မြန်မာမှ အိန္ဒိယသို့ အဓိကတင်ပို့နေသည့် မတ်ပဲနှင့် ပဲစင်းငုံကို (၂ဝ၂၄) ခုနှစ်အထိ လွတ်လပ်စွာတင်းသွင်းရန် အိန္ဒိယအစိုးရ ခွင့်ပြု

 700

ယွန်း (NP News) - မေ ၁၂

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့နေသည့် မတ်ပဲနှင့် ပဲစဥ်းငုံကို အိန္ဒိယသို့ (၂ဝ၂၄) ခုနှစ်အထိ လွတ်လပ်စွာတင်သွင်းရန် အိန္ဒိယအစိုးရမှ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း နှင့် နှမ်းကုန်သည်များအသင်းမှ ပြီးခဲ့သည့်ရက်ပိုင်းက အထက်ပါကဲ့သို့ အသိပေး ကြေညာထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ မတ်ပဲနှင့် ပဲစဥ်းငုံတို့သည် အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့သည့် ပဲအမျိုးအစားများဖြစ်သည်။

လက်ရှိတွင် အဆိုပါ ပဲအမျိုးအစား(၂)မျိုးကို အိန္ဒိယအစိုးရက လွတ်လပ်စွာ တင်သွင်းခွင့်ပြုသည့်ကာလအား (၂ဝ၂၄) ခုနှစ်၊ မတ်လ(၃၁)ရက်အထိ တိုးမြှင့်ခွင့်ပြုထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားများ အပါအဝင် ပြည်ပသို့ တင်ပို့သည့် လုပ်ငန်းစဥ် တစ်လျှောက်၌ ပါဝင်ဆောင်ရွက် နေသူများအားလုံး အကျိုးကျေးဇူးပိုရနိုင်ကြောင်း သိရသည်။

သို့ဖြစ်၍ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအနေဖြင့် အကျိုးဖြစ်ထွန်းစေမည့် မတ်ပဲနှင့် ပဲစဥ်းငုံများကို ယခုနှစ်တွင် ကျရောက်မည့် စိုက်ပျိုးရာသီချိန်၌ အဓိကထား စိုက်ပျိုးသင့်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ တိုက်တွန်းကြေညာထားသည်။

ထို့ပြင် ရာသီအမီ စိုက်ပျိုးနိုင်ရေးအတွက်လည်း ကြိုတင်ဆောင်ရွက်ထားရန်လိုကြောင်း ကုန်သည်များအသင်းမှ အသိပေးထုတ်ပြန်ထားသည်။

ယခု (၂ဝ၂၂-၂ဝ၂၃) ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတန်ချိန်ပေါင်း (၁၆၆၂၃၅၃) တန် တင်ပို့ထားပြီး ၎င်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာသန်း (၁၂ဝဝ) ကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ပဲမျိုးစုံ အများဆုံးထုတ်လုပ်တင်ပို့သည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည် လျက်ရှိသည်။

Zawgyi Version;
ျမန္မာမွ အိႏၵိယသို႔ အဓိကတင္ပို႔ေနသည့္ မတ္ပဲႏွင့္ ပဲစင္းငုံကို (၂ဝ၂၄) ခုႏွစ္အထိ လြတ္လပ္စြာတင္းသြင္းရန္ အိႏၵိယအစိုးရ ခြင့္ျပဳ
ယြန္း (NP News) - ေမ ၁၂

ျမန္မာႏိုင္ငံမွ အိႏၵိယႏိုင္ငံသို႔ အဓိက တင္ပို႔ေနသည့္ မတ္ပဲႏွင့္ ပဲစဥ္းငုံကို အိႏၵိယသို႔ (၂ဝ၂၄) ခုႏွစ္အထိ လြတ္လပ္စြာတင္သြင္းရန္ အိႏၵိယအစိုးရမွ ခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ ပဲမ်ိဳးစုံ၊ ေျပာင္း ႏွင့္ ႏွမ္းကုန္သည္မ်ားအသင္းမွ ၿပီးခဲ့သည့္ရက္ပိုင္းက အထက္ပါကဲ့သို႔ အသိေပး ေၾကညာထားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံမွ မတ္ပဲႏွင့္ ပဲစဥ္းငုံတို႔သည္ အိႏၵိယႏိုင္ငံသို႔ အဓိကတင္ပို႔သည့္ ပဲအမ်ိဳးအစားမ်ားျဖစ္သည္။

လက္ရွိတြင္ အဆိုပါ ပဲအမ်ိဳးအစား(၂)မ်ိဳးကို အိႏၵိယအစိုးရက လြတ္လပ္စြာ တင္သြင္းခြင့္ျပဳသည့္ကာလအား (၂ဝ၂၄) ခုႏွစ္၊ မတ္လ(၃၁)ရက္အထိ တိုးျမႇင့္ခြင့္ျပဳထားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ထို႔ေၾကာင့္ စိုက္ပ်ိဳးထုတ္လုပ္သည့္ ေတာင္သူလယ္သမားမ်ား အပါအဝင္ ျပည္ပသို႔ တင္ပို႔သည့္ လုပ္ငန္းစဥ္ တစ္ေလွ်ာက္၌ ပါဝင္ေဆာင္႐ြက္ ေနသူမ်ားအားလုံး အက်ိဳးေက်းဇူးပိုရႏိုင္ေၾကာင္း သိရသည္။

သို႔ျဖစ္၍ စိုက္ပ်ိဳးထုတ္လုပ္သည့္ ေတာင္သူမ်ားအေနျဖင့္ အက်ိဳးျဖစ္ထြန္းေစမည့္ မတ္ပဲႏွင့္ ပဲစဥ္းငုံမ်ားကို ယခုႏွစ္တြင္ က်ေရာက္မည့္ စိုက္ပ်ိဳးရာသီခ်ိန္၌ အဓိကထား စိုက္ပ်ိဳးသင့္ေၾကာင္း ျမန္မာႏိုင္ငံပဲမ်ိဳးစုံ၊ ေျပာင္းႏွင့္ ႏွမ္းကုန္သည္မ်ားအသင္းမွ တိုက္တြန္းေၾကညာထားသည္။

ထို႔ျပင္ ရာသီအမီ စိုက္ပ်ိဳးႏိုင္ေရးအတြက္လည္း ႀကိဳတင္ေဆာင္႐ြက္ထားရန္လိုေၾကာင္း ကုန္သည္မ်ားအသင္းမွ အသိေပးထုတ္ျပန္ထားသည္။

ယခု (၂ဝ၂၂-၂ဝ၂၃) ဘ႑ာႏွစ္တြင္ ျပည္ပႏိုင္ငံမ်ားသို႔ ပဲမ်ိဳးစုံတန္ခ်ိန္ေပါင္း (၁၆၆၂၃၅၃) တန္ တင္ပို႔ထားၿပီး ၎တင္ပို႔မႈသည္ အေမရိကန္ေဒၚလာသန္း (၁၂ဝဝ) ေက်ာ္ရရွိထားေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံသည္ ကမာၻေပၚ၌ ပဲမ်ိဳးစုံ အမ်ားဆုံးထုတ္လုပ္တင္ပို႔သည့္ ႏိုင္ငံတစ္ခုအျဖစ္ ရပ္တည္ လ်က္ရွိသည္။

Related news

© 2021. All rights reserved.