လန်ဒန်မာရသွန်ကို ရိုးရာဝတ်စုံဝတ်ဆင်ပြီး အမြန်ဆုံးပြေးနိုင်ခဲ့ခြင်းအတွက် ဂင်းနစ်စံချိန်တင်နိုင်ခဲ့တဲ့ ထိုင်း အမျိုးသမီး

 853

Pika (NP News) – ဧပြီ ၂၅

ထိုင်းနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ဗြိတိန်နိုင်ငံတွင် ကျင်းပသော လန်ဒန်မာရသွန်အပြေးပြိုင်ပွဲတွင် ထိုင်းရိုးရာ ဝတ်စုံကို ဝတ်ဆင်ကာ အမြန်ဆုံးပြေးနိုင်ခဲ့ခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။

မာရသွန်အပြေးသမား Shrinya “Dr Miyu” Kanchanasewi သည် အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်ပြီး ကျောက်ဖရားဆေးရုံမှ သွားဆရာဝန်တစ်ဦးဖြစ်ကြောင်း သိရသည်။ ဒေါက်တာမီရု သည် ကမ္ဘာ့ဂင်းနစ်စံချိန် မှတ်တမ်းတင်ထားသော လက်မှတ်ကိုင်ဆောင်ထားသည့်ပုံကို လူမှုကွန်ရက်တစ်ခုဖြစ်သော ဖေ့စ်ဘုတ်ပေါ်တွင် တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဓါတ်ပုံတွင် ဒေါက်တာမီရုသည် sbai (ပိုးရင်သားပတ်ပတ်)၊ chong kraben (ထိုင်းရိုးရာအထည်အောက် ပိုင်း) နှင့် chadaa (ထိုင်းရိုးရာခေါင်းစွပ်) တို့ ပါဝင်သော ထိုင်းရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည်။ "ဖန်စီ" ဝတ်စုံဖြင့် လန်ဒန်မာရသွန်ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူများသည် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ရန် တောင်းဆိုချက် တင်သွင်း နိုင်ကြောင်း ဒေါက်တာမီရု က ပြောကြားခဲ့သည်။

ဒေါက်တာမီရုသည် (၄၁)ကီလိုမီတာ အကွာအဝေးရှိသော အပြေးပြိုင်ပွဲကို (၃)နာရီ(၄၅)မိနစ်ဖြင့် ပြေးနိုင်ခဲ့ ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ “Soft Power” ဟုခေါ်သော ထိုင်းယဉ်ကျေးမှု၊ ဖက်ရှင်နှင့် အထည်များကို မြှင့်တင် ပြသရန်အတွက် လန်ဒန်မာရသွန်ပြိုင်ပွဲကို ရိုးရာဝတ်စုံဖြင့် ပြေးရန် စိတ်ကူးမိကြောင်း ဒေါက်တာမီရုက ပြောဆိုခဲ့သည်။

ဧပြီ(၂၄) ရက်က ပြုလုပ်သော အမျိုးသမီးအပြေးပြိုင်ပွဲတွင် မာရသွန်မပြေးဖူးသော အိုလံပစ်ဆုနှစ်ကြိမ်ရခဲ့ဖူးသည့် Sifan Hissan က အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ဗြိတိန်၏ မာရသွန်ချန်ပီယံ Paula Radcliffe က "Sifan Hissan ဟာ အပြေးပြိုင်ပွဲကို (၂)နာရီ (၁၈)မိနစ်နဲ့ (၃၃)စက္ကန့်အတွင်းမှာပဲ အနိုင်ရခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။

Sifan Hissan က "ဒါဟာ အံ့ဩစရာပါပဲ။ မာရသွန်ပြိုင်ပွဲကို အနိုင်ရရှိမယ်လို့ တခါမှ မတွေးခဲ့ဖူးပေမယ့် အခုတော့ အနိုင်ရရှိခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
လန္ဒန္မာရသြန္ကို ႐ိုးရာဝတ္စုံဝတ္ဆင္ၿပီး အျမန္ဆုံးေျပးႏိုင္ခဲ့ျခင္းအတြက္ ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့တဲ့ ထိုင္း အမ်ိဳးသမီး
Pika (NP News) – ဧၿပီ ၂၅

