တရုတ်နဲ့တွဲဖြုတ်လိုက်ရင် ဂျပန်က ဘာတွေဆုံးရှုံးနိုင်သလဲ (ဘာသာပြန်ဆောင်းပါး)

 1536

မောင်သံလွင် (NP News) - မေ ၂၅

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ ဂျီ ဆဲဗင်းနိုင်ငံတွေက “တွဲဖြုတ် မဟုတ်၊ အန္တရာယ် ရှောင်” de-risk, not decouple လို့သုံးနှုန်းပြီး တရုတ်နဲ့ဆက်ဆံရေးကို ပြန်လည်ချိန်ညှိခဲ့ကြပါတယ်။ တချို့သော အနောက်တိုင်းမီဒီယာတွေက ဒီအသစ်ဖြစ်ပေါ်လာတဲ့ အခြေအနေအောက်မှာ ဂျပန်ဟာ အမြတ်ထွက်မယ့်နိုင်ငံလို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုတရုတ်နဲ့ တွဲဖြုတ်ခြင်းအားဖြင့် ဂျပန်က ဘာတွေပေးဆပ်ရမလဲဆိုတာ လေ့လာကြည့်ကြပါစို့။

“တရုတ်နဲ့ နှိုင်းယှဉ်လိုက်ရင်၊ ဂျီဆဲဗင်းထဲက ဂျပန်ဟာ ကုမ္ပဏီတွေအတွက် ဆွဲဆောင်မှုရှိတဲ့ နွေးနွေး ထွေးထွေးနေရာပါ” "In Contrast to China, Japan at G-7 Basks in Newfound Appeal to Companies" လို့ခေါင်းစဉ်တပ်ထားတဲ့ တနင်္ဂနွေနေ့ထုတ် Wall Street ဂျာနယ်ထဲက ဆောင်းပါးမှာ၊ စီးပွားရေး ကုမ္ပဏီ အလုပ်အမှုဆောင်များဟာ ဂျပန်အပေါ် လိုလိုလားလားရှိကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဂျီ ဆဲဗင်း ခေါင်းဆောင်တွေက တရုတ်နိုင်ငံအပေါ် “အန္တရာယ်ရှောင်ခြင်းနဲ့ ဖြန့်ခွဲခြင်း” ဆိုတဲ့သဘောထားကို လက်ခံလိုက်ကြတဲ့အပြင်၊ ဂျပန်နိုင်ငံဟာ နိုင်ငံရေးအရတည်ငြိမ်ပြီး စီးပွားရေးအရလည်း ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်နေလို့ပါ။ အထူးသဖြင့် ဆောင်းပါးမှာ ဖေါ်ပြတာက၊ မမ်မိုရီချစ် ထုတ် လုပ်တဲ့ မိုက္ကရွန် တက္ကနိုလိုဂျီ ကုမ္ပဏီက ဂျပန်မှာရှိတဲ့ စက်ရုံမှာ (၃ ဒသမ ၆) ဘီလျံဒေါ်လာဖိုးရင်းနှီးမြှုပ်နှံမှုထပ်တိုးချဲ့မယ်လို့ ပြောလိုက်တာက အမေရိကန်ရဲ့ မဟာမိတ်တွေက ဂျပန်နိုင်ငံကို “ နည်းပညာမျှဝေရန် စိတ်ချရတဲ့နေရာ”အဖြစ် ယူဆလိုက်ကြပြီလို့ ရှုမြင်နိုင်ပါတယ်။

