ရာသီမကုန်ခင် ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တစ်ကျော့ပြန် တန်းပြန်တက်နိုင်ခဲ့တဲ့ ဘန်လေ အသင်း

 482

Pika (NP News) - ဧပြီ ၈

ဘန်လေအသင်းသည် မစ်ဒယ်ဘရော့အသင်းနှင့်ကစားခဲ့သည့် EFL Championship ပွဲတွင် (၂)ဂိုး-(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ရာသီမကုန်ခင် ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တိုက်ရိုက်တန်းတက်နိုင်ခဲ့ခြင်းအပေါ် အလွန် ဝမ်းသာမိကြောင်း နည်းပြဗင်းဆင့်ကွန်ပနီက ထုတ်ဖော်ပြောဆိုခဲ့သည်။

မစ်ဒယ်ဘရော့အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ဘန်လေအသင်းတိုက်စစ်မှူး အက်ရှ်လေဘမ်းစ်နှင့် နောက်တန်း ကစားသမား ကော်နာရောဘတ်တို့က တစ်ဂိုးစီသွင်းယူခဲ့ပြီးနောက် အနိုင်ရကာ ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တစ်ကျော့ပြန်တန်းတက်နိုင်ခဲ့ကြောင်း သိရသည်။

နည်းပြဗင်းဆင့်ကွန်ပနီ က "ဒီတန်းတက်နိုင်မှုဟာ ကျွန်တော်တို့မျှော်လင့်ထားတဲ့အချိန်ထက် စောနေခဲ့ပါ တယ်။ ပိုမြန်သွားတာကလည်း တစ်ခါတစ်လေ ပိုကောင်းပါတယ်။ ရာသီမကုန်ခင် ကျွန်တော်တို့အသင်းဟာ EFL Championship မှာ နောက်ထပ် (၇)ပွဲ ကစားရဦးမှာပါ" ဟု ပြောဆိုခဲ့သည်။

ဘန်လေအသင်းဥက္ကဋ္ဌ အလန်ပေ့စ် က "နည်းပြဗင်းဆင့်က မယုံနိုင်စရာကောင်းတဲ့အလုပ်တစ်ခုကို လုပ်နိုင်ခဲ့ ပါတယ်။ သူက ကျွန်တော်တွေ့ဖူးသမျှ အထူးခြားဆုံးလူတွေထဲက တစ်ဦးပါပဲ။ ဒါဟာ လုံးဝ အံ့ဩစရာပါပဲ။ ဒါက ကျွန်တော်တို့စီစဥ်ထားသလို မဟုတ်ခဲ့ပါဘူး" ဟု ပြောဆိုခဲ့သည်။

ပရီးမီးယားလိဂ်သို့ ပြန်လည်တန်းတက်နိုင်ခဲ့ခြင်းအတွက် အသင်းကစားသမားများကို အောင်ပွဲခံခွင့်ပေးမည်ဖြစ် သော်လည်း ဧပြီ(၁ဝ)ရက်နေ့ ကစားမည့် ရှက်ဖီးယူနိုက်တက်အသင်းနှင့် ပွဲတွင် အကောင်းဆုံး အာရုံစိုက်စေ ချင်ကြောင်း နည်းပြဗင်းဆင့်ကွန်ပနီ က ပြောကြားခဲ့သည်။

ဗင်းဆင့်ကွန်ပနီ က "အသင်းကစားသမားတွေဟာ အကောင်းဆုံးလုပ်ပြနိုင်ခဲ့တာကြောင့် ယခုလိုတန်း တက်နိုင်ခဲ့တာပါ။ ဒီလိုအခိုက်အတန့်တွေကို ကျွန်တော် ကိုယ်တိုင်ကြုံဖူးတဲ့အတွက် အသင်းကစားသမားတွေရဲ့ စိတ်ခံစားမှုက တခြားအရာတွေထက် ပိုပြီးတန်ဖိုးရှိမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒီနေ့တော့ ကျွန်တော် တို့ ပျော်ပျော်ရွှင်ရွှင်နေကြပြီး မနက်ဖြန်မှာတော့ ထပ်ကစားဖို့ကျန်နေတဲ့ပွဲတွေကို အာရုံစိုက်နိုင်ဖို့ လေ့ကျင့်ရေး တွေ ပြန်လုပ်သွားမှာပါ" ဟု ပြောဆိုခဲ့သည်။

ဘန်လေအသင်းသည် ၂ဝ၂၁ - ၂ဝ၂၂ ခုနှစ်တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ တန်းဆင်းခဲ့ရပြီး တစ်ရာသီအကြာတွင် ယခုကဲ့သို့ တန်းပြန်တက်နိုင်ခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
ရာသီမကုန္ခင္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲသို႔ တစ္ေက်ာ့ျပန္ တန္းျပန္တက္ႏိုင္ခဲ့တဲ့ ဘန္ေလ အသင္း
Pika (NP News) - ဧၿပီ ၈

