ဆိုင်ကယ် နှင့် ကားတိုက်မှုဖြစ်ပွားခဲ့ရာ (၄)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦး စိုးရိမ်ဖွယ်ရာအခြေအနေရှိနေ

 1295

Pearl (NP News) - မေ ၄

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဆိုင်ကယ်နှင့် ကားတိုက်မှုဖြစ်ပွားရာ (၄)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ (မေလ ၃ရက်) ၊ ညနေ (၄)နာရီခွဲအချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ရုံလမ်း၊ တော်ဝင်ပလာဇာအနီး နော်မံကျောင်းတိုက်အရှေ့တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းတိုက်အရှေ့တွင် ဆိုင်ကယ် နှင့် ကားတိုက်မှုဖြစ်ပွားခဲ့ကြောင်း မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်းထံမှ ဆိုသည်။

ဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး (၃)ဦး၊ စုစုပေါင်း (၄)ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဒဏ်ရာရရှိသူများအနက် အမျိုး သမီးတစ်ဦးမှာ စိုးရိမ်ဖွယ်ရာအခြေအနေရှိကြောင်း သိရသည်။

zawgyi version
Pearl (NP News) - မေ ၎






Related news

© 2021. All rights reserved.