ဒီအချက်ကနေ ဆီမီးကွန်ဒတ်တာထုတ်လုပ်ရေးလို၊ ဒစ်ဂျစ်တယ် ထရန်စဖော်မေးရှင်းလို အရေးပါတဲ့ လုပ်ငန်းနယ်ပယ်တွေမှာ နိုင်ငံခြားကုမ္ပဏီတွေလာရောက်ရင်းနှီးမြှုပ်နှံမှုကိုတိုးမြှင့်စေချင်တဲ့ ဂျပန်နိုင်ငံရဲ့ ရည်မှန်းချက်ကို တွန်းအားဖြစ်စေတယ်ဆိုတာ မြင်နိုင်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်က အမေရိကန်နဲ့ ဥရောပနိုင်ငံတွေရဲ့ ဆီမီးကွန်ဒတ်တာစက်မှုလုပ်ငန်းနယ်ပယ်မှာရင်းနှီးမြှုပ်နှံမှုတွေနဲ့ နှိုင်းစာရင် ဂျပန်နိုင်ငံတွင်း ဆီမီးကွန်ဒတ်တာ နယ်ပယ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏက မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ အမေရိကန်ဆီမီးကွန်ဒတ်တာ အဖွဲ့အစည်းရဲ့ နောက်ဆုံးအတည်ပြုထုတ်ပြန်ချက်အရ၊ ၂ဝ၂၂ ခုနှစ် သြဂုတ်လက CHIPS and Science Act ဥပဒေ ပြဋ္ဌာန်းသက်ဝင်ခဲ့တဲ့ နောက်ပိုင်း၊ အမေရိကန်ရဲ့ ပြည်နယ် ၂ဝ အတွင်းမှာ ပြည်တွင်းထုတ်လုပ်ရေးစွမ်းအား တိုးမြှင့်ဖို့အတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဟာ (၂၁ဝ) ဘီလျံဒေါ်လာရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ အမေရိကန် တစ်နိုင်ငံထဲမှာပဲရှိပါသေးတယ်။


ဂျပန်နိုင်ငံရဲ့ စတော့ရှယ်ယာညွှန်ကိန်းဟာ ၁၉၉ဝ ခုနှစ်ကနောက်ပိုင်း အမြင့်ဆုံးရောက်ရှိခဲ့ပေမဲ့၊ ဂျပန်နိုင်ငံရဲ့စီးပွားရေးဟာ ကြီးမားတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ဂျပန်ဗဟိုဘဏ်ဟာ၊ နှေးကွေးနေတဲ့ ဂျပန် စီးပွားရေးအပေါ် ပြဿနာကြီးကြီးမားမားမဖြစ်အောင်ရှောင်ရှားရင်း၊ ရေရှည်ကျင့်သုံးလာတဲ့ ငွေကြေးဖြေလျှော့ရေးပေါ်လစီကနေထွက်ဖို့ ထွက်ပေါက်ရှာဖို့ လိုနေပါတယ်။ ဂျပန်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ စာရင်းအင်းတွေအရ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ကုန်သွယ်ရေးလိုငွေ ၂၁ ဒသမ ၇၃ ထရီလျံ ယန်း (၁၆၂ ဘီလျံဒေါ်လာ) ရှိတယ်လို့သိရပါတယ်။ ကျွမ်းကျင်သူတွေက ယေဘူယျအားဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှေးကွေးလာမှုနဲ့ အနောက်တိုင်း နိုင်ငံတွေရဲ့ ငွေကြေးပေါ်လစီ တင်းကြပ်ထားမှုတွေက အပြောင်းအလဲဖြစ်ပေါ်လာဖို့ မမြင်သေးဘူးလို့ ဆိုပါတယ်။

ဆီမီးကွန်ဒတ်တာထောက်ပံ့ရေးကွင်းဆက်ကို တိုးတက်အောင်လုပ်ဆောင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဆီမီးကွန်ဒတ်တာစက်မှုလုပ်ငန်းမှာ သူ့ရဲ့အခန်းကဏ္ဍကို သေချာခိုင်မာအောင်လုပ်ဖို့ ဂျပန်နိုင်ငံဟာ ဘာကြောင့် စိတ်အားထက် သန်နေသလဲဆိုတာကို လက်ရှိအကြပ်အတည်းကနေသိနိုင်ပါတယ်။ ဒါ့ပြင် ဂျပန်နိုင်ငံဟာ သူ့ရဲ့ ချစ်ပ်ထုတ်လုပ်ရေးလုပ်ငန်းကို အမေရိကန်ရဲ့ တရုတ်ကို ဝိုင်းပိတ်ရေး သေနင်္ဂဗျူဟာနဲ့ အံဝင်ဂွင်ကျဖြစ်စေရေးမှာသာ တင်းတိမ် ကျေနပ်နေတာမဟုတ်ပါ။ သူ့ရဲ့စီးပွားရေးတခုလုံးကို နိုင်ငံရေးနဲ့ မဟာဗျူ ဟာစဉ်းစားချက်များရဲ့ ဝန်ဆောင်မှုများ အတွင်းထည့်သွင်းရေးဆိုတာအပေါ် တိမ်းညွတ်မှုက တစ်နေ့တခြားအားကောင်းလာနေတာကြောင့်လည်းဖြစ်ပါတယ်။

