ရှုပ်ရှုပ်ထွေးထွေး အမေရိကန်နိုင်ငံရေး (ဘာသာပြန်ဆောင်းပါး)

 410

ရဲထွန်း (သီပေါ) (NP News) - ဧပြီ ၂၉

ဟန့်တား ဘိုင်ဒန်ရဲ့ လက်ပ်တော့ပ်ကွန်ပျူတာကစတဲ့ ဇတ်လမ်း
၂ဝ၁၉ ခုနှစ်က ဂျိုးဘိုင်ဒန်က သမ္မတရွေးကောက်ပွဲဝင်မယ်လို့ ကြေငြာလိုက်ကတည်းက၊ ရီပတ်ဘလီကန်တွေဟာ၊ ဂျိုးဘိုင်ဒန်ရဲ့သား ဟန့်တားဘိုင်ဒန်နဲ့ပတ်သက်တဲ့ မူးယစ်ဆေးစွဲခဲ့တဲ့ကိစ္စတွေ၊ ယူကရိန်းနဲ့ တရုတ်ပြည်မှာ သူ့ရဲ့စီးပွားရေးဆက်ဆံရေးကိစ္စတွေကို မျက်လုံးဒေါက်ထောက်ကြည့်လာပြီး သူ့အဖေကို နိုင်ငံရေးအရ ထိုးနှက်ဖို့ အကွက်ကောင်းရှာလာကြပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ကို ပထမအကြိမ် လွှတ်တော်က စွပ်စွဲပြစ်တင်မှုဟာ ယူကရိန်းသမ္မတ ဇီလန်စကီးကို ဖုန်းခေါ်ဆိုပြီး ဘိုင်ဒန်တို့အပေါ် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ဖိအားပေး ပြောဆိုခဲ့တာနဲ့ ဆက်စပ်နေခဲ့ပါတယ်။

အခုအခါမှာတော့ ရီပတ်ဘလီကန်တွေက အောက်လွှတ်တော်မှာ အများစုဖြစ်နေကြလို့ စုံစမ်းစစ်ဆေးရေး ကော်မတီတွေကိုလည်း ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် ဟန့်တား ဘိုင်ဒန်အပေါ် ပိုမဲလာကြပြီး၊ သူ့ရဲ့ စီးပွားရေး လုပ်ငန်းဆက်ဆံရေးကိစ္စတွေက ဂျိုးဘိုင်ဒန် ဒုတိယ သမ္မတဖြစ်တဲ့အချိန်နဲ့ရော သမ္မတဖြစ်နေတဲ့ကာလနဲ့ပါ ဥပဒေ နဲ့ငြိစွန်းတဲ့ ပတ်သက်ဆက်နွယ်မှုရှိ၊ မရှိကို စုံစမ်းနေကြပါတယ်။ ဟန့်တားဘိုင်ဒန်ဟာ ရာဇဝတ်မှု တစ်ခုထက်မက နဲ့ ပတ်သက်မှုရှိ၊ မရှိ ကိုလည်း စုံစမ်းစစ်ဆေးနေကြပါတယ်။

ဟန့်တားဘိုင်ဒန်ဆိုတာ ဘယ်သူလဲ
ရောဘတ် ဟန့်တားဘိုင်ဒန်ကို ၁၉၇ဝ ခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်မှာ၊ သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ပထမ ဇနီး နီးလီယာ ဟန့်တား ဘိုင်ဒန်တို့က မွေးဖွားပါတယ်။ သူဟာ ရှေ့နေ၊ စီးပွားရေးသမားနဲ့ အနုပညာရှင် တစ်ယောက်လည်းဖြစ်ပါတယ်။ သူ့အမေနဲ့ သူ့ညီမ နာအိုမီတို့ဟာ ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်က ဖြစ်ပွားတဲ့ ကားမတော်တဆမှုမှာ သေဆုံးခဲ့ကြပါတယ်။ သူနဲ့ သူ့အစ်ကို ဘော (Beau) တို့ဟာ အဲဒီမတော်တဆမှုမှာထိခိုက်ဒဏ်ရာ ရခဲ့ကြပေမဲ့ အသက်မသေခဲ့ပါဘူး။ ၁၉၇၇ ခုနှစ် စက်တင်ဘာလ ထဲမှာ သူ့အဖေ ဂျိုးဘိုင်ဒန်က ဂျေးလ် ဂျက်ကော့ဗ်နဲ့ နောက်ထပ်အိမ်ထောင်ပြုပါတယ်။ နောက်အိမ် ထောင်နဲ့ သမီးလေး အက်ရှ်လေကို ၁၉၈၁ ခုနှစ်မှာမွေးပါတယ်။ ဒဲလားဝဲယားပြည်နယ် အစိုးရရှေ့နေချုပ် ဖြစ်တဲ့ သူ့အစ်ကို ဘောဟာ ၂ဝ၁၅ ခုနှစ်မှာ ဦးနှောက်ကင်ဆာရောဂါနဲ့ သေဆုံးခဲ့ပါတယ်။

ဟန့်တားဘိုင်ဒန်ဟာ ၂ဝ၁၄ ခုနှစ်ကနေ ၂ဝ၁၉ ခုနှစ်အထိ ယူကရိန်းနိုင်ငံက အကြီးဆုံး သဘာဝဓါတ်ငွေ့ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ ဘာရစ်မ ဦးပိုင်ကုမ္ပဏီ Burisma Holdings ရဲ့ ဘုတ်အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ တရုတ်ကုမ္ပဏီတွေမှာလည်း ရင်းနှီးမြှုပ်နှံပြီးစီးပွားရေးလုပ်ခဲ့ပါတယ်။ အခုတော့ နယူးယောက်မှာ အနုပညာ ပြခန်းတခုဖွင့်ပြီး ပန်းချီကားတွေ ရောင်းနေပါတယ်။

