"Smart Farm Korea 2023 (SFKOREA)" သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နိုင်ရန် ဖိတ်ကြား

 662

Pearl (NP News) - ဧပြီ ၂၅

"Smart Farm Korea 2023 (SFKOREA)" သို့ မြန်မာနိုင်ငံမှလုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်နိုင် ရန်ဖိတ်ကြားခဲ့ကြောင်း နစကထံမှ သတင်းရရှိသည်။

နစကမှ ယနေ့ (ဧပြီ ၂၅) ရက်တွင် နိုင်ငံပိုင်သတင်းစာမှတဆင့် အထက်ပါကဲ့သို့ ထည့်သွင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

Smart Farm Korea 2023 (SFKOREA)အား ၂ဝ၂၃ ခုနှစ် ဇွန် ၁၅ ရက်မှ ၁၇ ရက်အတွင်း ကိုးရီးယားသမ္မတနိုင်ငံ Changwong Convention Center (CECO) ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပြခန်းဖွင့်လှစ်ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားလာခြင်းဖြစ်သည်။

လယ်ယာစိုက်ပျိုးရေး နှင့် မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတတ်ရေးရည်ရွယ်၍ အဆိုပါ Smart Farm Korea 2023 (SFKOREA) ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲသို့ ကုမ္ပဏီစုစုပေါင်း ၁ဝဝ ခန့်မှ ပြခန်းပေါင်း ၃ဝဝ အား လာရောက်ပြသမည်ဖြစ်ပြီး ဧည့်သည် ၂ဝဝဝဝ ခန့် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ပြခန်းသို့ မြန်မာနိုင်ငံမှဝယ်လိုသူများ ဥပမာ Smart Farm ကျွမ်းကျင်သူများ၊ ပါမောက္ခများ၊ ကုမ္ပဏီများ နှင့် တီထွင်ဆန်းသစ်သည့် အတွေးအခေါ်များရှိသော ပုဂ္ဂိုလ်များကို ဖိတ်ကြားလိုပါကြောင်းနှင့် ပါဝင်တက်ရောက်မည် ဆိုပါက အသွားအပြန်လေယာဉ်လက်မှတ် နှင့် နှစ်ရက်စာ တည်းခိုစားရိတ်အတွက် ကျခံပေးမည်ဖြစ်ကြောင်း သိရ သည်။

တက်ရောက်လိုသူများအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုး‌ရေးဌာနခွဲ၏ အီးမေးလ် [email protected] နှင့် ဖုန်း 067-408622, 067-408623 သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version;
"Smart Farm Korea 2023 (SFKOREA)" သို႔ ျမန္မာႏိုင္ငံမွ လုပ္ငန္းရွင္ကိုယ္စားလွယ္မ်ား ပါဝင္တက္ေရာက္ႏိုင္ ရန္ ဖိတ္ၾကား
Pearl (NP News) - ဧၿပီ ၂၅

"Smart Farm Korea 2023 (SFKOREA)" သို႔ ျမန္မာႏိုင္ငံမွလုပ္ငန္းရွင္ကိုယ္စားလွယ္မ်ား ပါဝင္တက္ေရာက္ႏိုင္ ရန္ဖိတ္ၾကားခဲ့ေၾကာင္း နစကထံမွ သတင္းရရွိသည္။

နစကမွ ယေန႔ (ဧၿပီ ၂၅) ရက္တြင္ ႏိုင္ငံပိုင္သတင္းစာမွတဆင့္ အထက္ပါကဲ့သို႔ ထည့္သြင္းထုတ္ျပန္ထားျခင္း ျဖစ္သည္။

Smart Farm Korea 2023 (SFKOREA)အား ၂ဝ၂၃ ခုႏွစ္ ဇြန္ ၁၅ ရက္မွ ၁၇ ရက္အတြင္း ကိုးရီးယားသမၼတႏိုင္ငံ Changwong Convention Center (CECO) ၌ က်င္းပမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံမွ လုပ္ငန္းရွင္ကိုယ္စားလွယ္မ်ား ျပခန္းဖြင့္လွစ္ပါဝင္ျပသႏိုင္ေၾကာင္း ဖိတ္ၾကားလာျခင္းျဖစ္သည္။

လယ္ယာစိုက္ပ်ိဳးေရး ႏွင့္ ေမြးျမဴေရးက႑ ဖြံၿဖိဳးတိုးတတ္ေရးရည္႐ြယ္၍ အဆိုပါ Smart Farm Korea 2023 (SFKOREA) ကို က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါျပပြဲသို႔ ကုမၸဏီစုစုေပါင္း ၁ဝဝ ခန႔္မွ ျပခန္းေပါင္း ၃ဝဝ အား လာေရာက္ျပသမည္ျဖစ္ၿပီး ဧည့္သည္ ၂ဝဝဝဝ ခန႔္ တက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

ျပခန္းသို႔ ျမန္မာႏိုင္ငံမွဝယ္လိုသူမ်ား ဥပမာ Smart Farm ကြၽမ္းက်င္သူမ်ား၊ ပါေမာကၡမ်ား၊ ကုမၸဏီမ်ား ႏွင့္ တီထြင္ဆန္းသစ္သည့္ အေတြးအေခၚမ်ားရွိေသာ ပုဂၢိဳလ္မ်ားကို ဖိတ္ၾကားလိုပါေၾကာင္းႏွင့္ ပါဝင္တက္ေရာက္မည္ ဆိုပါက အသြားအျပန္ေလယာဥ္လက္မွတ္ ႏွင့္ ႏွစ္ရက္စာ တည္းခိုစားရိတ္အတြက္ က်ခံေပးမည္ျဖစ္ေၾကာင္း သိရ သည္။

တက္ေရာက္လိုသူမ်ားအေနျဖင့္ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရး အဖြဲ႕ ကုန္သြယ္မႈဖြံ႕ၿဖိဳး‌ေရးဌာနခြဲ၏ အီးေမးလ္ [email protected] ႏွင့္ ဖုန္း 067-408622, 067-408623 သို႔ ဆက္သြယ္ေဆာင္႐ြက္ႏိုင္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.