ဒီနှစ်မှာ ဂျီ ဆဲဗင်းထိပ်သီးအစည်းအဝေးရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တာကြောင့် ဂျပန်ဟာ သူ့ရဲ့အပေါင်းအပါနိုင်ငံတွေကို တရုတ်နဲ့ပတ်သက်ပြီး “အန္တရာယ်ရှောင်” ဆက်ဆံရေးကိုကျင့်သုံးဖို့ တက်တက်ကြွကြွဆော်သြခဲ့ပါတယ်။ ဂျီ ဆဲဗင်းထိပ်သီးအစည်းအဝေးရဲ့ ပူးတွဲသတင်းထုတ်ပြန်ချက်မှာ၊ ဂျီဆဲဗင်း ခေါင်း ဆောင်တွေက သူတို့ဟာ တရုတ်နဲ့ ဆက်ဆံရေးကို “တွဲဖြုတ်တာ ဒါမှမဟုတ် အတွင်းဘက်လှည့်သွားတာ” မျိုးမဟုတ်ဘဲ “အန္တရာယ် ရှောင်ခြင်းနဲ့ ဖြန့်ခွဲခြင်း” ဆိုတာကို အသိအမှတ်ပြုတာသာဖြစ်တယ်လို့ ပြောနေပါတယ်။ ဒါဖြင့် ဂျပန်က ဘယ်လို အကျိုးအမြတ်ထွက်မှာပါလဲ။

အမှန်အတိုင်းပြောရရင်တော့၊ သူတို့ပြောနေတဲ့ “အန္တရာယ်ရှောင်ခြင်း” de-risking ဆိုတာ၊ တစိတ်တပိုင်း “တွဲဖြုတ်ခြင်း” Partial decoupling ပါဘဲ။ လုံးဝသေချာတာက ဂျီဆဲဗင်းနိုင်ငံအားလုံးဟာ ဆီမီးကွန်ဒတ်တာတွေလို တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေတဲ့၊ သော့ချက်ကျ နည်းပညာနယ်ပယ်တွေမှာ ကန့်သတ်တာနဲ့ “တွဲဖြုတ်” တာကိုလုပ်မှာပါ။

ဒါပေမဲ့ ဒီလိုချဉ်းကပ်မှုမျိုးက ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို အ‌ထောက်အကူဖြစ်စေမှာမဟုတ်သလို၊ တခြားဘယ် နိုင်ငံအပေါ်ကိုမှလည်း ကောင်းကျိုးပြုမှာမဟုတ်ပါဘူး။ ဒီလို ကြီးမားတဲ့ ထိန်းညှိပြင်ဆင်မှုမျိုးဟာ ထင်မှတ်မထား တဲ့ စီးပွားရေးအကျိုးဆက်တွေသေချာပေါက် ဖြစ်ပေါ်လာမှာပါ။ ဂျပန်နိုင်ငံက သူလည်းရုန်းမထွက်နှိုင်တဲ့ ကြွက်ထောင်ချောက်ထဲကို တိုးဝင်ဖို့ ရွေးချယ်လိုက်ပြီဆိုကတည်းက တရုတ်ပြည်နဲ့ “တွဲဖြုတ်ခြင်း” ဆိုတာရဲ့ အပြင်းထန် ဆုံးရိုက်ခတ်တာကို ခံစားရတော့မှာဖြစ်ပါတယ်။ ဥပမာ အနာဂတ် ကာလမှာ တရုတ်စျေးကွက်ထဲကနေ ဂျပန်ကုမ္ပဏီတွေကို ညှစ်ထုတ်ပစ်ချင်တဲ့ အရှိန်မြင့်နေတဲ့ တိမ်းညွတ်မှုအပေါ် ရောင်ပြန်ဟပ်လာမှုမျိုးပါ။ တရုတ်ပြည် အနေနဲ့ ဂျပန်က အမေရိကန်ရဲ့ တရုတ်ဖွံ့ဖြိုးတိုးတက်မှုကို ဝိုင်းပိတ်ရေးမှာ အတူလက်တွဲဖို့ ရည်ရွယ်တဲ့၊ ဂျပန်ရဲ့ ချိန်ညှိ ရေးဆိုတာကို မတုန်မလှုပ်လက်ခံရုံကလွဲပြီး ရွေးချယ်စရာလမ်းမရှိပါဘူး။

