အကူအညီလိုအပ်နေသူများကို ကူညီခွင့်ပေးရန် အိုင်စီအာစီဥက္ကဋ္ဌ တိုက်တွန်းတောင်းဆို

 714

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၂

မြန်မာနိုင်ငံတဝန်းရှိ အကူအညီလိုအပ်နေသော အရပ်သားပြည်သူလူထုအား လူသားဆိုင်ရာစာနာထောက်ထားမှုလုပ်ငန်းများကို ပိုမိုသွားရောက်ပေးအပ်ခွင့်ပြုရန် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ အိုင်စီအာစီဥက္ကဋ္ဌက တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။

အိုင်စီအာစီဥက္ကဋ္ဌသည် မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့်အခြားသောပဋိပက္ခဖြစ်ပွားမှုများအရှိန်မြင့်တက်နေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေများ ယိုယွင်းလျက်ရှိနေသည့်အချိန်တွင် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၅ ရက်မှ ၉ ရက်အထိ သွားရောက်ခဲ့ကာ မြန်မာအစိုးရတာဝန်ရှိသူများ နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပဋိပက္ခဒဏ်ခံနေရသည့်နေရာများရှိ ရပ်ရွာလူထုများသည် ကျန်းမာရေးစောင့်ရှောက်မှု၊ မိလ္လာစနစ်၊ သန့်ရှင်းသည့် ရေ၊ အစားစာနှင့် နေထိုင်ရန်အမိုးအကာများ ရရှိနိုင်မှုတွင် ကြီးမားသော အခက်ခဲများနှင့် ရင်ဆိုင်တွေ့ကြုံနေရ ကြောင်း သိရသည်။
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများ ပျက်ပြားလာခြင်းကြောင့် ကြိုတင်ကာကွယ်နိုင်သော ရောဂါများ ပိုမိုဖြစ်ပွားလာသည့်အပြင် ဆေးဝါးအထောက်ပံများ ပေးပို့ဖြည်းဆည်းပေးနိုင်ခြင်းရှိခြင်းကလည်း ဒဏ်ရာရသူများ၊ နာတာရှည်ရောဂါသည်များ၏ ထိခိုက်ခံစားရမှုကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ ဆက်လက်ဖြစ်ပွား လျက်ရှိနေသည့်အခြားသောအကြမ်းဖက်မှုအခြေနေများကြောင့် ထောင်နှင့်ချီသော မိသားစုဝင်များသည် မကြာခဏဆိုသလို မည့်သည် ပိုင်ဆိုင်မှုကိုမျှယူဆောင်ခြင်းမရှိဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ၎င်းတို့နေအိမ် များမှထွက်ပြေးခဲ့ရကြောင်း သိရသည်။

အိုင်စီအာစီဥက္ကဋ္ဌ Ms. Mirjana Spoljaric က "မြန်မာနိုင်ငံမှာ မိသားစုဝင်တော်တော်များများဟာ အခြေခံဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရှိဘဲနေထိုင်နေကြရပြီး အစားအစာပြတ်လပ်မှုနဲ့ရင်ဆိုင်တွေ့ကြုံနေရတဲ့အပြင် သန့်ရှင်းတဲ့ရေ၊ မိလ္လာစနစ် ရရှိအသုံးပြုနိုင်မှုတွေမှာလည်း အကန့်သတ်တွေရှိနေပါတယ်။ ပဋိပက္ခ နဲ့အခြားသော အကြမ်းဖက်အခြေနေများကြောင့် အကြောက်တရားတွေနဲ့ နေထိုင်နေရတယ်။ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်း ကို ဆက်လက်မဆောင်ရွက်နိုင်ခြင်းကြောင့် မရေတွက်နိုင်အောင်များပြားတဲ့လူထုအတွက် ဆက်လက်ရှင်သန်နိုင် ဖို့ နည်းလမ်းတွေမရှိတော့ဘူး" ဟု ပြောသည်။

Zawgyi Version;
အကူအညီလိုအပ္ေနသူမ်ားကို ကူညီခြင့္ေပးရန္ အိုင္စီအာစီဥကၠ႒ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၂

ျမန္မာႏိုင္ငံတဝန္းရွိ အကူအညီလိုအပ္ေနေသာ အရပ္သားျပည္သူလူထုအား လူသားဆိုင္ရာစာနာေထာက္ထားမႈလုပ္ငန္းမ်ားကို ပိုမိုသြားေရာက္ေပးအပ္ခြင့္ျပဳရန္ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ အိုင္စီအာစီဥကၠ႒က တိုက္တြန္းေတာင္းဆိုလိုက္ေၾကာင္း သိရသည္။

