ယူကရိန်းတို့အသုံးပြုနေတဲ့ အမေရိကန်ထုတ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို Kinzhal ဒုံးကျည်အသုံးပြုပြီး တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ဟု ရုရှားစစ်ဘက်ပြော

 2026

ဂျန်ဇက် (NP News) - မေ ၁၇

ရုရှားနိုင်ငံရဲ့အသံထက်မြန်တဲ့ ဒုံးကျည် Kinzhal ဟာ ယူကရိန်းနိုင်ငံရှိ ပက်ထရီယော့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ဆိုပါတယ်။

ရုရှားစစ်ဘက်ဟာ ယူကရိန်းကို အမေရိကန်ထောက်ပံ့ပေးထားတဲ့ ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် အသေးစိတ်ဖော်ပြခြင်းမျိုး မရှိပါဘူး။ ယူကရိန်းကို အနောက်အုပ်စုနိုင်ငံများက ကူညီထောက်ပံ့ပေးထားတဲ့ တာဝေးပစ်ဒုံးကျည်စနစ်များ၊ လေကြောင်းရန် ကာကွယ်ရေးစနစ်များကို တိုက်ခိုက်ဖျက်ဆီးနိုင်ခြင်းကို ပထမဆုံးအကြိမ် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

ယူကရိန်းစစ်ဘက်က အမေရိကန်ထုတ် လက်နက်စနစ်တွေဟာ Kinzhal အမျိုးအစား အသံထက်မြန်တဲ့ ဒုံးကျည် ၆ စင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဆိုပါတယ်။ ရုရှားစစ်ဘက်ကတော့ ၎င်းတို့ဟာ ယူကရိန်းစစ်သားတွေရဲ့စခန်းတွေ၊ စစ်လက်နက်ပစ္စည်းများထားရှိရာ နေရာများနဲ့ အနောက်အုပ်စုနိုင်ငံများကနေ ယူကရိန်းထံ ပေးပို့တဲ့ စစ်လက်နက် ပစ္စည်းများကို Kinzhal အမျိုးအစား ဒုံးကျည်အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်း သိရပါတယ်။

ယူကရိန်းအစိုးရက ၎င်းတို့အနေနဲ့ ရုရှားထုတ် Kinzhal ဒုံးကျည်တွေကို ပစ်ချနိုင်ဖို့ အမေရိကန်ထုတ် Patriot ပက်ထရီယော့ ဒုံးကျည်များကို ပြီးခဲ့တဲ့သီတင်းပတ်မှာ အသုံးပြုခဲ့ကြောင်း ပြောပါတယ်။ ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီး နောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီ ထောက်ပံ့ပေးနေပြီး ယူကရိန်းနဲ့ ရုရှားကြား အပစ်ခတ်ရပ်စဲရေးရယူမှာကို မလိုလားကြောင်း သိရပါတယ်။

ရုရှားနဲ့ ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်းကတည်းက လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။ တူရကီ၊ အစ္စရေး အပြင် တရုတ်နိုင်ငံတို့က ယူကရိန်းနဲ့ ရုရှားကြား စစ်လက်နက် ပစ္စည်းများ ရယူနိုင်ဖို့ ကြိုးပမ်းနေပေမယ့် အနောက် အုပ်စုနိုင်ငံများက ဟန့်တားနေပြီး ယူကရိန်းကို တန်ပြန်ထိုးစစ်ဖို့ ဖိအားပေးလျက်ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
ယူကရိန္းတို႔အသုံးျပဳေနတဲ့ အေမရိကန္ထုတ္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ကို Kinzhal ဒုံးက်ည္အသုံးျပဳၿပီး တိုက္ခိုက္ဖ်က္ဆီးႏိုင္ခဲ့ဟု ႐ုရွားစစ္ဘက္ေျပာ
ဂ်န္ဇက္ (NP News) - ေမ ၁၇

