ဒေါပုံမြို့နယ်ရှိ ဂျပန်တံတားအဆင်းတွင် အိမ်စီးကားတစ်စီးတိမ်းမှောက်၍ အမျိုးသားတစ်ဦးသေဆုံး

 738

စော (NP News) - မေ ၂၄

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်ရှိ ဂျပန်တံတားအဆင်းတွင် အိမ်စီးကားတစ်စီးတိမ်းမှောက်၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မေလ ၂၃ ရက်)၊ ည (၁၁)နာရီခွဲဝန်းကျင်အချိန်တွင် ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်၊ မဏ္ဍိုင်လမ်းထိပ်၊ ဂျပန်တံတားအဆင်းတွင် အထက်ပါကဲ့သိုဖြစ်ပွားခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းထံမှ သိရသည်။

“ဗန္ဓုလဂုံးအဆင်းကနေ ဆင်းလာပြီးတော့မှ အရှိန်များပြီးတော့ ဘယ်ဘက်မှာ ကွေ့လေးရှိတယ် မကွေ့နိုင်ပဲ မှောက်သွားတာထင်တယ်။ ကျွန်တော်တို့ရောက်သွားတဲ့ အချိန်မှာ ကားက ပက်လက်ဖြစ်နေပြီ။ ပြောသံကြားတာတော့ ယာဉ်ပေါ်မှာတစ်ယောက်ထဲပါတယ် ပြောတယ်။ အဲဒီတစ်ယောက်က သတိလစ်နေပြီး ဆေးရုံရောက်ပြီး မကြာဘူးဆုံးသွားတယ်”ဟု ရှင်သန်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် အသက် (၃၅)ဝန်းကျင်အရွယ်ရှိအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ၎င်းသည် ဝါဆိုရပ်ကွက် ပတ်ဝန်းကျင်တွင် နေထိုင်သူဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။

၎င်း၏ရုပ်အလောင်းအား ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
ေဒါပုံၿမိဳ႕နယ္ရွိ ဂ်ပန္တံတားအဆင္းတြင္ အိမ္စီးကားတစ္စီးတိမ္းေမွာက္၍ အမ်ိဳးသားတစ္ဦးေသဆုံး

ေစာ (NP News) - ေမ ၂၄

ရန္ကုန္တိုင္း၊ ေဒါပုံၿမိဳ႕နယ္ရွိ ဂ်ပန္တံတားအဆင္းတြင္ အိမ္စီးကားတစ္စီးတိမ္းေမွာက္၍ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ေမလ ၂၃ ရက္)၊ ည (၁၁)နာရီခြဲဝန္းက်င္အခ်ိန္တြင္ ေဒါပုံၿမိဳ႕နယ္၊ ဝါဆိုရပ္ကြက္၊ မ႑ိဳင္လမ္းထိပ္၊ ဂ်ပန္တံတားအဆင္းတြင္ အထက္ပါကဲ့သိုျဖစ္ပြားခဲ့ေၾကာင္း ရွင္သန္ေရးကူညီမႈအသင္းထံမွ သိရသည္။

“ဗႏၶဳလဂုံးအဆင္းကေန ဆင္းလာၿပီးေတာ့မွ အရွိန္မ်ားၿပီးေတာ့ ဘယ္ဘက္မွာ ေကြ႕ေလးရွိတယ္ မေကြ႕ႏိုင္ပဲ ေမွာက္သြားတာထင္တယ္။ ကြၽန္ေတာ္တို႔ေရာက္သြားတဲ့ အခ်ိန္မွာ ကားက ပက္လက္ျဖစ္ေနၿပီ။ ေျပာသံၾကားတာေတာ့ ယာဥ္ေပၚမွာတစ္ေယာက္ထဲပါတယ္ ေျပာတယ္။ အဲဒီတစ္ေယာက္က သတိလစ္ေနၿပီး ေဆး႐ုံေရာက္ၿပီး မၾကာဘူးဆုံးသြားတယ္”ဟု ရွင္သန္ေရးကူညီမႈအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ အသက္ (၃၅)ဝန္းက်င္အ႐ြယ္ရွိအမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ၿပီး ၎သည္ ဝါဆိုရပ္ကြက္ ပတ္ဝန္းက်င္တြင္ ေနထိုင္သူျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာဆိုထားသည္။

၎၏႐ုပ္အေလာင္းအား ရန္ကုန္ေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.