ဟန့်တား ဘိုင်ဒန်ကို ဘယ်သူတွေ စုံစမ်းစစ်ဆေးနေသလဲ
ဟန့်တားဘိုင်ဒန်ရဲ့ ယူကရိန်းနဲ့ တရုတ်မှာရှိတဲ့ စီးပွားရေး ဆက်ဆံမှုတွေနဲ့ ကုမ္ပဏီတွေက ဒီနှစ်တွေအတွင်းမှာ ဂျိုးဘိုင်ဒန်ရဲ့ နိုင်ငံခြားရေးပေါ်လစီဆိုင်ရာ ဆုံးဖြတ်ချက်တွေ အပေါ် သြဇာသက်ရောက်မှုရှိမရှိ အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီက ကြားနာစစ်ဆေးဖို့ စီစဉ်နေပါတယ်။ ကင်တပ်ကီပြည်နယ်က ရီပတ်ဘလီကင် အောက်လွှတ်တော်အမတ်လည်းဖြစ်၊ အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီရဲ့ ဥက္ကဋ္ဌသစ်လည်းဖြစ်တဲ့ ဂျိမ်းစ် ခိုမား James Comer က ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက တိုင်းမဂ္ဂဇင်းကိုပြောတာက ကော်မတီအနေနဲ့ ဟန့်တားဘိုင်ဒန်ကို နိုင်ငံရေးအကြောင်းအချက်တွေကြောင့် စုံစမ်းစစ်ဆေးမှုလုပ်တာမဟုတ်ပါဘူးလို့ ဆိုပါတယ်။ ကျွန်တော် တို့ သူ့ကိုစုံစမ်းစစ်ဆေးရတာက သူက အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ရာရောက်တယ်လို့ ယုံကြည် ယူဆလို့သာဖြစ်ပါတယ်။ သူက သူ့အဖေ ဂျိုးဘိုင်ဒန်နဲ့ အပေးအယူလုပ်ထားမှာကို စိုးရိမ်တာပါလို့ ခိုမား ကပြောပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ဟန့်တားဘိုင်ဒန်ရဲ့ စီပွားရေးလုပ်ငန်းဆက်ဆံရေးတွေမှာ သူပါဝင်ပတ်သက် ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ခိုမားရဲ့ ကော်မတီက ယခင်က တွိတာက အရာရှိဟောင်းတွေကို ဖေဖေါ်ဝါရီလ ၈ ရက်က ခေါ်ယူမေးမြန်းခဲ့ပါတယ်။ အဲဒါက ယူကရိန်းက ဟန့်တားဘိုင်ဒင်ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ရေးထားတဲ့ နယူးယောက် ပို့စ်ရဲ့ ဆောင်းပါးကို တွိတာ ဆိုရှယ်မီဒီယာက ၂ဝ၂ဝ အောက်တိုဘာလတုန်းက ယာယီဖိအားပေးခဲ့တဲ့ ဆုံးဖြတ်ချက် နဲ့ ပတ်သက်ပြီး မေးခဲ့တာပါ။ အဲဒီဆောင်းပါးဟာ ဟန့်တား ဘိုင်ဒန်ပိုင်ဆိုင်ခဲ့တဲ့ လက်ပ်တော့ပ် တစ်ခုက ရခဲ့တဲ့ အချက်အလက်တွေ အပေါ်အခြေပြုပြီး ယူကရိန်းက ဟန့်တားဘိုင်ဒန်ရဲ့ စီးပွားရေးလုပ်ငန်းအကြောင်းကို ရေးထားတာဖြစ်ပါတယ်။

ဂျင် ဂျော်ဒန် ခေါင်းဆောင်တဲ့အောက်လွှတ်တော် တရားရေးကော်မတီကလည်း ဟန့်တားဘိုင်ဒန်နဲ့ ပတ်သက်တဲ့ စုံစမ်းမေးမြန်းမှုတွေကို လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။ ခုထိတော့ ဂျော်ဒန်နဲ့ သူ့မိတ်ဆွေ အိုဟိုင်းယိုး အောက်လွှတ်တော် ရီပတ်ဘလီကန်အမတ်လည်းဖြစ်၊ လွှတ်တော်စုံစမ်း ထောက်လှမ်းရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ မိုက်တန်နာတို့ဟာ အစိုးရအလုပ်က ထွက်သွားတဲ့ အမေရိကန် ထောက်လှမ်းရေးအရာရှိ ဟောင်းတွေထံက စာရွက်စာတန်းတွေကို တောင်းဆိုခဲ့ပါတယ်။ အဲဒီအရာရှိက ၂ဝ၂ဝ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ သတင်းပတ် အချို့အလိုမှာ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားပါတယ်။ အဲဒီစာမှာ ဟန့်ထားဘိုင်ဒန်ရဲ့ လက်ပ်တော့ လို့စွပ်စွဲထားတဲ့အထဲက သတင်းစာမှာ ပုံနှိပ်ဖေါ်ပြခဲ့တဲ့ သတင်းအချက်အလက်တွေဟာ “ရုရှား ဝါဒဖြန့်ချိရေး လှုပ်ရှားမှုတစ်ခုရဲ့ ဂန္ဓဝင်မြောက် ကြိုတင်အကွက်ချထားချက်”တွေလို့ရေးပါတယ်။ လက်ပ်တော့ပ်ထဲကရတဲ့ တချို့အချက်အလက်တွေ ဟာ စီဘီအက်စ်၊ ဝါရှင်တန်ပို့စ်နဲ့ နယူးယောက်တိုင်းမ် သတင်းစာတွေက အမှန်ဖြစ် ကြောင်းစစ်ဆေးပြီး ဖြစ်ပါတယ်။

