင္း၏ စီးပြားေရးအရ အႀကီးဆုံးႏိုင္ငံလည္းျဖစ္၊ ကမာၻ႔အႀကီးဆုံးေရနံထုတ္လုပ္ ေရာင္းခ်သူလည္းျဖစ္ေသာ ေဆာ္ဒီအာေရဗ်ႏိုင္ငံ၏ ေရနံထုတ္ကုန္ ေလးပုံတစ္ပုံမွာ တ႐ုတ္က ဝယ္ယူ ျခင္းျဖစ္ေလရာ ေဆာ္ဒီ၏ အႀကီးဆုံးကုန္သြယ္ဖက္ႏိုင္ငံတစ္ႏိုင္ငံျဖစ္လာပါသည္။ သို႔‌ေသာ္လည္း ၎တို႔ႏွစ္ႏိုင္ငံ၏ ဆက္ဆံေရးမွာ အေနာက္တိုင္းက အစဥ္အလာအရ လက္ခံထားေသာ ေရနံအေရာင္း အဝယ္အေပၚမွာသာ တည္ေနသည္ မဟုတ္ပါ။

လြန္ခဲ့သည့္ ဒီဇင္ဘာလက တ႐ုတ္သမၼတ ရွီက်င့္ဖ်င္သည္ ေဆာ္ဒီမင္းသား ဝန္ႀကီးခ်ဳပ္ မိုဟမ္မက္ ဘင္ဆယ္မန္ထံသို႔ သြားေရာက္လည္ပတ္ၿပီး ထိပ္သီးအဆင့္ မဟာဗ်ဴဟာ မိတ္ဖက္ျဖစ္မႈကို ထူေထာင္ခဲ့သည္။ ဤသည္မွာ ေဆာ္ဒီအာေရဗ်၏ ကိုယ္ပိုင္ Vision 2030 ႏွင့္ တ႐ုတ္၏ BRI စီမံကိန္းတို႔ ပူးေပါင္းေဆာင္႐ြက္ျခင္းျဖစ္သည္။ ဤပူးေပါင္းေဆာင္႐ြက္မႈအတြင္း သန႔္ရွင္းေသာစြမ္းအင္သုံးအိမ္ယာ၊ သယ္ယူပို႔ေဆာင္ေရး အေျခခံအေဆာက္အအုံတည္ေဆာက္ေရး၊ 5G ဆက္သြယ္ေရးဖြံ႕ၿဖိဳးတိုးတက္ေရး စသည့္ က႑ေပါင္းစုံ ရင္းႏွီးျမႇဳပ္ႏွံမႈ စီမံကိန္းေပါင္း ၃၄ ခုပါဝင္သည္။ ေဆာ္ဒီအာေရဗ် အေနျဖင့္ တ႐ုတ္ကို ၎၏ ဖြံ႕ၿဖိဳးတိုးတက္ေရး အင္ဂ်င္အျဖစ္မွတ္ယူၿပီး အဆိုပါစီမံကိန္းမ်ားထဲတြင္ အေမရိကန္‌‌ ေဒၚလာ (၁ဝ) ဘီလ်ံဖိုး ရင္းႏွီးျမႇဳပ္ႏွံမႈျပဳမည္ျဖစ္ရာ ေဆာ္ဒီ၏ Vision 2030 သည္ ေဒသတြင္းႏိုင္ငံ မ်ား၏ ရည္မွန္းခ်က္မ်ားတြင္ အႀကီးမားဆုံးျဖစ္ေပသည္။ ရည္႐ြယ္ခ်က္မွာ ၎၏ စီးပြား‌ေရးကို ေရနံစြမ္းအင္ေလာင္စာထုတ္လုပ္ေရာင္းခ်သည့္ အခြန္ေငြအေပၚမွီခိုေနရာမွ အျခားစီးပြားေရးရင္း ျမစ္မ်ားအေပၚလည္း ျဖန႔္ခြဲထားရွိရန္ျဖစ္သည္။

