ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်

 193

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန်အတွက် တရုတ်၊ ဘရာဇီး နိုင်ငံအပါဝင်ကမ္ဘာ့တောင်ဘက်ခြမ်းရှိ နိုင်ငံများ ပူးပေါင်းပါဝင်မည့်ငြိမ်းချမ်းရေးအတွက်မိတ်ဆွေနိုင်ငံ များ အဖွဲ့ကို ဖွဲ့စည်းတည်ထောင်မည်ဟု ထုတ်ဖော် ပြောဆိုလိုက်သည်။ ဝမ်ယိက “ တရုတ်၊ ဘရာဇီးနိုင်ငံတို့အပြင် ကမ္ဘာ့တောင်ဘက်ခြမ်းမှာရှိနေတဲ့ နိုင်ငံတွေ ပူးပေါင်းပါဝင်ပြီး ပွင့်လင်းမြင်သာမှုရှိမယ့် အဖွဲ့အစည်းတစ်ခုတည်ထောင်မယ်။ မကြာခင်မှာ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးနဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေး အတွက်မိတ်ဖက်နိုင်ငံများအဖွဲ့အစည်းကို တည်ထောင်သွားမယ်။ တရုတ်နိုင်ငံ ၊ ဘရာဇီး နိုင်ငံနဲ့ ကမ္ဘာ့တောင်ဘက်ခြမ်းက နိုင်ငံတွေဟာ ယူကရိန်း စစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေးဖြစ်လာစေဖို့ ဝိုင်းဝန်းကြိုးပမ်းမယ်” ဟုပြောသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲသည် (၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့ပြီး လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးနိုင်ခြင်းမရှိသေးဘဲ တိုက်ခိုက်မှုများ အပြန်အလှန် လုပ်ဆောင်နေဆဲဖြစ်သည်။ ဘရာဇီးနှင့် တရုတ်နိုင်ငံတို့သည် ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ဖြစ်ပွားနေသည့် စစ်ပွဲအဆုံးသတ်စေရန်ရည်ရွယ်ချက်ဖြင့် ကြားဝင် ကြိုးပမ်းခဲ့ဖူးပြီး ပြီးခဲ့သော မေလအတွင်း အချက်ခြောက်ချက်ပါသော ပူးတွဲထုတ်ပြန် ချက်ကိုထုတ်ပြန်ခဲ့ဖူးကြောင်းသိရသည်။ ရုရှားနှင့် ယူ ကရိန်းစစ်ပွဲဖြစ်လာခဲ့ပြီး နောက်ပိုင်း အမေရိကန်ဦးဆောင်သော အနောက် အုပ်စုနိုင်ငံ များသည် ရုရှားကို တစ်ဖက်သတ် ပိတ်ဆို့မှုများချမှတ်ခဲ့ပြီး ရုရှားကို အထီးကျန်နိုင်ငံဖြစ်လာစေရန် ကြိုးပမ်းခဲ့သော်လည်း တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် ရုရှားနိုင်ငံ နှင့်အပြန်အလှန် ဆက်ဆံမှုများ လုပ်ဆောင်နေခဲ့ကြောင်း သိရသည်။

ဘရာဇီးနှင့်တရုတ်နိုင်ငံတို့ ပူးပေါင်းထုတ်ပြန်ခဲ့သော အချက် ခြောက်ချက်ပါသည့် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ငြိမ်းချမ်းရေးအဆိုပြုချက်ကို ကမ္ဘာ့နိုင်ငံပေါင်း (၁၀ဝ) ကျော်က အပြုသဘောဆောင်သော တုံ့ပြန်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