ဒါ့ပြင် တရုတ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ စက်မှုဖွံ့ဖြိုးတိုးတက်ရေးဖေါ်ဆောင်ခဲ့ရာမှာ နယ်ပယ်များစွာမှာ ဂျပန်ကို မှီခဲ့တာရှိသလို၊ ကျော်တက်သွားခဲ့တာတွေလည်းရှိပါတယ်။ ဥပမာအားဖြင့် လျှပ်စစ်စက်မှုပစ္စည်းကဏ္ဍ ဂျပန်နဲ့ တရုတ်ကုန်သွယ်ရာမှာ ဂျပန်က ပိုငွေပြနေရာက ၂ဝဝ၄ ခုနှစ်ကစလို့ လိုငွေပြလာခဲ့ပါတယ်။ အိမ်သုံးကုန်ပစ္စည်းတွေ တရုတ်နဲ့ အပြန်အလှန်ကုန်သွယ်ရာမှာ လိုငွေပြနေတာက ကြာလှပါပြီ။ ဒါက ဂျပန်ကုမ္ပဏီတွေအနေနဲ့ နည်းပညာအထောက်အကူပစ္စည်းတွေအတွက် အမေရိကန်ကုမ္ပဏီတွေအပေါ်မှာ အားထားနေရချိန်မှာ အမာထည် အထောက်အကူပစ္စည်းတွေအတွက် တရုတ်ကုမ္ပဏီတွေအပေါ်လည်း အားထားနေရတယ်ဆိုတာကို ပြနေပါတယ်။

ဒီလိုအခြေအနေမျိုးအောက်မှာ ဂျပန်နဲ့ပတ်သက်ပြီး တရုတ်ပြည်ရဲ့ စီးပွားရေးနဲ့ကုန်သွယ်ရေးပေါ်လစီတွေ တစုံတရာအပြောင်းအလဲရှိခဲ့ရင် ဂျပန်ကုမ္ပဏီတွေဟာ ပြင်းပြင်းထန်ထန် ထိုးနှက်ခံရပါလိမ့်မယ်။

Ref: What price will Japan pay to seek ‘decoupling’ from China? By Global Times

zawgyi version
တ႐ုတ္နဲ႔တြဲျဖဳတ္လိုက္ရင္ ဂ်ပန္က ဘာေတြဆုံးရႈံးႏိုင္သလဲ (ဘာသာျပန္ေဆာင္းပါး)
ေမာင္သံလြင္ (NP News) - ေမ ၂၅

ဂ်ပန္ႏိုင္ငံ ဟီ႐ိုရွီးမားၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတဲ့ ဂ်ီ ဆဲဗင္းႏိုင္ငံေတြက “တြဲျဖဳတ္ မဟုတ္၊ အႏၲရာယ္ ေရွာင္” de-risk, not decouple လို႔သုံးႏႈန္းၿပီး တ႐ုတ္နဲ႔ဆက္ဆံေရးကို ျပန္လည္ခ်ိန္ညႇိခဲ့ၾကပါတယ္။ တခ်ိဳ႕ေသာ အေနာက္တိုင္းမီဒီယာေတြက ဒီအသစ္ျဖစ္ေပၚလာတဲ့ အေျခအေနေအာက္မွာ ဂ်ပန္ဟာ အျမတ္ထြက္မယ့္ႏိုင္ငံလို႔ သုံးသပ္ၾကပါတယ္။ ဒါေပမဲ့ ဒီလိုတ႐ုတ္နဲ႔ တြဲျဖဳတ္ျခင္းအားျဖင့္ ဂ်ပန္က ဘာေတြေပးဆပ္ရမလဲဆိုတာ ေလ့လာၾကည့္ၾကပါစို႔။