ကိုယ်ရေး အချက်အလက်များ ထိန်ချန် ဖြည့်စွက်မှု
ဟန့်တားဘိုင်ဒန်ဟာ သေနတ်တလက်ဝယ်ယူဖို့ ပုံစံဖြည့်စွက်ကြေငြာရာမှာ အခွန်နဲ့ပတ်သက်ပြီး ရာဇဝတ်မှု ဆိုင်ရာစုံစမ်းစစ်ဆေးမှုကိုလည်း ခံနေရပါတယ်။ ၂ဝ၂ဝ ခုနှစ် ဒီဇင်ဘာလ၊ ဂျိုးဘိုင်ဒန် သမ္မတရွေးကောက်ပွဲအနိုင်ရပြီး သတင်းပတ်တချို့အကြာမှာ ဟန့်တားဘိုင်ဒန်ဟာ ဒဲလားဝဲယား အစိုးရရှေ့နေရုံးက သူ့ရဲ့ အခွန်ကိစ္စကို စုံစမ်းစစ်ဆေးခဲ့ကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ဝါရှင်တန်ပို့စ် သတင်းစာရဲ့အဆိုအရ ဒဲလာဝဲယား အစိုးရရှေ့နေရုံးက ဟန့်တားဘိုင်ဒင်ကြေငြာတဲ့ သူ့ရဲ့အခွန် နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို ပြည်ထောင်စုထောက်လှမ်းရေးတွေကို ပေးခဲ့ပါတယ်တဲ့။ အဲဒီ ၂ဝ၁၈ ခုနှစ်က သေနတ်ဝယ်ယူရာမှာ ရေးဖြည့်ရတဲ့ပုံစံမှာ မူးယစ်ဆေးဝါးသုံးစွဲခဲ့ဘူးသလားဆိုတဲ့ မေးခွန်းကို “ No” လို့ ဖြေထားတယ်လို့ဆိုပါတယ်။ သူရဲ့ ကိုယ်တွေ့မှတ် တမ်းထဲမှာတော့ သူဟာ အဲဒီနှစ်ကကိုကင်းသုံးနေခဲ့ပါတယ်လို့ ဖေါ်ပြထားပါတယ်။

ဟန့်တားဘိုင်ဒင် ရာဇဝတ်မှုစွဲချက်တွေနဲ့ ရင်ဆိုင်ရနိုင်သလား
အဲဒါကတော့ သိပ်မရှင်းလှပါဘူး။ အစိုးရရှေ့နေတွေက သူ့ကိုစွဲချက်တင်ဖို့ လုံလောက်တဲ့ သက်သေ အထောက်အထားရှိမရှိဆိုတာနဲ့ ရာဇဝတ်မှုခင်းတခုစစ်ဆေးဖို့ အတွက် လိုအပ်တဲ့ အချိန်နဲ့ ဇစ်မြစ် ခိုင်ခိုင်လုံလုံ ရှိ မရှိ ဆိုတာတွေအပေါ်မှာတည်ပါလိမ့်မယ်။ ဒီအမှုကို ကိုင်တွယ်မေးမြန်းမဲ့ အစိုးရရှေ့နေက ဒဲလာဝဲယားက အစိုးရ ရှေ့နေ ဒေးဗစ် စီဝိုက်စ် ဖြစ်ပါတယ်။ ဝိုက်စ်က သမ္မတ ဂျော့ဒဗလျူ ဘွတ်ရှ်နဲ့ သမတ ဘားရက်အိုဘားမား တို့နှစ်ယောက်လက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီအမှုကို ကိုင်တွယ်ဖို့ကိုတော့ သမတ ထရမ့်က တာဝန်ပေးတာပါ။ သမတ ဂျိုးဘိုင်ဒန်တက်လာတော့ ဝိုက်စ်ကို အဲဒီနေရာမှာဘဲ ဆက်လက်တာဝန်ယူဖို့ ခွင့်ပြုခဲ့ ပါတယ်။

တကယ်လို့ အစိုးရရှေ့နေတွေက ဟန့်တားဘိုင်ဒန်ကို အခွန်ရှောင်မှု ဒါမှမဟုတ် ပုံစံမှာ အချက်အလက် အမှားဖြည့်စွက်မှုနဲ့ တရားစွဲမယ်ဆိုရင် သူဟာ ဒဏ်ငွေရိုက်တာနဲ့ ထောင်ဒဏ်ကျခံရနှိုင်ပါတယ်။ အခွန်တိမ်းရှောင် ရန်ကြံရွယ်ကြောင်း အမှုထင်ရှားစီရင်ခြင်းခံရရင် ထောင်ဒဏ် ၅ နှစ်အထိပစ်ဒဏ်ကျခံရနှိုင်ပြီး ဒဏ်ငွေအများဆုံး ဒေါ်လာ တစ်သိန်းအတပ်ခံရနိုင်ပါတယ်။ အချက်အလက်မှားတွေဖြည့်ရေးတဲ့အတွက် ပစ်မှုထင်ရှားတယ်ဆိုရင် အများဆုံး ဒေါ်လာ တစ်သိန်းနဲ့ ထောင်ဒဏ်အများဆုံး ၃ နှစ်ကျခံရနိုင်ပါတယ်။ နယူးယောက်သတင်းစာအဆိုအရ ဟန့်တားဘိုင်ဒန်ဟာ ၂ဝ၂၁ ခုနှစ်မှာ ထမ်းဆောင်ရမဲ့အခွန်ကို ပေးဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