ေဆာ္ဒီအာေရဗ်၏ စီမံကိန္းမ်ားတြင္ အနာဂါတ္ စမတ္မီဂါစီးတီးဟုေခၚဆိုႏိုင္သည့္ (Neom) နီယြန္ ၿမိဳ႕ေတာ္တည္ေဆာက္မႈျဖစ္သည္။ အဆိုပါၿမိဳ႕ေတာ္သည္ နယူးေယာက္ၿမိဳ႕ထက္ ၃၃ ဆပိုႀကီးကာ ေနေရာင္ျခည္ႏွင့္ ေလအားတို႔ကဲ့သို႔ ျပန္လည္ျဖည့္တင္းႏိုင္သည့္ စြမ္းအင္ကို အသုံးျပဳမည္ျဖစ္သည္။ ေဆာ္ဒီအာေရဗ်အေနျဖင့္ နီယြန္မီဂါစီးတီးကို စီးပြားေရးဇုန္သစ္အျဖစ္ေျပာင္းလဲမည္ျဖစ္ၿပီး တ႐ုတ္၏ ရွန္းဇန႔္စီးပြားေရးဇုန္၏ ေအာင္ျမင္မႈမ်ားကို အားက်အတုယူမည္ျဖစ္သည္။ ရွန္းဇန႔္ အထူးစီးပြားေရးဇုန္ သည္ အနီးရွိ ေဟာင္ေကာင္ႏွင့္ ကြမ္က်ိဳးၿမိဳ႕တို႔၏ ဂ်ီဒီပီကို ေက်ာ္တက္သြားခဲ့သည့္ ေအာင္ျမင္မႈမ်ိဳးရရွိခဲ့သည္။

အဆိုပါစီးပြားေရးဇုန္တြင္ပါဝင္မည္ “လိုင္း” (The Line) ဆိုသည့္စီမံကိန္းသည္ အရွည္ ၁၇ဝ ကီလိုမီ တာ၊ အျမင့္ ၅ဝဝ မီတာ၊ အက်ယ္ ၂ဝဝ မီတာရွိသည့္၊ လူဦး‌ေရ တစ္သန္းေနထိုင္ႏိုင္မည့္ ရွည္လ်ားသည့္ တဆက္တည္းေသာ အေဆာက္အဦးစီမံကိန္းတစ္ခုျဖစ္သည္။

ဤအ‌ေဆာက္အဦးမွာ အလြန္ႀကီးမား သည့္အတြက္ အာကာသထဲမွပင္ ထင္ရွားစြာေတြ႕ျမင္ရေပမည္။ အဆိုပါစီမံကိန္းမွ အလုပ္အကိုင္သစ္ ၄ဝဝဝဝဝ ဖန္တီးေပးမည္ျဖစ္ၿပီး ႏိုင္ငံ့ဂ်ီဒီပီကို အေမရိကန္ ၄၈ ဘီလ်ံတိုးလာေစလိမ့္မည္ဟု ခန႔္မွန္းထား ၾကသည္။