ဘန္ေလအသင္းသည္ မစ္ဒယ္ဘေရာ့အသင္းႏွင့္ကစားခဲ့သည့္ EFL Championship ပြဲတြင္ (၂)ဂိုး-(၁)ဂိုးျဖင့္ အႏိုင္ရရွိခဲ့ၿပီးေနာက္ ရာသီမကုန္ခင္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲသို႔ တိုက္႐ိုက္တန္းတက္ႏိုင္ခဲ့ျခင္းအေပၚ အလြန္ဝမ္းသာမိေၾကာင္း နည္းျပဗင္းဆင့္ကြန္ပနီက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

မစ္ဒယ္ဘေရာ့အသင္းႏွင့္ကစားခဲ့သည့္ပြဲတြင္ ဘန္ေလအသင္းတိုက္စစ္မႉး အက္ရွ္ေလဘမ္းစ္ႏွင့္ ေနာက္တန္း ကစားသမား ေကာ္နာေရာဘတ္တို႔က တစ္ဂိုးစီသြင္းယူခဲ့ၿပီးေနာက္ အႏိုင္ရကာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲသို႔ တစ္ေက်ာ့ျပန္တန္းတက္ႏိုင္ခဲ့ေၾကာင္း သိရသည္။

နည္းျပဗင္းဆင့္ကြန္ပနီ က "ဒီတန္းတက္ႏိုင္မႈဟာ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ထားတဲ့အခ်ိန္ထက္ ေစာေနခဲ့ပါ တယ္။ ပိုျမန္သြားတာကလည္း တစ္ခါတစ္ေလ ပိုေကာင္းပါတယ္။ ရာသီမကုန္ခင္ ကြၽန္ေတာ္တို႔အသင္းဟာ EFL Championship မွာ ေနာက္ထပ္ (၇)ပြဲ ကစားရဦးမွာပါ" ဟု ေျပာဆိုခဲ့သည္။

ဘန္ေလအသင္းဥကၠ႒ အလန္ေပ့စ္ က "နည္းျပဗင္းဆင့္က မယုံႏိုင္စရာေကာင္းတဲ့အလုပ္တစ္ခုကို လုပ္ႏိုင္ခဲ့ ပါတယ္။ သူက ကြၽန္ေတာ္ေတြ႕ဖူးသမွ် အထူးျခားဆုံးလူေတြထဲက တစ္ဦးပါပဲ။ ဒါဟာ လုံးဝ အံ့ဩစရာပါပဲ။ ဒါက ကြၽန္ေတာ္တို႔စီစဥ္ထားသလို မဟုတ္ခဲ့ပါဘူး" ဟု ေျပာဆိုခဲ့သည္။

ပရီးမီးယားလိဂ္သို႔ ျပန္လည္တန္းတက္ႏိုင္ခဲ့ျခင္းအတြက္ အသင္းကစားသမားမ်ားကို ေအာင္ပြဲခံခြင့္ေပးမည္ျဖစ္ ေသာ္လည္း ဧၿပီ(၁ဝ)ရက္ေန႔ ကစားမည့္ ရွက္ဖီးယူႏိုက္တက္အသင္းႏွင့္ ပြဲတြင္ အေကာင္းဆုံး အာ႐ုံစိုက္ေစ ခ်င္ေၾကာင္း နည္းျပဗင္းဆင့္ကြန္ပနီ က ေျပာၾကားခဲ့သည္။

ဗင္းဆင့္ကြန္ပနီ က "အသင္းကစားသမားေတြဟာ အေကာင္းဆုံးလုပ္ျပႏိုင္ခဲ့တာေၾကာင့္ ယခုလိုတန္း တက္ႏိုင္ခဲ့တာပါ။ ဒီလိုအခိုက္အတန႔္ေတြကို ကြၽန္ေတာ္ ကိုယ္တိုင္ႀကဳံဖူးတဲ့အတြက္ အသင္းကစားသမားေတြရဲ႕ စိတ္ခံစားမႈက တျခားအရာေတြထက္ ပိုၿပီးတန္ဖိုးရွိမယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။ ဒီေန႔ေတာ့ ကြၽန္ေတာ္တို႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနၾကၿပီး မနက္ျဖန္မွာေတာ့ ထပ္ကစားဖို႔က်န္ေနတဲ့ပြဲေတြကို အာ႐ုံစိုက္ႏိုင္ဖို႔ ေလ့က်င့္ေရး ေတြ ျပန္လုပ္သြားမွာပါ" ဟု ေျပာဆိုခဲ့သည္။

ဘန္ေလအသင္းသည္ ၂ဝ၂၁ - ၂ဝ၂၂ ခုႏွစ္တြင္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွ တန္းဆင္းခဲ့ရၿပီး တစ္ရာသီအၾကာတြင္ ယခုကဲ့သို႔ တန္းျပန္တက္ႏိုင္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.