၂ဝ၁၈ ခုနှစ်တုန်းက သေနတ်ဝယ်တဲ့အချိန် ဖြည့်စွက်ခဲ့တဲ့ ပုံစံစာရွက်မှာ မူးယစ်ဆေးဝါးမသုံးစွဲပါလို့ ဖြည့်စွက်ခဲ့ပေမဲ့ လူသိရှင်ကြားရေးသားခဲ့တဲ့ စာမှာတော့ အဲဒီအချိန်က မူးယစ်ဆေးဝါးသုံးခဲ့တယ်လို့ ဆိုပါတယ်။ လက်နက် ဝယ်ယူတဲ့ မှတ်တမ်းမှာ လိမ်ညာတာဟာ ကြီးလေးတဲ့ ရာဇဝတ်မှုမြောက်ပါတယ်။ ပစ်မှုထင်ရှားစီရင်ခြင်းခံရရင် ထောင်ဒဏ် ၁ဝ နှစ်အထိကျခံရနှိုင်ပါတယ်။ ဒါပေမဲ့ အစိုးရရှေ့နေတွေက ဒါမျိုးကို ရုံးတင်တရားစွဲဆိုလေ့မရှိပါ။

ကျဥ်းထဲ ကြပ်ထဲရောက်နေတဲ့ တရားရေးဌာန
ဒီလိုအခြေအနေတွေ အားလုံးက တရားရေးဌာနက အစိုးရရှေ့နေတွေကို ဆုပ်လည်းစူး၊ စားလည်းရူး ဆိုတဲ့ ဘေးကြပ်နံကြပ် အခြေအနေထဲကို တွန်းပို့သလို ဖြစ်နေပါတယ်လို့ ယခင်ပြည်ထောင်စုအစိုးရ ရှေ့နေ ရီနာတို မာရီယော့တီ ကပြောပါတယ်။ တကယ်လို့ တရားရေးဌာနက ဟန့်တားဘိုင်ဒန်ကို တရားမစွဲဖို့ ဆုံးဖြတ်တယ် ဆိုရင်၊ သမ္မတရဲ့သားဖြစ်လို့ မျက်စိမှိတ်နေတယ်လို့စွပ်စွဲခံရမှာဖြစ်ပါတယ်။ တကယ်လို့ တရားစွဲခဲ့တယ်ဆိုပြန်ရင်လည်း၊ အခြားသူတွေအပေါ်စွဲလေ့စွဲထမရှိတဲ့ ဒီလိုအမှုမျိုးမှာ သူ့ကိုကျမှရွေးထုတ်ပြီးတရားစွဲတာဟာ၊ မျှတမှု မရှိဘူးလို့ ဝေဖန်ပြောဆိုလာကြဖွယ်ရှိပါတယ်။
ဘယ်လိုဘဲဆုံးဖြတ်သည်ဖြစ်ပါစေ၊ တရားရေးဌာနရဲ့ ဂုဏ်သိက္ခာကို ဝေဖန်တိုက်ခိုက်တာ ခံရမှာပါဘဲလို့ မာရီယော့တီက ပြောပါတယ်။

တရားရေးဌာနအနေနဲ့ မည်သို့ဆုံးဖြတ်မည်ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပြီး ဟန့်တားဘိုင်ဒန်၏ အမှုကိစ္စများနှင့် ဒေါ်နယ်ထရမ့်၏ အမှုကိစ္စများက လာမည့် သမ္မတရွေးကောက်ပွဲ တွင် အပြန်အလှန်ဝေဖန် တိုက်ခိုက်ရာတွင်အသုံးပြုလာနိုင်သည့် လက်နက်များဖြစ်လာနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

ကိုးကား- Here’s What We Know About Hunter Biden and the Investigations Into Him BY BRIAN BENNETT

zawgyi version
ရႈပ္ရႈပ္ေထြးေထြး အေမရိကန္ႏိုင္ငံေရး (ဘာသာျပန္ေဆာင္းပါး)
ရဲထြန္း (သီေပါ) (NP News) - ဧၿပီ ၂၉

ဟန႔္တား ဘိုင္ဒန္ရဲ႕ လက္ပ္ေတာ့ပ္ကြန္ပ်ဴတာကစတဲ့ ဇတ္လမ္း
၂ဝ၁၉ ခုႏွစ္က ဂ်ိဳးဘိုင္ဒန္က သမၼတေ႐ြးေကာက္ပြဲဝင္မယ္လို႔ ေၾကျငာလိုက္ကတည္းက၊ ရီပတ္ဘလီကန္ေတြဟာ၊ ဂ်ိဳးဘိုင္ဒန္ရဲ႕သား ဟန႔္တားဘိုင္ဒန္နဲ႔ပတ္သက္တဲ့ မူးယစ္ေဆးစြဲခဲ့တဲ့ကိစၥေတြ၊ ယူကရိန္းနဲ႔ တ႐ုတ္ျပည္မွာ သူ႔ရဲ႕စီးပြားေရးဆက္ဆံေရးကိစၥေတြကို မ်က္လုံးေဒါက္ေထာက္ၾကည့္လာၿပီး သူ႔အေဖကို ႏိုင္ငံေရးအရ ထိုးႏွက္ဖို႔ အကြက္ေကာင္းရွာလာၾကပါတယ္။ သမၼတ ေဒၚနယ္ထရမ့္ကို ပထမအႀကိမ္ လႊတ္ေတာ္က စြပ္စြဲျပစ္တင္မႈဟာ ယူကရိန္းသမၼတ ဇီလန္စကီးကို ဖုန္းေခၚဆိုၿပီး ဘိုင္ဒန္တို႔အေပၚ စုံစမ္းစစ္ေဆးမႈေတြလုပ္ဖို႔ ဖိအားေပး ေျပာဆိုခဲ့တာနဲ႔ ဆက္စပ္ေနခဲ့ပါတယ္။