အေမရိကန္က တိုက္ခိုက္၊ တ႐ုတ္က တည္ေဆာက္သည့္ အီရတ္
ေဆာ္ဒီအာေရဗ်ကဲ့သို႔ပင္ ကမာၻ႔အႀကီးဆုံးေရနံထုတ္လုပ္သူမ်ားထဲက တစ္ဦးျဖစ္သည့္ အီရတ္ႏိုင္ငံမွာ စစ္ပြဲမ်ားႏွင့္ အက်င့္ပ်က္ခ်စားမႈမ်ားေၾကာင့္ အေျခခံအေဆာက္အအုံမ်ား ေခတ္မမီျခင္း၊ မျပည့္စုံျခင္းတို႔ ျဖင့္ မ်ားစြာေခတ္ေနာက္က်ခဲ့ေလသည္။ ထို႔ေၾကာင့္ အေျခခံအေဆာက္အအုံမ်ား အဆင့္ျမႇင့္တင္‌ရန္ႏွင့္ စီးပြား‌ေရးတြင္ ေရနံတစ္ခုတည္း အေပၚမွီခိုအားထားေနရမႈေလွ်ာ့ခ်ရန္ ရည္မွန္းခ်က္ျဖင့္ ၂ဝ၁၉ ခုႏွစ္တြင္ BRI စီမံကိန္းႏွင့္ ပူးေပါင္းလာခဲ့သည္။ သို႔ျဖင့္ ၿမိဳ႕ေတာ္ ဘဂၢဒတ္တြင္ လူေနအေဆာက္အဦး ၉ဝဝဝဝ၊ ေဆး႐ုံေဆးေပးခန္း ၁ဝဝဝ၊ မိလႅာ အညစ္အေၾကး သန႔္စင္မႈလုပ္ငန္း အဆင့္ျမႇင့္တင္ျခင္း စသည္တို႔ တည္ေဆာက္ေပးရန္ တ႐ုတ္ႏွင့္ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုထားၾကသည္။ ထို႔ျပင္ တ႐ုတ္ႏိုင္ငံ ေဆာက္လုပ္ေရးအင္ဂ်င္နီယာေကာ္ပိုေရးရွင္းႏွင့္ ေဒၚလာသန္း ၃၇ဝ တန္ “နာစ႐ိုင္” ႏိုင္ငံတကာ ေလဆိပ္အဆင့္ျမႇင့္တင္ျခင္းစီမံကိန္းကို ေဆာင္႐ြက္ရန္ လက္မွတ္ထိုးခဲ့သည္။
ဤစီမံကိန္းတြင္ ေလဆိပ္ ခန္းမေဆာင္သစ္တစ္ခု၊ ေလေၾကာင္းလိုင္း ထိန္းခ်ဳပ္ေရး အေဆာက္အဦးတစ္လုံး၊ ေလဆိပ္ကုန္ တင္ကုန္ခ် အေဆာက္အဦးတစ္လုံးႏွင့္ ၂၅ ကီလိုမီတာရွည္ေသာ အျမန္လမ္း တစ္ခုတို႔ပါဝင္သည္။ ထို႔ျပင္ ပါဝါခ်ိဳင္းနားကုမၸဏီက မီဂါဝပ္ ၂ဝဝဝ ထုတ္လုပ္ႏိုင္ေသာ ေနေရာင္ျခည္သုံး လွ်ပ္စစ္ဓါတ္အား ေပးစက္တစ္လုံးကိုလည္း တည္ေဆာက္မည္ျဖစ္သည္။ ဖြံ႕ၿဖိဳးေရးစီမံကိန္းမ်ားမွာ ဤမွ်သာ မကေသးဘဲ၊ တ႐ုတ္ကုမၸဏီမ်ားႏွင့္ အီရတ္တို႔သည္ ႏိုင္ငံတဝွမ္းတြင္ စာသင္ေက်ာင္းေပါင္း ၈ဝဝဝ ေဆာက္လုပ္ရန္ ၂ဝ၂၁ ခုႏွစ္တြင္ ထပ္မံစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၾကျပန္သည္။ ဤသည္မွာ ရွိသမွ်စာသင္ေက်ာင္း အားလုံးတြင္ တစ္ဝက္မွ်ပ်က္စီးေနေသာ၊ အီရတ္ႏိုင္ငံ၏ ၃ ဒသမ ၂ သန္းမွ်ေသာ ေက်ာင္းေနအ႐ြယ္လူငယ္မ်ား အတြက္ အေျခခံလိုအပ္ခ်က္ကို ျဖည့္ဆည္းျခင္းျဖစ္ေပသည္။

