တရုတ်နိုင်ငံမှာ စစ်တပ်နဲ့ပတ်သက်တဲ့ ပြက်လုံးပြောဆိုခဲ့ခြင်းကြောင့် တရုတ်ဟာသကုမ္ပဏီတစ်ခု အမေရိကန်ဒေါ်လာ ၂ သန်း ဒဏ်ရိုက်ခံရ

 1112

ရောင်နီ (NP News) - မေ ၁၉

တရုတ်နိုင်ငံမှာ စစ်တပ်နဲ့ပတ်သက်တဲ့ ပြက်လုံးပြောဆိုခဲ့ခြင်းကြောင့် တရုတ်အာဏာပိုင်တွေက ဟာသကုမ္ပဏီ တစ်ခုကို ဗုဒ္ဓဟူးနေ့ (မေလ ၁၇ ရက်) မှာ ယွမ်သန်းနဲ့ချီ ဒဏ်ရိုက်ခဲ့ကြောင်း သိရပါတယ်။

ဟာသဖျော်ဖြေနေစဉ် အဖွဲ့ဝင်တစ်ဦးမှ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ပြောင်ပြောင်လှောင်ပြောင် ရယ်မောပြောဆိုခဲ့ခြင်းကြောင့် အာဏာပိုင်များက ဥပဒေအရ အရေးယူမည်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ House ဆိုတဲ့ အနုပညာအမည်နဲ့ ဖျော်ဖြေသူ လီဟိုရှီဟာ စနေနေ့က ဘေဂျင်းရှိုးတစ်ခုအတွင်း People's Liberation Army (PLA ) ရဲ့ ဆောင်ပုဒ်ကို ရည်ညွှန်းကာ ဟာသပြောခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက် Weibo မှာ တင်ထားတဲ့ အသံဖိုင်အရ သိရပါတယ်။

ပေကျင်းမြို့တော် မြူနီစီပယ်ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဗျူရိုမှ လီရဲ့ကုမ္ပဏီကို အများပြည်သူအဖွဲ့ဝင်တစ်ဦး ထံမှ တိုင်ကြားမှုရရှိပြီးနောက် အဆိုပါဟာသဟာ ဥပဒေကို ချိုးဖောက်ပြီး လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု များဖြစ်စေတာကို တွေ့ရှိခဲ့ရကြောင်း ဗုဒ္ဓဟူးနေ့(မေလ ၁၇ ရက်) မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ ဟာသဖျော်ဖြေပွဲ ပြုလုပ်ခဲ့တဲ့ Xiaoguo Culture Media ဟာ လည်း ယွမ် ၁၄.၇ သန်း (အမေရိကန်ဒေါ်လာ ၂.၁၃ သန်း) ဒဏ်ရိုက်ခံရပြီး ပေကျင်းနဲ့ ရှန်ဟိုင်းမှာ ၄င်းရဲ့နောက်ထပ် ဖျော်ဖြေပွဲများအားလုံးအတွက် အကန့် အသတ်မရှိ ဆိုင်းငံ့ခံခဲ့ရပါတယ်။ လီကို ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးမှုတွေလည်း ပြုလုပ်နေတယ်လို့ ပေကျင်း ရဲတပ်ဖွဲ့က Weibo မှာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ပြောကြားခဲ့ပါတယ်။

လီနဲ့ Xiaoguo ကုမ္ပဏီက ဖျော်ဖြေပွဲအတွက် တောင်းပန်ခဲ့ပြီး အဆိုပါဟာသကို "မသင့်လျော်သော ဥပမာ" အဖြစ် ဖော်ပြခဲ့ပါတယ်။ "အဲဒီနေ့က ဖျော်ဖြေပွဲအပြီးမှာ လီကို ချက်ချင်း အပြင်းအထန်ဝေဖန်ခဲ့ပြီး သူ့ကိုယ်သူ ပြန်သုံးသပ် ဖို့တောင်းဆိုခဲ့ကာ သူ့ရဲ့နောက်ဆက်တွဲ သရုပ်ဆောင်မှုအားလုံးကို အကန့်အသတ်မရှိ ရပ်တန့်ခဲ့ပါတယ်" လို့ Xiaoguo က တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။ အဆိုပါအကြောင်းအရာနဲ့ပတ်သက်တဲ့ hashtag ဟာ ဗုဒ္ဓဟူးနေ့ က Weibo မှာ ရှာဖွေမှု အများဆုံးဖြစ်ပြီး hits သန်း ၇ဝဝ ကျော်ထိ ရှိခဲ့ပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံမွာ စစ္တပ္နဲ႔ပတ္သက္တဲ့ ျပက္လုံးေျပာဆိုခဲ့ျခင္းေၾကာင့္ တ႐ုတ္ဟာသကုမၸဏီတစ္ခု အေမရိကန္ ေဒၚလာ ၂ သန္း ဒဏ္႐ိုက္ခံရ
ေရာင္နီ (NP News) - ေမ ၁၉