႐ုရွားႏိုင္ငံရဲ႕အသံထက္ျမန္တဲ့ ဒုံးက်ည္ Kinzhal ဟာ ယူကရိန္းႏိုင္ငံရွိ ပက္ထရီေယာ့ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ကို ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန က ဆိုပါတယ္။

႐ုရွားစစ္ဘက္ဟာ ယူကရိန္းကို အေမရိကန္ေထာက္ပံ့ေပးထားတဲ့ ပက္ထရီေယာ့ ေလေၾကာင္းရန္ကာကြယ္ေရး စနစ္ေတြကို ဖ်က္ဆီးႏိုင္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ေပမယ့္ အေသးစိတ္ေဖာ္ျပျခင္းမ်ိဳး မရွိပါဘူး။ ယူကရိန္းကို အေနာက္အုပ္စုႏိုင္ငံမ်ားက ကူညီေထာက္ပံ့ေပးထားတဲ့ တာေဝးပစ္ဒုံးက်ည္စနစ္မ်ား၊ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္မ်ားကို တိုက္ခိုက္ဖ်က္ဆီးႏိုင္ျခင္းကို ပထမဆုံးအႀကိမ္ သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္ပါတယ္။

ယူကရိန္းစစ္ဘက္က အေမရိကန္ထုတ္ လက္နက္စနစ္ေတြဟာ Kinzhal အမ်ိဳးအစား အသံထက္ျမန္တဲ့ ဒုံးက်ည္ ၆ စင္းကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း ဆိုပါတယ္။ ႐ုရွားစစ္ဘက္ကေတာ့ ၎တို႔ဟာ ယူကရိန္းစစ္သားေတြရဲ႕စခန္းေတြ၊ စစ္လက္နက္ပစၥည္းမ်ားထားရွိရာ ေနရာမ်ားနဲ႔ အေနာက္အုပ္စုႏိုင္ငံမ်ားကေန ယူကရိန္းထံ ေပးပို႔တဲ့ စစ္လက္နက္ ပစၥည္းမ်ားကို Kinzhal အမ်ိဳးအစား ဒုံးက်ည္အသုံးျပဳၿပီး တိုက္ခိုက္ခဲ့ရာ ပစ္မွတ္မ်ားကို ထိမွန္ခဲ့ေၾကာင္း သိရပါတယ္။

ယူကရိန္းအစိုးရက ၎တို႔အေနနဲ႔ ႐ုရွားထုတ္ Kinzhal ဒုံးက်ည္ေတြကို ပစ္ခ်ႏိုင္ဖို႔ အေမရိကန္ထုတ္ Patriot ပက္ထရီေယာ့ ဒုံးက်ည္မ်ားကို ၿပီးခဲ့တဲ့သီတင္းပတ္မွာ အသုံးျပဳခဲ့ေၾကာင္း ေျပာပါတယ္။ ယူကရိန္းစစ္ပြဲ စတင္ခဲ့ၿပီး ေနာက္ပိုင္း အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ကူညီ ေထာက္ပံ့ေပးေနၿပီး ယူကရိန္းနဲ႔ ႐ုရွားၾကား အပစ္ခတ္ရပ္စဲေရးရယူမွာကို မလိုလားေၾကာင္း သိရပါတယ္။

႐ုရွားနဲ႔ ယူကရိန္းစစ္ပြဲ စတင္ခဲ့ၿပီးေနာက္ပိုင္းကတည္းက လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရးရယူႏိုင္ျခင္း မရွိေသးေၾကာင္း သိရပါတယ္။ တူရကီ၊ အစၥေရး အျပင္ တ႐ုတ္ႏိုင္ငံတို႔က ယူကရိန္းနဲ႔ ႐ုရွားၾကား စစ္လက္နက္ ပစၥည္းမ်ား ရယူႏိုင္ဖို႔ ႀကိဳးပမ္းေနေပမယ့္ အေနာက္ အုပ္စုႏိုင္ငံမ်ားက ဟန႔္တားေနၿပီး ယူကရိန္းကို တန္ျပန္ထိုးစစ္ဖို႔ ဖိအားေပးလ်က္ရွိေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.