ကမာၻေပၚတြင္ 5G အေစာဆုံးသုံးသည့္ ကာတာ
ကာတာႏိုင္ငံ၏ Vision 2030 တြင္လည္း တ႐ုတ္ကုမၸဏီမ်ားသည္ ပူးေပါင္းပါဝင္ကာ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကိုလုပ္ကိုင္ေဆာင္႐ြက္လ်က္ရွိေပသည္။ ကာတာႏိုင္ငံသည္ တ႐ုတ္အတြက္ ဒုတိယအႀကီးဆုံး LNG သဘာဝဓါတ္ေငြ႕အရည္တင္ပို႔ရာရင္းျမစ္တစ္ခုျဖစ္ေပသည္။ ကာတာသည္ BRI စီမံကိန္းကို စတင္အေကာင္အထည္ေဖာ္သည့္ ေနာက္တစ္ႏွစ္တြင္ပါဝင္လာသည့္ႏိုင္ငံျဖစ္ၿပီး တ႐ုတ္ဦး‌ ေဆာင္သည့္ အာရွအေျခခံအေဆာက္အအုံရင္းႏွီးျမႇဳပ္ႏွံေရးဘဏ္ Asia infrastructure Investment Bank ကိုစတင္တည္ေထာင္သည့္ႏိုင္ငံမ်ားမွ အဖြဲ႕ဝင္ တစ္ႏိုင္ငံလည္းျဖစ္သည္။ ယခုအခါ ႏိုင္ငံ၏ အဓိက ပင္လယ္သေဘၤာဆိပ္ကမ္းျဖစ္ေသာ ဟမန္းဆိပ္ကမ္းတည္ေဆာက္ေရးတြင္ တ႐ုတ္ဆိပ္ကမ္း အင္ဂ်င္နီယာကုမၸဏီကအဓိကအခန္းမွ ပါဝင္ခဲ့သည္။ ဤဆိပ္ကမ္းသည္ အေရွ႕အလယ္ပိုင္းတြင္ အႀကီးဆုံး ဆိပ္ကမ္းတစ္ခုျဖစ္ၿပီး ကာတာႏွင့္ တစ္ကမာၻလုံးကို ကုန္သြယ္ရာတြင္ တြန္းအားျဖစ္ေစသည့္ ကာတာႏိုင္ငံ၏ vision 2030 တြင္ ပါဝင္ေသာ အဓိကစီမံကိန္းႀကီး တစ္ခုလည္းျဖစ္ပါသည္။

တ႐ုတ္အေနျဖင့္ ကာတာ၏ ႀကီးမားသည့္ ေရေလွာင္ကန္ ငါးခု စီမံကိန္းတြင္လည္း လုပ္ကိုင္ေဆာင္႐ြက္ေနသည္။ အဆိုပါစီမံကိန္းက တစ္ႏိုင္ငံလုံး အေရးေပၚေရလိုအပ္ခ်က္ရွိလာပါက ၇ ရက္ၾကာေထာက္ပံ့ေပးႏိုင္ စြမ္းရွိပါသည္။ ထို႔ျပင္ တ႐ုတ္ဟြာေဝကုမၸဏီ၏ နည္းပညာေက်းဇူးျဖင့္ ကာတာသည္ ၂ဝ၁၈ ခုႏွစ္တြင္ ကမာၻ႔ပထမဆုံးေသာ 5G နက္ဝပ္ကို ပိုင္ဆိုင္အသုံးျပဳသည့္ႏိုင္ငံျဖစ္ခဲ့ ပါသည္။ ယခုအခါ တစ္ႏိုင္ငံလုံး၏ လူဦးေရ ၉ဝ ရာခိုင္ႏႈန္းကို 5G Network လႊမ္းၿခဳံထားႏိုင္ၿပီး ေရွ႕တန္းေရာက္ ဤဆက္သြယ္ေရးနည္းပညာက ကမာၻ႔ဖလား ေဘာလုံးၿပိဳင္ပြဲ မႏွစ္က ေအာင္ျမင္စြာ က်င္းပခဲ့ရာတြင္ အေရးႀကီးသည့္အခန္းမွ ပါဝင္ခဲ့ပါသည္။

အာဖရိက၏ အျမင့္ဆုံး မိုးျမင့္တာဝါ တည္ေဆာက္မည့္ အီဂ်စ္
အီဂ်စ္ႏိုင္ငံတြင္လည္း တ႐ုတ္ႏိုင္ငံေဆာက္လုပ္ေရးအင္ဂ်င္နီယာေကာ္ပိုေရးရွင္းက အီဂ်စ္၏ အုပ္ခ်ဳပ္ေရး ၿမိဳ႕ေတာ္သစ္တြင္ ဗဟိုစီးပြားေရးခ႐ိုင္တစ္ခုလုံး ေဆာက္လုပ္ရန္ ကန္ထ႐ိုက္ရရွိခဲ့သည္။ အဆိုပါ စီမံကိန္းတြင္ မိုးေမွ်ာ္အေဆာက္အအုံေပါင္း ၃ဝ မွ်ပါဝင္မည္ျဖစ္ၿပီး အာဖရိကတိုက္တြင္ အႀကီးဆုံးျဖစ္လာမည့္ ေမွ်ာ္စဥ္တာဝါႀကီးတစ္ခုလည္း အပါအဝင္ျဖစ္သည္။ ဤစီမံကိန္းက အလုပ္အကိုင္ သိန္းေပါင္းမ်ားစြာကို ဖန္တီးေပးလိမ့္မည္ဟု တြက္ဆေနၾကပါသည္။

