မကွေးမြို့၌ အမျိုးသားတစ်ဦး နေအိမ်အတွင်း ကြိုးဆွဲချအဆုံးစီရင်

 739

(NP News) - မေ ၁၇

မကွေးမြို့၊ ဝါဂွမ်းကျေးရွာတွင် အသက်(၄၆)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး နေအိမ်အတွင်း ကြိုးဆွဲချသေဆုံးခဲ့ ကြောင်း သိရသည်။

သေဆုံးသူအမျိုးသားမှာ ယမန်နေ့(မေ ၁၆ ရက်) ၊ ည (၁၂)ဝန်းကျင်အချိန်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ရောင်စုံမေတ္တာဖောင်ဒေရှင်းအသင်းထံမှ သိရသည်။

“နေအိမ်ထုတ်တန်းမှာ ပီနံကြိုးကို နှစ်ခေါက်လောက်ခေါက်ပြီး ဆွဲကြိုးချတာပါ။ ဘယ်လိုဖြစ်ပြီး ဆွဲကြိုးချလဲတော့ မသိဘူး။ ကျွန်တော်တို့ဆီ သတင်းဝင်တာကတော့ ည(၁၂)နာရီ (၅ဝ) မိနစ်လောက်မှဝင်တာ သူ့အိမ်ကလူတွေက အဲဒီလိုဖြစ်တာသိတာကတော့ ည(၁၂)ဝန်းကျင်လောက်မှ သိတာပေါ့။ စိတ်ရောဂါအခံတွေ ဘာတွေတော့မရှိပါ ဘူး” ဟု ရောင်စုံမေတ္တာဖောင်ဒေရှင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

သေဆုံးသူအမျိုးသားသည် အသက်(၄၆)အရွယ်ရှိပြီး ၎င်းအား မကွေးပြည်သူဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထား ကြောင်း ၎င်းမှ ဆိုသည်။

Zawgyi Version;
(NP News) - မေ ၁၇





Related news

© 2021. All rights reserved.