ရခိုင်ဒေသခံလူထုအား Cyclone shelter နှင့် ဘေးဒဏ်ခံအဆောက်အအုံများသို့ ရွှေ့ပြောင်းပေးလျက်ရှိပြီး အရေးပေါ်ရွေ့ပြောင်းရန် နာရီ(၂ဝ) ခန့် အချိန်ရသေးဟုဆို
1293
NP News - မေ ၁၂
ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်နိုင်ခြေများသည့် ရခိုင်ပြည်နယ်ရှိ ဒေသခံလူထုအား Cyclone shelter နှင့် ဘေးဒဏ်ခံအဆောက်အအုံများသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။
လက်ရှိတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်မည်ဟု ခန့်မှန်းထားပြီး တစ်နာရီလျှင် လေတိုက်နှုန်းမှာ မိုင် ၁၁ဝ နှင့်အထက်ရှိနိုင်ကြောင်း မိုးလေဝသ လေ့လာစောင့်ကြည့်သူများက သတိပေးပြောဆိုထားသည်။
လက်ရှိတွင် ရခိုင်ကမ်းရိုးတန်းအနီးရှိ ကျေးရွာများနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သော ဒေသခံပြည်သူလူထုအား သက်ဆိုင်ရာအာဏာပိုင်များနှင့် လူမှုကူညီရေးအဖွဲ့များက ပူးပေါင်းရွှေ့ပြောင်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။
“ပြောင်းနေတာတွေရှိပါတယ်။ ရပ်ကွက်တွေကလည်း ပြောင်းနေကြတယ်။ ဌာနအာဏာပိုင်တွေကလည်း ပြောင်းပေးနေတာတွေ ရှိပါတယ်။ ကိုယ့်အစီအစဉ်နဲ့ ပြောင်းတာလည်းရှိပါတယ်။ ကိုယ့်အစီအစဉ်နဲ့ပြောင်းတာက ပိုများနေပါတယ်။ အပြောင်းများတာကတော့ ကမ်းစပ်နားမှာ ရှိတဲ့ရွာတွေပေါ့။ ပြောင်းရွေ့တာကတော့ ဘုန်းကြီး ကျောင်းတွေကို ပြောင်းကြတယ်” ဟု စစ်တွေမြို့ရှိ လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထို့ပြင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်နိုင်ခြေများသော ကျေးရွာများရှိ ဒေသခံလူထုအား ကားများဖြင့် Cyclone shelter ၊ ဘေးဒဏ်ခံအဆောက်အအုံများသို့ ရွှေ့ပြောင်းပေးနေလျက်ရှိကြောင်း သိရသည်။
သို့သော် ရခိုင်ပြည်နယ်၊ မြို့ပေါ်များ၌ အဆောက်အအုံခိုင်ခိုင်မာမာဖြင့် နေထိုင်သူများသည် နေရာရွှေ့ပြောင်းမှုများ မရှိကြောင်း ဒေသခံများက ဆက်လက်ပြောဆိုထားသည်။
“ဒီနေ့ဆိုရင် မြောက်ဦးမြို့ပေါ်ကိုရောက်တာ ကျေးရွာသုံးလေးရွာလောက်ကလူတွေကတော့ ရောက်နေပါပြီး။ မနက်ဖြန်မှာလည်း မြောက်ဦးကိုတက်လာမယ့် ကျေးရွာတွေက လူတွေလည်းအများကြီးရှိသေးတယ်ကြားတယ်။ ဒီမှာလော လောလောဆယ်ကတော့ ဘုန်းကြီးကျောင်းတွေမှာ နေရာပေးထားတာပေါ့” ဟု မြောက်ဦးမြို့ရှိ လူမှုကူညီရေးအဖွဲ့တစ်ခုမှ ဒေသခံတစ်ဦးက NP News ကို ပြောသည်။