တ႐ုတ္ႏိုင္ငံမွာ စစ္တပ္နဲ႔ပတ္သက္တဲ့ ျပက္လုံးေျပာဆိုခဲ့ျခင္းေၾကာင့္ တ႐ုတ္အာဏာပိုင္ေတြက ဟာသကုမၸဏီ တစ္ခုကို ဗုဒၶဟူးေန႔ (ေမလ ၁၇ ရက္) မွာ ယြမ္သန္းနဲ႔ခ်ီ ဒဏ္႐ိုက္ခဲ့ေၾကာင္း သိရပါတယ္။

ဟာသေဖ်ာ္ေျဖေနစဥ္ အဖြဲ႕ဝင္တစ္ဦးမွ ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ကို ေျပာင္ေျပာင္ေလွာင္ေျပာင္ ရယ္ေမာေျပာဆိုခဲ့ျခင္းေၾကာင့္ အာဏာပိုင္မ်ားက ဥပေဒအရ အေရးယူမည္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ House ဆိုတဲ့ အႏုပညာအမည္နဲ႔ ေဖ်ာ္ေျဖသူ လီဟိုရွီဟာ စေနေန႔က ေဘဂ်င္းရႈိးတစ္ခုအတြင္း People's Liberation Army (PLA ) ရဲ႕ ေဆာင္ပုဒ္ကို ရည္ၫႊန္းကာ ဟာသေျပာခဲ့တာျဖစ္တယ္လို႔ လူမႈကြန္ရက္ Weibo မွာ တင္ထားတဲ့ အသံဖိုင္အရ သိရပါတယ္။

ေပက်င္းၿမိဳ႕ေတာ္ ျမဴနီစီပယ္ယဥ္ေက်းမႈနဲ႔ ခရီးသြားလာေရးဗ်ဴ႐ိုမွ လီရဲ႕ကုမၸဏီကို အမ်ားျပည္သူအဖြဲ႕ဝင္တစ္ဦး ထံမွ တိုင္ၾကားမႈရရွိၿပီးေနာက္ အဆိုပါဟာသဟာ ဥပေဒကို ခ်ိဳးေဖာက္ၿပီး လူမႈေရးဆိုင္ရာ အက်ိဳးသက္ေရာက္မႈ မ်ားျဖစ္ေစတာကို ေတြ႕ရွိခဲ့ရေၾကာင္း ဗုဒၶဟူးေန႔(ေမလ ၁၇ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

အဆိုပါ ဟာသေဖ်ာ္ေျဖပြဲ ျပဳလုပ္ခဲ့တဲ့ Xiaoguo Culture Media ဟာ လည္း ယြမ္ ၁၄.၇ သန္း (အေမရိကန္ေဒၚလာ ၂.၁၃ သန္း) ဒဏ္႐ိုက္ခံရၿပီး ေပက်င္းနဲ႔ ရွန္ဟိုင္းမွာ ၄င္းရဲ႕ေနာက္ထပ္ ေဖ်ာ္ေျဖပြဲမ်ားအားလုံးအတြက္ အကန႔္ အသတ္မရွိ ဆိုင္းငံ့ခံခဲ့ရပါတယ္။ လီကို ဥပေဒနဲ႔အညီ စုံစမ္းစစ္ေဆးမႈေတြလည္း ျပဳလုပ္ေနတယ္လို႔ ေပက်င္း ရဲတပ္ဖြဲ႕က Weibo မွာ ဗုဒၶဟူးေန႔ေႏွာင္းပိုင္းက ေျပာၾကားခဲ့ပါတယ္။

လီနဲ႔ Xiaoguo ကုမၸဏီက ေဖ်ာ္ေျဖပြဲအတြက္ ေတာင္းပန္ခဲ့ၿပီး အဆိုပါဟာသကို "မသင့္ေလ်ာ္ေသာ ဥပမာ" အျဖစ္ ေဖာ္ျပခဲ့ပါတယ္။ "အဲဒီေန႔က ေဖ်ာ္ေျဖပြဲအၿပီးမွာ လီကို ခ်က္ခ်င္း အျပင္းအထန္ေဝဖန္ခဲ့ၿပီး သူ႔ကိုယ္သူ ျပန္သုံးသပ္ ဖို႔ေတာင္းဆိုခဲ့ကာ သူ႔ရဲ႕ေနာက္ဆက္တြဲ သ႐ုပ္ေဆာင္မႈအားလုံးကို အကန႔္အသတ္မရွိ ရပ္တန႔္ခဲ့ပါတယ္" လို႔ Xiaoguo က တနလၤာေန႔မွာ ေၾကညာခဲ့ပါတယ္။ အဆိုပါအေၾကာင္းအရာနဲ႔ပတ္သက္တဲ့ hashtag ဟာ ဗုဒၶဟူးေန႔ က Weibo မွာ ရွာေဖြမႈ အမ်ားဆုံးျဖစ္ၿပီး hits သန္း ၇ဝဝ ေက်ာ္ထိ ရွိခဲ့ပါတယ္။

Related news

© 2021. All rights reserved.