“တ႐ုတ္နဲ႔ ႏႈိင္းယွဥ္လိုက္ရင္၊ ဂ်ီဆဲဗင္းထဲက ဂ်ပန္ဟာ ကုမၸဏီေတြအတြက္ ဆြဲေဆာင္မႈရွိတဲ့ ေႏြးေႏြး ေထြးေထြးေနရာပါ” "In Contrast to China, Japan at G-7 Basks in Newfound Appeal to Companies" လို႔ေခါင္းစဥ္တပ္ထားတဲ့ တနဂၤေႏြေန႔ထုတ္ Wall Street ဂ်ာနယ္ထဲက ေဆာင္းပါးမွာ၊ စီးပြားေရး ကုမၸဏီ အလုပ္အမႈေဆာင္မ်ားဟာ ဂ်ပန္အေပၚ လိုလိုလားလားရွိၾကပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ဂ်ီ ဆဲဗင္း ေခါင္းေဆာင္ေတြက တ႐ုတ္ႏိုင္ငံအေပၚ “အႏၲရာယ္ေရွာင္ျခင္းနဲ႔ ျဖန႔္ခြဲျခင္း” ဆိုတဲ့သေဘာထားကို လက္ခံလိုက္ၾကတဲ့အျပင္၊ ဂ်ပန္ႏိုင္ငံဟာ ႏိုင္ငံေရးအရတည္ၿငိမ္ၿပီး စီးပြားေရးအရလည္း ဖြံ႕ၿဖိဳးတိုးတက္တဲ့ႏိုင္ငံျဖစ္ေနလို႔ပါ။ အထူးသျဖင့္ ေဆာင္းပါးမွာ ေဖၚျပတာက၊ မမ္မိုရီခ်စ္ ထုတ္ လုပ္တဲ့ မိုကၠ႐ြန္ တကၠႏိုလိုဂ်ီ ကုမၸဏီက ဂ်ပန္မွာရွိတဲ့ စက္႐ုံမွာ (၃ ဒသမ ၆) ဘီလ်ံေဒၚလာဖိုးရင္းႏွီးျမႇဳပ္ႏွံမႈထပ္တိုးခ်ဲ႕မယ္လို႔ ေျပာလိုက္တာက အေမရိကန္ရဲ႕ မဟာမိတ္ေတြက ဂ်ပန္ႏိုင္ငံကို “ နည္းပညာမွ်ေဝရန္ စိတ္ခ်ရတဲ့ေနရာ”အျဖစ္ ယူဆလိုက္ၾကၿပီလို႔ ရႈျမင္ႏိုင္ပါတယ္။

ဒီအခ်က္ကေန ဆီမီးကြန္ဒတ္တာထုတ္လုပ္ေရးလို၊ ဒစ္ဂ်စ္တယ္ ထရန္စေဖာ္ေမးရွင္းလို အေရးပါတဲ့ လုပ္ငန္းနယ္ပယ္ေတြမွာ ႏိုင္ငံျခားကုမၸဏီေတြလာေရာက္ရင္းႏွီးျမႇဳပ္ႏွံမႈကိုတိုးျမႇင့္ေစခ်င္တဲ့ ဂ်ပန္ႏိုင္ငံရဲ႕ ရည္မွန္းခ်က္ကို တြန္းအားျဖစ္ေစတယ္ဆိုတာ ျမင္ႏိုင္ပါတယ္။ ဒါေပမဲ့ လြန္ခဲ့တဲ့ႏွစ္က အေမရိကန္နဲ႔ ဥေရာပႏိုင္ငံေတြရဲ႕ ဆီမီးကြန္ဒတ္တာစက္မႈလုပ္ငန္းနယ္ပယ္မွာရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ ႏႈိင္းစာရင္ ဂ်ပန္ႏိုင္ငံတြင္း ဆီမီးကြန္ဒတ္တာ နယ္ပယ္မွာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏက ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။ အေမရိကန္ဆီမီးကြန္ဒတ္တာ အဖြဲ႕အစည္းရဲ႕ ေနာက္ဆုံးအတည္ျပဳထုတ္ျပန္ခ်က္အရ၊ ၂ဝ၂၂ ခုႏွစ္ ၾသဂုတ္လက CHIPS and Science Act ဥပေဒ ျပ႒ာန္းသက္ဝင္ခဲ့တဲ့ ေနာက္ပိုင္း၊ အေမရိကန္ရဲ႕ ျပည္နယ္ ၂ဝ အတြင္းမွာ ျပည္တြင္းထုတ္လုပ္ေရးစြမ္းအား တိုးျမႇင့္ဖို႔အတြက္ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈဟာ (၂၁ဝ) ဘီလ်ံေဒၚလာရွိတယ္လို႔ ဆိုပါတယ္။ ဒါဟာ အေမရိကန္ တစ္ႏိုင္ငံထဲမွာပဲရွိပါေသးတယ္။