zawgyi version
ယူကရိန္းစစ္ပြဲကို ေျဖရွင္းႏိုင္ရန္ တ႐ုတ္၊ ဘရာဇီး ဦးေဆာင္မည့္ ၿငိမ္းခ်မ္းေရးမိတ္ဖက္ႏိုင္ငံမ်ားအဖြဲ႕ ဖြဲ႕စည္းမည္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိက ယူကရိန္းစစ္ပြဲကို ေျဖရွင္းႏိုင္ရန္အတြက္ တ႐ုတ္၊ ဘရာဇီး ႏိုင္ငံအပါဝင္ကမာၻ႔ေတာင္ဘက္ျခမ္းရွိ ႏိုင္ငံမ်ား ပူးေပါင္းပါဝင္မည့္ၿငိမ္းခ်မ္းေရးအတြက္မိတ္ေဆြႏိုင္ငံ မ်ား အဖြဲ႕ကို ဖြဲ႕စည္းတည္ေထာင္မည္ဟု ထုတ္ေဖာ္ ေျပာဆိုလိုက္သည္။ ဝမ္ယိက “ တ႐ုတ္၊ ဘရာဇီးႏိုင္ငံတို႔အျပင္ ကမာၻ႔ေတာင္ဘက္ျခမ္းမွာရွိေနတဲ့ ႏိုင္ငံေတြ ပူးေပါင္းပါဝင္ၿပီး ပြင့္လင္းျမင္သာမႈရွိမယ့္ အဖြဲ႕အစည္းတစ္ခုတည္ေထာင္မယ္။ မၾကာခင္မွာ ယူကရိန္းစစ္ပြဲအဆုံးသတ္ေရးနဲ႔ပတ္သက္တဲ့ ၿငိမ္းခ်မ္းေရး အတြက္မိတ္ဖက္ႏိုင္ငံမ်ားအဖြဲ႕အစည္းကို တည္ေထာင္သြားမယ္။ တ႐ုတ္ႏိုင္ငံ ၊ ဘရာဇီး ႏိုင္ငံနဲ႔ ကမာၻ႔ေတာင္ဘက္ျခမ္းက ႏိုင္ငံေတြဟာ ယူကရိန္း စစ္ပြဲအဆုံးသတ္ၿပီး ၿငိမ္းခ်မ္းေရးျဖစ္လာေစဖို႔ ဝိုင္းဝန္းႀကိဳးပမ္းမယ္” ဟုေျပာသည္။

ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနသည့္ စစ္ပြဲသည္ (၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ စတင္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရး ေဆြးေႏြးႏိုင္ျခင္းမရွိေသးဘဲ တိုက္ခိုက္မႈမ်ား အျပန္အလွန္ လုပ္ေဆာင္ေနဆဲျဖစ္သည္။ ဘရာဇီးႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကား ျဖစ္ပြားေနသည့္ စစ္ပြဲအဆုံးသတ္ေစရန္ရည္႐ြယ္ခ်က္ျဖင့္ ၾကားဝင္ ႀကိဳးပမ္းခဲ့ဖူးၿပီး ၿပီးခဲ့ေသာ ေမလအတြင္း အခ်က္ေျခာက္ခ်က္ပါေသာ ပူးတြဲထုတ္ျပန္ ခ်က္ကိုထုတ္ျပန္ခဲ့ဖူးေၾကာင္းသိရသည္။ ႐ုရွားႏွင့္ ယူ ကရိန္းစစ္ပြဲျဖစ္လာခဲ့ၿပီး ေနာက္ပိုင္း အေမရိကန္ဦးေဆာင္ေသာ အေနာက္ အုပ္စုႏိုင္ငံ မ်ားသည္ ႐ုရွားကို တစ္ဖက္သတ္ ပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့ၿပီး ႐ုရွားကို အထီးက်န္ႏိုင္ငံျဖစ္လာေစရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း တ႐ုတ္ႏွင့္ အိႏၵိယႏိုင္ငံတို႔သည္ ႐ုရွားႏိုင္ငံ ႏွင့္အျပန္အလွန္ ဆက္ဆံမႈမ်ား လုပ္ေဆာင္ေနခဲ့ေၾကာင္း သိရသည္။

ဘရာဇီးႏွင့္တ႐ုတ္ႏိုင္ငံတို႔ ပူးေပါင္းထုတ္ျပန္ခဲ့ေသာ အခ်က္ ေျခာက္ခ်က္ပါသည့္ ယူကရိန္းစစ္ပြဲအဆုံးသတ္ေရး ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္ကို ကမာၻ႔ႏိုင္ငံေပါင္း (၁၀ဝ) ေက်ာ္က အျပဳသေဘာေဆာင္ေသာ တုံ႔ျပန္မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.