ဆယ်တန်းအောင်စာရင်း ကြိုတင်သိရမည်ဟုဆိုကာ ငွေကြေးလိမ်လည်တောင်းခံနေသူများကို ဖော်ထုတ် အရေးယူမည်ဟု စာစစ်ဦးစီးဌာနကြေညာ

 970

Pearl (NP News) - ဇွန် ၃

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ကြိုတင်သိရမည်ဟုဆိုကာ ငွေကြေးလိမ်လည်တောင်းခံနေသူများကို ဖော်ထုတ်အရေးယူမည်ဟု စာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ပြီးခဲ့သည့် ဇွန်လ (၁)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲအား စိတ်ဝင်စားမှုများပြားသည့်အပေါ် အခွင့်ကောင်းယူ၍ မသမာသူများသည် Facebook Account နှင့် Page များမှတဆင့် နှစ်ဟောင်းအောင်စာရင်းများအား Application/ Software များဖြင့် ပြုပြင်ပြောင်းလဲ၍ အောင်စာရင်းကြိုတင်သိရမည်ဟုဆိုကာ အခကြေးငွေ လိမ်လည်တောင်းခံမှုများရှိနေကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဆိုသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် အောင်စာရင်းဆိုင်ရာလုပ်ငန်းများကို လုံခြုံရေးအထူးကန့်သတ်ထားသည့် အောင်စာရင်းလုပ်ငန်းဆိုင်ရာလျှို့ဝှက်စခန်းအတွင်း ဆောင်ရွက်လျက်ရှိပြီး အောင်စာရင်းများပေါက်ကြားနိုင်သည့် အခြေအနေမရှိကြောင်း အသိပေးပြောဆိုထားသည်။

ထိုသို့လိမ်ညာ၍ အခကြေးငွေတောင်းခံနေသည့် Account များအား စိစစ်ဖော်ထုတ်၍ တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း မသမာသူများသည် Account အသစ်များဖြင့် ဆက်လက် လိမ်လည်နေကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထပ်မံ၍ အသိပေးထုတ်ပြန်ထားသည်။

တက္ကသိုလ်ဝင်ဆယ်တန်းအောင်စာရင်းကို ယခု ဇွန်လအတွင်း ထုတ်ပြန်ကြေငြာပေးမည်ဟု နစကဘက်မှ ပြောဆိုထားသော်လည်း အောင်စာရင်းထွက်ရှိမည့် ရက်အား အတိအကျထုတ်ပြန်ထားခြင်းမရှိသေးပေ။

မကြာခင်ထုတ်ပြန်ကြေငြာဖွယ်ရှိသည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွင် စာမေးပွဲဝင်ရောက်ဖြေထားသည့် ကျောင်းသား/ကျောင်းသူ ဦးရေ (၁၆ဝဝဝဝ)ကျော်ရှိကြောင်း သိရသည်။

zawgyi version
ဆယ္တန္းေအာင္စာရင္း ႀကိဳတင္သိရမည္ဟုဆိုကာ ေငြေၾကးလိမ္လည္ေတာင္းခံေနသူမ်ားကို ေဖာ္ထုတ္ အေရးယူမည္ဟု စာစစ္ဦးစီးဌာနေၾကညာ
Pearl (NP News) - ဇြန္ ၃

တကၠသိုလ္ဝင္စာေမးပြဲေအာင္စာရင္း ႀကိဳတင္သိရမည္ဟုဆိုကာ ေငြေၾကးလိမ္လည္ေတာင္းခံေနသူမ်ားကို ေဖာ္ထုတ္အေရးယူမည္ဟု စာစစ္ဦးစီးဌာနမွ ထုတ္ျပန္ေၾကညာထားသည္။

ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ၿပီးခဲ့သည့္ ဇြန္လ (၁)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

တကၠသိုလ္ဝင္စာေမးပြဲအား စိတ္ဝင္စားမႈမ်ားျပားသည့္အေပၚ အခြင့္ေကာင္းယူ၍ မသမာသူမ်ားသည္ Facebook Account ႏွင့္ Page မ်ားမွတဆင့္ ႏွစ္ေဟာင္းေအာင္စာရင္းမ်ားအား Application/ Software မ်ားျဖင့္ ျပဳျပင္ေျပာင္းလဲ၍ ေအာင္စာရင္းႀကိဳတင္သိရမည္ဟုဆိုကာ အခေၾကးေငြ လိမ္လည္ေတာင္းခံမႈမ်ားရွိေနေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ဆိုသည္။

ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနအေနျဖင့္ ေအာင္စာရင္းဆိုင္ရာလုပ္ငန္းမ်ားကို လုံၿခဳံေရးအထူးကန႔္သတ္ထားသည့္ ေအာင္စာရင္းလုပ္ငန္းဆိုင္ရာလွ်ိဳ႕ဝွက္စခန္းအတြင္း ေဆာင္႐ြက္လ်က္ရွိၿပီး ေအာင္စာရင္းမ်ားေပါက္ၾကားႏိုင္သည့္ အေျခအေနမရွိေၾကာင္း အသိေပးေျပာဆိုထားသည္။

ထိုသို႔လိမ္ညာ၍ အခေၾကးေငြေတာင္းခံေနသည့္ Account မ်ားအား စိစစ္ေဖာ္ထုတ္၍ တရားဥပေဒအရ အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္လည္း မသမာသူမ်ားသည္ Account အသစ္မ်ားျဖင့္ ဆက္လက္ လိမ္လည္ေနေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ထပ္မံ၍ အသိေပးထုတ္ျပန္ထားသည္။

တကၠသိုလ္ဝင္ဆယ္တန္းေအာင္စာရင္းကို ယခု ဇြန္လအတြင္း ထုတ္ျပန္ေၾကျငာေပးမည္ဟု နစကဘက္မွ ေျပာဆိုထားေသာ္လည္း ေအာင္စာရင္းထြက္ရွိမည့္ ရက္အား အတိအက်ထုတ္ျပန္ထားျခင္းမရွိေသးေပ။

မၾကာခင္ထုတ္ျပန္ေၾကျငာဖြယ္ရွိသည့္ တကၠသိုလ္ဝင္စာေမးပြဲေအာင္စာရင္းတြင္ စာေမးပြဲဝင္ေရာက္ေျဖထားသည့္ ေက်ာင္းသား/ေက်ာင္းသူ ဦးေရ (၁၆ဝဝဝဝ)ေက်ာ္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.