ဂ်ပန္ႏိုင္ငံရဲ႕ စေတာ့ရွယ္ယာၫႊန္ကိန္းဟာ ၁၉၉ဝ ခုႏွစ္ကေနာက္ပိုင္း အျမင့္ဆုံးေရာက္ရွိခဲ့ေပမဲ့၊ ဂ်ပန္ႏိုင္ငံရဲ႕စီးပြားေရးဟာ ႀကီးမားတဲ့စိန္ေခၚမႈေတြကို ရင္ဆိုင္ေနရဆဲျဖစ္ပါတယ္။ ဂ်ပန္ဗဟိုဘဏ္ဟာ၊ ေႏွးေကြးေနတဲ့ ဂ်ပန္ စီးပြားေရးအေပၚ ျပႆနာႀကီးႀကီးမားမားမျဖစ္ေအာင္ေရွာင္ရွားရင္း၊ ေရရွည္က်င့္သုံးလာတဲ့ ေငြေၾကးေျဖေလွ်ာ့ေရးေပၚလစီကေနထြက္ဖို႔ ထြက္ေပါက္ရွာဖို႔ လိုေနပါတယ္။ ဂ်ပန္ႏိုင္ငံဘ႑ာေရးဝန္ႀကီးဌာနရဲ႕ စာရင္းအင္းေတြအရ ၿပီးခဲ့တဲ့ ဘ႑ာေရးႏွစ္မွာ ကုန္သြယ္ေရးလိုေငြ ၂၁ ဒသမ ၇၃ ထရီလ်ံ ယန္း (၁၆၂ ဘီလ်ံေဒၚလာ) ရွိတယ္လို႔သိရပါတယ္။ ကြၽမ္းက်င္သူေတြက ေယဘူယ်အားျဖင့္ ကမာၻလုံးဆိုင္ရာ စီးပြားေရးေႏွးေကြးလာမႈနဲ႔ အေနာက္တိုင္း ႏိုင္ငံေတြရဲ႕ ေငြေၾကးေပၚလစီ တင္းၾကပ္ထားမႈေတြက အေျပာင္းအလဲျဖစ္ေပၚလာဖို႔ မျမင္ေသးဘူးလို႔ ဆိုပါတယ္။