အခုအခါမွာေတာ့ ရီပတ္ဘလီကန္ေတြက ေအာက္လႊတ္ေတာ္မွာ အမ်ားစုျဖစ္ေနၾကလို႔ စုံစမ္းစစ္ေဆးေရး ေကာ္မတီေတြကိုလည္း ထိန္းခ်ဳပ္ထားပါတယ္။ ဒါေၾကာင့္ ဟန႔္တား ဘိုင္ဒန္အေပၚ ပိုမဲလာၾကၿပီး၊ သူ႔ရဲ႕ စီးပြားေရး လုပ္ငန္းဆက္ဆံေရးကိစၥေတြက ဂ်ိဳးဘိုင္ဒန္ ဒုတိယ သမၼတျဖစ္တဲ့အခ်ိန္နဲ႔ေရာ သမၼတျဖစ္ေနတဲ့ကာလနဲ႔ပါ ဥပေဒ နဲ႔ၿငိစြန္းတဲ့ ပတ္သက္ဆက္ႏြယ္မႈရွိ၊ မရွိကို စုံစမ္းေနၾကပါတယ္။ ဟန႔္တားဘိုင္ဒန္ဟာ ရာဇဝတ္မႈ တစ္ခုထက္မက နဲ႔ ပတ္သက္မႈရွိ၊ မရွိ ကိုလည္း စုံစမ္းစစ္ေဆးေနၾကပါတယ္။

ဟန႔္တားဘိုင္ဒန္ဆိုတာ ဘယ္သူလဲ
ေရာဘတ္ ဟန႔္တားဘိုင္ဒန္ကို ၁၉၇ဝ ခုႏွစ္ ေဖေဖၚဝါရီလ ၄ ရက္မွာ၊ သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ ပထမ ဇနီး နီးလီယာ ဟန႔္တား ဘိုင္ဒန္တို႔က ေမြးဖြားပါတယ္။ သူဟာ ေရွ႕ေန၊ စီးပြားေရးသမားနဲ႔ အႏုပညာရွင္ တစ္ေယာက္လည္းျဖစ္ပါတယ္။ သူ႔အေမနဲ႔ သူ႔ညီမ နာအိုမီတို႔ဟာ ၁၉၇၂ ခုႏွစ္ ဒီဇင္ဘာလ ၁၈ ရက္က ျဖစ္ပြားတဲ့ ကားမေတာ္တဆမႈမွာ ေသဆုံးခဲ့ၾကပါတယ္။ သူနဲ႔ သူ႔အစ္ကို ေဘာ (Beau) တို႔ဟာ အဲဒီမေတာ္တဆမႈမွာထိခိုက္ဒဏ္ရာ ရခဲ့ၾကေပမဲ့ အသက္မေသခဲ့ပါဘူး။ ၁၉၇၇ ခုႏွစ္ စက္တင္ဘာလ ထဲမွာ သူ႔အေဖ ဂ်ိဳးဘိုင္ဒန္က ေဂ်းလ္ ဂ်က္ေကာ့ဗ္နဲ႔ ေနာက္ထပ္အိမ္ေထာင္ျပဳပါတယ္။ ေနာက္အိမ္ ေထာင္နဲ႔ သမီးေလး အက္ရွ္ေလကို ၁၉၈၁ ခုႏွစ္မွာေမြးပါတယ္။ ဒဲလားဝဲယားျပည္နယ္ အစိုးရေရွ႕ေနခ်ဳပ္ ျဖစ္တဲ့ သူ႔အစ္ကို ေဘာဟာ ၂ဝ၁၅ ခုႏွစ္မွာ ဦးေႏွာက္ကင္ဆာေရာဂါနဲ႔ ေသဆုံးခဲ့ပါတယ္။

ဟန႔္တားဘိုင္ဒန္ဟာ ၂ဝ၁၄ ခုႏွစ္ကေန ၂ဝ၁၉ ခုႏွစ္အထိ ယူကရိန္းႏိုင္ငံက အႀကီးဆုံး သဘာဝဓါတ္ေငြ႕ ထုတ္လုပ္တဲ့ ကုမၸဏီေတြထဲက တစ္ခုျဖစ္တဲ့ ဘာရစ္မ ဦးပိုင္ကုမၸဏီ Burisma Holdings ရဲ႕ ဘုတ္အဖြဲ႕ဝင္အျဖစ္ တာဝန္ ထမ္းေဆာင္ခဲ့ပါတယ္။ သူဟာ တ႐ုတ္ကုမၸဏီေတြမွာလည္း ရင္းႏွီးျမႇဳပ္ႏွံၿပီးစီးပြားေရးလုပ္ခဲ့ပါတယ္။ အခုေတာ့ နယူးေယာက္မွာ အႏုပညာ ျပခန္းတခုဖြင့္ၿပီး ပန္းခ်ီကားေတြ ေရာင္းေနပါတယ္။

