ရီးရဲလ်မက်ဒရစ်ကို အနိုင်ရမယ်ဆိုပါက ချန်ပီယံလိဂ်ဖလားရဖို့ တစ်ဝက်သေချာနေပြီလို့ ပြောလိုက်တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

654

Pika (NP News) - ဧပြီ ၂ဝ
မန်စီးတီးအသင်းသည် ဧပြီ(၁၉)ရက်က ဘိုင်ယန်မြူးနစ်အသင်းနှင့် ကစားခဲ့သော ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဥ်တွင် (၁)ဂိုးစီ သရေကျခဲ့ပြီးနောက် နှစ်ကျော့ပေါင်း (၄)ဂိုး-(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် ရီးရဲလ်မက်ဒရစ်အသင်း နှင့် အကြိတ်အနယ် ယှဥ်ပြိုင် ကစားရမည်ဖြစ်ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မန်စီးတီးအသင်းသည် ရီးရဲလ်မက်ဒရစ်အသင်းကို နှစ်ကျော့ပေါင်း (၆)ဂိုး-(၅)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ဖူးကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ရီးရဲလ်မက်ဒရစ်အသင်းကို အကြိမ်ပေါင်းများစွာရှုံးနိမ့်ခဲ့သော်လည်း မေလ(၁ဝ)ရက်တွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် အကောင်းဆုံးယှဥ်ပြိုင်ကစားနိုင်မည်ဟု ယုံကြည်ကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာ က ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့အပြင် ဘိုင်ယန်မြူးနစ်အသင်းနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲတွင် မန်စီးတီး အသင်းကစားသမားများ၏ ခြေစွမ်းပြကစားနိုင်မှုများနှင့်ပတ်သက်ပြီး ကျေနပ်မိကြောင်း ဂွါဒီယိုလာက ထုတ်ဖော် ပြောဆိုခဲ့သည်။
ဂွါဒီယိုလာက "အသင်းကစားသမားတွေဟာ အရမ်းကောင်းတဲ့အခွင့်အရေးတွေကို တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် လောက်ရခဲ့ပါတယ်။ ဘာမဆိုဖြစ်နိုင်သွားပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ဘယ်လိုခုခံကာကွယ်ရမယ်ဆိုတာ ကို သိပါတယ်။ ဒီသီတင်းပတ်နှစ်ပတ် အတွင်းမှာ ကျွန်တော်တို့လုပ်ဆောင်စရာတာဝန်တွေ အများကြီးရှိပါတယ်" ဟု ပြောဆိုခဲ့သည်။
မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း ချန်ပီယံလိဂ်တွင် ရုန်းကန်နေရမှုများကြောင့် နည်းပြဂွါဒီယိုလာသည် ပြင်းပြင်းထန်ထန်ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသော်လည်း လက်ရှိအချိန်တွင် အကောင်းဆုံး ယှဥ်ပြိုင်နိုင်မည်ဟု ယုံကြည်နေကြောင်းလည်း သိရသည်။
နည်းပြဂွါဒီယိုလာ က "ချန်ပီယံလိဂ်ဖလားကို လိုချင်ရင် ရီးရဲလ်မက်ဒရစ်အသင်းကို ကျော်ဖြတ်ရမယ်ဆိုတဲ့ ခံစားချက်က အသင်းတိုင်းမှာ ရှိပါတယ်။ အရင်က ဘာစီလိုနာကိုကျော်ဖြတ်ရမယ်လို့ အတွေးရှိခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ရမှာပါ" ဟု ပြောခဲ့သည်။