ထို့ပြင် ယနေ့ နံနက်ပိုင်းမှစတင်ကာ ရခိုင်ပြည်နယ်အတွင်းရှိ ဘေးအန္တရာယ်ကျရောက်နိုင်ခြေရှိသည့် ဒေသများမှ ပြည်သူလူထုအား တပ်မတော်လုံခြုံရေးအဖွဲ့များမှ ကားဖြင့် လိုက်လံရွှေ့ပြောင်းပေးလျက်ရှိနေသည်ကိုလည်း တွေ့ရှိနေရသည်။
ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်းရှက်တာနှင့် ဘေးဒဏ်အဆောက်အအုံပေါင်း (၅၄)လုံးရှိကြောင်း သိရှိပြီး ၎င်းနေရာ များ၌ အိမ်ထောင်စု ၉ဝဝဝ ခန့်အတွက် အထောက်အပံ့ပစ္စည်းများ ခွဲဝေဖြန့်ထားပြီးဖြစ်ကြောင်း နစကဘက်က ပြောဆိုထားသည်။
အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)သည် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှ ဝင်ရောက်လာနိုင် သည့်အတွက် ရခိုင်ကမ်းရိုးတန်းဒေသမှ ပြည်သူများအနေဖြင့် အရေးပေါ်ရွှေ့ပြောင်းရန် နာရီ ၂ဝ ခန့် အချိန်ရ ကြောင်း နှင့် မနက်ဖြန် (မေ ၁၃ ရက်) နေ့လည် ၁၂ နာရီမတိုင်မီ ရွှေ့ပြောင်းကြရန် မိုးလေဝသ လေ့လာစောင့်ကြည့် သူ ဦးဝင်းနိုင်က တိုက်တွန်းထားသည်။
Zawgyi Version;
ရခိုင္ေဒသခံလူထုအား Cyclone shelter ႏွင့္ ေဘးဒဏ္ခံအေဆာက္အအုံမ်ားသို႔ ေ႐ႊ႕ေျပာင္းေပးလ်က္ရွိၿပီး အေရးေပၚေ႐ြ႕ေျပာင္းရန္ နာရီ(၂ဝ) ခန႔္ အခ်ိန္ရေသးဟုဆို
NP News - ေမ ၁၂
ဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ ထိခိုက္ႏိုင္ေျခမ်ားသည့္ ရခိုင္ျပည္နယ္ရွိ ေဒသခံလူထုအား Cyclone shelter ႏွင့္ ေဘးဒဏ္ခံအေဆာက္အအုံမ်ားသို႔ ေ႐ႊ႕ေျပာင္းေပးလ်က္ရွိေၾကာင္း သတင္းရရွိသည္။
လက္ရွိတြင္ အားအလြန္ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕အနီးမွ ျဖတ္ေက်ာ္ဝင္မည္ဟု ခန႔္မွန္းထားၿပီး တစ္နာရီလွ်င္ ေလတိုက္ႏႈန္းမွာ မိုင္ ၁၁ဝ ႏွင့္အထက္ရွိႏိုင္ေၾကာင္း မိုးေလဝသ ေလ့လာေစာင့္ၾကည့္သူမ်ားက သတိေပးေျပာဆိုထားသည္။
လက္ရွိတြင္ ရခိုင္ကမ္း႐ိုးတန္းအနီးရွိ ေက်း႐ြာမ်ားႏွင့္ ေျမနိမ့္ပိုင္းတြင္ ေနထိုင္ေသာ ေဒသခံျပည္သူလူထုအား သက္ဆိုင္ရာအာဏာပိုင္မ်ားႏွင့္ လူမႈကူညီေရးအဖြဲ႕မ်ားက ပူးေပါင္းေ႐ႊ႕ေျပာင္းေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။