ဟန႔္တား ဘိုင္ဒန္ကို ဘယ္သူေတြ စုံစမ္းစစ္ေဆးေနသလဲ
ဟန႔္တားဘိုင္ဒန္ရဲ႕ ယူကရိန္းနဲ႔ တ႐ုတ္မွာရွိတဲ့ စီးပြားေရး ဆက္ဆံမႈေတြနဲ႔ ကုမၸဏီေတြက ဒီႏွစ္ေတြအတြင္းမွာ ဂ်ိဳးဘိုင္ဒန္ရဲ႕ ႏိုင္ငံျခားေရးေပၚလစီဆိုင္ရာ ဆုံးျဖတ္ခ်က္ေတြ အေပၚ ၾသဇာသက္ေရာက္မႈရွိမရွိ ေအာက္လႊတ္ေတာ္ ႀကီးၾကပ္ေရးေကာ္မတီက ၾကားနာစစ္ေဆးဖို႔ စီစဥ္ေနပါတယ္။ ကင္တပ္ကီျပည္နယ္က ရီပတ္ဘလီကင္ ေအာက္လႊတ္ေတာ္အမတ္လည္းျဖစ္၊ ေအာက္လႊတ္ေတာ္ ႀကီးၾကပ္ေရးေကာ္မတီရဲ႕ ဥကၠ႒သစ္လည္းျဖစ္တဲ့ ဂ်ိမ္းစ္ ခိုမား James Comer က ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက တိုင္းမဂၢဇင္းကိုေျပာတာက ေကာ္မတီအေနနဲ႔ ဟန႔္တားဘိုင္ဒန္ကို ႏိုင္ငံေရးအေၾကာင္းအခ်က္ေတြေၾကာင့္ စုံစမ္းစစ္ေဆးမႈလုပ္တာမဟုတ္ပါဘူးလို႔ ဆိုပါတယ္။ ကြၽန္ေတာ္ တို႔ သူ႔ကိုစုံစမ္းစစ္ေဆးရတာက သူက အမ်ိဳးသားလုံၿခဳံေရးကို ၿခိမ္းေျခာက္ရာေရာက္တယ္လို႔ ယုံၾကည္ ယူဆလို႔သာျဖစ္ပါတယ္။ သူက သူ႔အေဖ ဂ်ိဳးဘိုင္ဒန္နဲ႔ အေပးအယူလုပ္ထားမွာကို စိုးရိမ္တာပါလို႔ ခိုမား ကေျပာပါတယ္။ သမၼတ ဂ်ိဳးဘိုင္ဒန္ကေတာ့ ဟန႔္တားဘိုင္ဒန္ရဲ႕ စီပြားေရးလုပ္ငန္းဆက္ဆံေရးေတြမွာ သူပါဝင္ပတ္သက္ ျခင္းမရွိဘူးလို႔ ျငင္းဆိုထားပါတယ္။

ခိုမားရဲ႕ ေကာ္မတီက ယခင္က တြိတာက အရာရွိေဟာင္းေတြကို ေဖေဖၚဝါရီလ ၈ ရက္က ေခၚယူေမးျမန္းခဲ့ပါတယ္။ အဲဒါက ယူကရိန္းက ဟန႔္တားဘိုင္ဒင္ရဲ႕ စီးပြားေရးလုပ္ငန္းနဲ႔ ပတ္သက္ၿပီး ေရးထားတဲ့ နယူးေယာက္ ပို႔စ္ရဲ႕ ေဆာင္းပါးကို တြိတာ ဆိုရွယ္မီဒီယာက ၂ဝ၂ဝ ေအာက္တိုဘာလတုန္းက ယာယီဖိအားေပးခဲ့တဲ့ ဆုံးျဖတ္ခ်က္ နဲ႔ ပတ္သက္ၿပီး ေမးခဲ့တာပါ။ အဲဒီေဆာင္းပါးဟာ ဟန႔္တား ဘိုင္ဒန္ပိုင္ဆိုင္ခဲ့တဲ့ လက္ပ္ေတာ့ပ္ တစ္ခုက ရခဲ့တဲ့ အခ်က္အလက္ေတြ အေပၚအေျချပဳၿပီး ယူကရိန္းက ဟန႔္တားဘိုင္ဒန္ရဲ႕ စီးပြားေရးလုပ္ငန္းအေၾကာင္းကို ေရးထားတာျဖစ္ပါတယ္။

ဂ်င္ ေဂ်ာ္ဒန္ ေခါင္းေဆာင္တဲ့ေအာက္လႊတ္ေတာ္ တရားေရးေကာ္မတီကလည္း ဟန႔္တားဘိုင္ဒန္နဲ႔ ပတ္သက္တဲ့ စုံစမ္းေမးျမန္းမႈေတြကို လုပ္ေဆာင္သြားဖို႔ စီစဥ္ထားပါတယ္။ ခုထိေတာ့ ေဂ်ာ္ဒန္နဲ႔ သူ႔မိတ္ေဆြ အိုဟိုင္းယိုး ေအာက္လႊတ္ေတာ္ ရီပတ္ဘလီကန္အမတ္လည္းျဖစ္၊ လႊတ္ေတာ္စုံစမ္း ေထာက္လွမ္းေရး ေကာ္မတီ ဥကၠ႒လည္းျဖစ္တဲ့ မိုက္တန္နာတို႔ဟာ အစိုးရအလုပ္က ထြက္သြားတဲ့ အေမရိကန္ ေထာက္လွမ္းေရးအရာရွိ ေဟာင္းေတြထံက စာ႐ြက္စာတန္းေတြကို ေတာင္းဆိုခဲ့ပါတယ္။ အဲဒီအရာရွိက ၂ဝ၂ဝ ခုႏွစ္ေ႐ြးေကာက္ပြဲမတိုင္မီ သတင္းပတ္ အခ်ိဳ႕အလိုမွာ အိတ္ဖြင့္ေပးစာတစ္ေစာင္ ေရးသားပါတယ္။ အဲဒီစာမွာ ဟန႔္ထားဘိုင္ဒန္ရဲ႕ လက္ပ္ေတာ့ လို႔စြပ္စြဲထားတဲ့အထဲက သတင္းစာမွာ ပုံႏွိပ္ေဖၚျပခဲ့တဲ့ သတင္းအခ်က္အလက္ေတြဟာ “႐ုရွား ဝါဒျဖန႔္ခ်ိေရး လႈပ္ရွားမႈတစ္ခုရဲ႕ ဂႏၶဝင္ေျမာက္ ႀကိဳတင္အကြက္ခ်ထားခ်က္”ေတြလို႔ေရးပါတယ္။ လက္ပ္ေတာ့ပ္ထဲကရတဲ့ တခ်ိဳ႕အခ်က္အလက္ေတြ ဟာ စီဘီအက္စ္၊ ဝါရွင္တန္ပို႔စ္နဲ႔ နယူးေယာက္တိုင္းမ္ သတင္းစာေတြက အမွန္ျဖစ္ ေၾကာင္းစစ္ေဆးၿပီး ျဖစ္ပါတယ္။

