(၄)လအတွင်း စည်ကမ်းဖောက်ဖျက်သည့် YBS ယာဉ်များကို အရေးယူခဲ့ရာ၌ ဒဏ်ကြေးငွေ သိန်း(၅ဝဝ)ကျော် ရရှိ ဟုဆို

 482

စော (NP News) - မေ ၁၃

(၄)လအတွင်း စည်ကမ်းဖောက်ဖျက်သည့် YBS ယာဉ်များကို အရေးယူခဲ့ရာ အမှုပေါင်း(၃၄ဝဝ) ရှိခဲ့ပြီး ဒဏ်ကြေးငွေ သိန်း(၅၂၇)ကျော် ရရှိခဲ့ကြောင်း YRTC ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ မေ ၁၂ ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန် ထားခြင်းဖြစ်သည်။

YBS ယာဉ်များနှင့်ပတ်သက်သည့် စည်းကမ်းဖောက်ဖျက်မှုများ၊ မဆင်မခြင်မောင်းနှင်မှု၊ မချေမငံဆက်ဆံမှု၊ မီးနီ ဖြတ်မောင်းမှုနှင့် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တိုင်ကြားမှုများကို YRTC မှ ဝန်ထမ်းများသည် ခရီးသည်အနေ ဖြင့် အသွင်ယူပြီး စောင့်ကြည့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ မှ ဧပြီလအတွင်း YBS ယာဉ်မောင်းများအနေဖြင့် အရေးယူခံရသည့် အမှုပေါင်း(၃၄ဝဝ) ရှိ ပြီး ဖေဖော်ဝါရီလတွင် အမှုပေါင်း(၁၂၆၂)မှုဖြင့် အများဆုံး ယာဉ်စည်းကမ်းဖောက်ဖျက်သည့် အများဆုံး လဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“မီးနီဖြတ်တာတို့၊ တစ်စီးနဲ့တစ်စီး ကျော်တက်တာတို့ မှတ်တိုင်မှာ စနစ်တကျမရပ်တာတို့က အများဆုံးပေါ့။ ဒဏ်ကြေးက YRTC က သတ်မှတ်ထားတဲ့အတိုင်း မီးနီဖြတ်တာဆို သုံးသောင်း၊ တစ်စီးနဲ့တစ်စီး ကျော်တက်ရင် တစ်သောင်း ကောက်ပါတယ်။ အဲဒါက ဒဏ်ကြေးကို လိုချင်လို့တော့မဟုတ်ပါဘူး။ စည်ကမ်းနဲ့အညီဖြစ်ဖို့ စနစ် တကျဖြစ်ဖို့ ယာဉ်မောင်းတွေ စည်းကမ်းလိုက်နာဖို့အတွက်ပါ။ ရလာတဲ့ဒဏ်ကြေးတွေက ဖမ်းတဲ့နေရာမှာပဲ ပြန် သုံးတာပါ” ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က NP News ကို ပြောသည်။

လက်ရှိ ရန်ကုန်မြို့၌ YBS ယာဉ်များသည် မီးနီဖြတ်ခြင်း၊ တစ်စီးနှင့်တစ်စီး ကျော်တက်ခြင်းနှင့် မှတ်တိုင်တွင် စနစ်တကျမရပ်ခြင်း စသော ယာဉ်စည်ကမ်းဖောက်ဖျက်မှုများကို အများဆုံးကျူးလွန်နေကြောင်း YRTC မှ ဆို သည်။

ထို့အပြင် ရန်ကုန်မြို့၌ ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းပေါ်၌ ခါးပိုက်နှိုက်၊ လုယက်မှုဖြစ်စဉ်များမှာ မကြာခဏ ကဲ့သို့ဖြစ်ပွားလျက်ရှိနေသည်။

ထို့ကြောင့် YBS ယာဉ်ပေါ်၌ ဖြစ်ပွားနေသော ခါးပိုက်နှိုက်မှု၊ အနုကြမ်းစီးမှုများကို သတင်းပေးပို့နိုင်ရေးအတွက် YRTC ၏ ဝန်ထမ်းများက စောင့်ကြည့်ကြပ်မတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
(၄)လအတြင္း စည္ကမ္းေဖာက္ဖ်က္သည့္ YBS ယာဥ္မ်ားကို အေရးယူခဲ့ရာ၌ ဒဏ္ေၾကးေငြ သိန္း(၅ဝဝ)ေက်ာ္ ရရွိ ဟုဆို
ေစာ (NP News) - ေမ ၁၃