အီဂ်စ္ႏိုင္ငံသည္ တ႐ုတ္၏ BRI စီမံကိန္းတြင္ ပါဝင္ခဲ့သည့္ ကမာၻ႔ပထမဦးဆုံး ႏိုင္ငံဟုဆိုႏိုင္ပါသည္။ ၂ဝ၁၁ ခုႏွစ္က အာရပ္ေႏြဦးဆႏၵျပပြဲမ်ားေၾကာင့္ ျဖစ္ေပၚလာေသာ မၿငိမ္မသက္မ်ားေနာက္တြင္ ဘ႑ာေရးအရ အီဂ်စ္ကို အေထာက္အပံ့ေပးခဲ့ေသာႏိုင္ငံမွာ တ႐ုတ္ႏိုင္ငံျဖစ္သည္။

သဲကႏၲာရထဲက ေျမေအာက္ရထားလမ္းႏွင့္ အျမန္ရထားလမ္း
အေရွ႕အလယ္ပိုင္းေဒသရွိျပည္သူလူထုအမ်ားအေပၚသက္ေရာက္မႈျဖစ္ေစခဲ့သည့္ တ႐ုတ္အကူအညီ မ်ားထဲမွ ေနာက္ဆုံးေဖာ္ျပလိုသည့္ တစ္ခုမွာ၊ တစ္ကမာၻလုံးရွိ မြတ္ဆလင္သန္းေပါင္းမ်ားစြာတို႔ ႏွစ္စဥ္ ဘုရားဖူးဝတ္ျပဳဆုေတာင္းရာ မကၠာၿမိဳ႕ေတာ္တြင္ ေျမေအာက္မီးရထားလမ္းလမ္းကို ၂ဝ၁ဝ ခုႏွစ္တြင္ ေဆာက္လုပ္ေပးခဲ့ျခင္းျဖစ္သည္။ ဤရထားလမ္းက ဘုရားဖူးမ်ားႀကိတ္ႀကိတ္တိုးေနသည့္ ဟာဂ်္ကာလ တြင္ လမ္းပိတ္ဆို႔မႈဆိုးဝါးစြာျဖစ္ေပၚျခင္းကို ေလ်ာ့ပါးသက္သာေစေလသည္။ ဤရထားလမ္းက ဟာ့ဂ်္ပြဲ ေတာ္တြင္း သြားေရာက္ရာေနရာ အဓိက ေနရာ(၃)ခုကိုခ်ိတ္ဆက္ေပးထားသျဖင့္ ႏွစ္စဥ္လာ ေရာက္ေလ့ ရွိသည့္ ဝတ္ျပဳဆုေတာင္းသူ မြတ္ဆလင္ သန္းေပါင္းမ်ားစြာကို ျမင့္ျမတ္ေသာေနရာမ်ားသို႔ ပြဲေတာ္ငါးရက္အတြင္း သြားေရာက္ရန္ အဆင္ေျပေျပသယ္ယူ ပို႔ေဆာင္ေပးႏိုင္ေလသည္။ အမွန္အားျဖင့္ ဤေျမေအာက္မီးရထားလမ္းမွာ ၂ဝ၁၈ ခုႏွစ္က တည္ေဆာက္ၿပီးသြားသည့္ ကီလိုမီတာ ၄၅ဝ ရွည္ေသာ မကၠာႏွင့္ မက္ဒီနာအျမန္ရထားလမ္းစီမံကိန္း၏ အစိတ္အပိုင္းတစ္ခုသာျဖစ္ေပသည္။ ဤရထားလမ္းက တႏွစ္လွ်င္ ခရီးသည္ သန္း (၆ဝ) ကိုသယ္ယူပို႔ေဆာင္ေပးႏိုင္ပါသည္။ မူလကဤခရီးကို ဘတ္စ္ ကားျဖင့္ (၆) နာရီၾကာသြားခဲ့ရာမွ ယခုအခါ အျမန္ရထားျဖင့္ (၂) နာရီေအာက္သာၾကာေလသည္။

