ချောင်းသာရှိ Hotel တစ်ခု၌ အမျိုးသားတစ်ဦး ရေပန်းဖွင့်စဉ် ဓာတ်လိုက်သေဆုံးမှုဖြစ်ပွား

 2341

Pearl (NP News) - မေ ၁

ချောင်းသာရှိ Hotel တစ်ခု၌ အမျိုးသားတစ်ဦး ရေပန်းဖွင့်စဉ် ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၃ဝ ရက်) ၊ နေ့လည် (၁)နာရီခွဲအချိန်ခန့်တွင် ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ Supreme Hotel တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချောင်းသာကမ်းခြေတွင်ရေကူး၍ပြန်လာသော သေဆုံးသူအပါအဝင် (၃)ဦးတို့သည် အဆိုပါ Hotel ရှေ့ရှိ ရေပန်းအားဖွင့်ရာ ဓါတ်လိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ကလေးတွေက ချောင်းသာမှာ ရေကူးကြတယ်။ နေ့လည် (၁)နာရီလောက်မှာ ထမင်းစားဖို့ Hotel ဆီပြန်တယ်။ Hotel ရှေ့မှာ ရေပန်းရှိတယ်။ Hotel ထဲဝင်ဖို့ အဲဒီမှာခြေတွေလက်တွေဆေးဖို့ ရေပန်းကိုဖွင့်လိုက်တာ ဓာတ်လိုက်သွားတာ။ (၂)ယောက်က ပစ်လဲသွားတာ။ (၁)ယောက်က စကားပြောနိုင်သေးတယ် ။ သူကတော့ မလဲသေးဘူး။ စကားပြောနိုင်သေးတဲ့ တစ်ယောက်က မိန်းချပေးပါဆိုပြီး အော်လိုက်တာ။ အဲဒီမှာမိန်းချပြီးတော့ အရေးပေါ် ကုသမှုလုပ်တော့ တစ်ယောက်က ပြန်ကောင်းလာတယ်။ တစ်ယောက်က တိုက်နယ်ဆေးရုံကိုပို့တော့ လမ်းမှာတင် အသက်ပါမလာဘူးလို့ ဆေးရုံကမှတ်ချက်ချတယ်" ဟု မြို့ဦးလုလင် နာရေးကူညီမှုအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။

အဆိုပါ ဓာတ်လိုက်သေဆုံးသူ အမျိုးသားသည် လူမှုကူညီရေးအသင်းတစ်ခုတွင် Volunteer အလုပ်လုပ်ကိုင်သူဖြစ်ပြီး မကြာမီအချိန်တွင် စင်္ကာပူနိုင်ငံသို့ သွာရောက်အလုပ်လုပ်ကိုင်ရန် စီစဉ်ထားပြီးသူဖြစ်ကြောင်း အထက်ပါအသင်းမှ ဆိုသည်။

လက်ရှိတွင် ဓာတ်လိုက်သေဆုံးသူအမျိုးသားသည် အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်ပြီး ၎င်း၏ရုပ်အလောင်းအား ချောင်းသာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

zawgyi version
ခ်ာင္းသာရွိ Hotel တစ္ခု၌ အမ်ိဳးသားတစ္ဦး ေရပန္းဖြင့္စဥ္ ဓာတ္လိုက္ေသဆုံးမႈျဖစ္ပြား

Pearl (NP News) - ေမ ၁

ေခ်ာင္းသာရွိ Hotel တစ္ခု၌ အမ်ိဳးသားတစ္ဦး ေရပန္းဖြင့္စဥ္ ဓာတ္လိုက္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဧၿပီလ ၃ဝ ရက္) ၊ ေန႔လည္ (၁)နာရီခြဲအခ်ိန္ခန႔္တြင္ ပုသိမ္ခ႐ိုင္၊ ေခ်ာင္းသာၿမိဳ႕ရွိ Supreme Hotel တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေခ်ာင္းသာကမ္းေျခတြင္ေရကူး၍ျပန္လာေသာ ေသဆုံးသူအပါအဝင္ (၃)ဦးတို႔သည္ အဆိုပါ Hotel ေရွ႕ရွိ ေရပန္းအားဖြင့္ရာ ဓါတ္လိုက္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"ကေလးေတြက ေခ်ာင္းသာမွာ ေရကူးၾကတယ္။ ေန႔လည္ (၁)နာရီေလာက္မွာ ထမင္းစားဖို႔ Hotel ဆီျပန္တယ္။ Hotel ေရွ႕မွာ ေရပန္းရွိတယ္။ Hotel ထဲဝင္ဖို႔ အဲဒီမွာေျခေတြလက္ေတြေဆးဖို႔ ေရပန္းကိုဖြင့္လိုက္တာ ဓာတ္လိုက္သြားတာ။ (၂)ေယာက္က ပစ္လဲသြားတာ။ (၁)ေယာက္က စကားေျပာႏိုင္ေသးတယ္ ။ သူကေတာ့ မလဲေသးဘူး။ စကားေျပာႏိုင္ေသးတဲ့ တစ္ေယာက္က မိန္းခ်ေပးပါဆိုၿပီး ေအာ္လိုက္တာ။ အဲဒီမွာမိန္းခ်ၿပီးေတာ့ အေရးေပၚ ကုသမႈလုပ္ေတာ့ တစ္ေယာက္က ျပန္ေကာင္းလာတယ္။ တစ္ေယာက္က တိုက္နယ္ေဆး႐ုံကိုပို႔ေတာ့ လမ္းမွာတင္ အသက္ပါမလာဘူးလို႔ ေဆး႐ုံကမွတ္ခ်က္ခ်တယ္" ဟု ၿမိဳ႕ဦးလုလင္ နာေရးကူညီမႈအသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။

အဆိုပါ ဓာတ္လိုက္ေသဆုံးသူ အမ်ိဳးသားသည္ လူမႈကူညီေရးအသင္းတစ္ခုတြင္ Volunteer အလုပ္လုပ္ကိုင္သူျဖစ္ၿပီး မၾကာမီအခ်ိန္တြင္ စကၤာပူႏိုင္ငံသို႔ သြာေရာက္အလုပ္လုပ္ကိုင္ရန္ စီစဥ္ထားၿပီးသူျဖစ္ေၾကာင္း အထက္ပါအသင္းမွ ဆိုသည္။

လက္ရွိတြင္ ဓာတ္လိုက္ေသဆုံးသူအမ်ိဳးသားသည္ အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ၿပီး ၎၏႐ုပ္အေလာင္းအား ေခ်ာင္းသာေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.