ကိုယ္ေရး အခ်က္အလက္မ်ား ထိန္ခ်န္ ျဖည့္စြက္မႈ
ဟန႔္တားဘိုင္ဒန္ဟာ ေသနတ္တလက္ဝယ္ယူဖို႔ ပုံစံျဖည့္စြက္ေၾကျငာရာမွာ အခြန္နဲ႔ပတ္သက္ၿပီး ရာဇဝတ္မႈ ဆိုင္ရာစုံစမ္းစစ္ေဆးမႈကိုလည္း ခံေနရပါတယ္။ ၂ဝ၂ဝ ခုႏွစ္ ဒီဇင္ဘာလ၊ ဂ်ိဳးဘိုင္ဒန္ သမၼတေ႐ြးေကာက္ပြဲအႏိုင္ရၿပီး သတင္းပတ္တခ်ိဳ႕အၾကာမွာ ဟန႔္တားဘိုင္ဒန္ဟာ ဒဲလားဝဲယား အစိုးရေရွ႕ေန႐ုံးက သူ႔ရဲ႕ အခြန္ကိစၥကို စုံစမ္းစစ္ေဆးခဲ့ေၾကာင္း ေၾကျငာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ပါတယ္။
ဝါရွင္တန္ပို႔စ္ သတင္းစာရဲ႕အဆိုအရ ဒဲလာဝဲယား အစိုးရေရွ႕ေန႐ုံးက ဟန႔္တားဘိုင္ဒင္ေၾကျငာတဲ့ သူ႔ရဲ႕အခြန္ နဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ကို ျပည္ေထာင္စုေထာက္လွမ္းေရးေတြကို ေပးခဲ့ပါတယ္တဲ့။ အဲဒီ ၂ဝ၁၈ ခုႏွစ္က ေသနတ္ဝယ္ယူရာမွာ ေရးျဖည့္ရတဲ့ပုံစံမွာ မူးယစ္ေဆးဝါးသုံးစြဲခဲ့ဘူးသလားဆိုတဲ့ ေမးခြန္းကို “ No” လို႔ ေျဖထားတယ္လို႔ဆိုပါတယ္။ သူရဲ႕ ကိုယ္ေတြ႕မွတ္ တမ္းထဲမွာေတာ့ သူဟာ အဲဒီႏွစ္ကကိုကင္းသုံးေနခဲ့ပါတယ္လို႔ ေဖၚျပထားပါတယ္။

ဟန႔္တားဘိုင္ဒင္ ရာဇဝတ္မႈစြဲခ်က္ေတြနဲ႔ ရင္ဆိုင္ရႏိုင္သလား
အဲဒါကေတာ့ သိပ္မရွင္းလွပါဘူး။ အစိုးရေရွ႕ေနေတြက သူ႔ကိုစြဲခ်က္တင္ဖို႔ လုံေလာက္တဲ့ သက္ေသ အေထာက္အထားရွိမရွိဆိုတာနဲ႔ ရာဇဝတ္မႈခင္းတခုစစ္ေဆးဖို႔ အတြက္ လိုအပ္တဲ့ အခ်ိန္နဲ႔ ဇစ္ျမစ္ ခိုင္ခိုင္လုံလုံ ရွိ မရွိ ဆိုတာေတြအေပၚမွာတည္ပါလိမ့္မယ္။ ဒီအမႈကို ကိုင္တြယ္ေမးျမန္းမဲ့ အစိုးရေရွ႕ေနက ဒဲလာဝဲယားက အစိုးရ ေရွ႕ေန ေဒးဗစ္ စီဝိုက္စ္ ျဖစ္ပါတယ္။ ဝိုက္စ္က သမၼတ ေဂ်ာ့ဒဗလ်ဴ ဘြတ္ရွ္နဲ႔ သမတ ဘားရက္အိုဘားမား တို႔ႏွစ္ေယာက္လက္ထက္မွာ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ဒီအမႈကို ကိုင္တြယ္ဖို႔ကိုေတာ့ သမတ ထရမ့္က တာဝန္ေပးတာပါ။ သမတ ဂ်ိဳးဘိုင္ဒန္တက္လာေတာ့ ဝိုက္စ္ကို အဲဒီေနရာမွာဘဲ ဆက္လက္တာဝန္ယူဖို႔ ခြင့္ျပဳခဲ့ ပါတယ္။