အခ်ဳပ္အားျဖင့္ေျပာရလွ်င္ တ႐ုတ္ႏိုင္ငံက အေရွ႕အလယ္ပိုင္းႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေန ေသာ ဖြံ႕ၿဖိဳး‌ေရးလုပ္ငန္းမ်ားမွာ ေဒသခံျပည္သူ သန္းေပါင္းမ်ားစြာအ‌ေပၚ ေကာင္းက်ိဳးသက္ေရာက္မႈရွိ ၾကေသာေၾကာင့္ တ႐ုတ္၏ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကိုလက္ခံ၍ ပူးေပါင္းေဆာင္႐ြက္ရန္ႏွင့္ နည္းပညာမ်ား ရယူရန္ စိတ္အား ထက္သန္ေနၾကေပသည္။
ယခုအခါ အေရွ႕အလယ္ပိုင္းေဒသႏိုင္ငံမ်ားသည္ အေမရိကန္ႏွင့္ ခ်ိတ္ျဖဳတ္ကာ တ႐ုတ္ႏွင့္ လက္တြဲ လ်က္ရွိၾကပါၿပီ။ ဤသို႔ျဖစ္ရသည့္အေၾကာင္းမွာ ႐ိုးစင္းလွပါသည္။ ဆယ္စုႏွစ္ေပါင္းမ်ားစြာ အေမရိကန္ ၏ ဆိုး႐ြားလွေသာ ထိေတြ႕ဆက္ဆံေရးမ်ားေၾကာင့္ျဖစ္ပါသည္။ အေမရိကန္တို႔၏ ဒီမိုကေရစီစနစ္ က်င့္သုံးေရး ႀကိဳတင္ေတာင္းဆိုခ်က္မရလွ်င္ ရင္းႏွီးျမႇဳပ္ႏွံမႈမလုပ္ဘဲ ပဋိပကၡမ်ားကို မီးထိုးေပးမႈေၾကာင့္ ျဖစ္ပါသည္။

အီရတ္ႏွင့္ အာဖဂန္နစၥတန္တို႔ကို အေမရိကန္က က်ဴးေက်ာ္ တိုက္ခိုက္သည့္စစ္ပြဲမ်ားႏွင့္ အျခားအဖ်က္ အေမွာက္ပဋိပကၡ ဖန္တီးမႈမ်ားေၾကာင့္ အေရွ႕အလယ္ပိုင္းေဒသ၏ အမ်ားပိုင္းမွာ မတည္မၿငိမ္ျဖစ္ခဲ့ေၾကာင္း သက္ဆိုင္ရာႏိုင္ငံမ်ားက သေဘာေပါက္လာၾကၿပီျဖစ္သည္။

ဖ်ဴး သုေတသနစင္တာႏွင့္ ပရင့္စတန္တကၠသိုလ္မွ အာရပ္ဘာ႐ိုမီတာတို႔၏ သုေတသနရလဒ္မ်ား၊ ႏိုင္ငံေရး သမားအမ်ားစုႏွင့္ အေရွ႕အလယ္ပိုင္းမွ လူအမ်ားစု၏အျမင္ကလည္း၊ တ႐ုတ္၏ထိေတြ႕ ဆက္ဆံေရးမွာ အျပဳသေဘာေဆာင္ၿပီး အေမရိကန္ႏွင့္ အေနာက္အုပ္စုတို႔၏ ဆက္ဆံေရးမ်ားႏွင့္လုံးဝ မတူျခားနားသည္ဟု ဆိုပါသည္။
ယခုအခါ အေမရိကန္တို႔၏ ဝင္ေရာက္စြက္ဖက္ဆရာႀကီးလုပ္ေပၚလစီႏွင့္ တ႐ုတ္တို႔၏ ဝင္ေရာက္မစြက္ဖက္ေရး၊ ေစ့စပ္ျဖန္ေျဖေရးႏွင့္ ႏွစ္ဦးႏွစ္ဘက္ အက်ိဳးရွိသည့္ Win- Win ဆက္ဆံေရး ေပၚလစီတို႔ကို ႏႈိင္းယွဥ္ စဥ္းစားကာ မိမိတို႔ေလွ်ာက္ရမည့္လမ္းကို ေ႐ြးခ်ယ္လာၾကၿပီ ျဖစ္ပါသည္။

ကိုးကား- China is Doing Something CRAZY to Muslims in the Middle East by Cyrus Janssen

Related news

© 2021. All rights reserved.