လှည်းတန်းမီးပွိုင့်တွင် အသက်(၁၇)နှစ်အရွယ်မိန်းကလေးတစ်ဦး ကားလမ်းကူးစဥ် YBS ယာဉ်ဖြင့်အတိုက်ခံရမှုကြောင့် သေဆုံး
                        
                            
                             
 4268
 
                             
                            
                            
                         
                        
                        Pearl (NP News) - မေ ၆
ရန်ကုန်တိုင်း၊ လှည်းတန်းမီးပွိုင့်တွင် အမျိုးသမီးတစ်ဦး ကားလမ်းကူးစဥ် YBS ယာဉ်ဖြင့် အတိုက်ခံရမှုကြောင့် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (မေလ ၆ ရက်) ၊ နံနက်(၉) နာရီ အချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမ၊ လှည်းတန်းမီးပွိုင့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
အဆိုပါ မီးပွိုင့်အနီးတွင် အမျိုးသမီးတစ်ဦး ကားလမ်းဖြတ်ကူးစဉ် YBS ၆၁ ယာဉ်ဖြင့် အတိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သွေးဒါနမျိုးဆက် လူမှုကူညီရေး အသင်းထံမှ ဆိုသည်။
"ကောင်မလေးက ကားလမ်းဖြတ်ကူးတဲ့အချိန်ဖြစ်တာ။ ကားအောက်ရောက်ပြီး တတ်ကြိတ်မိသွားတာ။ နေရာမှာပဲ ဆုံးသွားတာ"ဟု အထက်ပါ လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
ဖြစ်စဉ်ကြောင့် အဆိုပါအမျိုးသမီးသည် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ၎င်းသည် အသက် (၁၇)နှစ်ခန့်ရှိကာ တောင်ဒဂုံမြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ရုပ်အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
                     
                        
                                                                    
                                
                                
                                        zawgyi version
လွည္းတန္းမီးပြိဳင့္တြင္ အသက္(၁၇)ႏွစ္အ႐ြယ္မိန္းကေလးတစ္ဦး ကားလမ္းကူးစဥ္ YBS ယာဥ္ျဖင့္ အတိုက္ခံရမႈေၾကာင့္ ေသဆုံး
Pearl (NP News) - ေမ ၆
ရန္ကုန္တိုင္း၊ လွည္းတန္းမီးပြိဳင့္တြင္ အမ်ိဳးသမီးတစ္ဦး ကားလမ္းကူးစဥ္ YBS ယာဥ္ျဖင့္ အတိုက္ခံရမႈေၾကာင့္ ေသဆုံးသြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (ေမလ ၆ ရက္) ၊ နံနက္(၉) နာရီ အခ်ိန္ခန႔္တြင္ ကမာ႐ြတ္ၿမိဳ႕နယ္၊ အင္းစိန္လမ္းမ၊ လွည္းတန္းမီးပြိဳင့္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ 
အဆိုပါ မီးပြိဳင့္အနီးတြင္ အမ်ိဳးသမီးတစ္ဦး ကားလမ္းျဖတ္ကူးစဥ္ YBS ၆၁ ယာဥ္ျဖင့္ အတိုက္ခံရမႈျဖစ္ပြားခဲ့ေၾကာင္း ေသြးဒါနမ်ိဳးဆက္ လူမႈကူညီေရး အသင္းထံမွ ဆိုသည္။
"ေကာင္မေလးက ကားလမ္းျဖတ္ကူးတဲ့အခ်ိန္ျဖစ္တာ။ ကားေအာက္ေရာက္ၿပီး တတ္ႀကိတ္မိသြားတာ။ ေနရာမွာပဲ ဆုံးသြားတာ"ဟု အထက္ပါ လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
ျဖစ္စဥ္ေၾကာင့္ အဆိုပါအမ်ိဳးသမီးသည္ အခင္းျဖစ္ေနရာတြင္ေသဆုံးသြားခဲ့ၿပီး ၎သည္ အသက္ (၁၇)ႏွစ္ခန႔္ရွိကာ ေတာင္ဒဂုံၿမိဳ႕တြင္ ေနထိုင္သူျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါ ႐ုပ္အေလာင္းအား ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။