ပြင်ပငွေလဲနှုန်း ကန်တစ်ဒေါ်လာ ကျပ် ၂၉ဝဝ အောက် ပြန်မကျလာသေး

 1230

NP News ဇွန်လ ၂

ဗဟိုဘဏ်က ဈေးကွက်ထဲ ဒေါ်လာတိုးမြှင့်ရောင်းချပေးမယ်လို့ ထုတ်ပြန်ပြောဆိုခဲ့ပေမယ့် ရက်သတ္တပတ်အတွင်း ထိ တစ်ဒေါ်လာ ကျပ် ၂၉ဝဝ အောက်ပြန်မကျလာသေကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူတွေထံက သိရသည်။

ပြည်တွင်းငွေကြေးဈေးကွက်အတွင်း အခုနှစ်ဆန်းပိုင်းကစလို့ တစ်ဒေါ်လာ ၂၈၅ဝ ကျပ်ဝန်းကျင်ဈေးတန်းမှာ ငြိမ်နေခဲ့ပေမယ့် မေလ တတိယပတ်မှစတင်ကာ တစ်ဒေါ်လာလဲလှယ်နှုန်း ၃ဝဝဝ ဝန်းကျင်အထိ အမြင့်ဆုံးတက်ခဲ့ သည်။

ယနေ့ ဇွန်လ ၂ ရက် ပြင်ပဈေးကွက်မှာနိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၂၉ဝဝ ကျပ် ဝန်းကျင် အမြင့်ဈေးမှာပဲ ဆက်ရှိနေတာဖြစ်ပြီး ဗဟိုဘဏ်က တရားဝင်သတ်မှတ်ထားတဲ့ ငွေလဲနှုန်းက တစ်ဒေါ်လာ ကျပ် ၂၁ဝဝ ဖြစ်ကာ ပြင်ပပေါက်ဈေးနဲ့ဆိုရင် ကျပ် ၈ဝဝ ကျော်လောက် ကွာဟမှုဖြစ်ပေါ်နေသည်။

ဗဟိုဘဏ်အနေနဲ့ ပို့ကုန်လုပ်ငန်းတွေရဲ့ရငွေ ၃၅ ရာခိုင်နှုန်းကိုသာ စိတ်ကြိုက်လုပ်ခွင့်ပေးထားပြီး ကျန် ၆၅ ရာခိုင်နှုန်းကို ၎င်းတို့သတ်မှတ်ထားတဲ့ တစ်ဒေါ်လာ ၂၁ဝဝ ကျပ်နှုန်းနဲ့လဲလှယ်ဖို့ ကန့်သတ်မှုတွေ လုပ်ဆောင်ထား တာလည်းဖြစ်ပါတယ်။

လက်ရှိ နိုင်ငံခြားငွေကြေး တည်ငြိမ်စေဖို့ ငွေလဲကောင်တာတွေမှာ ဒေါ်လာတိုးမြှင့်ရောင်းချပေးမယ်လို့ ဗဟိုဘဏ် က ထုတ်ပြန်ခဲ့ပေမယ့် ဈေးကွက်လိုအပ်တဲ့ဒေါ်လာငွေကို လုံလောက်အောင် ရောင်းချပေးနိုင်ခြင်း မရှိသေကြောင်း စီးပွားရေးလုပ်ငန်းရှင်တချို့က ဝေဖန်မှုတွေရှိနေသည်။

Zawgyi Version;
ျပင္ပေငြလဲႏႈန္း ကန္တစ္ေဒၚလာ က်ပ္ ၂၉ဝဝ ေအာက္ ျပန္မက်လာေသး
NP News ဇြန္လ ၂

ဗဟိုဘဏ္က ေဈးကြက္ထဲ ေဒၚလာတိုးျမႇင့္ေရာင္းခ်ေပးမယ္လို႔ ထုတ္ျပန္ေျပာဆိုခဲ့ေပမယ့္ ရက္သတၱပတ္အတြင္း ထိ တစ္ေဒၚလာ က်ပ္ ၂၉ဝဝ ေအာက္ျပန္မက်လာေသေၾကာင္း ႏိုင္ငံျခားေငြေၾကးေရာင္းဝယ္သူေတြထံက သိရသည္။

ျပည္တြင္းေငြေၾကးေဈးကြက္အတြင္း အခုႏွစ္ဆန္းပိုင္းကစလို႔ တစ္ေဒၚလာ ၂၈၅ဝ က်ပ္ဝန္းက်င္ေဈးတန္းမွာ ၿငိမ္ေနခဲ့ေပမယ့္ ေမလ တတိယပတ္မွစတင္ကာ တစ္ေဒၚလာလဲလွယ္ႏႈန္း ၃ဝဝဝ ဝန္းက်င္အထိ အျမင့္ဆုံးတက္ခဲ့ သည္။

ယေန႔ ဇြန္လ ၂ ရက္ ျပင္ပေဈးကြက္မွာႏိုင္ငံျခားေငြလဲႏႈန္း တစ္ေဒၚလာ ၂၉ဝဝ က်ပ္ ဝန္းက်င္ အျမင့္ေဈးမွာပဲ ဆက္ရွိေနတာျဖစ္ၿပီး ဗဟိုဘဏ္က တရားဝင္သတ္မွတ္ထားတဲ့ ေငြလဲႏႈန္းက တစ္ေဒၚလာ က်ပ္ ၂၁ဝဝ ျဖစ္ကာ ျပင္ပေပါက္ေဈးနဲ႔ဆိုရင္ က်ပ္ ၈ဝဝ ေက်ာ္ေလာက္ ကြာဟမႈျဖစ္ေပၚေနသည္။

ဗဟိုဘဏ္အေနနဲ႔ ပို႔ကုန္လုပ္ငန္းေတြရဲ႕ရေငြ ၃၅ ရာခိုင္ႏႈန္းကိုသာ စိတ္ႀကိဳက္လုပ္ခြင့္ေပးထားၿပီး က်န္ ၆၅ ရာခိုင္ႏႈန္းကို ၎တို႔သတ္မွတ္ထားတဲ့ တစ္ေဒၚလာ ၂၁ဝဝ က်ပ္ႏႈန္းနဲ႔လဲလွယ္ဖို႔ ကန႔္သတ္မႈေတြ လုပ္ေဆာင္ထား တာလည္းျဖစ္ပါတယ္။

လက္ရွိ ႏိုင္ငံျခားေငြေၾကး တည္ၿငိမ္ေစဖို႔ ေငြလဲေကာင္တာေတြမွာ ေဒၚလာတိုးျမႇင့္ေရာင္းခ်ေပးမယ္လို႔ ဗဟိုဘဏ္ က ထုတ္ျပန္ခဲ့ေပမယ့္ ေဈးကြက္လိုအပ္တဲ့ေဒၚလာေငြကို လုံေလာက္ေအာင္ ေရာင္းခ်ေပးႏိုင္ျခင္း မရွိေသေၾကာင္း စီးပြားေရးလုပ္ငန္းရွင္တခ်ိဳ႕က ေဝဖန္မႈေတြရွိေနသည္။

Picture

L Mone

03/06/2023 13:37

မဖမ်းပဲတာ ပြစ်ထားကြပါ.....ဖင်ပါချသွားမယ်...အစွန်းရောက်စစ်တွေဗျ...သွားညှာလို့ကတော့ အိမ်တိုင်ရော မိသားစုပါ ကျွတ်ကုန်လိမ့်မယ်....

Related news

© 2021. All rights reserved.