ထိုင္းႏိုင္ငံမွ အမ်ိဳးသမီးတစ္ဦးသည္ ၿဗိတိန္ႏိုင္ငံတြင္ က်င္းပေသာ လန္ဒန္မာရသြန္အေျပးၿပိဳင္ပြဲတြင္ ထိုင္း႐ိုးရာ ဝတ္စုံကို ဝတ္ဆင္ကာ အျမန္ဆုံးေျပးႏိုင္ခဲ့ျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္သစ္ တင္ႏိုင္ခဲ့ေၾကာင္း သိရသည္။

မာရသြန္အေျပးသမား Shrinya “Dr Miyu” Kanchanasewi သည္ အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ၿပီး ေက်ာက္ဖရားေဆး႐ုံမွ သြားဆရာဝန္တစ္ဦးျဖစ္ေၾကာင္း သိရသည္။ ေဒါက္တာမီ႐ု သည္ ကမာၻ႔ဂင္းနစ္စံခ်ိန္ မွတ္တမ္းတင္ထားေသာ လက္မွတ္ကိုင္ေဆာင္ထားသည့္ပုံကို လူမႈကြန္ရက္တစ္ခုျဖစ္ေသာ ေဖ့စ္ဘုတ္ေပၚတြင္ တင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဓါတ္ပုံတြင္ ေဒါက္တာမီ႐ုသည္ sbai (ပိုးရင္သားပတ္ပတ္)၊ chong kraben (ထိုင္း႐ိုးရာအထည္ေအာက္ ပိုင္း) ႏွင့္ chadaa (ထိုင္း႐ိုးရာေခါင္းစြပ္) တို႔ ပါဝင္ေသာ ထိုင္း႐ိုးရာဝတ္စုံကို ဝတ္ဆင္ထားသည္။ "ဖန္စီ" ဝတ္စုံျဖင့္ လန္ဒန္မာရသြန္ၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူမ်ားသည္ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ရန္ ေတာင္းဆိုခ်က္ တင္သြင္း ႏိုင္ေၾကာင္း ေဒါက္တာမီ႐ု က ေျပာၾကားခဲ့သည္။

ေဒါက္တာမီ႐ုသည္ (၄၁)ကီလိုမီတာ အကြာအေဝးရွိေသာ အေျပးၿပိဳင္ပြဲကို (၃)နာရီ(၄၅)မိနစ္ျဖင့္ ေျပးႏိုင္ခဲ့ ေၾကာင္း သိရသည္။ ထိုင္းႏိုင္ငံ၏ “Soft Power” ဟုေခၚေသာ ထိုင္းယဥ္ေက်းမႈ၊ ဖက္ရွင္ႏွင့္ အထည္မ်ားကို ျမႇင့္တင္ ျပသရန္အတြက္ လန္ဒန္မာရသြန္ၿပိဳင္ပြဲကို ႐ိုးရာဝတ္စုံျဖင့္ ေျပးရန္ စိတ္ကူးမိေၾကာင္း ေဒါက္တာမီ႐ုက ေျပာဆိုခဲ့သည္။

ဧၿပီ(၂၄) ရက္က ျပဳလုပ္ေသာ အမ်ိဳးသမီးအေျပးၿပိဳင္ပြဲတြင္ မာရသြန္မေျပးဖူးေသာ အိုလံပစ္ဆုႏွစ္ႀကိမ္ရခဲ့ဖူးသည့္ Sifan Hissan က အႏိုင္ရရွိခဲ့ေၾကာင္း သိရသည္။ ၿဗိတိန္၏ မာရသြန္ခ်န္ပီယံ Paula Radcliffe က "Sifan Hissan ဟာ အေျပးၿပိဳင္ပြဲကို (၂)နာရီ (၁၈)မိနစ္နဲ႔ (၃၃)စကၠန႔္အတြင္းမွာပဲ အႏိုင္ရခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။

Sifan Hissan က "ဒါဟာ အံ့ဩစရာပါပဲ။ မာရသြန္ၿပိဳင္ပြဲကို အႏိုင္ရရွိမယ္လို႔ တခါမွ မေတြးခဲ့ဖူးေပမယ့္ အခုေတာ့ အႏိုင္ရရွိခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.