ရေတပ်ဗိုလ်လောင်းတစ်ဦးကို သတ်ဖြတ်ခဲ့သည့် ပြစ်မှုဖြင့် မလေးရှားကျောင်းသားဟောင်း (၆)ဦး သေဒဏ်ချမှတ်ခံရ

 4222

ALynn (NP News) - ဇူလိုင် ၂၅

Universiti Pertahanan Nasional Malaysia (UPNM) မှ ကျောင်းသားဟောင်း (၆)ဦးကို လွန်ခဲ့သည့် ခုနစ်နှစ်က ရေတပ်ဗိုလ်လောင်း Zulfarhan Osman Zulkarnain အား သတ်ဖြတ်မှုဖြင့် မလေးရှားတရားရုံးက အင်္ဂါနေ့ (ဇူလိုင်လ ၂၃) တွင် သေဒဏ်ချမှတ်ခဲ့သည်။

တရားသူကြီး Hadhariah Syed Ismail ဦးဆောင်သော အယူခံတရားရုံးသည် ကွာလာလမ်ပူတရားရုံးက ချမှတ်ခဲ့သည့် ကနဦးထောင်ဒဏ် (၁၈)နှစ်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ သေဒဏ်ဖြင့် ပြောင်းလဲသတ်မှတ်လိုက်သည်။ တရားသူကြီး Hadhariah ၏စီရင်ချက်တွင် ကျောင်းသားငါးဦးသည် သေဆုံးသူ၏ အတွင်းအစိတ်အပိုင်းများကို မီးပူဖြင့်အလှည့်ကျ အပူပေးခဲ့ကြောင်း တရားသူကြီးသုံးဦးမှတွေ့ရှိခဲ့ပြီး ကျန်ကျောင်းသား Abdoul Hakeem သည် လှုံ့ဆော်ခြင်း၊ ညွန်ကြားခြင်းများ ပြုလုပ်ခဲ့ကြောင်းတွေ့ရှိရသည်။ ကျောင်းသား (၆)ဦးမှာ Muhammad Akmal Zuhairi Azmal၊ Muhammad Azamuddin Mad Sofi၊ Muhammad Najib Mohd Razi၊ Muhammad Afif Najmudin Azahat၊ Mohamad Shobirin Sabri နှင့် Abdoul Hakeem Mohd Ali တို့ဖြစ်သည်။ “တရားခံ ၆ ဦးစလုံးအတွက် ပြစ်ဒဏ်တစ်ခုတည်းက သင့်လျော်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ပြီး ၎င်းတို့အား ကြိုးဆွဲချ သေဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားရုံးက တရားခံ ၆ ဦးအပေါ် အထက်တရားရုံးက ချမှတ်ထားသည့် ထောင်ဒဏ် ၁၈ နှစ်ကို ပယ်ဖျက်ပြီး သေဒဏ်နဲ့ အစားထိုးလိုက်တာ” ဟု တရားသူကြီးက ပြောသည်။