အိုင္စီအာစီဥကၠ႒သည္ ျမန္မာႏိုင္ငံတြင္ ပဋိပကၡႏွင့္အျခားေသာပဋိပကၡျဖစ္ပြားမႈမ်ားအရွိန္ျမင့္တက္ေနၿပီး လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအေျခအေနမ်ား ယိုယြင္းလ်က္ရွိေနသည့္အခ်ိန္တြင္ ျမန္မာႏိုင္ငံသို႔ စက္တင္ဘာ ၅ ရက္မွ ၉ ရက္အထိ သြားေရာက္ခဲ့ကာ ျမန္မာအစိုးရတာဝန္ရွိသူမ်ား ႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ပဋိပကၡဒဏ္ခံေနရသည့္ေနရာမ်ားရွိ ရပ္႐ြာလူထုမ်ားသည္ က်န္းမာေရးေစာင့္ေရွာက္မႈ၊ မိလႅာစနစ္၊ သန႔္ရွင္းသည့္ ေရ၊ အစားစာႏွင့္ ေနထိုင္ရန္အမိုးအကာမ်ား ရရွိႏိုင္မႈတြင္ ႀကီးမားေသာ အခက္ခဲမ်ားႏွင့္ ရင္ဆိုင္ေတြ႕ႀကဳံေနရ ေၾကာင္း သိရသည္။
က်န္းမာေရးေစာင့္ေရွာက္မႈဆိုင္ရာဝန္ေဆာင္မႈမ်ား ပ်က္ျပားလာျခင္းေၾကာင့္ ႀကိဳတင္ကာကြယ္ႏိုင္ေသာ ေရာဂါမ်ား ပိုမိုျဖစ္ပြားလာသည့္အျပင္ ေဆးဝါးအေထာက္ပံမ်ား ေပးပို႔ျဖည္းဆည္းေပးႏိုင္ျခင္းရွိျခင္းကလည္း ဒဏ္ရာရသူမ်ား၊ နာတာရွည္ေရာဂါသည္မ်ား၏ ထိခိုက္ခံစားရမႈကို ပိုမိုဆိုး႐ြားေစခဲ့ေၾကာင္း၊ ဆက္လက္ျဖစ္ပြား လ်က္ရွိေနသည့္အျခားေသာအၾကမ္းဖက္မႈအေျခေနမ်ားေၾကာင့္ ေထာင္ႏွင့္ခ်ီေသာ မိသားစုဝင္မ်ားသည္ မၾကာခဏဆိုသလို မည့္သည္ ပိုင္ဆိုင္မႈကိုမွ်ယူေဆာင္ျခင္းမရွိဘဲ အဝတ္တစ္ထည္ကိုယ္တစ္ခုျဖင့္ ၎တို႔ေနအိမ္ မ်ားမွထြက္ေျပးခဲ့ရေၾကာင္း သိရသည္။

အိုင္စီအာစီဥကၠ႒ Ms. Mirjana Spoljaric က "ျမန္မာႏိုင္ငံမွာ မိသားစုဝင္ေတာ္ေတာ္မ်ားမ်ားဟာ အေျခခံေဆးဝါးနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈမရွိဘဲေနထိုင္ေနၾကရၿပီး အစားအစာျပတ္လပ္မႈနဲ႔ရင္ဆိုင္ေတြ႕ႀကဳံေနရတဲ့အျပင္ သန႔္ရွင္းတဲ့ေရ၊ မိလႅာစနစ္ ရရွိအသုံးျပဳႏိုင္မႈေတြမွာလည္း အကန႔္သတ္ေတြရွိေနပါတယ္။ ပဋိပကၡ နဲ႔အျခားေသာ အၾကမ္းဖက္အေျခေနမ်ားေၾကာင့္ အေၾကာက္တရားေတြနဲ႔ ေနထိုင္ေနရတယ္။ အသက္ေမြးဝမ္းေက်ာင္းမႈလုပ္ငန္း ကို ဆက္လက္မေဆာင္႐ြက္ႏိုင္ျခင္းေၾကာင့္ မေရတြက္ႏိုင္ေအာင္မ်ားျပားတဲ့လူထုအတြက္ ဆက္လက္ရွင္သန္ႏိုင္ ဖို႔ နည္းလမ္းေတြမရွိေတာ့ဘူး" ဟု ေျပာသည္။

Related news

© 2021. All rights reserved.