Zawgyi Version;
ရီးရဲလ္မက္ဒရစ္ကို အႏိုင္ရမယ္ဆိုပါက ခ်န္ပီယံလိဂ္ဖလားရဖို႔ တစ္ဝက္ေသခ်ာေနၿပီလို႔ ေျပာလိုက္တဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ
Pika (NP News) - ဧၿပီ ၂ဝ
မန္စီးတီးအသင္းသည္ ဧၿပီ(၁၉)ရက္က ဘိုင္ယန္ျမဴးနစ္အသင္းႏွင့္ ကစားခဲ့ေသာ ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့ ပြဲစဥ္တြင္ (၁)ဂိုးစီ သေရက်ခဲ့ၿပီးေနာက္ ႏွစ္ေက်ာ့ေပါင္း (၄)ဂိုး-(၁)ဂိုးျဖင့္ အႏိုင္ရရွိခဲ့ၿပီး ဆီမီးဖိုင္နယ္သို႔ တက္ေရာက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
မန္စီးတီးအသင္းသည္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္တြင္ ရီးရဲလ္မက္ဒရစ္အသင္း ႏွင့္ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ ကစားရမည္ျဖစ္ေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္ႏွစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတြင္ မန္စီးတီးအသင္းသည္ ရီးရဲလ္မက္ဒရစ္အသင္းကို ႏွစ္ေက်ာ့ေပါင္း (၆)ဂိုး-(၅)ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ဖူးေၾကာင္း သိရသည္။
မန္စီးတီးအသင္းသည္ ရီးရဲလ္မက္ဒရစ္အသင္းကို အႀကိမ္ေပါင္းမ်ားစြာရႈံးနိမ့္ခဲ့ေသာ္လည္း ေမလ(၁ဝ)ရက္တြင္ ရီးရဲလ္မက္ဒရစ္အသင္းႏွင့္ကစားမည့္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္တြင္ အေကာင္းဆုံးယွဥ္ၿပိဳင္ကစားႏိုင္မည္ဟု ယုံၾကည္ေၾကာင္း မန္စီးတီးနည္းျပဂြါဒီယိုလာ က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ထို႔အျပင္ ဘိုင္ယန္ျမဴးနစ္အသင္းႏွင့္ကစားခဲ့သည့္ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ဒုတိယအေက်ာ့ပြဲတြင္ မန္စီးတီး အသင္းကစားသမားမ်ား၏ ေျခစြမ္းျပကစားႏိုင္မႈမ်ားႏွင့္ပတ္သက္ၿပီး ေက်နပ္မိေၾကာင္း ဂြါဒီယိုလာက ထုတ္ေဖာ္ ေျပာဆိုခဲ့သည္။
ဂြါဒီယိုလာက "အသင္းကစားသမားေတြဟာ အရမ္းေကာင္းတဲ့အခြင့္အေရးေတြကို တစ္ႀကိမ္ (သို႔မဟုတ္) ႏွစ္ႀကိမ္ ေလာက္ရခဲ့ပါတယ္။ ဘာမဆိုျဖစ္ႏိုင္သြားေပမယ့္ ကြၽန္ေတာ္တို႔ အေကာင္းဆုံး ဘယ္လိုခုခံကာကြယ္ရမယ္ဆိုတာ ကို သိပါတယ္။ ဒီသီတင္းပတ္ႏွစ္ပတ္ အတြင္းမွာ ကြၽန္ေတာ္တို႔လုပ္ေဆာင္စရာတာဝန္ေတြ အမ်ားႀကီးရွိပါတယ္" ဟု ေျပာဆိုခဲ့သည္။
မန္စီးတီးအသင္းသည္ ၿပီးခဲ့သည့္ ဆယ္စုႏွစ္မ်ားအတြင္း ခ်န္ပီယံလိဂ္တြင္ ႐ုန္းကန္ေနရမႈမ်ားေၾကာင့္ နည္းျပဂြါဒီယိုလာသည္ ျပင္းျပင္းထန္ထန္ေဝဖန္မႈမ်ားကို ရင္ဆိုင္ခဲ့ရေသာ္လည္း လက္ရွိအခ်ိန္တြင္ အေကာင္းဆုံး ယွဥ္ၿပိဳင္ႏိုင္မည္ဟု ယုံၾကည္ေနေၾကာင္းလည္း သိရသည္။
နည္းျပဂြါဒီယိုလာ က "ခ်န္ပီယံလိဂ္ဖလားကို လိုခ်င္ရင္ ရီးရဲလ္မက္ဒရစ္အသင္းကို ေက်ာ္ျဖတ္ရမယ္ဆိုတဲ့ ခံစားခ်က္က အသင္းတိုင္းမွာ ရွိပါတယ္။ အရင္က ဘာစီလိုနာကိုေက်ာ္ျဖတ္ရမယ္လို႔ အေတြးရွိခဲ့ၾကေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ရီးရဲလ္မက္ဒရစ္ကို ေက်ာ္ျဖတ္ရမွာပါ" ဟု ေျပာခဲ့သည္။