ကနဦးတွင် ကျောင်းသား(၅) ဦးသည် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ လူသတ်မှုဖြင့် စွဲချက်တင်ခံခဲ့ရပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် သေဒဏ်မဖြစ်မနေ ချမှတ်ခံရမည်ဖြစ်သည်။ Abdoul Hakeem သည် သေဒဏ်ပေးရမည့် အလားတူကျင့်ထုံးဥပဒေပုဒ်မ ၁၀၉ အရ ကြံရာပါအဖြစ် စွဲချက်တင် ခံရသည်။ ကွာလာလမ်ပူတရားရုံးသည် ၎င်းတို့ ၆ ဦးအား ဇူးလ်ဖာဟန်ကို သတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိဘဲ ဒဏ်ရာရစေရန် ကြံရွယ်ချက်ဖြင့် ကျူးလွန်ခဲ့သော်လည်း သတ်ဖြတ်ရန် အပြစ်ရှိကြောင်းတွေ့ရှိရသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က) အရ ထောင်ဒဏ်နှစ် ၃၀ နှင့် ငွေဒဏ် ချမှတ်နိုင်သည်။ ၎င်းတို့ ၆ ဦးသည် ၂၀၁၇ ခုနှစ်၊ မေလ ၂၂ ရက်၊ နံနက် ၄ နာရီ ၄၅ မိနစ်မှ ညနေ ၅ နာရီ ၄၅ မိနစ်ကြား Jebat Hostel ဘလောက်၊ UPNM ရှိ အခန်းတစ်ခုတွင် ၎င်းပြစ်မှုကို ကျူးလွန်ခဲ့သည်။ ဇူးလ်ဖာဟန်သည် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် Serdang ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ ဒေသတွင်း မီဒီယာများ၏ အဆိုအရ ဇူးလ်ဖာဟန်၏ ခန္ဓာကိုယ်ပေါ်သို့ မီးပူသည် ထပ်ခါထပ်ခါ ဖိထားခံရသည့်အပြင် ရိုက်နှက်ခြင်း၊ ကန်ကျောက်ခြင်းနှင့် လက်သီးများဖြင့် ထိုးနှက်ခြင်းများ ခံခဲ့ရကြောင်း သိရသည်။ သို့သော် မေလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် နှိပ်စက်ခံရပြီး ၁၀ ရက်အကြာ၊ ထိုနှစ် ဇွန်လ ၁ ရက်နေ့တွင် ကွယ်လွန်ချိန်အထိ ဇူးလ်ဖာဟန်သည် Akmal Zuhairi ၏ လက်တော့ပ်ကို ယူဆောင်သွားသည်ကို ဝန်ခံခဲ့ခြင်းမရှိပေ။

zawgyi version
ေရတပ္ဗိုလ္ေလာင္းတစ္ဦးကို သတ္ျဖတ္ခဲ့သည့္ ျပစ္မႈျဖင့္ မေလးရွားေက်ာင္းသားေဟာင္း (၆)ဦး ေသဒဏ္ခ်မွတ္ခံရ
ALynn (NP News) - ဇူလိုင္ ၂၅

Universiti Pertahanan Nasional Malaysia (UPNM) မွ ေက်ာင္းသားေဟာင္း (၆)ဦးကို လြန္ခဲ့သည့္ ခုနစ္ႏွစ္က ေရတပ္ဗိုလ္ေလာင္း Zulfarhan Osman Zulkarnain အား သတ္ျဖတ္မႈျဖင့္ မေလးရွားတရား႐ုံးက အဂၤါေန႔ (ဇူလိုင္လ ၂၃) တြင္ ေသဒဏ္ခ်မွတ္ခဲ့သည္။

တရားသူႀကီး Hadhariah Syed Ismail ဦးေဆာင္ေသာ အယူခံတရား႐ုံးသည္ ကြာလာလမ္ပူတရား႐ုံးက ခ်မွတ္ခဲ့သည့္ ကနဦးေထာင္ဒဏ္ (၁၈)ႏွစ္ကို ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အရ ေသဒဏ္ျဖင့္ ေျပာင္းလဲသတ္မွတ္လိုက္သည္။ တရားသူႀကီး Hadhariah ၏စီရင္ခ်က္တြင္ ေက်ာင္းသားငါးဦးသည္ ေသဆုံးသူ၏ အတြင္းအစိတ္အပိုင္းမ်ားကို မီးပူျဖင့္အလွည့္က် အပူေပးခဲ့ေၾကာင္း တရားသူႀကီးသုံးဦးမွေတြ႕ရွိခဲ့ၿပီး က်န္ေက်ာင္းသား Abdoul Hakeem သည္ လႈံ႕ေဆာ္ျခင္း၊ ၫြန္ၾကားျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္းေတြ႕ရွိရသည္။ ေက်ာင္းသား (၆)ဦးမွာ Muhammad Akmal Zuhairi Azmal၊ Muhammad Azamuddin Mad Sofi၊ Muhammad Najib Mohd Razi၊ Muhammad Afif Najmudin Azahat၊ Mohamad Shobirin Sabri ႏွင့္ Abdoul Hakeem Mohd Ali တို႔ျဖစ္သည္။ “တရားခံ ၆ ဦးစလုံးအတြက္ ျပစ္ဒဏ္တစ္ခုတည္းက သင့္ေလ်ာ္ေၾကာင္း တညီတၫြတ္တည္း ဆုံးျဖတ္ၿပီး ၎တို႔အား ႀကိဳးဆြဲခ် ေသဒဏ္ခ်မွတ္သြားမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တရား႐ုံးက တရားခံ ၆ ဦးအေပၚ အထက္တရား႐ုံးက ခ်မွတ္ထားသည့္ ေထာင္ဒဏ္ ၁၈ ႏွစ္ကို ပယ္ဖ်က္ၿပီး ေသဒဏ္နဲ႔ အစားထိုးလိုက္တာ” ဟု တရားသူႀကီးက ေျပာသည္။