ဆီမီးကြန္ဒတ္တာေထာက္ပံ့ေရးကြင္းဆက္ကို တိုးတက္ေအာင္လုပ္ေဆာင္ၿပီး ကမာၻလုံးဆိုင္ရာ ဆီမီးကြန္ဒတ္တာစက္မႈလုပ္ငန္းမွာ သူ႔ရဲ႕အခန္းက႑ကို ေသခ်ာခိုင္မာေအာင္လုပ္ဖို႔ ဂ်ပန္ႏိုင္ငံဟာ ဘာေၾကာင့္ စိတ္အားထက္ သန္ေနသလဲဆိုတာကို လက္ရွိအၾကပ္အတည္းကေနသိႏိုင္ပါတယ္။ ဒါ့ျပင္ ဂ်ပန္ႏိုင္ငံဟာ သူ႔ရဲ႕ ခ်စ္ပ္ထုတ္လုပ္ေရးလုပ္ငန္းကို အေမရိကန္ရဲ႕ တ႐ုတ္ကို ဝိုင္းပိတ္ေရး ေသနဂၤဗ်ဴဟာနဲ႔ အံဝင္ဂြင္က်ျဖစ္ေစေရးမွာသာ တင္းတိမ္ ေက်နပ္ေနတာမဟုတ္ပါ။ သူ႔ရဲ႕စီးပြားေရးတခုလုံးကို ႏိုင္ငံေရးနဲ႔ မဟာဗ်ဴ ဟာစဥ္းစားခ်က္မ်ားရဲ႕ ဝန္ေဆာင္မႈမ်ား အတြင္းထည့္သြင္းေရးဆိုတာအေပၚ တိမ္းၫြတ္မႈက တစ္ေန႔တျခားအားေကာင္းလာေနတာေၾကာင့္လည္းျဖစ္ပါတယ္။

ဒီႏွစ္မွာ ဂ်ီ ဆဲဗင္းထိပ္သီးအစည္းအေဝးရဲ႕ အလွည့္က် ဥကၠ႒ျဖစ္တာေၾကာင့္ ဂ်ပန္ဟာ သူ႔ရဲ႕အေပါင္းအပါႏိုင္ငံေတြကို တ႐ုတ္နဲ႔ပတ္သက္ၿပီး “အႏၲရာယ္ေရွာင္” ဆက္ဆံေရးကိုက်င့္သုံးဖို႔ တက္တက္ႂကြႂကြေဆာ္ၾသခဲ့ပါတယ္။ ဂ်ီ ဆဲဗင္းထိပ္သီးအစည္းအေဝးရဲ႕ ပူးတြဲသတင္းထုတ္ျပန္ခ်က္မွာ၊ ဂ်ီဆဲဗင္း ေခါင္း ေဆာင္ေတြက သူတို႔ဟာ တ႐ုတ္နဲ႔ ဆက္ဆံေရးကို “တြဲျဖဳတ္တာ ဒါမွမဟုတ္ အတြင္းဘက္လွည့္သြားတာ” မ်ိဳးမဟုတ္ဘဲ “အႏၲရာယ္ ေရွာင္ျခင္းနဲ႔ ျဖန႔္ခြဲျခင္း” ဆိုတာကို အသိအမွတ္ျပဳတာသာျဖစ္တယ္လို႔ ေျပာေနပါတယ္။ ဒါျဖင့္ ဂ်ပန္က ဘယ္လို အက်ိဳးအျမတ္ထြက္မွာပါလဲ။

အမွန္အတိုင္းေျပာရရင္ေတာ့၊ သူတို႔ေျပာေနတဲ့ “အႏၲရာယ္ေရွာင္ျခင္း” de-risking ဆိုတာ၊ တစိတ္တပိုင္း “တြဲျဖဳတ္ျခင္း” Partial decoupling ပါဘဲ။ လုံးဝေသခ်ာတာက ဂ်ီဆဲဗင္းႏိုင္ငံအားလုံးဟာ ဆီမီးကြန္ဒတ္တာေတြလို တ႐ုတ္ျပည္ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္ေရးကို အေထာက္အကူျဖစ္ေစတဲ့၊ ေသာ့ခ်က္က် နည္းပညာနယ္ပယ္ေတြမွာ ကန႔္သတ္တာနဲ႔ “တြဲျဖဳတ္” တာကိုလုပ္မွာပါ။