“ေျပာင္းေနတာေတြရွိပါတယ္။ ရပ္ကြက္ေတြကလည္း ေျပာင္းေနၾကတယ္။ ဌာနအာဏာပိုင္ေတြကလည္း ေျပာင္းေပးေနတာေတြ ရွိပါတယ္။ ကိုယ့္အစီအစဥ္နဲ႔ ေျပာင္းတာလည္းရွိပါတယ္။ ကိုယ့္အစီအစဥ္နဲ႔ေျပာင္းတာက ပိုမ်ားေနပါတယ္။ အေျပာင္းမ်ားတာကေတာ့ ကမ္းစပ္နားမွာ ရွိတဲ့႐ြာေတြေပါ့။ ေျပာင္းေ႐ြ႕တာကေတာ့ ဘုန္းႀကီး ေက်ာင္းေတြကို ေျပာင္းၾကတယ္” ဟု စစ္ေတြၿမိဳ႕ရွိ လူမႈကူညီေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ထို႔ျပင္ မုန္တိုင္းဒဏ္ေၾကာင့္ ထိခိုက္ႏိုင္ေျခမ်ားေသာ ေက်း႐ြာမ်ားရွိ ေဒသခံလူထုအား ကားမ်ားျဖင့္ Cyclone shelter ၊ ေဘးဒဏ္ခံအေဆာက္အအုံမ်ားသို႔ ေ႐ႊ႕ေျပာင္းေပးေနလ်က္ရွိေၾကာင္း သိရသည္။
သို႔ေသာ္ ရခိုင္ျပည္နယ္၊ ၿမိဳ႕ေပၚမ်ား၌ အေဆာက္အအုံခိုင္ခိုင္မာမာျဖင့္ ေနထိုင္သူမ်ားသည္ ေနရာေ႐ႊ႕ေျပာင္းမႈမ်ား မရွိေၾကာင္း ေဒသခံမ်ားက ဆက္လက္ေျပာဆိုထားသည္။
“ဒီေန႔ဆိုရင္ ေျမာက္ဦးၿမိဳ႕ေပၚကိုေရာက္တာ ေက်း႐ြာသုံးေလး႐ြာေလာက္ကလူေတြကေတာ့ ေရာက္ေနပါၿပီး။ မနက္ျဖန္မွာလည္း ေျမာက္ဦးကိုတက္လာမယ့္ ေက်း႐ြာေတြက လူေတြလည္းအမ်ားႀကီးရွိေသးတယ္ၾကားတယ္။ ဒီမွာေလာ ေလာေလာဆယ္ကေတာ့ ဘုန္းႀကီးေက်ာင္းေတြမွာ ေနရာေပးထားတာေပါ့” ဟု ေျမာက္ဦးၿမိဳ႕ရွိ လူမႈကူညီေရးအဖြဲ႕တစ္ခုမွ ေဒသခံတစ္ဦးက NP News ကို ေျပာသည္။
ထို႔ျပင္ ယေန႔ နံနက္ပိုင္းမွစတင္ကာ ရခိုင္ျပည္နယ္အတြင္းရွိ ေဘးအႏၲရာယ္က်ေရာက္ႏိုင္ေျခရွိသည့္ ေဒသမ်ားမွ ျပည္သူလူထုအား တပ္မေတာ္လုံၿခဳံေရးအဖြဲ႕မ်ားမွ ကားျဖင့္ လိုက္လံေ႐ႊ႕ေျပာင္းေပးလ်က္ရွိေနသည္ကိုလည္း ေတြ႕ရွိေနရသည္။
ရခိုင္ျပည္နယ္၌ ဆိုင္ကလုန္းရွက္တာႏွင့္ ေဘးဒဏ္အေဆာက္အအုံေပါင္း (၅၄)လုံးရွိေၾကာင္း သိရွိၿပီး ၎ေနရာ မ်ား၌ အိမ္ေထာင္စု ၉ဝဝဝ ခန႔္အတြက္ အေထာက္အပံ့ပစၥည္းမ်ား ခြဲေဝျဖန႔္ထားၿပီးျဖစ္ေၾကာင္း နစကဘက္က ေျပာဆိုထားသည္။
အားအလြန္ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း(မိုခါ)သည္ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕အနီးမွ ဝင္ေရာက္လာႏိုင္ သည့္အတြက္ ရခိုင္ကမ္း႐ိုးတန္းေဒသမွ ျပည္သူမ်ားအေနျဖင့္ အေရးေပၚေ႐ႊ႕ေျပာင္းရန္ နာရီ ၂ဝ ခန႔္ အခ်ိန္ရ ေၾကာင္း ႏွင့္ မနက္ျဖန္ (ေမ ၁၃ ရက္) ေန႔လည္ ၁၂ နာရီမတိုင္မီ ေ႐ႊ႕ေျပာင္းၾကရန္ မိုးေလဝသ ေလ့လာေစာင့္ၾကည့္ သူ ဦးဝင္းႏိုင္က တိုက္တြန္းထားသည္။