ကနဦးတြင္ ေက်ာင္းသား(၅) ဦးသည္ ရာဇသတ္ႀကီးပုဒ္မ ၃၀၂၊ လူသတ္မႈျဖင့္ စြဲခ်က္တင္ခံခဲ့ရၿပီး ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ေသဒဏ္မျဖစ္မေန ခ်မွတ္ခံရမည္ျဖစ္သည္။ Abdoul Hakeem သည္ ေသဒဏ္ေပးရမည့္ အလားတူက်င့္ထုံးဥပေဒပုဒ္မ ၁၀၉ အရ ႀကံရာပါအျဖစ္ စြဲခ်က္တင္ ခံရသည္။ ကြာလာလမ္ပူတရား႐ုံးသည္ ၎တို႔ ၆ ဦးအား ဇူးလ္ဖာဟန္ကို သတ္ျဖတ္ရန္ ရည္႐ြယ္ခ်က္မရွိဘဲ ဒဏ္ရာရေစရန္ ႀကံ႐ြယ္ခ်က္ျဖင့္ က်ဴးလြန္ခဲ့ေသာ္လည္း သတ္ျဖတ္ရန္ အျပစ္ရွိေၾကာင္းေတြ႕ရွိရသျဖင့္ ရာဇသတ္ႀကီး ပုဒ္မ ၃၀၄ (က) အရ ေထာင္ဒဏ္ႏွစ္ ၃၀ ႏွင့္ ေငြဒဏ္ ခ်မွတ္ႏိုင္သည္။ ၎တို႔ ၆ ဦးသည္ ၂၀၁၇ ခုႏွစ္၊ ေမလ ၂၂ ရက္၊ နံနက္ ၄ နာရီ ၄၅ မိနစ္မွ ညေန ၅ နာရီ ၄၅ မိနစ္ၾကား Jebat Hostel ဘေလာက္၊ UPNM ရွိ အခန္းတစ္ခုတြင္ ၎ျပစ္မႈကို က်ဴးလြန္ခဲ့သည္။ ဇူးလ္ဖာဟန္သည္ ၂၀၁၇ ခုႏွစ္၊ ဇြန္လ ၁ ရက္ေန႔တြင္ Serdang ေဆး႐ုံ၌ ကြယ္လြန္ခဲ့သည္။ ေဒသတြင္း မီဒီယာမ်ား၏ အဆိုအရ ဇူးလ္ဖာဟန္၏ ခႏၶာကိုယ္ေပၚသို႔ မီးပူသည္ ထပ္ခါထပ္ခါ ဖိထားခံရသည့္အျပင္ ႐ိုက္ႏွက္ျခင္း၊ ကန္ေက်ာက္ျခင္းႏွင့္ လက္သီးမ်ားျဖင့္ ထိုးႏွက္ျခင္းမ်ား ခံခဲ့ရေၾကာင္း သိရသည္။ သို႔ေသာ္ ေမလ ၂၁ ရက္ႏွင့္ ၂၂ ရက္တို႔တြင္ ႏွိပ္စက္ခံရၿပီး ၁၀ ရက္အၾကာ၊ ထိုႏွစ္ ဇြန္လ ၁ ရက္ေန႔တြင္ ကြယ္လြန္ခ်ိန္အထိ ဇူးလ္ဖာဟန္သည္ Akmal Zuhairi ၏ လက္ေတာ့ပ္ကို ယူေဆာင္သြားသည္ကို ဝန္ခံခဲ့ျခင္းမရွိေပ။

Related news

© 2021. All rights reserved.