ဒါေပမဲ့ ဒီလိုခ်ဥ္းကပ္မႈမ်ိဳးက ဂ်ပန္ႏိုင္ငံရဲ႕ စီးပြားေရးကို အ‌ေထာက္အကူျဖစ္ေစမွာမဟုတ္သလို၊ တျခားဘယ္ ႏိုင္ငံအေပၚကိုမွလည္း ေကာင္းက်ိဳးျပဳမွာမဟုတ္ပါဘူး။ ဒီလို ႀကီးမားတဲ့ ထိန္းညႇိျပင္ဆင္မႈမ်ိဳးဟာ ထင္မွတ္မထား တဲ့ စီးပြားေရးအက်ိဳးဆက္ေတြေသခ်ာေပါက္ ျဖစ္ေပၚလာမွာပါ။ ဂ်ပန္ႏိုင္ငံက သူလည္း႐ုန္းမထြက္ႏႈိင္တဲ့ ႂကြက္ေထာင္ေခ်ာက္ထဲကို တိုးဝင္ဖို႔ ေ႐ြးခ်ယ္လိုက္ၿပီဆိုကတည္းက တ႐ုတ္ျပည္နဲ႔ “တြဲျဖဳတ္ျခင္း” ဆိုတာရဲ႕ အျပင္းထန္ ဆုံး႐ိုက္ခတ္တာကို ခံစားရေတာ့မွာျဖစ္ပါတယ္။ ဥပမာ အနာဂတ္ ကာလမွာ တ႐ုတ္ေစ်းကြက္ထဲကေန ဂ်ပန္ကုမၸဏီေတြကို ညႇစ္ထုတ္ပစ္ခ်င္တဲ့ အရွိန္ျမင့္ေနတဲ့ တိမ္းၫြတ္မႈအေပၚ ေရာင္ျပန္ဟပ္လာမႈမ်ိဳးပါ။ တ႐ုတ္ျပည္ အေနနဲ႔ ဂ်ပန္က အေမရိကန္ရဲ႕ တ႐ုတ္ဖြံ႕ၿဖိဳးတိုးတက္မႈကို ဝိုင္းပိတ္ေရးမွာ အတူလက္တြဲဖို႔ ရည္႐ြယ္တဲ့၊ ဂ်ပန္ရဲ႕ ခ်ိန္ညႇိ ေရးဆိုတာကို မတုန္မလႈပ္လက္ခံ႐ုံကလြဲၿပီး ေ႐ြးခ်ယ္စရာလမ္းမရွိပါဘူး။

ဒါ့ျပင္ တ႐ုတ္ဟာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ စက္မႈဖြံ႕ၿဖိဳးတိုးတက္ေရးေဖၚေဆာင္ခဲ့ရာမွာ နယ္ပယ္မ်ားစြာမွာ ဂ်ပန္ကို မွီခဲ့တာရွိသလို၊ ေက်ာ္တက္သြားခဲ့တာေတြလည္းရွိပါတယ္။ ဥပမာအားျဖင့္ လွ်ပ္စစ္စက္မႈပစၥည္းက႑ ဂ်ပန္နဲ႔ တ႐ုတ္ကုန္သြယ္ရာမွာ ဂ်ပန္က ပိုေငြျပေနရာက ၂ဝဝ၄ ခုႏွစ္ကစလို႔ လိုေငြျပလာခဲ့ပါတယ္။ အိမ္သုံးကုန္ပစၥည္းေတြ တ႐ုတ္နဲ႔ အျပန္အလွန္ကုန္သြယ္ရာမွာ လိုေငြျပေနတာက ၾကာလွပါၿပီ။ ဒါက ဂ်ပန္ကုမၸဏီေတြအေနနဲ႔ နည္းပညာအေထာက္အကူပစၥည္းေတြအတြက္ အေမရိကန္ကုမၸဏီေတြအေပၚမွာ အားထားေနရခ်ိန္မွာ အမာထည္ အေထာက္အကူပစၥည္းေတြအတြက္ တ႐ုတ္ကုမၸဏီေတြအေပၚလည္း အားထားေနရတယ္ဆိုတာကို ျပေနပါတယ္။

ဒီလိုအေျခအေနမ်ိဳးေအာက္မွာ ဂ်ပန္နဲ႔ပတ္သက္ၿပီး တ႐ုတ္ျပည္ရဲ႕ စီးပြားေရးနဲ႔ကုန္သြယ္ေရးေပၚလစီေတြ တစုံတရာအေျပာင္းအလဲရွိခဲ့ရင္ ဂ်ပန္ကုမၸဏီေတြဟာ ျပင္းျပင္းထန္ထန္ ထိုးႏွက္ခံရပါလိမ့္မယ္။

Ref: What price will Japan pay to seek ‘decoupling’ from China? By Global Times

Related news

© 2021. All rights reserved.