(၄)လအတြင္း စည္ကမ္းေဖာက္ဖ်က္သည့္ YBS ယာဥ္မ်ားကို အေရးယူခဲ့ရာ အမႈေပါင္း(၃၄ဝဝ) ရွိခဲ့ၿပီး ဒဏ္ေၾကးေငြ သိန္း(၅၂၇)ေက်ာ္ ရရွိခဲ့ေၾကာင္း YRTC ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ရန္ကုန္တိုင္း ပုဂၢလိက သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီမွ ေမ ၁၂ ရက္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ ထားျခင္းျဖစ္သည္။

YBS ယာဥ္မ်ားႏွင့္ပတ္သက္သည့္ စည္းကမ္းေဖာက္ဖ်က္မႈမ်ား၊ မဆင္မျခင္ေမာင္းႏွင္မႈ၊ မေခ်မငံဆက္ဆံမႈ၊ မီးနီ ျဖတ္ေမာင္းမႈႏွင့္ လူမႈကြန္ရက္စာမ်က္ႏွာမွတစ္ဆင့္ တိုင္ၾကားမႈမ်ားကို YRTC မွ ဝန္ထမ္းမ်ားသည္ ခရီးသည္အေန ျဖင့္ အသြင္ယူၿပီး ေစာင့္ၾကည့္အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလ မွ ဧၿပီလအတြင္း YBS ယာဥ္ေမာင္းမ်ားအေနျဖင့္ အေရးယူခံရသည့္ အမႈေပါင္း(၃၄ဝဝ) ရွိ ၿပီး ေဖေဖာ္ဝါရီလတြင္ အမႈေပါင္း(၁၂၆၂)မႈျဖင့္ အမ်ားဆုံး ယာဥ္စည္းကမ္းေဖာက္ဖ်က္သည့္ အမ်ားဆုံး လျဖစ္ ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

“မီးနီျဖတ္တာတို႔၊ တစ္စီးနဲ႔တစ္စီး ေက်ာ္တက္တာတို႔ မွတ္တိုင္မွာ စနစ္တက်မရပ္တာတို႔က အမ်ားဆုံးေပါ့။ ဒဏ္ေၾကးက YRTC က သတ္မွတ္ထားတဲ့အတိုင္း မီးနီျဖတ္တာဆို သုံးေသာင္း၊ တစ္စီးနဲ႔တစ္စီး ေက်ာ္တက္ရင္ တစ္ေသာင္း ေကာက္ပါတယ္။ အဲဒါက ဒဏ္ေၾကးကို လိုခ်င္လို႔ေတာ့မဟုတ္ပါဘူး။ စည္ကမ္းနဲ႔အညီျဖစ္ဖို႔ စနစ္ တက်ျဖစ္ဖို႔ ယာဥ္ေမာင္းေတြ စည္းကမ္းလိုက္နာဖို႔အတြက္ပါ။ ရလာတဲ့ဒဏ္ေၾကးေတြက ဖမ္းတဲ့ေနရာမွာပဲ ျပန္ သုံးတာပါ” ဟု YRTC မွ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မာန္က NP News ကို ေျပာသည္။

လက္ရွိ ရန္ကုန္ၿမိဳ႕၌ YBS ယာဥ္မ်ားသည္ မီးနီျဖတ္ျခင္း၊ တစ္စီးႏွင့္တစ္စီး ေက်ာ္တက္ျခင္းႏွင့္ မွတ္တိုင္တြင္ စနစ္တက်မရပ္ျခင္း စေသာ ယာဥ္စည္ကမ္းေဖာက္ဖ်က္မႈမ်ားကို အမ်ားဆုံးက်ဴးလြန္ေနေၾကာင္း YRTC မွ ဆို သည္။

ထို႔အျပင္ ရန္ကုန္ၿမိဳ႕၌ ေျပးဆြဲလ်က္ရွိသည့္ YBS ယာဥ္လိုင္းေပၚ၌ ခါးပိုက္ႏႈိက္၊ လုယက္မႈျဖစ္စဥ္မ်ားမွာ မၾကာခဏ ကဲ့သို႔ျဖစ္ပြားလ်က္ရွိေနသည္။

ထို႔ေၾကာင့္ YBS ယာဥ္ေပၚ၌ ျဖစ္ပြားေနေသာ ခါးပိုက္ႏႈိက္မႈ၊ အႏုၾကမ္းစီးမႈမ်ားကို သတင္းေပးပို႔ႏိုင္ေရးအတြက္ YRTC ၏ ဝန္ထမ္းမ်ားက ေစာင့္ၾကည့္ၾကပ္မတ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.