တကယ္လို႔ အစိုးရေရွ႕ေနေတြက ဟန႔္တားဘိုင္ဒန္ကို အခြန္ေရွာင္မႈ ဒါမွမဟုတ္ ပုံစံမွာ အခ်က္အလက္ အမွားျဖည့္စြက္မႈနဲ႔ တရားစြဲမယ္ဆိုရင္ သူဟာ ဒဏ္ေငြ႐ိုက္တာနဲ႔ ေထာင္ဒဏ္က်ခံရႏႈိင္ပါတယ္။ အခြန္တိမ္းေရွာင္ ရန္ႀကံ႐ြယ္ေၾကာင္း အမႈထင္ရွားစီရင္ျခင္းခံရရင္ ေထာင္ဒဏ္ ၅ ႏွစ္အထိပစ္ဒဏ္က်ခံရႏႈိင္ၿပီး ဒဏ္ေငြအမ်ားဆုံး ေဒၚလာ တစ္သိန္းအတပ္ခံရႏိုင္ပါတယ္။ အခ်က္အလက္မွားေတြျဖည့္ေရးတဲ့အတြက္ ပစ္မႈထင္ရွားတယ္ဆိုရင္ အမ်ားဆုံး ေဒၚလာ တစ္သိန္းနဲ႔ ေထာင္ဒဏ္အမ်ားဆုံး ၃ ႏွစ္က်ခံရႏိုင္ပါတယ္။ နယူးေယာက္သတင္းစာအဆိုအရ ဟန႔္တားဘိုင္ဒန္ဟာ ၂ဝ၂၁ ခုႏွစ္မွာ ထမ္းေဆာင္ရမဲ့အခြန္ကို ေပးေဆာင္ခဲ့တယ္လို႔ ဆိုပါတယ္။

၂ဝ၁၈ ခုႏွစ္တုန္းက ေသနတ္ဝယ္တဲ့အခ်ိန္ ျဖည့္စြက္ခဲ့တဲ့ ပုံစံစာ႐ြက္မွာ မူးယစ္ေဆးဝါးမသုံးစြဲပါလို႔ ျဖည့္စြက္ခဲ့ေပမဲ့ လူသိရွင္ၾကားေရးသားခဲ့တဲ့ စာမွာေတာ့ အဲဒီအခ်ိန္က မူးယစ္ေဆးဝါးသုံးခဲ့တယ္လို႔ ဆိုပါတယ္။ လက္နက္ ဝယ္ယူတဲ့ မွတ္တမ္းမွာ လိမ္ညာတာဟာ ႀကီးေလးတဲ့ ရာဇဝတ္မႈေျမာက္ပါတယ္။ ပစ္မႈထင္ရွားစီရင္ျခင္းခံရရင္ ေထာင္ဒဏ္ ၁ဝ ႏွစ္အထိက်ခံရႏႈိင္ပါတယ္။ ဒါေပမဲ့ အစိုးရေရွ႕ေနေတြက ဒါမ်ိဳးကို ႐ုံးတင္တရားစြဲဆိုေလ့မရွိပါ။

က်ဥ္းထဲ ၾကပ္ထဲေရာက္ေနတဲ့ တရားေရးဌာန
ဒီလိုအေျခအေနေတြ အားလုံးက တရားေရးဌာနက အစိုးရေရွ႕ေနေတြကို ဆုပ္လည္းစူး၊ စားလည္း႐ူး ဆိုတဲ့ ေဘးၾကပ္နံၾကပ္ အေျခအေနထဲကို တြန္းပို႔သလို ျဖစ္ေနပါတယ္လို႔ ယခင္ျပည္ေထာင္စုအစိုးရ ေရွ႕ေန ရီနာတို မာရီေယာ့တီ ကေျပာပါတယ္။ တကယ္လို႔ တရားေရးဌာနက ဟန႔္တားဘိုင္ဒန္ကို တရားမစြဲဖို႔ ဆုံးျဖတ္တယ္ ဆိုရင္၊ သမၼတရဲ႕သားျဖစ္လို႔ မ်က္စိမွိတ္ေနတယ္လို႔စြပ္စြဲခံရမွာျဖစ္ပါတယ္။ တကယ္လို႔ တရားစြဲခဲ့တယ္ဆိုျပန္ရင္လည္း၊ အျခားသူေတြအေပၚစြဲေလ့စြဲထမရွိတဲ့ ဒီလိုအမႈမ်ိဳးမွာ သူ႔ကိုက်မွေ႐ြးထုတ္ၿပီးတရားစြဲတာဟာ၊ မွ်တမႈ မရွိဘူးလို႔ ေဝဖန္ေျပာဆိုလာၾကဖြယ္ရွိပါတယ္။
ဘယ္လိုဘဲဆုံးျဖတ္သည္ျဖစ္ပါေစ၊ တရားေရးဌာနရဲ႕ ဂုဏ္သိကၡာကို ေဝဖန္တိုက္ခိုက္တာ ခံရမွာပါဘဲလို႔ မာရီေယာ့တီက ေျပာပါတယ္။

တရားေရးဌာနအေနနဲ႔ မည္သို႔ဆုံးျဖတ္မည္ဆိုသည္ကို ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္ၿပီး ဟန႔္တားဘိုင္ဒန္၏ အမႈကိစၥမ်ားႏွင့္ ေဒၚနယ္ထရမ့္၏ အမႈကိစၥမ်ားက လာမည့္ သမၼတေ႐ြးေကာက္ပြဲ တြင္ အျပန္အလွန္ေဝဖန္ တိုက္ခိုက္ရာတြင္အသုံးျပဳလာႏိုင္သည့္ လက္နက္မ်ားျဖစ္လာႏိုင္ေၾကာင္း တင္ျပလိုက္ရပါတယ္။

ကိုးကား- Here’s What We Know About Hunter Biden and the Investigations Into Him BY BRIAN BENNETT

Related news

© 2021. All rights reserved.